Main menu

Background

ပြည်တွင်းနယ်စပ်စီးပွားရေးရာ

လွယ်ဂျယ်မှ ဖရဲသီး တန် ၅၅ဝ ကျော် မတ်လ တတိယပတ်မှာ တင်ပို့နိုင်

Sun, 04/03/2011 - 07:58 -- Anonymous (not verified)

လွယ်ဂျယ်မှ ဖရဲသီး တန် ၅၅ဝ ကျော် မတ်လ တတိယပတ်မှာ တင်ပို့နိုင်                   မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လတတိယပတ်မှာ ကျပ် ၄ ဒသမ ၅၄ သန်း တန်ဖိုးရှိဖရဲသီး တန် ၅၅ဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ၉ တန်တင်ပို့ခဲ့ပြီးနောက် ဖရဲသီးတင်ပို့မှု မရှိပဲ ရပ်တန့်လျက်ရှိရာမှ ယခုမတ်လ တတိယပတ်မှာ တန် ၅၅ဝ ကျော် တင်ပို့လာနိုင်တာဖြစ်ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ ဖရဲသီး တန် ၄၉၇၇ တန် တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ှSource: နကသ MIRT (DOBT)

ချင်းရွှေဟော်မှ ဖရုံသီးတင်ပို့မှု အားကောင်းနေ

Wed, 03/30/2011 - 07:17 -- Anonymous (not verified)

ချင်းရွှေဟော်မှ ဖရုံသီးတင်ပို့မှု အားကောင်းနေ                        မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ကွမ်းလုံ ဒေသထွက် ဖရုံသီး တန် ၁ဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉ဝ၉ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တန် ၇ဝ သာ တင်ပို့ခဲ့ တာမို့ ယခုအပတ် တန်ချိန်အားဖြင့် ၃ဝ ၊ ရာခိုင်နှုန်းအားဖြင့် ၄၂ ရာခိုင်နှုန်း ခန့် တင်ပို့မှု ပိုမိုလျက်ရှိပါတယ်။ မိမိဘက်မှာ ဖရုံသီး တစ်ကီလို ၁၃ဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံမှ ၁ ဒသမ ၁၅ ယွမ် ဈေးပေါက် လျက် ရှိတယ်လို့ သိရပါတယ်။MIRT (DOBT)

ပီလောပီနံခြောက်နဲ့ပီလောပီနံကုန်ကြမ်းများ ကန်ပိုက်တီးမှဆက်လက်တင်ပို့လျက်ရှိ

Wed, 03/30/2011 - 07:14 -- Anonymous (not verified)

ပီလောပီနံခြောက်နဲ့ပီလောပီနံကုန်ကြမ်းများ ကန်ပိုက်တီးမှဆက်လက်တင်ပို့လျက်ရှိ                   မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်စခန်းမှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း စက်မှု ကုန်ကြမ်း ပီလောပီနံခြောက် တန် ၁ဝဝ နဲ့ ပီလောပီနံမှုန့် (စတာ့ချ်) တန် ၃ဝဝ စုစုပေါင်းကန်ဒေါ်လာ ဝ ဒသမ ၁ဝ၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပီလောပီနံမှုန့် တင်ပို့မှုသာရှိခဲ့ပေမဲ့ ယခုအပတ်မှာပီလောပီနံခြောက်ပါ တင်ပို့ နိုင်ခဲ့တာဖြစ်ပါတယ်။                        MIRT (DOBT)  

ကောက်ခံရရှိအခွန်ငွေထက် အသုံးစရိတ်က ပိုမိုလျက်ရှိသော ထိုင်းနိုင်ငံ

Wed, 03/30/2011 - 07:13 -- Anonymous (not verified)

ကောက်ခံရရှိအခွန်ငွေထက် အသုံးစရိတ်က ပိုမိုလျက်ရှိသော ထိုင်းနိုင်ငံ                   ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလမှ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလထိ ပထမငါးလအတွင်း ထိုင်းအစိုးရမှ အခွန်ကောက်ခံ ရရှိမှုမှာ ဘတ် (၆၄၄) ဘီလီယံဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် ဘဏ္ဍာရေး အခြေအနေ ခိုင်မာစေရန် များစွာအထောက်အကူပြုစေလျက်ရှိကြောင်း ပြည်တွင်းအခွန်ဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်Naris Chaiyasoot မှ ပြောကြားခဲ့ပါသည်။၏                    ပြည်တွင်းအခွန်၊ စည်းကြပ်ခွန်၊ အကောက်ခွန်ဌာနစသည့်ဌာနများနှင့် ပြည်နယ်စီးပွားရေးလုပ်ငန်းများမှ တစ်နှစ် ထက်တစ်နှစ် ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၄ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဘတ် (၈၁) ဘီလီယံပိုမိုကောက်ခံ ရရှိလျက်ရှိသည်ဟု သူကဆိုသည်။ သို့သော် ထိုင်းအစိုးရ အသုံးစရိတ်မှာ ဘတ် (၉၈၈) ဘီလီယံဖြစ်ပြီး ယခင်နှစ် ထက် ၂၆ ဒသမ ၁ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဘတ် (၂ဝ၄) ဘီလီယံပိုမိုသုံးစွဲခဲ့သဖြင့် အခွန်ငွေထက် အသုံးစရိတ် မှာ ကျော်လွန်လျက်ရှိပြီး ဘတ် (၃၄၃) ဘီလီယံမှာ လိုငွေပြလျက်ရှိကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း လျာထားချက် ဘတ် ၁ ဒသမ ၂ ထရီလီယံကျော် ပိုမိုကောက်ခံရရှိနိုင်ဖွယ် ရှိသည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနက ယုံကြည်မှုရှိကြောင်း ြမေငျ ဃ့ငေပျေသသအ က ထပ်လောင်း ပြောကြားခဲ့ပါသည်။           အေးသက်၊ ှSource:bangkokpost.com  

နယ်စပ်မှ ပုံမှန်တင်ပို့နေရတဲ့ ပရဆေးကုန်ကြမ်း

Wed, 03/30/2011 - 07:08 -- Anonymous (not verified)

နယ်စပ်မှ ပုံမှန်တင်ပို့နေရတဲ့ ပရဆေးကုန်ကြမ်း                    မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ဆယ်မျိုးကျော်ကို ၈ဝ၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ချဉ်ပေါင်ဖာလာအခွံပါ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ မျောက်ဥခြောက်နဲ့ မာလာဥ ခေါင်းများ တင်ပို့ခဲ့တာဖြစ်ပါတယ်။ တမူးနယ်စပ်ကနေတော့ ကန်ဒေါ်လာ ၁ဝဝ တန်ဖိုးရှိ တောင်လုံးကျော် တန်ဝက်နဲ့ ကန်ဒေါ်လာ ၁ဝဝဝ တန်ဖိုး၊ စမုံညို ၁ ဒသမ ၄ တန် တင်သွင်းမှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသMIRT (DOBT)

မူဆယ်မှ ဖရဲသီးတင်ပို့မှု လျော့ကျသော်လည်း သခွားမွှေးတင်ပို့မှု ပိုမို

Wed, 03/30/2011 - 07:05 -- Anonymous (not verified)

မူဆယ်မှ ဖရဲသီးတင်ပို့မှု လျော့ကျသော်လည်း သခွားမွှေးတင်ပို့မှု ပိုမို                     မတ်လ ၁၆ ရက်မှ ၂၂ ထိ ရက်သတ္တပတ်အတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည် ဒိုင်သို့ ဖရဲသီးကားများ အဝင်နည်းသော်လည်း သခွားမွှေး ကားများ ပိုမိုဝင်လာလျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး ထွက်ဖရဲသီး ၈ဝ၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ဝ၆၂၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁ဝ၂ဝဝ ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၂၂ဝဝ နီးပါး တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မူဆယ်အပြင် ယခုအပတ်မှာ မောင်တောနယ်စပ်မှလည်း ဒေသထွက် ဖရဲသီး ၄၄ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၇ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ သခွားမွှေး တင်ပို့မှုကို ကြည့်လျှင်တော့ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၈၅ဝ၇ သန်းတန်ဖိုးရှိ သခွားမွှေး ၄၄၈၇ တန်ကျော် တင်ပို့နိုင် ခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၁၁၆၉ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်မှာ ရွှေသခွားမွှေး ၁ ကီလို ၆ ဒသမ ၅ ယွမ်မှ ၇ ယွမ်၊ ဖရဲသခွား ၁ ကီလို ၆ ယွမ်ကျော်နဲ့ ပိုက်ကွက်သခွား ၁ ကီလို ၆ ယွမ်ဈေး ဝန်းကျင်ဈေးပေါက် လျက် ရှိပါတယ်။                                      MIRT (DOBT)

နယ်စပ်က ပန်းသီးပို့သလို အသွင်းလည်းရှိ

Wed, 03/30/2011 - 07:04 -- Anonymous (not verified)

နယ်စပ်က ပန်းသီးပို့သလို အသွင်းလည်းရှိ                မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဘက်နိုင်ငံ ရိခေါဒါရ်သို့ ဒေသထွက်ချင်း တောင်ပန်းသီး ၁၃ တန်ကျော် ကန်ဒေါ်လာ ၃၉၅၄ ဖိုး မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ်မှာတော့ တစ်ဖက်နိုင်ငံ ရွှေလီ-ကျယ်ဂေါင်တို့မှ တစ်ဆင့် တရုတ်ပန်းသီးတန်ချိန် ၄၃၅ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၉၄ဝဝ ဖိုး တင်သွင်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။              MIRT (DOBT)

ရိဒ်နယ်စပ်မှ ဝက်အရှင် ကီလို ၅၆ဝဝ ကျော်တင်ပို့

Wed, 03/30/2011 - 07:03 -- Anonymous (not verified)

ရိဒ်နယ်စပ်မှ ဝက်အရှင် ကီလို ၅၆ဝဝ ကျော်တင်ပို့                      မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိကပို့ကုန်လို့ ပြောလို့ရတဲ့ ဝက်အရှင် ၅၆၂၅ ကီလိုဂရမ်ကို ယခုမတ် ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၈၇ဝဝ ကျော်တန်ဖိုးရှိ တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ့ဝက်များဟာ အရသာပိုမိုကောင်းမွန်တဲ့အတွက် အကြိုက်များ လျက်ရှိပါတယ်။ ရိဒ်နယ် စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ဝက်အရှင် ၂၉၇၇၉၆ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ဝ၇ ဒသမ ၉၇ သန်းဖိုး တင်ပို့ နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: ခင်မိုးသူ (MIRT)

စက်မှုကုန်ကြမ်းကြံနဲ့ ပီလောပီနံအခြောက်များ တရုတ်အဆွဲရှိ

Sun, 03/20/2011 - 07:12 -- Anonymous (not verified)

စက်မှုကုန်ကြမ်းကြံနဲ့ ပီလောပီနံအခြောက်များ တရုတ်အဆွဲရှိ                   မတ်လ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ကန်ပိုက်တီးမှ ကန်ဒေါ်လာ ၃၂၇၈၆ တန်ဖိုးရှိ ပီလောပီနံ အခြောက် တန်ချိန် ၃ သိန်း တင်ပို့နိုင် ခဲ့ပါတယ်။အလားတူ ချင်းရွှေဟော်နယ်စပ်ဘက်မှာလည်း ကန်ဒေါ်လာ ၁၄ဝဝဝ နီးပါး တန်ဖိုးရှိ ကွမ်းလုံဒေသထွက် ကြံတန်ချိန် ၅ဝဝ တရုတ်ဘက်က အဆွဲရှိခဲ့တယ် လို့ သတင်းရရှိပါတယ်။ MIRT(DOBT)

နယ်စပ်မှ ယခုအပတ် ပရဆေး တန် ၉ဝဝ ကျော် တင်ပို့နိုင်

Sun, 03/20/2011 - 07:02 -- Anonymous (not verified)

နယ်စပ်မှ ယခုအပတ် ပရဆေး တန် ၉ဝဝ ကျော် တင်ပို့နိုင်                    မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်တို့မှ ပရဆေးကုန်ကြမ်း တန်ချိန် ၉၄ဝ ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တန် ၅ဝ ခန့်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ယခင်အပတ်ကထက် နေလဲစေ့ တင်ပို့မှုသိသိသာသာ လျော့ကျခဲ့ပြီး မိကျောင်း ကွမ်းဖတ်စေ့၊ ကြောင်လျာစေ့၊ မျောက်ဥခြောက်၊ မာလာဥ ခေါင်းတို့လည်းတင်ပို့မှု အနည်းငယ် စီလျော့နည်းခဲ့ပါတယ်။ ကျောက်ချင်း၊ ဒရင်ကောက်မြစ်၊ နနွင်းတက်၊ ကွမ်းစားဂမုန်း၊ ရှားစေး၊ ဖန်ခါးသီးခြောက်၊ မာလာဥတို့တော့ တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ရှားစေးနဲ့ ဖန်ခါးသီးခြောက်များ ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကျောက်ချင်း ၅ တန် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။တမူး နယ်စပ်ကနေ ကန်ဒေါ်လာ ၈ဝဝ တန်ဖိုးရှိ ရှိန်းခိုနဲ့ တောင်လုံးကျော် ဝ ဒသမ ၉ တန် တင်သွင်းမှုရှိခဲ့ပြီး ယခင်အပတ်ကထက် ဝ ဒသမ ၃ တန် လျော့နည်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)

Pages

Subscribe to RSS - ပြည်တွင်းနယ်စပ်စီးပွားရေးရာ