Background
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း အတွင်း ပဲကြီးစိုက်ဧက ၁၆၀၀၀ ကျော် လျာထားပြီး၊ အမှန်စိုက်ဧကမှာ ဧက ၁၇၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်ခဲ့တာ ကို တွေ့ရပါတယ်။ ယခုဆိုရင် ပဲကြီး အသစ်များ ပြည်ဈေးကွက်ကို စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။ ယခုနှစ် ပဲကြီးဈေးနှုန်း အဖွင့်ဈေးမှာ ရွှေကျွန်း တစ်တင်း ၁၆၀၀၀ ကျပ်၊ ကမ်းနားတစ် တင်း ၁၄၅၀၀ ကျပ်နဲ့ ဈေးပေးဝယ်ယူ နေကြတာကို တွေ့ရပါတယ်။ ဒေသ တွင်း ပဲကြော်ဖိုသမားများမှလည်း ဝယ် ယူနေကြသလို ရန်ကုန်လိုင်းသမားများ လည်း အဝယ်လိုက်လျက်ရှိတာကြောင့် အိတ် ၁၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ကြတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၂၃၅ သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၃၄၇ တန်ခန့် တင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင် အပတ်ကထက် ၉၃ တန်ခန့် ပိုမိုတင် ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မိမိဘက် မြေ ပြင်ပေါက်ဈေး အနည်းငယ်ခန့် မြင့် တက်နေပြီး တစ်ဖက်နိုင်ငံဈေးကလည်း ၃ ဒေါ်လာခန့်သာ ပိုခဲ့ပါတယ်။ နှစ် နိုင်ငံမြေပြင်ပေါက်ဈေးမျာကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက် (ကျပ်/ တန်)ယခု ယခင် ပြောင်းလဲမှု %၅၂၄၂၉၆ ၅၂၃၅၅၆ ၇၄၀ ၀ .၁ တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု ယခင် ပြောင်းလဲမှု %၈၈၉ ၈၈၇ ၂ ၀ .၂MIRT(DOBT)
ပြည်ပဲလွန်းဖြူ ဈေးကွက်မှာတော့ ပဲပွဲရုံတွေမှာ အရောင်းအဝယ် သိပ်မ ရှိဘဲ ပဲဈေးမှာ တစ်တင်းကို ၁၇၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ယခု နှစ် ပြည်ခရိုင်အတွင်း ပဲလွန်းဖြူ အထွက်နည်းပြီး ပဲလွန်းဖြူ အထွက်များ တဲ့ မင်းလှ၊ နတ်တလင်း(တာပွန်)ဘက် မှလည်း ရန်ကုန်ကိုသာ တင်ပို့မှုများနေ တာကို တွေ့ရပါတယ်။ ထို့ကြောင့် ပဲလွန်းဖြူ သီးနှံများမှာ ပြည်ဈေးကွက် ကို အဝင်မရှိခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ မိမိအေး
ပဲစင်းငုံအသစ်ပေါ်ချိန်မှာ ကယားပြည်နယ်မှ ပဲစင်းငုံ စိုက်ပျိုးသူတောင်သူများ ဝင်ငွေရွှင်လျက်ရှိကြပြီး၊ လွိုင်ကော်မြို့ပေါ်ရှိ အဝတ်အထည်ဆိုင်များ၊ စားကုန်ဆိုင် များနဲ့ တောင်သူသုံးပစ္စည်းဆိုင်များ၊ အရောင်းအဝယ် သွက်နေပါတယ်။ ကယား ပြည်နယ်မှာ ၂၀၁၁-၂၀၁၂ ခုနှစ် မိုးသီးနှံ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ဧက ၃၉၀၀၀ ကျော်ရှိတဲ့အနက် ပဲစင်းငုံစိုက်ပျိုးမှုမှာ ဧက ၉၉၀၀ ကျော်အများဆုံး စိုက်ပျိုး နိုင်ခဲ့တဲ့အတွက် ၅ နှစ်အတွင်း အများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လတ်တလော ကုန်သည်များ အဝယ်မရှိလို့ ဈေးကျဆင်းနေကြောင်း သိရပါတယ်။ ပဲထုတ်လုပ်ရာ ဒေသတွေက ပဲဝင်ရောက်မှု တိုးတက်ပေမဲ့ ဈေးအမြင့်မှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းကြောင်း သိရပါ တယ်။ ဒါပေမဲ့ ပဲစင်းငုံအထွက်လျော့ကျတာကြောင့် ရေရှည်မှာတော့ ဈေးပြန် တက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်း ယှဉ်ဖော်ပြလိုက်ပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ် အများဆုံးဖြစ်တာကတော့ ပဲစင်းငုံပဲလို့ဆိုပါတယ်။ အိန္ဒိယပဲခွဲစက်သမား တွေ အဝယ်သွက်နေတာကြောင့် ဝယ်လက်ကြီးတွေက လိုလိုလားလားဝယ်ယူနေ ကြတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ လက်ရှိ အိန္ဒိယအခြေအနေအရ ပဲစင်းငုံအထွက်လျော့ခြင်းနဲ့ လက်ကျန်ပဲနည်းခြင်းတို့ကြောင့် မြန်မာပဲစင်းငုံဈေးက အကျမရှိနိုင်ဘူးလို့လည်းသုံးသပ်ပြောကြားပါတယ်။
ပြည်ပကို ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် တစ်သောင်းကျော်ရှိပြီး ယခုတစ်ပတ် (ဖေဖော်ဝါရီ ၆ ရက်- ၁၀ ရက်)အတွင်း တန်ချိန် ၁၂၆၀၀ ကျော်ထိ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲအမျိုးမျိုးအနက် အပတ်စဉ်တင်ပို့မှုမှာ ပဲစင်းငုံ က ပမာဏပိုမိုတင်ပို့မှုရှိကြောင်းလည်း သိရပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ ပဲစင်းငုံစုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂၆၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅၇ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။
ဟင်္သာတပဲဈေးကွက်ကို မတ်ပဲသစ်များအဝင်ရှိလာပြီး၊ ကုန်စည်ဒိုင်မှာ တစ် ရက်ကို အိတ် ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲဈေးနှုန်းမှာ ယခင် အပတ်က တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်အတွင်း ၁၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တာကြောင့် ပဲတစ်တင်းကို ယခင်အပတ်ထက် ၃၀၀ ကျပ်ဈေးမြင့်လာပါတယ်။ ကုန်စည်စီးထွက်မှုအနေနဲ့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို နေ့စဉ် အိတ် ၇၀၀ ခန့် ပိုတင်ပို့လာနိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင်
ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်များ မကွေးတိုင်းဒေသကြီး၊ ကံမ၊ အောင်လံ အနီးအနားရွာများမှ တစ်နေ့ကို အိတ် ၂၅၀ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ မတ်ပဲ အသစ်တစ်တင်းကို ၁၃၅၀၀ ကျပ်ဈေးရှိပြီး၊ ပဲဟောင်းတစ်တင်းကို ၁၂၅၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။ မြို့တွင်းဝယ်လက်၊ ရန်ကုန်ဝယ်လက် အရောင်းအဝယ်ရှိပြီး၊ ပဲသစ်ပဲဟောင်း နှစ်မျိုးစလုံး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မကွေးတိုင်း ဒေသကြီးဘက်မှသာ ပြည်ကို ပဲအဝင်ရှိပြီး၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်မြို့ တွေမှပဲကို ရန်ကုန်ကိုတင်ပို့မှုများတယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့် နောင်ကို ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၅၀၀ခန့် တင်ပို့မှုရှိတယ်လို့ သိရ ပါတယ်။ မိမိအေး
ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားပါးတာ ကြောင့် မတ်ပဲဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဈေးကွက်အသီးသီးမှာ ပဲအရည် အသွေးအလိုက် ဈေးနှုန်းအပြောင်းအလဲရှိပြီး အရည်အသွေးနိမ့် ပဲလက်ကျန် များနေကြောင်း သိရပါတယ်။