Main menu

Background

မြန်မာ့ကြက်သွန်နီကို ပြည်ပသို့ G to G  စနစ်ဖြင့် တိုးမြှင့်တင်ပို့ရန် လုပ်ဆောင်နေ

Fri, 03/03/2023 - 12:03 -- journal_editor

အခြေခံ စားသောက်ကုန် စားဖိုဆောင် သီးနှံဖြစ်သည့် မြန်မာ့ကြက်သွန်နီကို ဈေးကွက် အလားအလာရှိသည့် ပြည်ပနိုင်ငံများသို့ G to G  စနစ်ဖြင့် တိုးမြှင့်တင်ပို့နိုင်ရန် လုပ်ဆောင် နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊    မြန်မာ့ကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့မှ သိရသည်။
ယင်းသို့ တင်ပို့နိုင်ရန်အတွက် ဖိလစ်ပိုင် အပါအဝင်   ဈေးကွက်အလားအလာရှိသည့် နိုင်ငံများနှင့်   ချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိ ဖိလစ်ပိုင်နိုင်ငံတွင် ကြက်သွန်နီ ဈေးအမြင့်ဆုံးရောက်ရှိနေသောကြောင့် အစိုးရ ချင်း ချိတ်ဆက်၍ တင်ပို့ရောင်းချနိုင်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့   တင်ပို့ရောင်းချခြင်း အတွက်    အပင်ပိုးမွှားရောဂါများ    ကင်းရှင်း ကြောင်း အသိအမှတ်ပြုလက်မှတ်များ လွယ်ကူစွာ ထုတ်ယူနိုင်ရန် ပြင်ဆင်ထားရှိသည့်အပြင် ပြည်တွင်းဈေးကွက်  တည်ငြိမ်စေရန်အတွက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် လာမည့် ၂၀၂၃-၂၀၂၄ဘဏ္ဍာ နှစ်တွင်လည်း  ပြည်ပနိုင်ငံများသို့ ကြက်သွန်နီ တန်ချိန် တစ်သိန်းခန့်  တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ တင်ပို့ရာတွင် ဘဏ္ဍာနှစ်၏ ပထမ သုံးလဖြစ်သည့် ၂၀၂၃ ခုနှစ်  ဧပြီလမှ ဇွန်လ အထိ တန်ချိန် ၃၀ဝ၀ဝ၊ ဒုတိယသုံးလဖြစ်သည့် ဇူလိုင်လမှ   စက်တင်ဘာလအထိ   တန်ချိန် ၁၅၀ဝ၀၊ တတိယသုံးလဖြစ်သည့်  အောက်တို ဘာလမှ   ဒီဇင်ဘာလအထိ   တန်ချိန်၂၀ဝ၀ဝ၊ ဘဏ္ဍာနှစ်   နောက်ဆုံးသုံးလဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ    မတ်လအထိ တန်ချိန် ၃၅၀ဝ၀ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နှစ်စဉ် ကြက်သွန်နီ တန်ချိန်  တစ်သန်းကျော်အထိ ထွက်ရှိ နေပြီး ပြည်တွင်းဈေးကွက်အပြင်  ပြည်ပဈေး ကွက်များဖြစ်သည့် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် အမေ ရိကန်နိုင်ငံများသို့ အများဆုံး  တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကိုမန္တလေး တိုင်း‌ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးနေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ကြက်သွန်နီ တန်ချိန် ရှစ်သောင်းကျော် တင်ပို့ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ပန်းဆု