Background
ပြည်ဈေးကွက်ကို ယခုရက်အတွင်း မကွေးတိုင်းဒေသကြီး၊ ကံမဘက်မှ မတ်ပဲ အဝင်နည်းလာခဲ့ တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့ အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိခဲ့ပေ မယ့် လှောင်သမားများ အဝယ်သိပ်မရှိတော့ဘဲ ရန်ကုန်ဝယ်လက်သာ အဝယ်ရှိနေတာကို တွေ့ရ ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ် အရောင်းအဝယ်အေးပြီး မတ်ပဲဈေးအနည်းငယ် လျော့လာ တာတွေ့ရပါတယ်။ ပြုပြင်ထားတဲ့ မတ်ပဲ ရောင်းချ မှု ပုံမှန်ရှိနေပေမဲ့ လက်ကားဈေးကွက်မှာတော့ လတ်တလော အရောင်း အဝယ် အေးပြီး မြန်မာမတ်ပဲဈေးလည်း အနည်းငယ်လျော့ကျတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က မတ်ပဲတန် သုံးသောင်းကျော်ရောင်းဝယ်ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၂ ရက်မှ ၁၇ ရက်အထိ) အတွင်းမှာတော့ မတ်ပဲ FAQ ၊ SQ စုစုပေါင်း တန် ချိန် ၂၃၀၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်တာကတော့ မတ်ပဲ FAQ များသာ ဖြစ်ကြောင်းသိရပါတယ်။
ယခင်သီတင်းပတ် ၃ ပတ်ဆက်တိုက် ပင်လယ်ရေကြောင်းက မတ်ပဲတန် ၁၅၀၀၀ ဝန်းကျင်တင်ပို့နေခဲ့ရာမှ ယခုတစ်ပတ် (မေ ၇ ရက်မှ ၁၁ ရက်အထိ) အတွင်းမှာတော့ တန်ချိန် ၂၃၀၀၀၀ နီးပါးအထိ သိသိသာသာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ သင်္ဘောကွန်တိန်နာ ငှားရမ်းသယ်ယူစရိတ်မြင့်ပေမဲ့ ယခုတစ်ပတ်မှာ တော့ပိုမိုတင်ပို့လာခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှ မော်တော်ယာဉ် ထုတ်လုပ်မှုတွေ အရှိန်အဟုန်ရနေသလို တာယာထုတ်လုပ်မှုပါမြင့်တက်နေတဲ့အတွက် ရော်ဘာဝယ်လိုအား စဉ်ဆက်မပြတ်ရှိခဲ့ကြောင်း သိရပါ တယ်။မော်တော်ကားသုံးစွဲမှုမြင့်မားလာတာနဲ့အမျှ ကမ္ဘာတစ်ဝန်း ရော်ဘာသုံးစွဲမှုကိုပါ အကျိုးသက်ရောက်စေခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ရော်ဘာရောင်းလိုအား ကျပ်တည်းနေပေမယ့် တိုကျိုကုန်စည်ဒိုင် (TOCOM) မှာ မေလအတွက် ဈေးနှုန်းက တစ်ကီလိုကို ၃၀၁ ယန်း (၃ ဒသမ ၇၂ ဒေါ်လာ) အထိ ဈေးကျသွားကြောင်း သိရပါတယ်။ ဒီလိုဈေးကျရခြင်းက ကမ္ဘာ့ စီးပွားရေး အထူးသဖြင့် ဥရောပရဲ့ စီးပွားရေးကျဆင်းမှာကို စိုးရိမ်နေရတာကြောင့် ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၈၈၄ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၄၁ ဒသမ ၅၁၁ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း တင်ပို့မှု ရှိခဲ့ပါတယ်။အဆင့်လိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3 ၉၈၃ တန်၊ MSR-20 တန် ၁၂၀ နဲ့MSR-50 ၃၇ ဒသမ ၈၉၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၄၁ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅၃၈ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်ကာလတင်ပို့မှုရဲ့ သုံးပုံတစ်ပုံမျှသာ ရှိပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို တန် ၄၀၀ နဲ့ မလေးရှားကို ၃၄၁ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ထိုင်း၊ ဗီယက်နမ်နဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံတောင်ပိုင်းပြည်နယ်များအတွင်း တရားမဝင် ဝင်ရောက်တဲ့ သကြားပမာဏများစွာဟာ ယခုအချိန်မှာ အရေးပါလျက် ရှိပါတယ်။ ယခုသကြားရောင်းဝယ်မှုဟာ ရွှေတြိဂံနယ်မြေမှာ မူးယစ်ဆေးဝါး ရောင်း ဝယ်မှုနဲ့ အလားသဏ္ဍန်တူစွာ မှောင်ခိုလုပ်သူတွေအတွက် အကျိုးအမြတ်များစွာ ရရှိနေတယ်လို့ဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၂၀၀ တန်ကျော်နဲ့ ပြောင်းကြိတ်ဖတ် ၁၁ ဒသမ ၃ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၉၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။