ကြံထွက်ရှိရာဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာမြို့နယ်နှင့် ပြင်ဦးလွင်ခရိုင်စသည့် ကြံစိုက် သည့်ဒေသ တို့တွင် ကြံများကို သြဂုတ်လမှ အောက်တိုဘာလတို့အထိ စိုက်ပျိုးကြသည်။
ကြံစိုက်ရာသီဖြစ်သည့်အတွက်ကြောင့် ယခုနှစ်တွင်မူ အောက်တိုဘာလမှစ၍ ပွက်သားနှင့် သကြားဈေးများ မြင့်တက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပွက်သား တစ်ပိဿာလျှင် ကျပ် ၃၁၀ဝ မှ ၃၇၅၀၊ သကြားတစ်ပိဿာလျှင် ကျပ် ၃၆၅၀-၃၆၈၀ ထိရှိခဲ့သော် လည်း ယခုနှစ် အောက်တိုဘာလ စတုတ္ထပတ်တွင် ပွက်သားတစ်ပိဿာလျှင် ကျပ် ၃၆၅၀-၃၉၅၀၊ သကြားတစ်ပိဿာလျှင် ကျပ် ၄၇၀ဝ-၅၁၀ဝ အထိ ဈေးများမြင့်တက်လျက်ရှိပြီး ပုံမှန် အရောင်း အဝယ်ရှိကြောင်း သိရသည်။ သကြားများကို ပြည်ပသို့ တင်ပို့မှုနည်းသော်လည်း ပြည်တွင်း၌ နို့ချက် လုပ်ငန်း၊ ဂျုံဖြင့်ပြုလုပ်သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံလုပ်ငန်း၊ အချိုရည် လုပ်ငန်းများတွင် ပုံမှန်အသုံး ပြုလျက်ရှိကြောင်း သိရသည်။
သကြားအရောင်းအဝယ်ဖြစ်မှုအနေဖြင့် မန္တလေးမြို့တွင်းရှိ စားသောက်ကုန်လုပ်ငန်းများ၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိမြို့များ၊ စစ်ကိုင်း၊ မုံရွာတို့ရှိ နို့ချက်လုပ်ငန်းများ သို့ လက်လီလက်ကား ရောင်းချခြင်းနှင့် နယ်မြို့များသို့ တင်ပို့ခြင်းဖြင့် တစ်ရက်လျှင် သကြားအိတ်ရေ ၁၀ဝ၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သကြားနှင့် သကာရည်ကုန်စည်ဒိုင်အသင်းမှ သိရသည်။
ခင်မေဝင်း