Main menu

Background

'' Seminar on Measure for the Quality Management of Myanmar Agricultural Products" အလုပ်ရုံဆွေးနွေးပွဲကျင်းပမည

Mon, 09/01/2014 - 09:27 -- ydnar

 

အာဆီယံ - ကိုရီးယား စင်တာ (ASEAN- Korea Centre-AKC ) မှ ကြီးမှူး၍ ရန်ကုန်မြို့၊ Chattrium Hotel ၌၂ ၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် " Seminar on Measure for the Quality Management of Myanmar Agricultural Products" ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

 

အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်ရွယ် ချက်များမှာ မြန်မာ့စားသောက်ကုန် ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန် များ အဖြစ် တိုးတက်ထုတ်လုပ်နိုင်စေရန်၊တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့်မြန်မာနှင့်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ဖြစ်ပါသည်။ ဆွေး နွေးပွဲတွင် မြန်မာ့တန်ဖိုးမြှင့်ထုတ်ကုန် များနှင့် ပတ်သက်၍ အရည်အသွေးထိန်းသိမ်းခြင်း၊ကိုရီးယားနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့ရာတွင် ဆောင် ရွက်ရသည့် လုပ်ထုံး လုပ် နည်းများ၊ အပင် ရောဂါနှင့်ပိုးမွှားကင်းစင်ရေး ဆောင်ရွက်ရာတွင်လိုက်နာရမည့် နည်းလမ်းများ၊ Organic  သဘာ နည်းစနစ်များဖြင့်ထုတ်လုပ်သည့်လက်မှတ်ရရှိအောင်ဆောင်ရွက်ပုံနည်းလမ်းများ၊စားသောက်ကုန်များ အပေါ် ဘေးကင်း လုံခြုံစိတ်ချမှုအဆင့်အတန်းသတ်မှတ်ချက်များကိုမြန်မာနိုင်ငံမှလုပ်ငန်းရှင်များသိရှိစေပြီး ပြည်ပတင်ပို့ရာတွင် အထောက် အကူပြုနိုင်စေရန် အကြံဉာဏ်များ ပေးရန်ဖြစ်ပါသည်။  သို့ဖြစ်ပါ၍ အလုပ်ရုံဆွေးနွေးပွဲသို့ စိတ်ပါဝင်စားပါကစီးပွားေ ရးနှ င့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ အပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနခွဲ(ရန်ကုန်)ဖုန်း ၀၁-၂၅၄၀၂၄ နှင့် မြန်မာနိုင်ငံစားသောက်ကုန် ထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်း ဖုန်း၊ ၀၁-၂၁၄၈၄၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။