Main menu

Background

ဖေဖော်ဝါရီလအတွင်း ပဲတန်ချိန် တစ်သိန်းငါးသောင်းကျော်ပို့

Tue, 03/14/2023 - 11:28 -- journal_editor

ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပဲတီစိမ်း၊ ပဲစင်းငုံနှင့်မတ်ပဲ စုစုပေါင်းတန်ချိန် ၁၅၆၅၆၀ ကျော် တင်ပို့မှုများအား စုစည်းဖော်ပြပေးလိုက်သည်။ 
ပဲတီစိမ်း
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၃၄၂ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၇၅၃၉၀ ကျော်တင်ပို့ခဲ့ရာ  တရုတ်နိုင်ငံသို့  တန်ချိန် ၄၅၈၄၀ ကျော်၊ မလေးရှားနိုင်ငံသို့ ၂၇၂၅ တန်၊  ထိုင်းနိုင်ငံသို့ ၃၇၂၅ တန်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၁၈၂၉၀၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၉၅၀၊ ဗီယက်နမ်နိုင်ငံသို့ ၂၇၇၅ တန်နှင့် အီးယူနိုင်ငံများသို့ လည်း တင်ပို့ခဲ့သည်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၄၇ သန်းဖိုးရှိ  ပဲတီစိမ်း ၂၁၈၃၅ တန် တင်ပို့ခဲ့သဖြင့် စုစုပေါင်း အမေရိကန်‌ဒေါ်လာ ၆၃ဒသမ ၂၈၉ သန်းဖိုးနှင့်   ၉၇၂၂၅ တန်ကျော်  တင်ပို့ခဲ့ ကြောင်း သိရသည်။ 
ပဲစင်းငုံ
ပဲစင်းငုံတင်ပို့မှုမှာ ပင်လယ်‌ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄၆၁ သန်းဖိုးရှိ ပဲစင်းငုံ ၂၈၁၇၄ တန် တင်ပို့ခဲ့ရာ အိန္ဒိယသို့ ၂၇၉၈၇ တန်၊ မလေးရှား သို့ ၁၂၉ တန်နှင့် ကိုရီယား၊  အီးယူနိုင်ငံများသို့ အနည်းငယ်စီ တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ အမေရိ ကန်ဒေါ်လာ  သုည ဒသမ ဝ၇၉ သန်း တန်ဖိုးရှိ ပဲစင်းငုံ ၁၀၁ တန်တင်ပို့ခဲ့ သဖြင့် ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၂၈၂၇၅ တန် တင်ပို့ ခဲ့သည်။
မတ်ပဲ
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၃ဒသမ ၂၅၃ သန်းဖိုးရှိ  မတ်ပဲ  တန်ချိန် ၃၀၇၇၀ ကျော် တင်ပို့ခဲ့သည်။ မတ်ပဲကို  အိန္ဒိယနိုင်ငံသို့ တန်ချိန်၂၃၀၅၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၃၇၀၊ မလေးရှားသို့ ၈၁၇ တန်၊ ဗီယက်နမ်သို့တန်ချိန် ၂၅၀၊ထိုင်းနိုင်ငံသို့ ၂၇၄ တန်၊ ယူအေအီး သို့ ၂၅၄၉ တန်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ ၉၉  တန်နှင့် မြန်မာ-ထိုင်းနယ်စပ်မှ ၁၉၂  တန်တင်ပို့ခဲ့သဖြင့် နည်းလမ်းနှစ်သွယ်မှ မတ်ပဲတင်ပို့မှု စုစုပေါင်း တန်ချိန် ၃၁၀၆၀ ကျော်ရှိသည်။
CJ