Background
ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၆၈၀၀ ကျပ် ဖြင့်အရောင်းအဝယ် ရှိခဲ့ပြီး၊ ယခုတစ်ပတ်တွင် တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် ဈေး မြင့်လာခဲ့ပါတယ်။ ယခုနှစ် နိုဝင်ဘာလလောက်မှစပြီး ကုလားပဲမှာ ဈေးအေး လာရာမှ ဒီဇင်ဘာဒုတိယပတ်တွင် ဈေးအနည်းငယ် ပြန်တက်လာတာကိုတွေ့ရပါ တယ်။
ပြည်တွင်းဈေးကွက်များမှာ သိုလှောင်မှု အကန့်အသတ်ရှိပြီး ဝယ်လိုအား ခိုင်မာနေတဲ့ အတွက် ကုန်သည်များက ဈေးအနိမ့်မှာ ဝယ်ယူလျက်ရှိတာကြောင့် အိန္ဒိယ ကုလားပဲကြိုပွိုင့်ဈေး အမြင့်ဘက်ဆက်လက်မြင့် တက်ဖွယ်ရှိတယ်လို့ သိရပါ တယ်။ ဒါပေမယ့်လည်း ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ စိုက်ပျိုးမှုအားကောင်းနေခြင်းက ထွက်ရှိမှု အလားအလာကို ကောင်းမွန်စေတာကြောင့် ဈေးကွက်အပေါ် ဖိအား ဖြစ်စေနိုင်တယ်လို့လည်း ဆိုကြပါတယ်။
ရန်ကုန်မှ တင်သွင်းတဲ့ ကာဘူလီကုလားပဲများမှာ ပြည်တွင်းရူပီး တန်ဖိုး လျော့ပြီး ဒေါ်လာတန်ဖိုး ခိုင်မာနေတဲ့အတွက် ဈေးအနည်းငယ်ပိုလာပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ လအတွက် ရန်ကုန်ကာဘူလီ ကုလားပဲများဝယ်ယူထားပြီး လက်ရှိအရှုံးပေါ်နေတဲ့အတွက် လှောင်လက်များမှ ဝယ်ယူနိုင်မှု လျော့ကျတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာဘက်မှ ပဲအသစ်တွေဝင်လာနေပြီဖြစ်လို့ နောက် ၂-၃ ရက်အတွင်း ကာဘူလီ ကုလားပဲဈေးမြင့်တက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြ ပါတယ်။ ဒေါ်လာ/ တန် ၁၅-၁၂-၁၁ ၁၄-၁၂-၁၁ ၁၃-၁၂-၁၁ ၁၂-၁၂-၁၁မွန်ဘိုင်း ၅၉၆-၆၀၅ ၆၁၁ ၆၁၅ ၆၂၃-၆၂၈ဒေလီ ၆၁၄-၆၁၉ ၆၁၅-၆၂၀ ၆၀၆-၆၁၁ ၆၁၄-၆၁၈ကန်ပါ ၆၇၂ ၆၇၃ ၆၇၂ ၆၈၆MIRT(MAPT)
ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခုတစ်ပတ် (ဒီဇင် ဘာ ၅ ရက်မှ ၉ ရက်)အတွင်း တန်ချိန်၂၅၀ကျော်ရှိကြောင်း သိရပါတယ်။ ရန်ကုန် ၤဥြ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့လည်း ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း တန် ၅၀ ခန့်သာရှိကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ကုလားပဲ ဖြူလုံးကြီး အရည်အသွေးကောင်း လက်ကျန်နည်းလာပြီဖြစ်လို့ အရောင်း အဝယ် ဖြစ်မှုရော တင်ပို့မှုပါ လျော့လာခဲ့ပါတယ်။
အိန္ဒိယဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ဂျုံ၊ ဆီထွက်သီးနှံနှင့် အခြားနှံစားသီးနှံ စိုက်ဧရိယာသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လျှော့ကျမှုရှိသော်လည်း ပဲစိုက်ပျိုးမှုမှာ ပိုမိုကြောင်း သိရပါသည်။ကုလားပဲစိုက်ဧရိယာ ပိုမိုခြင်း ကြောင့် စုစုပေါင်း ပဲမျိုးစုံ စိုက်ပျိုးမှုသည် ဟက်တာ ၁၂၀ ဒသမ ၆ သိန်းရှိပြီးဖြစ်ကြောင်း၊ ယခင်နှစ်စိုက်ဟက်တာ ၁၁၉ ဒသမ ၂၀ သိန်းနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၁ ဒသမ ၃၉ သိန်း ပိုမိုစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။
ပဲခူးတိုင်းဒေသကြီး အနောက်အတွင်း ပဲတီစိမ်းစိုက်ဧက ၀ ဒသမ ၂၃ သိန်းလျာထားပြီး၊ ယခုလအတွင်း စိုက်ဧက အားလုံးနီးပါး စိုက်ပျိုးပြီးဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်း ထိပ်စတစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀ ကျော်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ အရည်အသွေးကောင်း ပဲတီစိမ်းဈေးပိုပြီး အခြားအရည်အသွေး ပဲတီစိမ်းကတော့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်တဲ့ ကစ်ရှန်ကပ်နဲ့ ရှီခါဝတီစတဲ့ ဒေသတွေမှာ ဆောင်းအအေးလှိုင်းပြင်းထန်တဲ့ အတွက် ပဲဝင်ရောက်မှု ပါးတယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၇ ရက်မှ၁၃ ရက်ထိ ကာလအတွင်း တစ်ဖက် နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၈၅၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၂၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၉၇ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်းတန် ၁၀၀ ဝန်းကျင်အပို့ရှိခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို နေ့စဉ်အဝယ်ရှိ ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း ပဲတီရွှေဝါ တန် ၃၁၂၄ နဲ့ ပဲတီစိမ်းတန် ၈၀၀ ကျော် စုစုပေါင်း တန်ချိန် ၄၀၀၀ ခန့်အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု လျော့ကျနေရာ ယခုတစ်ပတ် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အတွင်းမှာ တန်ချိန် ၁၈၀၀ ခန့်ကို လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဒီဇင်လာလ ၉ ရက် အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၁၈၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၆၇၀၀၀ သာ တင်ပို့မှုရှိခဲ့ကြောင်း သိရတဲ့အတွက် ယခင်နှစ် အလားတူကာလနဲ့ ယှဉ်ရင်တော့ ပမာဏ ပိုနေတာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ်လက်များက အရည်အသွေးကောင်း ပဲတီစိမ်းများကိုသာ အဝယ်ရှိပြီး ယခုတလော အရောင်းအဝယ်ဖြစ်မှုအရ လာမယ့် သီတင်းပတ်မှာ တင်ပို့မှု အနည်းငယ်ပိုနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ MIRT(MAPT)