Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ မှတစ်ဆင့် ကန်ဒေါ်လာ ၁ ဒသမ ၄၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၃၃၂ တန်ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုများကတော့ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၈ သန်းတန်ဖိုးရှိ RSS-3 ၂၄ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၉၀၈ သန်းတန်ဖိုးရှိ MSR -20 ၂၀၄ တန်၊ ကန်ဒေါ်လာ သုညဒသမ ၁၉၁ သန်းတန်ဖိုးရှိ MSR -50 ၄၄ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၁ သန်းတန်ဖိုးရှိRSS-5 ၆၀ တန် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၄၆ တန် အပို့လျော့ခဲ့ပြီး ရော်ဘာအဆင့်လိုက် နှိုင်းယှဉ်မယ်ဆိုလျှင် RSS-3 ၂၂၈ တန် အပို့လျော့ပြီး MSR -20 ၉၆ တန်၊MSR -50 ၂၅ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ သယ်ယူပို့ဆောင်စရိတ်များ မြင့်တက် နေတဲ့အတွက် ရော်ဘာအပို့လျော့ည်းလျက်ရှိပါတယ်။ ရော်ဘာ ၁ ပိဿာလျှင် သယ်ယူစရိတ် ၈၀ ကျပ်နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၁၀ ကျပ် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၂၅၈၆၀ ၃၄၁၃၈၀၀ ၁၂၀၆၀ ၀ .၄ ၄၁၅၇ ၄၁၅၈ ၁ ၀ .၀၂RSS - 5 ၃၃၁၂၃၇၉ ၃၃၀၀၃၁၉ ၁၂၀၆၀ ၀ .၄ ၄၀၁၁ ၄၀၀၁ - -MIRT (DOBT)
အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်အထိ ကာလ အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄၃၃ တန် မလေး ရှားနဲ့ စင်ကာပူကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၂၀၀ ခန့်သာ တင်ပို့ခဲ့ပါတယ်။ ရော်ဘာ စတင်ထွက်တဲ့ရာသီဖြစ် တာကြောင့် တင်ပို့မှု တဖြည်းဖြည်း တက်လာတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ၃၃၂ တန် တင် ပို့ပြီး မှန်မှန်လေးသွားနေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတောRSS-3, MSR -20 တစ်တန်ကို ဒေါ်လာ ၄၀၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၃၉၀၀ အသီးသီး ဈေးရှိကြောင်း သတင်းရရှိပါတယ်။ KZW
ရွေးကောက်ပွဲအတွက် ပိတ်ရက် ၃ ရက်ပြီးတဲ့နောက် အိန္ဒိယ ဈေးကွက်များကို နနွင်းဝင်ရောက်မှုများ လာတာကြောင့် လက်ငင်းဈေးတစ်တန်ရူပီး ၁၀၀၀-၄၀၀၀(ကန်ဒေါ်လာ ၂၀ ဒသမ ၁၉ - ၈၀ ဒသမ ၇၇) ခန့် ကျဆင်းခဲ့ပါတယ်။ ကုန်သည် များဟာ အမှာအော်ဒါများရရှိထားပေမယ့် ဝင်ရောက်လာတဲ့ နနွင်းအရည်အသွေးညံ့ တဲ့အတွက် ဈေးလျှော့ပေးတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာမှ ပြောကြားပါ တယ်။ အလားတူကြိုပွိုင့်ဈေး ကွက်မှာ လည်း ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် အရည်အသွေးကောင်းနနွင်းကိုတော့ ရူပီး ၁၀၀၀(ကန်ဒေါ်လာ ၂၀ ဒသမ ၁၉)တိုးမြှင့်ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ကုန်သည်များဟာ အိန္ဒိယမြောက်ပိုင်းမှ အမှာအော်ဒါများ ဖြည့်ဆည်းဖို့ ဝယ်ယူနေကြတဲ့အတွက် ဈေးကွက်ကို ဝင်ရောက်လာတဲ့ နနွင်းများအနက် ၆၀ ရာခိုင်နှုန်း ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ တောင်သူများအနေနဲ့ ဒီဝါလီပွဲတော်အတွက် ငွေလိုအပ်နေပြီး၊ ရာသီကုန်ဆုံးတော့မှာဖြစ်လို့ သိုလှောင် မထားလိုတဲ့ အတွက် ဈေးအနိမ့်မှာ ထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။ တောင်သူလက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းခန့်ရှိနေသေးတာ ကြောင့် ယင်းလက်ကျန်များကို ဒီဇင်ဘာလ တတိယသီတင်းပတ် နနွင်းသစ်ဝင်ရောက် မလာမီ ၂ လအတွင်း ရောင်းချရတော့ မယ်လု့ိ ကုန်သည်များက ဆိုပါတယ်။ နောက်ဆုံးစာရင်းအရ နနွင်းစိုက်ပျိုးမှုဟာ လွန်ခဲ့တဲ့ သီတင်းပတ်များထက် မြန်ဆန်လာနေပေမယ့် စိုက်ဧရိယာကတော့ ယခင်နှစ်နဲ့ ယှဉ်ရင် ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး၊ ပုံမှန်ရာသီထက် ၆ ဒသမ ၆၅ ရာခိုင်နှုန်း ပိုမိုတယ်လို့ သိရပါတယ်။ အီရော့ နနွင်းကုန်သည်များအသင်း ဈေးကွက်မှာ နနွင်းဝင်ရောက်မှုများ တာကြောင့် တစ်တန် ရူပီး ၁၀၀၀ ကျဆင်းပြီး၊ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၄၃၁၁၀-၅၆၇၁၀(ကန်ဒေါ်လာ ၈၇၁-၁၁၄၅)နဲ့ နနွင်းဥတစ်တန် ရူပီး ၃၈၃၆၀- ၅၂၁၁၀(ကန်ဒေါ်လာ ၈၇၁-၁၀၅၂)နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusiness
အရင်နှစ်တွေမှာ ရှမ်းနနွင်းက ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး၊ ရောင်းသူဝယ်သူမျှတဲ့နှစ်ဖြစ်ခဲ့ပေမဲ့ ဒီနှစ်ကတော့ ဝယ်သူလျော့တဲ့နှစ်လို့ဆိုရမှာဖြစ်ပါတယ်။ ပေါ်ကာစမှာ နနွင်းသန့်ကို ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ပြည်ပဝယ်လိုအားမရှိတာကြောင့် ဈေးငြိမ်နေခဲ့ပါတယ်။ အရင်တစ်ပတ်မှာ နနွင်းခါးက အဝယ်လိုက်ခဲ့ပေမဲ့ ဒီတစ်ပတ်တော့ နည်းနည်းငြိမ်သွားပါတယ်။ အခုလောလော ဆယ်မှာတော့ ပြည်တွင်းဝယ်လက်တွေက နနွင်းမှုန့်ပြုလုပ်ဖို့နဲ့ အရောင်တင်ဆီအတွက် အသုံးပြုဖို့ ဝယ်ယူလာတာကြောင့် ဆင်တောင် နနွင်းက ပြည်ပတင်ပို့ရန်အထိတော့ တန်ချီပြီးမရှိတော့ ဘူးလို့ နနွင်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာဒီတစ်ပတ်နနွင်းပေါက်ဈေးကတော့ ပင်လောင်းနနွင်းကတစ်ပိဿာ ၃၅၀-၄၀၀ ကျပ်၊ ဟိုပုံးနနွင်းက ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၂၈၀၀-၃၂၀၀ ကျပ်နဲ့ ပင်လောင်း နနွင်းခါးက တစ်ပိဿာ ၂၅၀-၃၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၉၆၃ တန်ဖိုးရှိ နနွင်းတက် ၆၁ တန်ကျော် အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀ ကျော် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
ယခုတစ်ပတ် ပြည်ကြက်သွန်နီဈေးကွက်တွင် ကြက်သွန်နီဈေးများ ယခင် အပတ်ထက် ဈေးပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ် ဖြစ်ပြီး အရောင်းပါးလျက်ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ၃၅ ပိဿာဝင် အိတ် ၇၀၀ ခန့်သာ အဝင်ရှိ၍ ယခင်အပတ်ကထက် အဝင်နည်းနေပါတယ်။ ကြက်သွန်နီစိုက်ပျိုး ထွက်ရှိရာ ရေနံချောင်း၊ ပခုက္ကူဘက်မှ တောင်သူတွေမှလည်း ရန်ကုန်ဝယ်လက်များမှ တိုက်ရိုက်ဆင်း၍ ဝယ်ယူမှုများရှိနေတဲ့အတွက် ဈေးတင် ရောင်းချမှုများရှိပြီး၊ နယ်ဝယ်လက်များမှပါ ဈေးကောင်းပေးမှာယူ ရောင်းချနေရ ကြောင်းသိရပါတယ်။ ယခုတစ်ပတ် ပွဲရုံများမှာ ကြက်သွန်နီတစ်ပိဿာကို (သေး) ယခင် ၆၀၀ ကျပ်မှ ယခု ၈၀၀ ကျပ်၊ (လတ်) ယခင် ၇၅၀ ကျပ်မှ ၉၀၀ ကျပ်၊ (ကြီး) ယခင် ၈၅၀ ကျပ်မှ ၁၀၀၀ ကျပ်၊ (ရှယ်) ယခင် ၁၀၀၀ ကျပ်မှ ၁၁၀၀- ၁၂၀၀ ကျပ်တို့ရှိပြီး၊ ဒေသတွင်းလက်လီလက်ကားရောင်းဝယ်သူများနဲ့ တောင်ကုတ်၊ သံတွဲ၊ ဟင်္သာတ၊ အင်ပင်စတဲ့ လက်ကားဝယ်လက်များအပါအဝင် အိတ် ၄၅၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဝင်းလဲ့ဝါ
လက်ကျန်နည်းလာပြီဖြစ်လို့ ကြက်သွန်ဖြူဈေးထပ်တက်လာပါတယ်။ စိုက်ချိန် ရောက်လာပြီဖြစ်တာကြောင့် တောင်သူတွေက ပြန်စိုက်နေပြီး၊ စိုက်လို့ပိုတော့မှသာ ရောင်းတော့မှာဖြစ်ပါတယ်။လောလောဆယ်မှာ အဝင်လည်း ရပ်နေပါပြီ။ ကြက်သွန် ဖြူဈေးက သီတင်းကျွတ်အပြီးဈေးမာလာပါတယ်။ အခုတစ်ပတ် မှလည်း တစ် ပိဿာ ၁၀၀ ကျပ်ဈေးတက်နေပါတယ်။ ဒီနှစ်က အခုအချိန်ထိ မိုးကောင်းနေတာ ကြောင့် သီတင်းကျွတ် မတိုင်မီ စိုက်တဲ့ပျိုးပင် တွေအတော်များများ ပျက်စီးကုန်ပါတယ်။ ပုံမှန်ဆိုရင် ကြက်သွန်ဖြူက စိုက်ပြီးလို့ ၃ ရက်အကြာမှာ အပင်ပေါက်လေ့ရှိပေမယ့် ဒီနှစ်က မိုးများတာကြောင့် မြေထဲမှာ ပုပ်သွားတယ်လို့ သိရပါတယ်။ နောက်ကျစိုက်မယ့်သူ တွေကလည်း မိုးကိုစောင့်ပြီးမှ စိုက်နိုင်မယ်ထင်တယ်လို့လည်း ပြောကြပါတယ်။ ကြက်သွန်ဖြူဈေးနှုန်းကတော့ တောင်ကြီးဈေးကွက်မှာ (လတ်ခြား) တစ်ပိဿာ ၉၀၀ ကျပ်၊ (ထူး-၁) ၁၀၀၀ကျပ်၊ (ထူး-၂)၁၂၀၀ကျပ်၊ (ထူး-၃) ၁၃၀၀ ကျပ်၊ (ထူး-၄) ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းမှာ တော့ (လတ်ခြား) ၈၅၀ ကျပ်၊ (ရှယ်) ၉၅၀ ကျပ်၊ (ထူး-၁) ၁၁၅၀ ကျပ်၊ (ထူး-၂) ၁၃၅၀ ကျပ်၊ (ထူး-၃) ၁၄၅၀ ကျပ်၊ (ထူး-၄) ၁၅၅၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ကျောက်ပန်းတောင်းမန်ကျည်းလှောင်လက်များတွင် လက်ကျန်နည်းပါးသွား ပြီး အရောင်းအဝယ် ပုံမှန်သာရှိကြောင်းသိရပါတယ်။ တစ်ပတ်ကို ပိဿာ ၂၀၀၀ ခန့်အထွက်ရှိပြီး၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ အဓိက ထားတင်ပို့နေပါတယ်။ ပခုက္ကူ မန်ကျည်းအလုံး အဝင်ရှိနေသော်လည်း အသားဖတ်လုပ်လို့မရဘဲ ဒါးစင်း သာ ပြုလုပ် ရောင်းချနေရတဲ့အတွက် အမှာရှိမှသာ တင်ပို့မှုရှိကြောင်းသိရပါတယ်။ ဒါးစင်းမန်ကျည်းကို ငါးဖမ်းပိုက်များဆေးရာမှာ အသုံးပြုကြောင်းလည်းသိရပါတယ်။ မန်ကျည်းဈေးနှုန်းထိပ်စတစ်ပိဿာ ၃၅၀၀ ကျပ်၊ အလတ်စ ၃၁၀၀-၃၂၀၀ ကျပ်၊ အောက်စ ၂၈၀၀ ကျပ်နဲ့ ဒါးစင်း ၂၆၀၀-၂၇၀၀ ကျပ်အသီးသီး ရောင်းဝယ်လျက် ရှိကြောင်းသိရပါတယ်။ ထားအိဝင်း
ပုံမှန်အားဖြင့် အိန္ဒိယငရုတ်ကောင်း အမျိုးအစားတွေဟာ အခြားနိုင်ငံတွေရဲ့ ငရုတ်ကောင်းဈေးထက် အမြင့် ဈေးနဲ့ ရောင်းဝယ်မှုရှိပေမယ့် ယခုအခါ ရုတ်တရက် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ လတ်တလော နိုင်ငံတကာ ဈေးကွက်မှ အိန္ဒိယ ငရုတ်ကောင်းဈေးဟာ ဥရောပအတွက် C & F ဈေး တစ်တန်ကန်ဒေါ်လာ ၈၀၅၀-၈၁၀၀၊ အမေ ရိကန်အတွက် C & F ဈေးကန်ဒေါ်လာ ၈၃၀၀ နဲ့ အမှာ အော်ဒါများစွာ ရရှိနေတယ်လို့ SMC global မှ ပြောကြားပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ငရုတ်ကောင်း တင်သွင်းခြင်းနဲ့ ပြန်လည်တင်ပို့မှုတွေပိတ်ပင်တဲ့ စည်းကမ်းများ ထုတ်ပြန်ထား တဲ့ အတွက် ကုန်သည်များဟာ တန်ဖိုးမြင့် ငရုတ်ကောင်းများ ကိုသာ တင်ပို့ခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယက ငရုတ် ကောင်းများ တင်သွင်းခွင့်မရဘဲ ပြုပြင်ထုတ်လုပ်ပြီး ပြန်လည် တင်ပို့နိုင်မှု မရှိခဲ့ဘူးလို့ ကီရာလာ အခြေစိုက်ဟင်းခတ်အမွှေး အကြိုင်အဖွဲ့မှ Gulshan John က ပြောကြားပါတယ်။ ပြည်တွင်းရောင်းချမှု ကျပ်တည်းတဲ့ အခြေအနေအရ ဗီယက်နမ်က အိန္ဒိယလိုဈေးအနိမ့်နဲ့ တင်ပို့နိုင်မှုမရှိခဲ့တာ ပါလို့လည်း ထပ်လောင်းပြောကြားပါတယ်။ ဗီယက်နမ် ပြည်တွင်း ငရုတ်ကောင်းတင်ပို့သူများဟာ ပြည်တွင်း ရောင်း ချမှု နည်းလို့ ဈေးပိုပေး ဝယ်ယူကြရတယ်လို့ ဆိုပါတယ်။ ယခင် သီတင်းပတ်က အိန္ဒိယ ငရုတ်ကောင်းဈေး တစ်တန် ကန် ဒေါ်လာ ၆၇၂၁ ရှိနေတဲ့အတိုင် ဗီယက်နမ်ငရုတ် ကောင်းမှာ ကန်ဒေါ်လာ ၇၂၂၀ ဈေးရှိနေခဲ့ပါတယ်။ ဗီယက်နမ်မှာရှိတဲ့ လက်ကျန်များအားလုံး ရောင်းချပြီး သားဖြစ်နေခြင်းကလည်း ဈေးသက်သက် သာသာနဲ့ ရောင်းချခြင်းမှ အကာအကွယ်ဖြစ်စေပါတယ်။ ဒါ့အပြင် အိန္ဒိယကြိုပွိုင့်ဈေးကွက်မှာ ငရုတ်ကောင်း ဈေးမြင့် တက် နေချိန်မှာ ကုန်သည်များဟာ လက်ငင်းဈေးကွက်က ဈေး သက်သက်သာသာနဲ့ ဝယ်ယူကြတာကြောင့်လည်း ခုလိုနိုင်ငံ တကာ ဈေးကွက်မှာ ဈေးလျော့နေခြင်း ဖြစ်တယ်လို့ ထပ် လောင်း ပြောကြားပါတယ်။ ယမင်းခင် Source: commodilyonline
ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာက ချင်းသစ်တွေ အောင်ပန်းဈေးကွက်ကို ဝင်လာနေပါတယ်။ သီတင်းကျွတ်ပြီးရင် ပုံမှန်လောက်သာဝင်မယ်လို့ထင်ပေမဲ့ နန်းတိုင်းက ချင်းတွေ ဖော်လာတာကြောင့် ဈေးကွက်ကို တစ်ရက်ပိဿာချိန် ၅ ထောင်ခန့်ဝင်လာတယ်လို့သိရပါတယ်။ တောင်သူတွေကလည်း ကြိုက်ဈေးလေး ရနေတာကြောင့် ဖော်ပြီးရောင်းလာကြပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူ နေတာရယ်၊ ချင်း (ဥမ) တွေက လည်း ကုန်သလောက်ဖြစ်သွားတာရယ် ကြောင့် ချင်းသစ်က အရောင်းသွက်နေတယ်လို့သိရ ပါတယ်။ ဒီတစ်ပတ် ချင်း (စို)ဈေးက တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းနီဈေးက ဒီလိုသာဆက်ပြီး ဈေးကောင်း နေရင် ဒီနှစ်ကချင်းခြောက် ရှားသွားနိုင်ပါတယ်။ ချင်းစိုတစ်ပိဿာ ၁၅၀-၂၀၀ ကျပ် ဈေးလောက်ရှိမှ ချင်းခြောက်လုပ်ဖို့ ဝယ်ကြမှာဖြစ်လို့ ဒီဈေးနဲ့ဆိုရင် ချင်းစိုအတိုင်း သာ ရောင်းကြမယ်လို့လည်းပြောကြပါတယ်။ လက်ကျန်ချင်းခြောက် တွေကတော့ ပိဿာချိန် ၂ သိန်း၊ ၃ သိန်းခန့် ကျန်နေပါသေးတယ်။ ဈေးကတော့ တစ်ပိဿာ ၂၃၀၀ ကျပ်ဈေး ရှိတယ်လို့သိရှိရပါတယ်။ ဧဧခိုင်