Main menu

Background

ပုဇွန်တောင်ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ အခြေအနေ

Tue, 02/03/2026 - 11:15 -- journal_editor

ရန်ကုန်မြို့  ပုဇွန်တောင်ဈေးအတွင်း  အခြေခံစား သောက်ကုန်ဈေးနှုန်းများဖြစ်သော  ဆန်ကြမ်း/ဆန်ချော အမျိုးအစားများအလိုက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ နောက်ဆုံး ပတ်တွင် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၅၀ဝ၊ ငစိန်တစ်ပြည် လျှင် ကျပ် ၂၆၀ဝ၊  ဇီယာတစ်ပြည်လျှင် ကျပ် ၃၁၀ဝ မှ ၃၄၀ဝ ထိ၊  ပေါ်ကျွဲတစ်ပြည်လျှင် ကျပ် ၄၇၀ဝ၊  ပုသိမ်ပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၅၅၀ဝ၊ ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၆၇၅၀၊ ရွှေဘိုပေါ်ဆန်းမွှေး  တစ်ပြည်လျှင် ကျပ် ၈၀ဝ၀ မှ ၈၅၀ဝ တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။
အလားတူ စားဖိုဆောင်သုံးစားသောက်ကုန်များတွင် ဆီ(စားအုန်းဆီ) တစ်ပိဿာ ကျပ် ၆၃၉၀၊  ပဲဆီ တစ်ပိဿာ ကျပ် ၁၉၅၀ဝ ၊ ကြက်သွန်နီ တစ်ပိဿာကျပ်  ၄၅၀ဝ၊ ကြက် သွန်ဖြူ (ရှမ်း)တစ်ပိဿာ ကျပ် ၁၂၀ဝ၀၊ (ကြူကုတ်) တစ် ပိဿာ ကျပ် ၁၂၀ဝ၀၊ (ဥတလုံး) တစ်ပိဿာ ကျပ် ၂၁၀ဝ၀ တို့ဖြစ်ပြီး အာလူးတစ်ပိဿာ ကျပ် ၆၅၀ဝ၊ နနွင်းမှုန့်တစ်ပိဿာ ကျပ် ၂၅၀ဝ၀၊ နနွင်းတက် တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ အိုင် အိုဒင်းဆား တစ်ပိဿာ ကျပ် ၂၅၀ဝ၊  ရိုးရိုးဆား တစ် ပိဿာ ကျပ် ၂၀ဝ၀၊  မန်ကျည်းသီးမှည့်တစ်ပိဿာ ကျပ် ၁၃၀ဝ၀၊ ငရုတ်တောင့်(ရှည်) တစ်ပိဿာ ကျပ် ၂၂၀ဝ၀၊ ငရုတ်တောင့် (ပု) တစ်ပိဿာ ကျပ် ၃၈၀ဝ၀၊  မြန်မာပဲနီလေး တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ပဲဝါလေးတစ်ပိဿာ ကျပ် ၈၀ဝ၀၊ ကုလားပဲ ခြမ်း တစ်ပိဿာ ကျပ် ၆၅၀ဝ၊ ချင်းတစ်ပိဿာ ကျပ် ၆၀ဝ၀ တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေး ကြက်တစ်ပိဿာ ကျပ် ၁၉၀ဝ၀၊ မြန်မာကြက်တစ်ပိဿာ ကျပ် ၃၅၀ဝ၀၊ ဝက်သား တစ်ပိဿာ ကျပ် ၃၃၀ဝ၀၊ ဘဲသား တစ် ပိဿာ ကျပ် ၃၅၀ဝ၀၊ ဆိတ်သားတစ်ပိဿာ ကျပ် ၆၀ဝ၀ဝ၊ အမဲသား တစ်ပိဿာ ကျပ် ၃၂၀ဝ၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ‌ရေချိုငါးခူ တစ်ပိဿာ ကျပ် ၃၈၀ဝ၀၊ မွေးမြူရေးငါးခူတစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ပုစွန်တုပ် (ကြီး)တစ်ပိဿာ ကျပ် ၅၅၀ဝ၀၊ ပုစွန်တုပ် (လတ်)တစ်ပိဿာ ကျပ် ၄၅၀ဝ၀၊ ပုစွန်ကျော့ တစ်ပိဿာ ကျပ် ၃၀ဝ၀ဝ၊ ငါးတန်တစ်ပိဿာ ကျပ် ၂၅၀ဝ၀၊ ပင်လယ်ငါး တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ငါးရံ့တစ်ပိဿာ ကျပ် ၃၅၀ဝ၀၊ ငါးကျည်းတစ်ပိဿာ ကျပ် ၃၈၀ဝ၀၊ ရေချိုငါးသလောက် တစ် ပိဿာ ကျပ် ၄၀ဝ၀ဝ၊ ပုစွန်ခြောက် (ကြီး) တစ်ပိဿာ ကျပ် ၁၆၀ဝ၀ဝ၊ ပုစွန်ခြောက်(လတ်)တစ်ပိဿာ ကျပ် ၁၃၀ဝ၀ဝ၊ ပုစွန်ခြောက်  (သေး) တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၀၊ ငါးရံ့ ခြောက် တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၀၊ ငါးကျည်းခြောက် တစ် ပိဿာ ကျပ် ၁၀ဝ၀ဝ၀၊ ငါးပိကောင်တစ်ပိဿာ ကျပ် ၃၅၀ဝ၀၊ အာဗြဲခြောက်တစ်ပိဿာ ကျပ် ၅၀ဝ၀ဝ တို့ဖြစ်ကြောင်း  သိရှိ ရသည်။
ဆန်ကြမ်း /ချောမှာရည်ညွှန်းဈေးပေါ် အခြေခံရောင်း ချခြင်းဖြစ်သည့်အတွက် ဈေးငြိမ်လျက်ရှိပြီး စားအုန်းဆီမှာ လည်းရည်ညွှန်းဈေး အနည်းငယ်တက်၍ အသားငါးဈေးနှုန်း မှာ  ယခင်လထက်   ဈေးနှုန်းအနည်းငယ်  တက်လျက်ရှိ ကြောင်း သိရသည်။                  

 နေလင်း (DOCA ရန်ကုန်)