Main menu

Background

ပြည်ပတင်ပို့မှု မြှင့်တင်ရန် ထိုင်းနိုင်ငံက ကုန်သွယ်ရေးမစ်ရှင်များစေလွှတ်ကုန်စည်ပြပွဲများ ကျင်းပ

Tue, 09/30/2014 - 13:41 -- ydnar

ယခုနှစ်မကုန်ခင်ပြည်ပတင်ပို့မှု ကိုမြှင့်တင်ရန် နောက်ဆုံးကြိုးပမ်းမှု အဖြစ် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနသည်စတုတ္ထသုံးလပတ်အတွက်များစွာသောကုန်စည်ပြပွဲများကျင်းပရန်နှင့်ကုန်သွယ်ေ ရး မစ်ရှင်များ စေလွှတ်ရန် စီစဉ်လျက်ရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည် ဈေးကွက်အမျိုးမျိုးသို့ ကုန်သွယ်ရေးမစ်ရှင် ၁၃ ဖွဲ့စေ လွှတ်မည်ဖြစ်ကြောင်း၊အခြေအနေအရပ် ရပ်ကြောင့် ယခုနှစ် ပြည်ပ တင်ပို့မှုတိုး တက်နှုန်း ရည်မှန်းချက် ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ရောက်ရှိနိုင်မည်မဟုတ်ကြောင်း၊အဓိကအားဖြင့်တရုတ်နှင့်အာဆီယံ၌တိုးတက်မှု နှေးေ ကွး နေခြင်းနှ  င့်သွင်းကုန်ဝယ်လိုအား (import demand) နည်းနေသောကြောင့် ပြည်ပတင်ပို့မှုသည်၁ ဒဿမ ၉ ရာခိုင် နှုန်းခန့် သာမြင့်တက်နိုင်ကြောင်းအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် Ms. Duangkamol က ပြောကြားခဲ့ပါ သည်။
စားသောက်ကုန်၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ အကြီးစားစက်မှု လုပ်ငန်း၊ ဖက်ရှင်၊ ကျန်းမာရေးနှင့် အလှအပ စသည့်ကဏ္ဍများကိုဦးတည်၍ကုန်သွယ်ရေးမစ်ရှင်များကို စေလွှတ်မည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အင်ဒိုနီး ရှား နိုင်ငံ သို့ ပုံနှိပ် လုပ်ငန်း မစ်ရှင်(printing-industry mission)၊ အီတလီနှင့် သြစတြေးလျသို့လေေ အးပေးစက် များ နှင့် ရေခဲသေတ္တာမြှင့်တင်ရေးမစ်ရှင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူ နိုင်ငံများသို့မော်တော်ယာဉ်၊မော်တော် ဆိုင်ကယ်များနှင့် အပို ပစ္စည်းများဆိုင် ရာ မစ်ရှင်စသည်ဖြင့် စေလွှတ်သွားမည် ဖြစ်ပါသည်။

ထို့ပြင်ထိုင်းနိုင်ငံသည် ပြည်တွင်းထုတ်လုပ်သူများနှင့် ဂျပန်နိုင်ငံမှအဝတ် အထည်တင် သွင်းသူများ တွေ့ ဆုံနိုင်ေ စ ရန် ထိုင်းနိုင်ငံ၌ စီးပွားရေးတွေ့ဆုံ ဆွေး နွေးပွဲကျင်းပမည်ဖြစ်ကြောင်း၊ ကိုရီးယား နှင့် အမေရိကန်နိုင်ငံများ၌ ကျင်းပသည့်ရုပ်ရှင်ပွဲတော်များတွင်လည်းဝန်ဆောင်မှုလုပ်ငန်း  မြှင့်တင်ရေးပွဲများကိုစီစဉ်ကျင်းပသွားမည်ဖြစ်ေ ကြာင်း သိရှိရပါ သည်။
ထိုင်းနိုင်ငံအနေဖြင့် ပြည်တွင်း၌ "Bangkok Gems and Jewellery Fair" "Thailand Innovation and Design Expo" "Thailand  International Logistics Fair" Bangkok International Gift Fair and Bangkok International House-ware Fair" စသည့် အပြည်ပြည် ဆိုင်ရာကုန်စည်ပြပွဲများကို ကျင်းပမည် ဖြစ်ပါသည်။ ထို့ပြင် ထိုင်းကုန်စည်များ ဈေးကွက်မြှင့်တင်ရေးအတွက် ကုန်စည် အလိုက်ကုန်စည်ပြပွဲများကိုလည်း စီစဉ် ကျင်းပ မည် ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဌာနသည် ထိုင်းနိုင်ငံနှင့် ထိုင်းကုန်စည်များအပေါ်တွင် ယုံကြည် မှုမြှင့်တင်ရန် အာရှကုန်သွယ်မှုမြှင့်တင် ရေးဖိုရမ်(Asian-Pacific Trade Facilitation Forum) နှင့် အာရှ-ပစိဖိတ်ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးဖိုရမ် (Asian Trade Promotion Forum) များသို့ တက်ရောက် မည်ဖြစ်ကြောင်း၊အာဆီယံနှင့် BRICS  နိုင်ငံများ၏ စီးပွားရေးတိုး တက်မှုနှုန်း နှင့်မြင့်မားလာသော ဝယ်ယူမှုစွမ်းအား တို့ကြောင့် အဆိုပါဈေးကွက်များသို့ ဝင် ရောက်ရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင် များအား တွန်းအားပေးမည် ဖြစ်ပါ သည်။