Main menu

Background

Tuesday, 11 Oct 2011

              ယခုနှစ် ရော်ဘာထုတ်လုပ်နိုင်မှုဟာတရုတ်၊ အင်ဒိုနီးရှားနဲ့မလေးရှားတို့က အထွက်နှုန်းတက်တာကြောင့် ယခင် ခန့်မှန်းချက်ထက် ပိုမိုထုတ်လုပ်နိုင်ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း(ANRPC)ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ANRPC အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၁၀ သန်း ပိုမိုထုတ်လုပ်နိုင်မယ်လို့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကနဦး ခန့်မှန်းချက်အရ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၉ ဒသမ ၉၆ သန်းကို ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။              ရောင်းလိုအား တိုးတက်နိုင်ပေမဲ့ သဘာဝရော်ဘာရဲ့ အခြေအနေ တည်ငြိမ်မှုမရှိနိုင်သေးကြောင်း ကွာလာလမ်ပူအခြေစိုက် ရော်ဘာအသင်းရဲ့ စီးပွားရေးပညာရှင်ကပြောကြားခဲ့ပါတယ်။ ရော်ဘာရဲ့ အလားအလာက ယခုနှစ်မှာ အမေရိကန်စီးပွားရေး ကျဆင်းခြင်းနဲ့ ဥရောပကြွေးမြီအကြပ်အတည်းကြောင့် တာယာနဲ့လက်အိတ် ထုတ်လုပ်ရေးအတွက် ဝယ်လိုအားကျဆင်းပြီး ၂၇ ရာခိုင်နှုန်းခန့်ဆုံးရှုံးဖွယ်ရှိ ကြောင်း ၎င်းင်းကခန့်မှန်း ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးကွက်က ရေတိုမှာ ဆက်လက်ပြီး အပြောင်းအလဲမြန်နေဦးမှာဖြစ်ကာ ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေနေက ဈေးနှုန်းကိုချုပ်ကိုင်သွားမှာဖြစ်ကြောင်း ၎င်းစီးပွားရေး ပညာရှင်က ပြောကြားခဲ့ပါတယ်။            တတိယ (၃) လပတ်မှာ အထွက်နှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းကနေ ၆ ဒသမ ၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သုံးစွဲမှုက ကမ္ဘာ့ဝယ်လိုအားရဲ့ ၄၅ ရာခိုင်နှုန်းရှိပြီး တတိယ (၃) လပတ်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ပထမနဲ့ ဒုတိယ (၃) လပတ်တွေမှာ ၁ ရာခိုင်နှုန်းနဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: Bloomberg .com,KZW

Monday, 10 Oct 2011

                      စိုက်ပျိုးစရိတ် အရင်းအနှီးကြီးသလို မျိုး၊ မြေနဲ့သွင်းအားစု ဖြည့်ဆည်းရာမှာ ခက်ခဲနက်နဲလွန်းပြီး ဈေးကွက်မှာ ပေါက်ဈေး အနိမ့်အမြင့်၊ အတက်အကျကြမ်းတဲ့အတွက် ယာသမား တိုင်း မစိုက်ရဲတဲ့သီးနှံကတော့ ကြက်သွန်နီ ဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ မျိုးစေ့ပျိုးရာကနေ တူးဖော်ချိန်အထိ အချိန်တိုင်းနေ့ တိုင်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရသလို ရေလိုရင်ရေ၊ ဆေးလိုရင်ဆေး၊ မြေဆီလိုရင်မြေဆီ၊ ရာသီဥတုကိုကြည့်ပြီး အချိန်အဆ အတိုင်းအဆ မှန်မှန်ဖြည့်ဆည်းဖို့ အလိုအပ်ဆုံး သီးနှံပါ။                       ဒီလို မှော်ဆန်တဲ့ ကြက်သွန်နီက မုံရွာနယ်မှာ အစဉ်မပြတ်အားခဲစိုက်ကြတဲ့ မြေနဲ၊ မအူ၊မင်းရွာ၊ အောင်သာ၊ အက်တော၊ ကျွဲရဲနဲ့ပလ’င်ကုန်းနယ်က တောင်သူတွေဟာ လာမဲ့ ဆောင်းရာသီမှာ စောစောစိုက်နိုင်ဖို့ ယခုအခါ ပျိုးထောင်နေ ကြပြီ ဖြစ်ပါတယ်။ မြေနဲနဲ့မအူရွာကတောင်သူတွေကတော့ ဈေးကွက်မှာ လျော့လာတဲ့ ကြက်သွန် လက်ကျန်ကို ဖြည့်စွက်ဖို့ ကြက်သွန်နီတွေ ဧက ၁၀၀ ကျော်ထိပြီးခဲ့တဲ့ စက်တင်ဘာ လထဲက စိုက်ခဲ့ကြတယ်လို့ တောင်သူတွေကဆိုပါတယ်။ မုံရွာဈေးကွက်မှာတော့ ယနေ့ပွဲရုံသိမ်းဈေး အနိမ့်ဆုံး တစ်ပိဿာ ၅၀၀ ကျပ်မှ အမြင့်ဆုံး ၇၀၀ ကျပ်ထိ ပေါက်ခဲ့ပြီး၊ လက်လီဈေးကတော့ တစ်ပိဿာ အမြင့်ဆုံး ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ်ပေါက်နေပါတယ်။ ယခုတစ်ပတ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့ မန်းတင်ပို့မှုမှာ ပိဿာ ၂၀၀၀၀ ခန့်သာရှိသလို လက်လီအဝယ်လည်း ပါးတယ်လို့ ပွဲရုံတန်းက ကြားသိရပါတယ်။                       တောင်သူကြီးတချို့နဲ့ ပွဲစားကုန်သည်တွေဆီမှာ လက်ကျန်ကြက်သွန်နီ ခပ်များများရှိသေးပေမဲ့ အညှောက် ထွက်စပြုလို့ အမြန်ထုတ်ရောင်းလိုကြတဲ့အတွက် ယခုလို ဈေးအေးခြင်းဖြစ်တယ်လို့ ပွဲစားတစ်ဦးကပြောပါတယ်။ ထွန်းလှိုင်

Monday, 10 Oct 2011

                 အိန္ဒိယနနွင်းဈေးကွက်မှာ ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းတာကြောင့် နနွင်းဈေးဆက်လက် ခိုင်မာနေပါတယ်။ နနွင်းဈေးအနိမ့်နဲ့ ကုန်သည်များဝယ်လိုအားတက်လာနိုင်ခြင်းက ကျဆင်းနေတဲ့နနွင်းဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။ နနွင်းစိုက်ပျိုးတဲ့ အင်ဒရာပရာဒေ့ရှ်နဲ့အနီးအနားပြည်နယ်တွေမှာ မိုးရွာသွန်း နေတဲ့အတွက် နနွင်းအထွက်အလားအလာကောင်း တယ်ဆိုတဲ့ မျှော်လင့်ချက်ကို မှေးမှိန်စေပါတယ်။ အထူးသဖြင့် အင်ဒရာပရာဒေ့ရှ်မှာ ဆန္ဒပြမှုကြောင့် အိန္ဒိယမြောက်ပိုင်း အမှာ အော်ဒါများက အီရော့ ဈေးကွက်ကို ပြောင်းလဲလာတဲ့အတွက ်အီရော့ဈေးကွက်မှာနနွင်းတစ်တန် ရူပီး ၁၅၀၀-၄၅၀၀ (ကန်ဒေါ်လာ ၃၀ ဒသမ ၅၃ - ၉၁ ဒသမ ၅၉) တိုးတက်ခဲ့ပါတယ်။ ကုန်သည်များက ဈေးအမြင့်နဲ့ သတ်မှတ်တဲ့အတွက် နနွင်းကြိုပွိုင့်ဈေးကွက်မှာလည်း ၂ ဒသမ ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။                 အင်ဒရာပရာဒေ့ရှ်မှာ မတည်ငြိမ်မှုတွေကြောင့် အိန္ဒိယမြောက်ပိုင်းကုန်သည်များဟာ အီရော့နနွင်းထက် ဈေးသက်သာတဲ့ နီဇမ်မာဘတ်နနွင်းကို ဝယ်ယူဖို့လည်း တုံ့ဆိုင်းနေကြပါတယ်။ ဒါကြောင့်လည်း အီရော့နနွင်းကို ဈေးအမြင့်နဲ့ ကမ်းလှမ်းကြတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့က နနွင်းအိတ် ၅၂၀၀ ဝင်ရောက်မှုအနက် ၇၀ ရာခိုင်နှုန်းမှာ ရောင်းချ ခဲ့ရတယ်လို့သိရပါတယ်။တောင်သူများက ဈေးကွက်ကို အနည်းငယ်စီသာ သယ်ရောင်းနေကြပြီး၊ ကုန်သည်များ ကလည်း အရည်အသွေးကောင်း နနွင်းကို ဈေးပိုပေးဝယ်ယူခဲ့ကြပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက် ချောင်း တစ်တန်ရူပီး ၄၀၁၁၀-၅၂၆၉၀ (ကန်ဒေါ်လာ ၈၁၆-၁၀၇၄) ရှိပြီး နနွင်းဥဈေးက ရူပီး ၃၈၉၆၀-၄၄၃၈၀ (ကန်ဒေါ်လာ ၇၉၃-၉၀၃) ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinees 

Monday, 10 Oct 2011

                  ရှမ်းနနွင်းကတော့ ခပ်အေးအေးသာ အရောင်းအဝယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တစ်လလုံးလိုလို အရောင်းအဝယ် မဖြစ်ခဲ့တဲ့ နနွင်းက ဒီလဆန်းမှာတော့ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာလို့ အရောင်းအဝယ်နည်းနည်း ဖြစ်လာတယ်လို့ သိရပါတယ်။                 ဈေးကွက်မှာတော့ အမှုန့်ကြိတ်ဖို့နဲ့ ပရဆေးအတွက် အရည်အသွေးကောင်းတဲ့ နနွင်းကို ရွေးဝယ်ယူပြီး၊ ခြင်ဆေးခွေ အတွက်တော့ နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။ ပြည်တွင်းသုံးဝယ်လက်တွေကတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ငူ၊ ပြည်စတဲ့မြို့တွေက အဓိကဝယ်ယူနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးကတော့ နနွင်း (ကောင်း)ကတစ်ပိဿာ ၁၀၀၀ကျပ်မှ ၁၂၀၀ ကျပ်ဈေးရှိပြီး၊ နနွင်းညံ့ကတော့ တစ်ပိဿာ ၇၅၀ ကျပ်ဈေးရှိပါတယ်။ ဒီလဆန်း မှာတင် နနွင်းပိဿာချိန် ၂ ဒသမ ၉ သောင်းပိဿာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဧဧခိုင်

Monday, 10 Oct 2011

           မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၀ ဒသမ ၀၈၁ သန်းတန်ဖိုးရှိ နနွင်းတက် ၅၂ တန်ကျော် အပို့ရှိခဲ့ပြီး၊ ယခင်အပတ်တင်ပို့မှုထက် ၅၈ တန်လျော့နည်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်မှ နနွင်းတက် ၃၅၇ တန်တင်ပို့နိုင်ပြီး ဧပြီလမှ စက်တင်ဘာလကုန်အထိ ၂၆၃၂ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)

Monday, 10 Oct 2011

                  ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်နေ့တာ ကာလအတွင်း နနွင်း ၁၆ ဒသမ ၅ တန်ကို အိန္ဒိယနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် အပို့ပျောက်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၅၅၀ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၅၅၇၅ ရရှိခဲ့ပါတယ်။စက်တင်ဘာလအတွင်း နနွင်းကို မလေးရှား၊ စင်ကာပူ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံနဲ့ အိန္ဒိယစတဲ့နိုင်ငံတွေကို နနွင်းတင်ပို့ခဲ့တာ စုစုပေါင်း တန်ချိန် ၇၉ ဒသမ ၅ တန်ရှိခဲ့ပါတယ်။ သို့ပေမဲ့ သြဂုတ်လရဲ့ နနွင်းတင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၁၂၈ ဒသမ ၅၇ တန်ရှိခဲ့တာကြောင့် စက်တင်ဘာလမှ နနွင်းအပို့လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT(DOBT)

Monday, 10 Oct 2011

                  ယနေ့ကမ္ဘာမှာ ကြက်သွန်ဖြူ စိုက်ပျိုးဟက်တာပေါင်း ၁၂ ဒသမ ၂၅ သိန်းရှိပြီး တန်ချိန်ပေါင်း၁၅၆ ဒသမ ၈၅သိန်း ထုတ်လုပ်လျက်ရှိရာတစ်ဟက်တာကို ထွက်နှုန်း ၁၂ ဒသမ ၈ တန်အထိ ထုတ်လုပ်နိုင်ကြောင်း၊ ၂၀၀၇-၂၀၀၈ စာရင်းဇယားအရ တရုတ်နိုင်ငံက ကမ္ဘာမှာ ကြက်သွန်ဖြူထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရတယ်။                  ကမ္ဘာ့ကြက်သွန်ဖြူထုတ်လုပ်မှုတန်ချိန် စုစုပေါင်းရဲ့ ၇၇ ဒသမ ၀၇ ရာခိုင်နှုန်း (တန်ချိန် ၁၂၀ ဒသမ ၈၈ သိန်း) ကို ထုတ်လုပ်နိုင်ကြောင်း ၊ အိန္ဒိယက ၅ ဒသမ ၂၉ ရာခိုင်နှုန်း (တန်ချိန်ပေါင်း ၈ ဒသမ ၃ သိန်း) ထုတ်လုပ်ပြီး တောင်ကိုရီးယားက ၂ ဒသမ ၀၈ ရာခိုင်နှုန်း (တန်ချိန်ပေါင်း ၃ ဒသမ ၂၇ သိန်း) ထုတ်လုပ်နိုင်ကြောင်း သိရတယ်။၎င်းင်းအပြင် ရုရှားက ၃ ဒသမ ၉၈ ရာခိုင်နှုန်း (တန်ချိန်ပေါင်း ၂ ဒသမ ၅၄ သိန်း) ထုတ်လုပ်နိုင်ရာ အိန္ဒိယက ကမ္ဘာမှာ ဒုတိယမြောက် ကြက်သွန်ဖြူ ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရတယ်။                  အိန္ဒိယကြက်သွန်ဖြူအများဆုံး ဝယ်ယူတင်သွင်းတဲ့ နိုင်ငံမှာ အမေရိကန်ဖြစ်ပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊မလေးရှားနဲ့နီပေါတို့ကလည်း အိန္ဒိယကြက်သွန်ဖြူ တင် သွင်းမှုအပေါ် မှီခိုနေကြကြောင်း thehidubusinessline.com မှာ ဖော်ပြထား တယ်။ ပပ၊Source:thehindubusinessline.comx

Monday, 10 Oct 2011

                      ရှမ်းချင်းတက်တွေကတော့ အောင်ပန်းဈေးကွက်မှာ အဝင်များနေပေမဲ့၊ ဟိုပုံး ဈေးကွက်မှာတော့ လက်ကျန်နည်းနေပြီဖြစ်တဲ့ ချင်း (ဥမ) တွေသာ လက်လီဈေးနဲ့ ရောင်းနေတယ်လို့သိရပါတယ်။ လက်လီဈေးက တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာကို ၂၁၅၀ ကျပ်၊ ၂၂၀၀ ကျပ်ဈေးရှိပေမဲ့ ရောင်းမယ့်သူကနည်းပါတယ်။ လှောင်လက်အချို့က ဈေးကြီးမိပြီး ဝယ်ထားရတာ ရယ်၊ လက်ကျန်လည်းနည်းနေပြီ ဖြစ်တာကြောင့် တစ်ပိဿာ ၂၅၀၀ ကျပ်ရမှ ရောင်းနိုင်မယ်လို့ဆိုပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) သစ်တွေက တော့ ပုံမှန်အဝင်ရှိနေပါတယ်။ သီတင်းကျွတ်နားနီးလာတာကြောင့် အလှူပွဲတွေမှာ ဧည့်ခံဖို့အတွက် ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့မြို့ကြီးတွေက အဝယ်များနေပါတယ်။ အဝယ်များလာလို့ ဈေးလည်းအနည်းငယ် တက်လာပြီး တစ်ပိဿာ ၃၀၀ ကျပ်ဈေး ရှိပါတယ်။ ချင်း (ဥမ) တွေကတော့ အဝင်လည်းမရှိသလောက်ဖြစ်နေ တာကြောင့် သူလည်းဈေးတက်လာပါတယ်။ လတ်စက တစ်ပိဿာ ၄၀၀ ကျပ်ရှိပြီး၊ ထိပ်စက၅၀၀ ကျပ်ဈေး ရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဈေးရှိပါတယ်။ ဒီတစ်လမှာတော့ ချင်း (စို)က ဝင်သလောက်ပြန်ရောင်း ထွက် နေတယ်လို့လည်းသိရပါတယ်။ ဧဧခိုင်

Pages