Background
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ကုန်သည်များနဲ့ ပဲခွဲစက်များ အဝယ်ထိုင်းနေလို့ မတ်ပဲဈေး တည်ငြိမ်လျက်ရှိနေပါတယ်။ ဈေးကွက် တွေကို ဆောင်းပဲများဝင်လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ်ဆောင်းပဲ စိုက်ပျိုးစဉ် မတ်ပဲစိုက်ဧရိယာ ပိုမိုပြီး အထွက်များတဲ့အတွက် ဈေးကွက်တွေမှာ ရောင်းချမှု ရှိနေဆဲဖြစ်သလို ပြည်ပက တင်သွင်းမှုတွေလည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု ကောင်းနေတာတွေ့ရပါတယ်။ မတ်ပဲ FAQ နဲ့ SQ ဈေးနှုန်းကွာဟမှုကြောင့် FAQ မတ်ပဲကို ဝယ်ယူမှုများတာ တွေ့ရပါတယ်။ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ FAQ နဲ့ အခွံချွတ် FAQ စုစု ပေါင်း တန်ချိန် ၃၂၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မောင်တောဒေသဟာ ရေမြေသဘာဝအရ ပို့ကုန်ပိုင်းမှာ ရေထွက်ပစ္စည်းများ တင်ပို့မှုကို အားထားရလျက်ရှိပြီး အထူးသဖြင့် ရေငန်ပုစွန်တင်ပို့မှုမှာ များစွာ အရေးပါနေပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲပုံမှန်တင်ပို့မှု ရှိနေပါတယ်။ ဧပြီ ၃၀ ရက်မှ မေ ၄ ရက်အထိ မတ်ပဲ စုစုပေါင်း တန်ချိန် ၁၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခင် သီတင်းပတ်များအတိုင်း တင်ပို့နိုင်ခဲ့ပါတယ်။ ပိတ်ရက်များရှိတဲ့တိုင် ၂၀၁၂ ဧပြီလ တစ်လလုံးမှာ မတ်ပဲ တန်ချိန် ၄၂၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး မတ်လအတွင်းမှာ တန်ချိန် ၄၈၀၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။၂၀၁၁ ဧပြီလအတွင်း တန် ချိန် ၂၇၀၀၀ ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ဧပြီလမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။
ယခုနှစ်ပထမ (၃) လမှာ ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း ANRPC ရဲ့ ရောင်းလိုအား ၉ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ANRPC အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၉၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ ဈေးနှုန်း ကျဆင်းခြင်းကို ရင်ဆိုင်ဖို့အတွက် တောင်သူများက စိတ်အားထက်သန်စွာ ကြိုးစားရမှာအပြင် ကောင်းမွန်တဲ့စိုက်ပျိုးရေး နည်းစနစ်များကိုလည်း လေ့ကျင့်ဖို့လိုကြောင်းANRPC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၈၇၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၈၅၆ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ရော်ဘာအဆင့်စုံ ၁၀၂၂ တန် အပို့ပိုခဲ့ပါတယ်။
၂၀၁၂ ဧပြီလ ၈ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၂၆၂ တန်၊ တန်ဖိုးဒေါ်လာ ၇ ဒသမ ၈၀၈ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။သြင်္ကန်မတိုင်မီ တင်ပို့မှုထက် တန် ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို ၁၁၁၀ တန်၊ မလေးရှားကို ၄၂၄ တန်၊ ဗီယက်နမ်ကို တန် ၃၆၀ နဲ့ စင်္ကာပူကို ၃၆၈ တန်အသီးသီး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့ဝယ်လိုအားကျဆင်းနေပေမယ့်လည်း မြန်မာ့ရော်ဘာက သြင်္ကန်ကာလမှာပင် အပို့ကောင်း နေတာတွေရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း အရှိန်မပျက် (၁၈၇၈) တန် တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို (၃၄၀၀-၃၅၀၀) ဒေါ်လာကြားဈေးရပြီး RSS-5 တစ်တန်ကို (၃၃၀၀-၃၄၀၀) ဒေါ်လာကြားဈေး ရတယ်လို့သိရပါတယ်။ KZW
အိန္ဒိယနိုင်ငံမှာ သကြားတင်ပို့မှုကို လွတ်လွတ်လပ်လပ်ခွင့်ပြုလိုက်ပြီးနောက် ကုန်သည်များနဲ့ ဈေးကစားသူများ ရောင်းဝယ်မှု သွက်လက်လာလို့ ပြည်တွင်း သကြားဈေး မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးကွက်မှာတော့ ဘရာဇီး ရိတ်သိမ်းရာသီနဲ့အတူ ဈေးကွက်မှာ ပိုလျှံရောင်းချမှုကြောင့် နိုင်ငံတကာဈေး လျော့ ကျ စေခဲ့ပါတယ်။ကမ္ဘာ့ဈေးကွက်ကအကျဘက်ဆင်းနေတယ်လို့ Kotak ကုန်စည် ဝန်ဆောင်မှု သုတေသန ဒုတိယဥက္ကဌ Prerna Desai မှ ပြောကြားပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၁၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၂၀ ဒသမ ၈၀၀ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက်တင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ ၆၅၆၆ တန် ကျော်၊ လွယ်ဂျယ်မှ ၄၅၄ တန်နဲ့ချင်းရွှေဟော်မှ တန် ၈၀၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှာ ပြောင်းဖူးစေ့ ၁၆၈၇၅ တန်ဝန်းကျင် နယ်စပ်မှတင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)
ဧပြီ ၈ ရက် ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၀၅၉ တန်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၈၅ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ သြင်္ကန်ပိတ်ရက်များရှိနေပေမယ့်လည်း စဉ်ဆက် မပြတ်တင် ပို့နိုင်ခဲ့တာကြောင့် သြင်္ကန်မတိုင်ခင်ကာလ တင်ပို့မှုထက် ၂ ဆ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေ့ကတော့ ဗီယက်နမ်ကို ၁၃၇၀ တန်၊ အိန္ဒိယကို ၄၆ တန်၊ ဖိလစ်ပိုင်ကို ၃၅၅ တန်နဲ့ စင်ကာပူကို ၁၂၈၈ တန် အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ဧပြီနောက်ဆုံး ပတ်မှာ ၇၈၀၀တန် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။FOB ရန်ကုန်ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ၂၇၅-၂၉၅ ဒေါ်လာ ဈေးပေါက်တယ်လို့ သိရပါ တယ်။ KZW
