နှစ် ၅၀ ကျော်ကြာ မန္တလေး အမှတ် ၆ ယာဉ်လိုင်းအား ဖျက်သိမ်းရန် စီစဉ်နေသည့်သတင်း မဟုတ်မမှန်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်
နှစ် ၅၀ ကျော်ကြာ မန္တလေး အမှတ် ၆ ယာဉ်လိုင်းအား ဖျက်သိမ်းရန် စီစဉ်နေသည့်သတင်း မဟုတ်မမှန်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ် နှစ် ၅၀ ကျော်ကြာ မန္တလေး အမှတ် ၆ ယာဉ်လိုင်းအား ဖျက်သိမ်းရန်စီစဉ် နေသည့်သတင်းများ မဟုတ်မမှန် ကြောင်း မန္တလေးမြို့မှ စာနယ်ဇင်း ဆရာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြားခဲ့ပါတယ်။ မှတ်ပုံတင်သက်တမ်း ကြာမြင့်သည့် ယာဉ်အို၊ ယာဉ်ဟောင်းများကို ဖျက်သိမ်း၍ ယာဉ်အစားထိုးလဲလှယ်ရေး အစီအစဉ်အရ ယာဉ်များအပ်နှံလက်ခံ နေတဲ့ အချိန်ကာလဖြစ်သော်လည်း အမှတ် ၆ မော်တော်ယာဉ်အသင်း အနေဖြင့် လိုင်းပြေးဆွဲမှုခရီးစဉ်များ ရပ် ဆိုင်းသွားမှုမရှိဘဲ ဂိတ်စ၊ ဂိတ်ဆုံးပြေး ဆွဲလျက်ရှိကြောင်း၊ အမှတ် ၆ မော် တော်ယာဉ်အသင်းဝင် ယာဉ်များအနေ ဖြင့် နှစ် ၄၀ ကျော်ကြာမြင့်ပြီဖြစ်သော စ၊ ဆ၊ ဇ CHEV: ယာဉ်ကြီး ၄၃ စီးနှင့် ဏ မှ ပ အထိ ဒိုင်နာ၊ ဟိုင်းလတ် ၂၃ စီးတို့အားလုံး အကျုံးဝင်နေရာ ပထမ အသုတ် စ၊ ဆ၊ ဇ CHEV: ယာဉ်ကြီး ပိုင်ရှင်များမှ အချို့ကို နိုင်ငံတော်သို့ ကားဟောင်းအပ်နှံပြီး အစားထိုးကား သစ် တင်သွင်းရန် စီစဉ်နေကြောင်း၊ အချို့သည် CHEV: ယာဉ်ကြီးအား ရောင်းချ၍ ''ပ'' အက္ခရာအထက် အဆင့်မြင့်ယာဉ်အား ဝယ်ယူအစားထိုး လဲလှယ်ရန် စီစဉ်နေကြောင်း၊ အချို့ သည် ငွေကြေးအခက်အခဲ အကျပ် အတည်းကြောင့် မတတ်နိုင်တော့ သဖြင့် ရောင်းချလိုက်ရခြင်း အခြေ အနေများ ဖြစ်ပေါ်လျက်ရှိကြောင်း နှစ် ၅၀ ကျော်ကြာ မန္တလေး အမှတ် ၆ ယာဉ်လိုင်းအား ဖျက်သိမ်းရန် စီစဉ်နေသည့ ်သတင်း မဟုတ်မမှန်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ် ယာဉ်လိုင်းအတွင်းရေးမှူး ဦးမင်းဒင်က ပြောပါတယ်။ အသင်းအနေဖြင့်လည်း အသင်းပိုင် ယာဉ် CHEV: ခြောက်စီးရှိရာ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် သက်တမ်းကုန်ဆုံးတော့မယ့် CHEV: သုံးစီးကို တစ်စီးလျှင် ကျပ်သိန်း ၇၀ဖြင့် ရောင်းချကာ ကျပ်သိန်း ၂၁၀ ကို ဘဏ် သို့ အပ်နှံထားပြီး ကျန် CHEV: သုံးစီး ကို နိုင်ငံတော်သို့အပ်နှံ၍ ယာဉ်အစား ထိုးလဲလှယ်တင်သွင်းနိုင်ရေးကို စီစဉ် ထားပြီး ''ပ'' အက္ခရာအထက် အဆင့် မြင့်ယာဉ်များ ဝယ်ယူရေးအတွက် စီစဉ် လျက်ရှိကြောင်း သိရပါတယ်။ အသင်းမှအပ်ခြင်း၊ ရောင်းချခြင်းမပြု ရသေးသော သက်တမ်းလွန်ယာဉ်များ အား လိုင်းပုံမှန်ပြေးဆွဲစေရေး၊ အသင်း ပိုင်ငွေကြေးဖြင့် ''ပ'' အက္ခရာအထက် လိုင်း ပြေးဆွဲရန် သင့်တော်သောယာဉ် များကိုဝယ်ယူသွားရန်၊ အသင်းကြီး ခိုင် မြဲရေးအတွက် လိုအပ်ပါက အသင်းပိုင် ငွေနဲ့ အဆောက်အအုံကို အများ သဘောဆန္ဒဖြင့်ရောင်းချကာ အဆင့် မြင့်ယာဉ်များဝယ်ယူပြေးဆွဲနိုင်ရန်ဆောင် ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အသင်းဥက္ကဋ္ဌ ဦးဟန်က ''အသင်း ဝင်အချို့က ကားအသင်းဝင်ပြီး ဒီကား ကရတာလေးနဲ့ အဆင်ပြေနေတာ။ အချို့လည်း ကားအပေါ်မှာ သံယောဇဉ်ဖြစ်နေတာပေါ့။ လောလောဆယ် ကညနက ပြေးဆွဲလို့ရတယ်ဆိုလို့ ပြေး ဆွဲနေတယ်။ တစ်နှစ်၊ နှစ်နှစ်နေလို့ မဆွဲ ရတော့ဘူးဆိုရင် ယာဉ်ပိုင်ရှင်အတွက် ဆုံးရှုံးမှုဖြစ်မှာ စိုးရတယ်။ ရာသက်ပန် သုံးလို့ရသလားဆိုတာ သေသေချာချာ မသိရသေးဘူး'' လို့ ပြောပါတယ်။ အမှတ် ၆ မော်တော်ယာဉ်လိုင်း အသင်းတွင် စက်တင်ဘာ ၁၁ ရက် အထိ အသင်းဝင်ယာဉ် ၆၆ စီးရှိရာမှ စက်တင်ဘာ ၂၅ ရက်အထိ ၃၅ စီးသာ ကျန်ရှိကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် မြို့တွင်းယာဉ်လိုင်း ၇၇ လိုင်းအနက် ယာဉ်ကြီး ၉၉ စီး၊ ယာဉ်လတ် ၅၇၂ စီး၊ ယာဉ်ငယ် ၂၆၈ စီးပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး