Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၁၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၂၀ ဒသမ ၈၀၀ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက်တင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ ၆၅၆၆ တန် ကျော်၊ လွယ်ဂျယ်မှ ၄၅၄ တန်နဲ့ချင်းရွှေဟော်မှ တန် ၈၀၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှာ ပြောင်းဖူးစေ့ ၁၆၈၇၅ တန်ဝန်းကျင် နယ်စပ်မှတင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)
ဧပြီ ၈ ရက် ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၀၅၉ တန်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၈၅ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ သြင်္ကန်ပိတ်ရက်များရှိနေပေမယ့်လည်း စဉ်ဆက် မပြတ်တင် ပို့နိုင်ခဲ့တာကြောင့် သြင်္ကန်မတိုင်ခင်ကာလ တင်ပို့မှုထက် ၂ ဆ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေ့ကတော့ ဗီယက်နမ်ကို ၁၃၇၀ တန်၊ အိန္ဒိယကို ၄၆ တန်၊ ဖိလစ်ပိုင်ကို ၃၅၅ တန်နဲ့ စင်ကာပူကို ၁၂၈၈ တန် အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ဧပြီနောက်ဆုံး ပတ်မှာ ၇၈၀၀တန် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။FOB ရန်ကုန်ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ၂၇၅-၂၉၅ ဒေါ်လာ ဈေးပေါက်တယ်လို့ သိရပါ တယ်။ KZW
အိန္ဒိယနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ကြက်သွန်နီ တင်ပို့မှုကို မြှင့်တင်ဖို့နဲ့ လယ်သမားတွေ အတွက် အကျိုးဖြစ်ထွန်းစေဖို့ ကြက်သွန်နီတင်ပို့မှုအပေါ်မှာ ပိ့ုကုန်အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ချက် (Minimum Export Price (MEP)) ကို နှစ်လတာ ဖယ်ရှားပေးသွားဖို့ တောင်းဆို လိုက်ကြောင်း သတင်းရရှိပါတယ်။
ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်နဲ့ အဝင်နည်း သွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ပိဿာ ချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေး အတိုင်းတစ်ပိဿာကိုချင်း(ရှယ်) ၈၀၀ကျပ်၊ဂျွန် ၆၀၀ ကျပ်-၆၅၀ ကျပ်ဖြစ်ပြီး ရခိုင် ပြည်နယ်သို့ ပြည်ဈေးကွက်မှ တစ်ဆင့် စားသုံးမှုအဖြစ် တစ်နေ့ပိဿာချိန် ၁၈၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။ ဝင်းဝင်းခိုင်
ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ ထုတ်လုပ်မှုကို အားပေးဖို့ အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်း ကော်မရှင် (CACP)မှ ယခုနှစ် မိုးရာသီအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP)ကို တစ်တန် ရူပီး ၁၀၀၀၀(ကန်ဒေါ်လာ ၁၈၇)အထိ တိုးမြှင့်ဖို့ အကြံပြု ထားကြောင်း သိရပါတယ်။အဓိက လယ်ယာထွက်ကုန်များ အတွက် ဈေးနှုန်းမူဝါဒနဲ့ ပတ်သက်ပြီးအစိုးရကို အကြံပြုတဲ့ CACP မှ ဇွန်လ မှာ စတင်မယ့် ၂၀၁၂-၁၃ မိုးရာသီအတွက် ပဲတီစိမ်း MSP ကို ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၈၄၄)၊ မတ်ပဲ MSP ကို ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၀၆)၊ ပဲစင်းငုံကို ရူပီး ၄၀၀၀၀(ကန်ဒေါ်လာ ၇၀၅)နဲ့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။
ပြည်ဈေးကွက်မှာ ကုလားပဲကို တိုင်းအတွင်းရှိ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်၊ ပန်းတောင်း၊ ဥသျှစ်ပင် ကမ္မမြို့နယ်များမှ ရေလမ်း၊ ကုန်လမ်းနဲ့ အဝင်ရှိသလို အခြားတိုင်း၊ မကွေး၊ အောင်လံဘက်မှလည်း အဝင်ရှိတယ်လို့ သိရ ပါတယ်။ဥသျှစ်ပင်၊ပန်းတောင်း၊ကမ္မမြို့နယ်များမှ အများဆုံးဝင်ရောက်ပြီး အောင်လံ မှ အနည်းငယ်သာအဝင်ရှိ ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်မှ ဝယ်လက်များ အဝယ်ရှိသလို ရန်ကုန်ဝယ်လက်များလည်း အဝယ်သွက် နေပါတယ်။ တိုင်းအတွင်း ရှိ ခွဲစက်သမားများလည်း အဝယ်မပြတ်ဘဲ အဝယ်လိုက်နေတာကြောင့် ကုလားပဲ ပိဿာ ၂၀ တစ်တင်းကို ၁၇၃၀၀ ကျပ်ရှိပါတယ်။ လွင်လွင်ဆန်း
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာဝယ်လိုအားအကောင်းဆုံးဖြစ်နေလို့ ကုလား ပဲဈေးကတော့သိသိသာသာမြင့်တက်နေပါတယ်။ ရူပီးတန်ဖိုးလျော့ကျနေလို့ အခြား ပဲဈေးများထက် သိသိသာသာ ဈေးပိုနေပါတယ်။ ပဲထွက်ရှိမှုကျဆင်းမယ့် ခန့်မှန်း ချက်တွေအပြင် နိုင်ငံတကာဈေးမြင့်တက်နေတဲ့အတွက် လှောင်လက်များ အဝယ် သွက်နေတာကြောင့်
ကုလားပဲဟော်လန်နဲ့ ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခင်သီတင်းပတ်များ ထက် ပိုမို လာခဲ့ပါတယ်။ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုဧပြီလ ၂၂ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၄၃၀၀ နီးပါးအထိ ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလား ဒေ့ရှ်တို့ကို ပမာဏများတယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး မြင့်တက်ခဲ့ပြီး ပဲတီစိမ်းခွဲခြမ်းဈေးမှာ အနည်းငယ်ငြိမ်နေတာ တွေ့ရပါ တယ်။ ဈေးကွက်တွေကို ဝင်ရောက်မှုရှိနေပေမဲ့ မွန်ဘိုင်းဈေးကွက်မှာ ပဲခွဲစက်များမှ ကုန်သည်များ ဝယ်လိုအားတက်လို့ ဈေးမြင့်လာခဲ့ပါတယ်။
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း အခွံချွတ် ၆၇၆ ဒသမ ၀၇၅ တန်နဲ့ ပဲတီစိမ်း ၆၇၆ တန်ကျော်နဲ့ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန် ၁၂၀ ကိုတင်ပို့မှုရှိခဲ့ပါတယ်။