Main menu

Background

Tuesday, 15 May 2012

    ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ ထုတ်လုပ်မှုကို အားပေးဖို့ အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်း ကော်မရှင် (CACP)မှ ယခုနှစ် မိုးရာသီအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP)ကို တစ်တန် ရူပီး ၁၀၀၀၀(ကန်ဒေါ်လာ ၁၈၇)အထိ တိုးမြှင့်ဖို့ အကြံပြု ထားကြောင်း သိရပါတယ်။အဓိက လယ်ယာထွက်ကုန်များ အတွက် ဈေးနှုန်းမူဝါဒနဲ့ ပတ်သက်ပြီးအစိုးရကို အကြံပြုတဲ့ CACP  မှ ဇွန်လ မှာ စတင်မယ့် ၂၀၁၂-၁၃ မိုးရာသီအတွက် ပဲတီစိမ်း MSP  ကို ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၈၄၄)၊ မတ်ပဲ MSP ကို ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၀၆)၊ ပဲစင်းငုံကို ရူပီး ၄၀၀၀၀(ကန်ဒေါ်လာ ၇၀၅)နဲ့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။

Tuesday, 15 May 2012

    ပြည်ဈေးကွက်မှာ ကုလားပဲကို တိုင်းအတွင်းရှိ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်၊ ပန်းတောင်း၊ ဥသျှစ်ပင် ကမ္မမြို့နယ်များမှ ရေလမ်း၊ ကုန်လမ်းနဲ့ အဝင်ရှိသလို အခြားတိုင်း၊ မကွေး၊ အောင်လံဘက်မှလည်း အဝင်ရှိတယ်လို့ သိရ ပါတယ်။ဥသျှစ်ပင်၊ပန်းတောင်း၊ကမ္မမြို့နယ်များမှ အများဆုံးဝင်ရောက်ပြီး အောင်လံ မှ အနည်းငယ်သာအဝင်ရှိ ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်မှ ဝယ်လက်များ အဝယ်ရှိသလို ရန်ကုန်ဝယ်လက်များလည်း အဝယ်သွက် နေပါတယ်။ တိုင်းအတွင်း ရှိ ခွဲစက်သမားများလည်း အဝယ်မပြတ်ဘဲ အဝယ်လိုက်နေတာကြောင့် ကုလားပဲ ပိဿာ ၂၀ တစ်တင်းကို ၁၇၃၀၀ ကျပ်ရှိပါတယ်။                လွင်လွင်ဆန်း

Tuesday, 15 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာဝယ်လိုအားအကောင်းဆုံးဖြစ်နေလို့ ကုလား ပဲဈေးကတော့သိသိသာသာမြင့်တက်နေပါတယ်။ ရူပီးတန်ဖိုးလျော့ကျနေလို့ အခြား ပဲဈေးများထက် သိသိသာသာ ဈေးပိုနေပါတယ်။ ပဲထွက်ရှိမှုကျဆင်းမယ့် ခန့်မှန်း ချက်တွေအပြင် နိုင်ငံတကာဈေးမြင့်တက်နေတဲ့အတွက် လှောင်လက်များ အဝယ် သွက်နေတာကြောင့်

Tuesday, 15 May 2012

    ကုလားပဲဟော်လန်နဲ့ ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခင်သီတင်းပတ်များ ထက် ပိုမို လာခဲ့ပါတယ်။ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုဧပြီလ ၂၂ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၄၃၀၀ နီးပါးအထိ ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလား ဒေ့ရှ်တို့ကို ပမာဏများတယ်လို့ သိရပါတယ်။

Tuesday, 15 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး မြင့်တက်ခဲ့ပြီး ပဲတီစိမ်းခွဲခြမ်းဈေးမှာ အနည်းငယ်ငြိမ်နေတာ တွေ့ရပါ တယ်။ ဈေးကွက်တွေကို ဝင်ရောက်မှုရှိနေပေမဲ့ မွန်ဘိုင်းဈေးကွက်မှာ ပဲခွဲစက်များမှ ကုန်သည်များ ဝယ်လိုအားတက်လို့ ဈေးမြင့်လာခဲ့ပါတယ်။

Tuesday, 15 May 2012

    ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း အခွံချွတ် ၆၇၆ ဒသမ ၀၇၅ တန်နဲ့ ပဲတီစိမ်း ၆၇၆ တန်ကျော်နဲ့ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန် ၁၂၀ ကိုတင်ပို့မှုရှိခဲ့ပါတယ်။

Tuesday, 15 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ဈေးကွက်မှာ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အထိ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် ၁၁၀၀၀ ကျော် ပြည်ပအရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ ထက်လျော့ကျပေမဲ့ အခြားပဲများထဲမှာတော့ ရောင်းဝယ်မှုကောင်းတာ တွေ့ရပါတယ်။

Tuesday, 15 May 2012

    သြင်္ကန်အလွန် သီတင်းပတ် (ဧပြီလ ၂၂ ရက်မှ ၂၇ ရက်)အတွင်း ပဲတီစိမ်းတန်ချိန် ၅၆၀၀ ကျော်သာ တင်ပို့မှုရှိခဲ့လို့ သြင်္ကန်မတိုင်မီတင်ပို့မှုနဲ့ယှဉ်ရင်လျော့ကျခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၇ ရက်အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၈၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။ တင်ပို့မှုများတဲ့ ပဲမှာ ပဲတီရွှေဝါများဖြစ်ကြောင်း သိရပါတယ်။        MIRT - MAPT

Tuesday, 15 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ ၁ ဒသမ ၀၄၆ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၃၇၃၇ တန်ကျော်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်အတွင်းမှာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ တစ် လလုံး နယ်စပ်မှ ပဲလွန်းဖြူ ၃၇၇၀ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ တစ်ဘက် နိုင်ငံ ဈေးပြောင်းလဲမှုမရှိသော် လည်း မိမိဘက်မြေပြင်ဈေးမှာ ၉၇၆၀၀ ကျပ်လျော့နည်းခဲ့ပါတယ် -

Tuesday, 15 May 2012

    နိုင်ငံ တော်တော်များများက ဝယ် လိုအားရှိတဲ့ ပဲလွန်းဖြူကို ယခုတစ် ပတ်မှာလည်း တင်ပို့မှုရော အရောင်း အဝယ်ပါ ပုံမှန်ရှိနေပါတယ်။ ပင်လယ် ရေကြောင်းတင်ပို့မှုအနေနဲ့ ယခင် သီတင်းပတ်က တန်ချိန် ၂၁၀၀ ကျော် တင်ပို့မှု ရှိခဲ့ပြီး (ဧပြီလ ၂၂ ရက်မှ ၂၇ ရက်) အတွင်းမှာ တန်ချိန် ၁၃၀၀ နီးပါး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေ ကတော့ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီး ယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ဗီယက်နမ် တို့ကို ဖြစ်ပါတယ်။

Pages