Background
မုံရွာ V2 အဝယ်အားပျော့ စီးထွက်မှုလျော့လာ ပြီးခဲ့တဲ့တစ်ပတ်က တက်ဈေးနဲ့ အဝယ်အရောင်းသွက်ခဲ့တဲ့ မုံရွာ V2 ဈေးကွက်ဟာ စက်တင်ဘာလကုန်ပတ်မှာအဝယ်အရောင်းအနည်းငယ်လေးသွားပြီး ဈေးလည်းအေးလာခဲ့ပါတယ်။ ဒီလ V2 ပေါက်ဈေး အနေအထားက မနှစ်ကနဲ့ကာလတူ နှိုင်းယှဉ်ရင် အမြင့်ဈေးရခဲ့ပေမဲ့ ဒေသခံလှောင်လက်တွေအနေနဲ့ ပဲဝယ်ချိန် ပေါက် ဈေး ကွာခြားနေတဲ့အတွက် အကျိုးအမြတ်လည်း တူညီမှုမရှိဘဲ ယခုဈေးထက် ပိုမိုလာဖို့ မျှော်လင့်နေဆဲဖြစ်တာတွေ့ရပါတယ်။ မနှစ်က ဒီကာလ V2 ပေါက်ဈေး မှာ တစ်တင်း ၂၀၅၀၀ ကျပ်ဖြစ်ပြီး၊ ယခု ၂၄၈၀၀ ကျပ်ထိရပေမဲ့ ကျန်ကုလားပဲ တွေကတော့ မနှစ်ကနဲ့ ဈေးကွာခြားမှုမရှိဘဲ၊ ကုလားပဲတိုင်ပေတစ်တင်း ၂၀၄၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၉၀၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၂၀၀၀၀ ကျပ်မှ ၁၉၆၀၀ ကျပ် အသီးသီးဈေးပေါက်လျက်ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်အဆွဲအနေနဲ့ တစ်နေ့ပျမ်းမျှအိတ် ၁၀၀၀ မှ ၁၅၀၀ အတွင်းရှိခဲ့ပြီး ကျန်ကုလားပဲများကတော့ ဒေသတွင်း စက်သမားနဲ့ လက်လီအသုံးတစ်နေ့ အိတ် ၅၀၀ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ စီးထွက်မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၃၀၀၀ ခန့် လျော့နည်းသွားပြီး၊ မန္တလေးကို တင်း ၅၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ခန့်သာရှိတယ်လို့သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယ ကုလားပဲဈေးအေး အိန္ဒိယဈေးကွက်များအတွင်း ယခင်သီတင်းပတ်များက ဈေးကောင်းနေတဲ့ ကုလားပဲ ဈေးဟာ ယခုတစ်ပတ်မှာ ဈေးအေးနေပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ လှောင်လက်များ ထုတ်ရောင်းခြင်းတို့ကြောင့် ဈေးလျော့လာတာဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ကနဦး စိုက်ပျိုးမှုအခြေအနေကောင်းမွန်နေခြင်းနဲ့ စိုက် ဧရိယာ တိုးတက်ဖွယ်ရှိခြင်းတို့ကလည်း ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ဆောင်းပဲ အထွက်မြှင့်တင်တဲ့ အစိုးရမူဝါဒနဲ့ ဆောင်းပဲစိုက်ပျိုးချိန် အစပိုင်းမှာ စံချိန်တင် မြင့်တက်ခဲ့တဲ့ ဈေးနှုန်းတွေကြောင့် တောင်သူတွေ ပဲစိုက်ဖို့ အားတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေမှာ ရောင်းချမှုနည်းခြင်းနဲ့ ယခုနှစ် ဝယ်လိုအားကောင်းခြင်း ကြောင့် ကမ္ဘာ့ဈေးကောင်းနေခြင်းတို့ကတော့ ကုလားပဲဈေးကို အထောက်အပံ့ပြု နေဆဲပဲ ဖြစ်ပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၉-၉-၁၁ ၂၈-၉-၁၁ ၂၇-၉-၁၁ ၂၆-၉-၁၁ဒေလီ ၇၁၅-၇၂၀ ၇၄၆-၇၅၁ ၇၃၂-၇၃၇ ၇၃၁-၇၄၁ကန်ပါ ၇၄၆ ၇၇၇ ၇၇၃ ၇၇၂အာကိုလာ ၇၄၆ ၇၈၇ - ၇၈၂MIRT(MAPT)
ကုလားပဲတင်ပို့မှု နည်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်းလျော့လာ ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁၇၀၀ ကျော်သာ ရှိလာတာတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် FOB ဈေးကွက်မှာလည်း အရောင်းအဝယ်ဖြစ်မှုက ယခုစက်တင်ဘာ နောက်ဆုံး ပတ်မှာ တန်ချိန် ၂၀၀ ခန့်သာ ရှိတော့တာတွေ့ရပါတယ်။ ပြည်တွင်းလက်ကျန် နည်းလာတဲ့အတွက် အရောင်းအဝယ်ဖြစ်မှုနည်းသလို တင်ပို့မှုလည်း တဖြည်းဖြည်း ကျဆင်း လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၂၃ ရက်နေ့အထိ ကုလားပဲပြည်ပ တင်ပို့မှု မှာ တန်ချိန် ၆၀၀၀၀ ကျော်ရှိတာ တွေ့ရပါတယ်။ ရန်ကုန် FOB တစ်တန် ကန်ဒေါ်လာ ၁၁၀၀-၁၁၂၀ ရှိကြောင်း သိရပါတယ်။ MIRT-MAPT
ပြည်ပဲကြီး ဈေးနှုန်းအနည်းငယ်မြင့် ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲကြီးကမ်းနားဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်၊ ပဲကြီး(ရွှေကျွန်း)မှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်ကထက် တစ်တင်း ၁၀၀၀ ကျော်ခန့် ဈေးမြင့်ခဲ့ပါတယ်။ ပြည် ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ကံမဘက်မှ ပဲကြီးအဝင် အနည်းငယ်ရှိလာခဲ့ပြီး၊ ဒေသတွင်းလက်ကျန်ပဲများလည်း ထုတ်ရောင်းချမှုများရှိတာကြောင့် တစ်ရက်လျှင် ပဲကြီးရွှေကျွန်းအိတ် ၃၀၀ ကျော်နဲ့ပဲကြီးကမ်းနားအိတ် ၂၀၀ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ဒေသတွင်းပဲကြော်ပဲလှော်ဖို လုပ်ငန်းများမှလည်း ပုံမှန်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းလက်ကျန်နည်းလာ ပြည်ဈေးကွက်သို့ ပဲတီစိမ်းအဝင်ပါးလာပြီဖြစ်သလို ပဲလက်ကျန်လည်း နည်းလာခဲ့ပြီဖြစ်ပါတယ်။ စက်တင်ဘာလဆန်းမှစ၍ ပဲတီစိမ်းကို မျိုးစိုက်ပျိုးရန် ဝယ်ယူမှုများရှိတာကြောင့် အိတ် ၃၀ ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုစက်တင်ဘာလ ကုန်မှာတော့ အရောင်းအဝယ်အေးလာခဲ့ပါတယ်။ နေ့စဉ် အရောင်းအဝယ် မဖြစ်တော့ဘဲ တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့်သာ ဈေးအေးနေခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယဈေးကွက်များကို ပဲတီစိမ်းအသစ်ဝင်ရောက်မှုရှိလို့ ဈေးလျော့လာ အိန္ဒိယဈေးကွက်တချို့ကို ပဲအသစ်များဆက်တိုက်ဝင်ရောက်နေတာကြောင့် ပဲတီစိမ်းဈေးလည်း လျော့ကျလာခဲ့ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းနဲ့အလယ်ပိုင်းတို့မှာ ရိတ်သိမ်းကာလအတွင်း ရာသီဥတု ခြောက်သွေ့နေတာကြောင့် အဓိကဈေး ကွက်များကို ပဲအသစ်ဝင်ရောက်မှု တိုးလာနေပါတယ်။ ဒါပေမဲ့ ဈေးကွက်များမှာတော့ ဒီနှစ်စိုက်ဧကလျော့ကျတဲ့ သတင်းတွေက လွှမ်းမိုးနေပါတယ်။ ယခုနှစ်ထုတ်လုပ်မှုကို ကနဦးခန့်မှန်းချက် အရ တန်ချိန် ၁ ဒသမ ၂ သန်းဝန်းကျင်ရှိလို့ ယခင်နှစ်ထက် ၂၁ ဒသမ ၀၅ ရာခိုင်နှုန်းလျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်များအတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၂၉-၉-၁၁ ၂၈-၉-၁၁ ၂၇-၉-၁၁ ၂၆-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၈၃၃ ၈၄၈-၈၅၉ ၈၄၄-၈၅၄ ၈၅၃-၈၅၈ဒေလီ ၅၇၂-၇၃၆ ၅၇၂-၇၅၆ ၅၉၀-၇၇၃ ၆၀၉-၈၁၂အာကိုလာ ၆၁၃-၈၃၈ ၆၁၃-၈၃၈ - ၆၀၉-၈၅၃MIRT(MAPT)
ပဲတီစိမ်း တင်ပို့မှု ဆက်လက်လျော့နည်းဆဲ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ ရွှေလီသို့ ကန်ဒေါ်လာ ၀ ဒသမ ၈၅၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၉၈၂ တန်ကျော်ကို စက်တင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တော့ တန် ၃၆၀ ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်းကား ပျမ်းမျှ တစ်နေ့ ၁၀ စီးခန့် အတက်ရှိတယ်လို့ သိရပါတယ်။ သယ်ယူပို့ဆောင်ခတွေကလည်း ယခင်အပတ်ဈေးနဲ့ နှိုင်းယှဉ်လျှင် ၁ ပိသာကို ၁၆ ကျပ်နှုန်းပိုလာတာတွေ့ရပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၅၈၀၄၃ ၆၄၇၀၉၉ ၁၀၉၄၄ ၂ ၉၀၈ ၈၉၃ ၁၅ ၂MIRT (DOBT)
ပဲတီစိမ်း FOB အရောင်းအဝယ်တန်ချိန် တစ်ထောင်ကျော်လျော့လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှုကတော့ တန်ချိန် တစ်ထောင်ကျော်ကို လျော့ကျလာခဲ့ပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၂၉ ရက်အတွင်း FOB အရောင်းအဝယ်ဖြစ်မှု ဟာ စုစုပေါင်းတန်ချိန် တစ်သောင်းကျော်သာရှိပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ အရည်အသွေးနိမ့် ပဲအသစ်များ ဝင်ရောက်နေရာယူထားတဲ့အတွက် မြန်မာပဲတီစိမ်းကို ယခုရက်ပိုင်း အဝယ်မရှိသလောက် နည်းတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့စက်တင်ဘာလ ၃၀ ရက်မှာပဲတီစိမ်းအညာ (FAQ ) တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၈၆၀-၈၈၀ နဲ့ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၀၅၀-၁၀၇၀ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT
ပဲတီစိမ်းတင်ပို့မှု ပမာဏ နည်းနေဆဲ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုသီတင်းပတ် (စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်)အတွင်းမှာလည်း တန်ချိန် ၃၅၀၀ ခန့်နဲ့ နည်းနေဆဲဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပြည်တွင်းအရည်အသွေးနိမ့် မိုးမိပဲများဝင်လာနေသလို မြန်မာ ပဲတီစိမ်းများလည်း အန္ဒိယဈေးကွက်တွေမှာ ကျန်နေသေး တာမို့ လတ်တလော မြန်မာပဲတီစိမ်းကို အဝယ်အေးနေတယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၃ ရက် အထိ ပင်လယ်ရေကြောင်းက တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၉၀၀၀၀ ကျော်ပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၂၇၀၀၀ ခန့်သာ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ လတ်တလောအဝယ်အေး လို့ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု နည်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT
အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲအဝင်ပုံမှန်ရှိနေသဖြင့် ဈေးကျဦးမည် ခန့်မှန်းနေ အမေရိကန်ဒေါ်လာနဲ့ အိန္ဒိယ ရူပီးလဲလှယ်နှုန်းထားမှာ အိန္ဒိယရူပီး တန်ဖိုး ဆက်လက်ကျ ဆင်းဦးမယ်ဆို တဲ့ ကောလာဟလတွေကြောင့် အိန္ဒိယမှ မတ်ပဲတင်သွင်းသူတွေက မတ်ပဲ (FAQ) နှုန်းထားကို မြှင့်လိုက်ကြောင်း သတင်းရတယ်။ လှောင်လက်တွေက တစ်ကွမ်တယ်လ်ကို ၄၃၀၀ ရူပီး (တစ်တန်ကို ကန်ဒေါ် လာ ၈၇၆ ဝန်းကျင်) ပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့လည်း ဈေးကွက်တွေကို မတ်ပဲ အဝင်တွေ ရှိနေခြင်းကြောင့် မွန်ဘိုင်းဈေး ကွက်မှာ တစ်ကွမ်တယ်လ်ကို ရူပီး ၁၀၀ ဈေးကျကာ ၃၉၅၀ ကွမ် တယ်လ် (တစ်တန်ကို ကန်ဒေါ်လာ ၈၀၅ ဝန်းကျင်) ထိ ရောက်ရှိခဲ့တယ် လို့ သိရတယ်။ မြို့တော်ဒေလီမှာလည်း တစ်ကွမ်တယ်လ်ကို ရူပီး ၁၀၀ ဈေးကျ ကာ ၄၁၀၀ ရူပီး (တစ်တန်ကို ကန် ဒေါ်လာ ၈၃၆ ဝန်းကျင်) ဖြစ်လာကြောင်း သိရတယ်။ Shivpuri ၊ Katni နဲ့ MPဈေးကွက်တို့မှာ မတ်ပဲတွေ ဆက်တိုက်အဝင် ရှိနေပြီး နောင်လာမယ့် ၂ ရက်မှ ၄ ရက် အတွင်း မတ်ပဲဈေးနှုန်းက တစ်ကွမ် တယ်လ်ကို ရူပီး ၁၀၀ ကျော် ကျဆင်း ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ပပ၊ Source:nnscommoditynews.com