ဘိလပ်မြေဈေးနှုန်းများ (16-12-2013)
ဘိလပ်မြေတန်ချိန် ငါးသောင်းငါးထောင်ကျော် တင်သွင်း
ပြည်တွင်းကို ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ ငါးဆယ့်ရှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၅၅၀၅၀ ဒသမ ၈၆၈ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံ မှဘိလပ်မြေ တန်ချိန် ၅၀ ၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၇၀၀ ၊ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၇၈၀ ဒသမ ၇၀ နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၅၃၅၂၀ ဒသမ ၁၆၈ တန်တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံဘက် မှ အများဆုံးတင်သွင်းလာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင် မှာ တန်ချိန် သုံးသောင်းနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်သောင်းနှစ်ထောင်ကျော်အဝင်ပိုခဲ့ပါတယ်။ MIRT(DOT)