Background
တရုတ်နိုင်ငံ ပြည်တွင်းဝယ်လိုအား အစဉ်ကြီးမားနေတာကြောင့် သကြားနဲ့ ပြောင်းကိုလာမယ့်နှစ်မှာ တင်သွင်းရဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ တောင်သူတွေ ကို အားပေးဖို့နဲ့ ပြည်တွင်းဈေး ထိန်းချုပ်ဖို့ အမြောက်အမြားသိုလှောင်ထားတဲ့ အစိုးရရဲ့ စိုက်ပျိုးရေးကုန်စည်များကို အသုံးပြုလျက်ရှိပါတယ်။ ယခုနှစ်ထွက်ရှိမှုမြင့်တက်ခဲ့ခြင်းက ပြည်တွင်းပြောင်းနဲ့ သကြားဈေးများကို ကျဆင်းစေနိုင်တဲ့အတွက် အစိုးရအနေနဲ့ လက်ရှိပြည်တွင်းရောင်းဈေးထက် ဈေးသက်သာတဲ့ အမေရိကန်ပြောင်းနဲ့ ဘရာဇီးသကြားကို တင်သွင်းဖို့ ဆောင်ရွက်နေ ပေမယ့်လည်း ပြည်တွင်းတောင်သူတွေကိုလည်း အလေးထားဆောင်ရွက်နေပါတယ်။ ပြည်ပက ဝယ်ယူမှုကို မတ်လကုန်မှာ ပြန်လည်စတင်ဝယ်ယူနိုင်တယ်လို့ လေ့လာဆန်းစစ်သူ Ding Ling က ပြောကြားပါတယ်။ ပြောင်းအများဆုံးထုတ်လုပ်တဲ့ Jilin မှာ ပြောင်းတန်ချိန် ၁၈၅ သန်းအထိ ထွက်ရှိမယ့် မျှော်လင့်ချက်တွေအရ လွန်ခဲ့တဲ့ ၅ ပတ်အတွင်း ၇ ရာခိုင်နှုန်းကျော် ကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၃၃၇ ဒသမ ၂၀ ဈေးဖြစ်ခဲ့ပါတယ်။ တောင်သူတွေအတွက် ဈေးနှုန်းအထောက်အပံ့ပြုဖို့ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ ပြောင်းတစ်တန် ယွမ် ၂၀၀၀ (ကန်ဒေါ်လာ ၃၁၄ ဒသမ ၇၇၂)ဈေးအောက် ကျဆင်းမယ်ဆိုရင် ပြည်နယ်သိုလှောင်ရေး Sinograin မှ ပြည်တွင်း ပြောင်းကို ဝယ်ယူစုဆောင်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ သကြားပမာဏများစွာ တင်သွင်းထားပြီး ဖြစ်ပါတယ်။ ကြံကြိတ်ခွဲရာသီရောက်ရှိလာ ခြင်းနဲ့အတူ သကြားဈေးကျဆင်းနေတာကြောင့် အစိုးအနေနဲ့ လက်ရှိကာလမှာ တင်သွင်းမှာ မဟုတ်ဘူးလို့ ဘေဂျင်း အခြေစိုက် Sun Tong အထွေထွေမန်နေဂျာမှ ပြောကြားပါတယ်။ ၂၀၁၂ အတွင်း သကြား တင်သွင်းမှုတန်ချိန် ၂ ဒသမ ၅ သန်းအထိမြင့်တက်နိုင်ပြီး၊ ဝါဂွမ်းတင်သွင်းမှုဟာ တန်ချိန် ၈၀၀၀၀ အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊Source: bloomberg
တောင်ကိုရီးယားနိုင်ငံရဲ့ ပြောင်းဝယ်လိုအားကြောင့် အမေရိကန်ပြောင်း ဈေးနှုန်းက ပြန်လည် မြင့်တက်လာခဲ့ကြောင်းနဲ့ ဒီဇင်ဘာလ သင်္ဘောတင်မယ့် ပြောင်း ဈေးနှုန်းက တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၄၆ (တစ်တန်ကို ကန်ဒေါ်လာ ၂၅၄ ဒသမ ၂၇) နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ ချီကာဂိုကုန်သွယ်ရေးမှာ ဂျုံဈေးနှုန်းက မြင့်တက်ခဲ့ပြီး တစ်ဘွယ်ရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၃၃ (တစ်တန်ကို ကန်ဒေါ်လာ ၂၃၂ ဒသမ ၅၆) နဲ့ ချုပ် ဆိုခဲ့ကြောင်း သိရှိရတယ်။ ဒါပေမဲ့ ကောက်ပဲ သီးနှံဈေးနှုန်းတွေက ဥရောပကြွေးမြီအကျပ်အတည်းအပေါ် စိုးရိမ်မှုတွေကြောင့် ဈေးနှုန်းမှာ ဆက်လက်မခန့်မှန်း နိုင်သေးကြောင်း Barclays Capital အရ သိရှိရပါတယ်။ Source: www.commodityonline.com၊ အေးမွန်မွန်လှိုင်
နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၃၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၆၇ သန်းဖိုးကို ဗီယက်နမ်၊ စင်ကာပူနဲ့ အင်ဒိနီးရှားနိုင်ငံတို့ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်မှာ ၁၉၇၃ တန် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုတန် ၁၀၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ပြောင်း လက်ကျန်များရှိနေပေမယ့်လည်း အစိုဓာတ်များနေလို့ များများစားစားတင်ပို့နိုင်ခြင်း မရှိသေးတာလို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေး ကျဆင်းသွားပြီး တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးပေါက်လျက်ရှိကြောင်း သိရပါတယ်။ KZW
ထိုင်းနိုင်ငံရော်ဘာစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ နိုင်းဘွန်းဆုံနပ်ဟောင်းက ရော်ဘာဈေးနှုန်းများ အောက်တိုဘာလ ကုန်ပိုင်း ကစပြီး ယခုထိ ကျဆင်းလျက်ရှိကြောင်းနဲ့ နောက်ဆုံးရရှိတဲ့ သတင်းများအရ တောင်ပိုင်းတိုင်း ဆုန်ခလာခရိုင်ဈေးကွက်၌ ယခင်ရော်ဘာ ၁ ကီလိုဘတ် ၁၀၀ ရှိရာမှ ယခုအခါ ၉၁ ဒသမ ၅၉ ဘတ်သာ ရှိတော့တဲ့အတွက် ရော်ဘာဈေးကွက်ကို ထိခိုက်စေလျက်ရှိတယ်လို့ပြောပါတယ်။ အကြောင်းကတော့ ရော်ဘာကုန်သည်များက ရော်ဘာဈေးနှုန်းတောက်လျှောက် ကျဆင်းနေတဲ့အတွက် တောင်သူများထဲက ပေါက်ဈေးထက် လျှော့ဝယ်ယူနေပြီး အချို့နေရာများမှာ ၈၅ မှ ၈၇ ဘတ်သာ ဈေးပေါက်နေတဲ့အတွက်ဖြစ်ပါတယ်။ ယခုကဲ့သို့ ရော်ဘာဈေးနှုန်း ကျဆင်းလာနေခြင်းကြောင့် ဒီဇင်ဘာလမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလထိ ကာလအတွင်း ဈေးကွက်မှာ ရော်ဘာဈေးနှုန်းပိုမိုကျဆင်းသွားမယ်လို့ ရော်ဘာအသင်းက ခန့်မှန်းနေကြပါတယ်။ ရော်ဘာဈေးနှုန်းကို ထိန်းချုပ် နိုင်ခြင်းမရှိတဲ့အတွက် ရော်ဘာစိုက်ပျိုးရေးသမားများရဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းပေးရန် ရော်ဘာစိုက်ပျိုးရေး အသင်းက ထိုင်းဝန်ကြီးချုပ် နန့်ဆောင်ယင့်လတ်ချီနဝပ်ထံ နိုဝင်ဘာလ ၈ ရက်နေ့က စာတင်ထားပြီး တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရေးလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ ရော်ဘာစိုက်ပျိုးရေး ရန်ပုံငွေအသင်းအဖွဲ့ဥက္ကဋ္ဌနဲ့ ကဘီခရိုင်အုပ်ချုပ်ရေးမှူး တို့ထံစာမိတ္တူပေးပို့ထားတယ်လို့ ထိုင်းနိုင်ငံထုတ်သတင်းစာမှာ ဖော်ပြထားတယ်လို့သိရပါတယ်။ Source: ထိုင်းရတ်သတင်းစာ ကျော်ဆန်းထွန်း
ထိုင်း၊အင်ဒိုနီးရှားနဲ့ မလေးရှားရော်ဘာအသင်းများမှ ရော်ဘာဈေးနှုန်းထိုးကျနေတာကြောင့် အနိမ့်ဆုံး ရော်ဘာဈေးနှုန်း သတ်မှတ်ပြီး ရောင်းချကြရန်နဲ့ အနိမ့်ဆုံးဈေးနှုန်း တစ်ကီလိုကို ၃ ဒေါ်လာသတ်မှတ်မယ်လို့ ရော်ဘာအသင်း ၃ ခုမှ သဘော တူခဲ့ကြောင်း ထိုင်းရော်ဘာအသင်းမှ ပြောကြားပါတယ်။ လာမယ့်ရက်သတ္တပတ်မှာ ၎င်းင်း ၃ နိုင်ငံက ရော်ဘာဈေးနှုန်းသတ်မှတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးမယ်လို့ ထိုင်းစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဥရောပကြွေးမြီပြဿနာနဲ့ ထိုင်းနိုင်ငံမှာ ရေကြီးမှုကြောင့် နိုဝင်ဘာလမှာ တိုကျိုကုန်စည်ဒိုင်ရဲ့ ဈေးကတော့ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ မလေးရှား ဈေးကွက်မှာတော့ ဝယ်အားမရှိတဲ့အတွက် ရော်ဘာဈေးနှုန်း ဆက်လက်ကျဆင်းနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားရဲ့ ထုတ်လုပ်မှုကလည်း ယခင်လနဲ့ နှိုင်းယှဉ်ရင် ကျဆင်းဆဲဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ထုတ်လုပ်မှု ၁၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စက်တင်ဘာမှာ ၇၇၇၂၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းကတော့ ၄ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ကမ္ဘာ့အထွက်နှုန်းရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ကြောင်း သိရပါတယ်။ အိန္ဒိယကုန်စည်ဒိုင်မှာတော့ နိုဝင်ဘာအတွက် ဈေးနှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။Source:Commodity online,KZW
မြန်မာတရုတ်နယ်စပ်ရှိမူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၃၈၆ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ ၁၃၃၅ တန်ကျော်ကို နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၆ တန်ကျော် လျော့နည်းခဲ့ပါတယ်။ ရော်ဘာအဆင့်လိုက်တင်ပို့နိုင်မှုတွေကိုကြည့်မယ်ဆိုလျှင် ချင်းရွှေဟော်မှ RSS-3 ၂၀၇ တန်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် RSS-3 ၆၆၅ တန်ကျော်၊RSS-5 ၃၂ တန်၊MSR -20 ၂၈၈ ဒသမ ၁၂ တန်နဲ့ MSR -50 ၁၄၃ တန် အပို့ရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးနှုန်းများကို နှိုင်း ယှဉ်ကြည့်တဲ့အခါ မိမိဘက်မြေပြင်ဈေးပြောင်းလဲမှု မရှိသလို တစ်ဘက်နိုင်ငံဈေးမှာလဲ ငွေလဲနှုန်းအတက်အကျကြောင့်သာ အနည်းငယ်တက်သွားတာ တွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၁၈၈၆၁၂ ၃၁၈၈၆၁၂ - - ၃၉၅၄ ၃၉၅၂ ၂ ၀ .၀၅RSS - 5 ၂၉၁၉၈၁၂ ၂၉၁၉၈၁၂ - - ၃၇၉၆ ၃၇၉၄ ၂ ၀ .၀၅MIRT(DOT)
နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၃၈ သန်း တန်ဖိုးရှိ ရော်ဘာ ၂၈၉ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၀၀ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တော့ တင်ပို့မှုမသိမသာ တက်လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဗီယက်နမ်နဲ့ မလေးရှားတို့ဖြစ်ပါတယ်။ ယခုအပတ်မှာ FOB (ရန်ကုန်) ဈေးလည်း ကျဆင်းသွားပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်းကိုလည်း အထွက်နှုန်းကောင်းတဲ့ နိုင်ငံတွေက ပြန်ထိန်းညှိမှုကြောင့် ဈေးအနည်းငယ် ပြန်ကောင်းလာတဲ့ အတွက် မကြာမီ တိုးတက်တင်ပို့နိုင် တော့မှာဖြစ်ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3၊ MSR-20 တစ်တန်ကို ဒေါ်လာ ၃၀၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၂၉၀၀ အသီးသီးရှိကြောင်း သတင်း ရရှိပါတယ်။ KZW
ဖိလစ်ပိုင်နိုင်ငံမှာ အောက်တိုဘာလနှောင်းပိုင်းမှ နိုဝင်ဘာလအစပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်း နေတာကြောင့် ကျွန်းစုများမှာ ကြက်သွန်ဖြူစိုက်ပျိုးမှု နှောင့်နှေးနေကြောင်းသိရပါတယ်။ ကြက်သွန်ဖြူစိုက် ရာသီဟာ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်းဖြစ်ပြီး၊ ယခုလိုမိုးရွာသွန်းနေတဲ့အတွက် တောင်သူများစိုက်ပျိုးမှု စတင်နိုင်ခြင်းမရှိတဲ့အတွက် သင့်တော်တဲ့ အထွက်နှုန်းရရှိနိုင်မှာ မဟုတ်ဘူးလို့ ပြည်နယ်စိုက်ပျိုးရေးပညာရှင် Priscilla Nanud မှ ပြောကြားပါတယ်။ အောက်တိုဘာလ အစပိုင်းမှာ စိုက်တဲ့ ကြက်သွန်ဖြူကို ဖေဖော်ဝါရီလနှောင်းပိုင်းမှ မတ်လအတွင်း ရိတ်သိမ်းပြီး၊ နိုဝင်ဘာလလယ်မှာ စိုက်တဲ့အပင်ကို ဧပြီလမှ မေလအစောပိုင်းအတွင်း ရိတ်သိမ်းတယ်လို့သိရပါတယ်။ ဒါပေမဲ့ တောင်သူ များရဲ့ အတွေ့အကြုံအရ နိုဝင်ဘာလနှောင်းပိုင်း သို့မဟုတ် ဒီဇင်ဘာလအစပိုင်းမှာ စိုက်တဲ့ကြက်သွန်ဖြူဟာ ဥသေးတယ်လို့ ဆိုပါတယ်။ ယမင်းခင်၊Source: pia.gov.ph
အိန္ဒိယအစိုးရဟာ ကြက်သွန်နီပြည်ပတင်ပို့မှုတိုးမြှင့်ဖို့နဲ့ ပြည်တွင်းဈေးကျဆင်းစေဖို့ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း MEP ကို ယခင်တစ်တန် ကန်ဒေါ်လာ ၄၇၅ မှ ကန်ဒေါ်လာ ၁၂၅ လျှော့ချပြီး တစ်တန်ကန်ဒေါ်လာ ၃၅၀ သတ်မှတ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းအချို့ ကြက်သွန်နီအမျိုး အစားကိုတော့ တစ်တန်ကန်ဒေါ်လာ ၄၀၀ နဲ့ ထိန်းထား တယ်လို့ ဆိုပါတယ်။ ကြက်သွန်နီလက်လီဈေး တစ်ကီလိုရူပီး ၂၅ (ကန်ဒေါ်လာ သုည ဒသမ ၄၉) ဖြစ်ခဲ့စဉ် စက်တင်ဘာ လ အစပိုင်းက MEP ဈေးနှုန်းကို ကန်ဒေါ်လာ ၃၀၀ မှ ၄၇၅ ကို မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ ကြက်သွန်နီနဲ့ပတ်သက်တဲ့ ပြန်လည်သုံးသပ်မှုအစည်း အဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စီးပွားကူးသန်း ဝန်ကြီး ဌာနမှာ ပြုလုပ်ခဲ့ပြီး MEP ဈေးနှုန်းလျှော့ချဖို့ သဘောတူ ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်စိုက်ပျိုးရေး ဆိုင်ရာ သမဝါယမ ဈေးကွက်အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ Rajeeu Gupta က ပြောကြားခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်ရဲ့လများမှာ ကြက်သွန် တင်ပို့မှု ကျဆင်းခဲ့ရာ ဧပြီလမှအောက်တိုဘာလအတွင်း စုစုပေါင်းတန်ချိန် ၈၅၅၉၈၄၊ ရူပီး ၁၁ ဒသမ ၀၈ ဘီလီယံ (ကန်ဒေါ်လာ ၂၁၇ သန်း) ဖိုး တင်ပို့ခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၁ ဒသမ ၃၈ သန်းထက် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ အဓိကတင်ပို့တဲ့နိုင်ငံများ ကတော့ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှားနဲ့ သီရိလင်္ကာ တို့ ဖြစ်ပါတယ်။ နိုင်ငံတော် ဟင်းသီးဟင်းရွက်သုတေသနနဲ့ ဖွံ့ဖြိုးရေး အဖွဲ့မှ ပြောကြားချက်အရ အိန္ဒိယနိုင်ငံဟာ ကြက်သွန်နီ တန်ချိန် ၁၅ ဒသမ ၁၃ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားလို့ ယခင်နှစ်ထုတ်လုပ်တဲ့တန်ချိန် ၁၄ ဒသမ ၅၆ သန်းထက် ၄ ရာခိုင်နှုန်း မြင့်တက်တယ်လို့ဆိုပါတယ်။ စုစုပေါင်းထုတ်လုပ်မှု ရဲ့ ၁၀-၁၅ ရာခိုင်နှုန်းကို မိုးရာသီမှာထုတ်လုပ်ပြီး နောက်ထပ် ၃၀-၄၀ ရာခိုင်နှုန်းကိုတော့ မိုးနှောင်းပိုင်းမှာ ထုတ်လုပ်ကာ ကျန်ပမာဏကို ဆောင်းရာသီမှာ စိုက်ပျိုး ထုတ်လုပ်ပါတယ်။ ဈေးနှုန်းကျဆင်းရင် တောင်သူများနောက်နှစ်မှာ စိုက် ပျိုးမှု လျော့နည်းမှာဖြစ်ပြီး၊ ဈေးနှုန်းကြီးမြင့်ရင် စားသုံးသူတွေ ထိခိုက်တဲ့အတွက် ဈေးနှုန်းမျှခြေဖြစ်ဖို့ အရေးပါတယ်လို့ ွGupta ကဆိုပါတယ်။ စားသုံးသူရေးရာ ဌာနရဲ့ ဈေးနှုန်း စောင့်ကြည့်အဖွဲ့မှ ပြောကြားချက်အရ စက်တင်ဘာလ အစပိုင်းကမြို့တော်မှာလက်လီဈေး တစ်ကီလို ၂၃ ရူပီး (ကန်ဒေါ်လာ သုည ဒသမ ၄၅) ရှိရာမှ ယခု ၂၁ ရူပီး (ကန်ဒေါ် လာ သုည ဒသမ ၄၁ ) ကို ကျဆင်းခဲ့ပြီလို့ဆိုပါတယ်။ မိုးနှောင်းကြက်သွန်များ လာမယ့်လကစပြီး ဝင်ရောက်လာ တော့မှာဖြစ်လို့ ဈေးထပ်မံကျဆင်းနိုင်တယ်လို့ပြောပါတယ်။ ယမင်းခင်၊ Source: business standard
