Main menu

Background

ကောက်ရိုးမှို စိုက်ပျိုးဝင်ငွေတိုး

Mon, 07/01/2024 - 12:36 -- journal_editor

ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့  နှစ်သက်စွာ စားသုံးသော သီးနှံဖြစ်သည်။ ကောက်ရိုးမှိုသည် သဘာဝ အလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက် ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်း တွေ့ရသည်။ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲများ ကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှို စိုက်ပျိုးကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှို စိုက်ပျိုးသူ ပြောပြချက်အရ ကောက်ရိုးမှို စိုက်ပျိုးရာ တွင် လိုအပ်သော အခြေခံကုန် ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေး မြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် အလျား ကိုးပေနှင့် အကျယ် သုံးပေ တစ်ဘောင်ကို ကျပ်၂၀ဝ၀ဝ ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး ၁၅ ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှို  တစ်ဘောင်လျှင် ၁၀-၁၅ ပိဿာထိ ခူးဆွတ်ရကြောင်း၊ ဈေး ကွက်အတွင်း ကောက်ရိုးမှို တစ်ပိဿာလျှင် ငွေကျပ် ၇၀ဝ၀ ခန့် ရောင်းချရ သောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိကြောင်း သိရသည်။                                                

 

ဝင်းသန်း(ကျွန်းလှ)