Background
မတ်ပဲ ရန်ကုန် FOB တန်ချိန် သုံးသောင်းနီးပါးအရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ်အရောင်းအဝယ်ဖြစ်မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၁၈၀၀၀ ခန့် ရှိရာမှ ယခုတစ်ပတ် (စက်တင်ဘာလ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာ တန်ချိန် သုံးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင် ဘာ ၂၂ ရက်အထိ စုစုပေါင်းတန်ချိန် ၈၅၀၀၀ ခန့် အရောင်းအဝယ် စာချုပ်ချုပ် ထားကြောင်း သိရပါတယ်။ ယခုတစ်ပတ် အစပိုင်းမှာ ပြည်တွင်း ဈေးကွက်အတွင်း ပြည်ပပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး မြင့်တက်လာတဲ့အပြင် အိန္ဒိယဘက်မှာလည်း စက်တင်ဘာလ ဝင်ရမယ့် မတ်ပဲများ မိုးရွာသွန်းမှုကြောင့် ပဲအဝင်နောက်ကျခဲ့ပြီး အဝယ်တက်တဲ့ အတွက် ဈေးမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ ကွန်တိန်နာ ငှားရမ်းမှု အခက်အခဲကြောင့် တင်ပို့မှုနှောင့်နှေးမှုတွေရှိလာလို့ အရောင်းအဝယ်ပြန်အေးသွားပြီး ဈေးနှုန်းပါပြန်လျော့လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၃-၉-၁၁ ၇၉၅-၈၁၅ ၈၈၅-၉၀၅၁၆-၉-၁၁ ၇၈၀-၈၀၀ ၈၇၀-၈၉၀MIRT(MAPT)
ယခင်သီတင်းပတ်ထက် မတ်ပဲတင်ပို့မှုလျော့ ယခင်သီတင်းပတ်က မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် နှစ်သောင်းကျော် ထိမြင့်တက်ခဲ့ရာမှ ယခုတစ်ပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာ တော့ တန်ချိန် ၁၈၀၀၀ ခန့်သာ တင်ပို့မှုရှိလို့ အနည်းငယ်လျော့ကျခဲ့တာ တွေ့ရပါတယ်။ ကုန်သည်ကြီးများရဲ့ ပြောကြားချက်အရ သင်္ဘောအခက် အခဲရှိခြင်းနဲ့ ကွန်တိန်နာငှားရမ်းခများ ဈေးကြီးခြင်းတို့ကြောင့် တင်ပို့မှု လျော့ကျခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း စက်တင်ဘာ ၁၆ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၃၆၀၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တင်ပို့မှုတန်ချိန် ၂၅၀၀၀၀ ခန့်နဲ့ ယှဉ်ရင် တန်တစ်သိန်းကျော် ပိုတင်နိုင်တာ တွေ့ရပါတယ်။ ကွန်တိန်နာအခက်အခဲဆက်ရှိနေမယ်ဆိုရင် လာမယ့် သီတင်းပတ် မှာလည်း တင်ပို့မှု လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ပဲစင်းငုံ ပြည်ပတင်ပို့မှု တန်ချိန် ၇၀၀၀ ကျော် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၁၀၅၀၀ ခန့်အထိ တိုးတက်တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အတွင်းမှာတော့ တန်ချိန် ၇၀၀၀ ကျော်တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ဝယ်လိုအားရှိနေပေမဲ့ သင်္ဘောတင်ပို့မှု နှောင့်နှေးခြင်းတို့ကြောင့် တင်ပို့မှု ကျဆင်းသွားခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၆ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၁၀၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၅၃၀၀၀ ခန့်နဲ့ ယှဉ်ရင် ထက်ဝက်ခန့်တင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။ MIRT- MAPT
ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက် ပဲစင်းငုံ အရောင်းအဝယ် ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က ပဲစင်းငုံ တန်ချိန် ၆၃၀၀ ကျော် ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ခဲ့ပြီး ယခုတစ်ပတ် (စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာလည်း တန်ချိန် ၆၁၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ၂၂ ရက်နေ့အထိ ပဲစင်းငုံ ပြည်ပ အရောင်း အဝယ်ဖြစ်မှုဟာ တန်ချိန် နှစ်သောင်း ကျော်ရှိတယ်လို့ သိရပါတယ်။ ယခုသီတင်းပတ်အစပိုင်းမှာ အခြားပဲဈေးတွေ မြင့်တက်သလို ပဲစင်းငုံကိုလည်း အိန္ဒိယအဝယ် ပြန်ဖြစ်လာလို့ ဈေးတက်ခဲ့ပါတယ်။ ဒါပေမဲ့ သီတင်းပတ် နှောင်း ပိုင်းမှာတော့ အရောင်းအဝယ်ပြန်အေးပြီး ဈေးအနည်းငယ် လျော့လာပါတယ်။ ဒါပေမဲ့ ယခင်တစ်ပတ် ရန်ကုန် FOBဈေးထက် ပိုနေသေးတာ တွေ့ရပါတယ်။ ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၂၃-၉-၁၁ ၆၃၅-၆၅၅ ၅၁၅-၅၃၅ ၆၂၅-၆၄၅၁၆-၉-၁၁ ၆၀၀-၆၂၀ ၄၈၀-၅၀၀ ၅၉၀-၆၀၀MIRT(MAPT)
အခြားပဲဈေးများနည်းတူ အိန္ဒိယပဲစင်းငုံဈေးလည်း ပြန်လျော့လာ အိန္ဒိယပြည်တွင်းဈေးကွက် ပဲစင်းငုံဈေးကလည်း အခြားပဲဈေးများနည်းတူ သီတင်းပတ်အစပိုင်းအထိ မြင့်တက်ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာ ပြန်လည်လျော့ ကျခဲ့ပါတယ်။ ဒါပေမဲ့လည်း စိုက်ဧရိယာလျော့ကျခြင်းနဲ့ ဈေးကွက်တွေမှာ ပြုပြင်ပြီး ပဲစင်းငုံကို ဝယ်လိုအားကောင်းခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒါ့အပြင် ပဲအသစ်ဝင်ဖို့ တစ်လခွဲလောက်လိုနေသေးတာကြောင့် ဈေးနှုန်း ခိုင်မာဖွယ် ရှိနေပါတယ်။ ၂၀၁၁-၁၂ အတွင်း စိုက်ဧရိယာလျော့ကျပေမဲ့ အထွက်နှုန်း တိုးတက် ဖွယ်ရှိတာကြောင့် တန်ချိန် ၂ ဒသမ ၉ သန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/ တန် ၂၁-၉-၁၁ ၂၀-၉-၁၁ ၁၉-၉-၁၁ ၁၇-၉-၁၁မွန်ဘိုင်း ၇၀၀ ၇၀၅-၇၁၀ ၇၃၂ ၇၀၈-၇၁၃ဒေလီ ၇၃၀-၇၃၂ ၇၅၅-၇၅၇ ၇၇၂-၇၇၄ ၇၆၄ချန်နိုင်း ၇၁၁ ၇၁၅ ၇၂၂ ၇၁၉MIRT(MAPT)
ရှမ်းပဲစင်းငုံဈေးတက် အရောင်းသွက် ပြီးခဲ့တဲ့လတွေက အကျဈေးနဲ့သာ ထုတ်ရောင်းနေရတဲ့ ရှမ်းပဲစင်းငုံက စက် တင်ဘာလမှာ ဈေးနည်းနည်း တက်လာပြီး အရောင်းလည်းသွက်လာပါတယ်။ ရန်ကုန်ဝယ်လက်တွေ ပြန်ဝယ်လာတာကြောင့် လက်ကျန်ပဲတွေ ဈေးအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ သြဂုတ်လမှာ ပဲစင်းငုံ(နီ-သေး)တစ်ပိဿာ ၅၈၀ ကျပ်၊ပဲစင်းငုံ(နီ-ကြီး) ၃၈၀ ကျပ်၊ ပဲစင်းငုံ (ဖြူ-ကြီး) ၃၈၀ ကျပ်ဈေးနဲ့သာ တစ်လလုံး ဈေးငြိမ်နေခဲ့ပါတယ်။ စက်တင်ဘာလ ပထမပတ်မှာ ဈေးအနည်းငယ်ပြန်လှုပ်လာပြီး ငုံ-နီ(သေး)က ၆၄၀ ကျပ်နဲ့ ငုံ(ဖြူ-ကြီး) ၄၃၀ ကျပ်ဈေးဖြစ်လာပါတယ်။ ပြောင်း (သစ်)တွေပေါ်လာပြီဖြစ်လို့ လှောင်လက်တွေကလည်း ပြောင်းတွေကို ဝယ်လှောင်ချင်လာတာကြောင့် ဈေးနည်းနည်းတက်လာချိန်မှာ ထုတ်ရောင်းနေကြပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ကုန်သလောက်ဖြစ်သွားပြီး၊ ရပ်စောက်၊ တောင်နီ၊ တောင်ကြီး မှာတော့ ကျန်နေသေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပဲစင်းငုံ(နီသေး) တစ်ပိဿာ ၇၆၅ ကျပ်၊ (နီ-ကြီး) ၆၅၀ ကျပ်၊ (ဖြူ-ကြီး) ၅၀၀ ကျပ် ဈေးရှိပါတယ်။ ရန်ကုန်ဝယ်လက်တွေကသာ အဓိက ဝယ်ယူနေကြပြီး တစ်ပတ် အတွင်း ပိဿာချိန်ပေါင်း ခုနှစ်သောင်းသုံးထောင်ခန့် စီးဆင်းသွားတယ်လို့ ဒေသခံ ကုန်သည်တွေမှ သိရှိရပါတယ်။ ဧဧခိုင်
ပဲလွန်းဖြူလက်ကျန်နည်းလာလို့ တင်ပို့မှုရော အရောင်းအဝယ်ဖြစ်မှုပါ နည်းလာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူပြည်ပတင်ပို့မှုဟာ ယခင် သီတင်းပတ်က တန်ချိန် ၁၇၅ ကျော်ခဲ့ ပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန် ၅၀ ခန့်ကို လျော့ကျလာခဲ့ပါတယ်။ အလားတူ ရန်ကုန် FOB အရောင်း အဝယ်ဖြစ်မှုကလည်း ယခင်သီတင်း ပတ်ကတန်ချိန် ၁၃၇ ရှိခဲ့ရာမှ စက်တင် ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ တစ်ပတ် အတွင်းတန် ၉၀ ခန့်သာအရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပ ဝယ်လိုအားရှိပေမဲ့ လက်ကျန် နည်းသွားလို့ အရောင်းအဝယ် ဖြစ်မှု နည်းပြီး ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်သီတင်း ပတ်အတိုင်း စက်တင်ဘာ ၂၃ ရက်မှာ လည်း FAQတစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့၊ SQ တစ်တန် ကန်ဒေါ် လာ ၉၅၀-၉၇၀ ရှိကြောင်း သိရပါ တယ်။ MIRT- MAPT
အိန္ဒိယကုလားပဲဈေး ဆက်လက်ခိုင်မာ အိန္ဒိယပြည်တွင် လက်ငင်းဈေးကွက်များမှာ ဝယ်လိုအားကောင်းနေ တာကြောင့် ဈေးနှုန်းခိုင်မာနေပါ တယ်။ သိုလှောင်ထားရှိမှုနည်းခြင်း နဲ့အတူ ကုန်သည်များ၊ ပဲခွဲစက်များက လာမယ့်ပွဲတော်များအတွက် အဝယ် စိပ်နေခြင်းက ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ပထမ အကြိမ် မိုးပဲထွက်ရှိမှု ခန့်မှန်းချက်အရ ယခင်နှစ်က တန်ချိန ၇ ဒသမ ၁၂ သန်းမှ ယခုနှစ်မှာ တန်ချိန် ၆ ဒသမ ၄၃ သန်းကို ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းပါထားပါတယ်။ ရာဂျက်စသန်မှာ ဒေစီကုလားပဲဈေးက ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၂၀)မြင့်တက် ပြီး ရူပီး ၃၇၀၀၀-၃၇၂၅၀ (ကန်ဒေါ်လာ ၇၄၃-၇၄၈) ရှိပြီး ကုလားပဲခွဲခြမ်း ဈေးဟာ ရူပီး ၄၂၀၀၀-၄၆၀၀၀ (ကန် ဒေါ်လာ ၈၄၃-၉၂၃)နဲ့ ဈေးခိုင်နေ တယ်လို့ သိရပါတယ်။ ယခုနှစ် ပဲဝါလေးထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါတို့မှာလည်း ကုလားပဲထုတ် လုပ် မှုကျဆင်းခြင်းက ကာလတို အတွင်း ဈေးနှုန်းဆက်လက်ခိုင်မာ စေနိုင်ပါတယ်။ ယမင်းခင် Source:kotak commodity
ပြည်ပဲတီစိမ်း အရောင်းအဝယ်အေးလာ ပြည်ဈေးကွက်တွင် ပဲတီစိမ်းသီးနှံမှာ အဝင်မရှိသလို လက်ကျန်နည်းလာခဲ့ပြီး အရောင်းအဝယ် အေးနေခဲ့ပါတယ်။ စက်တင်ဘာလလယ်မှစ၍ မျိုးပဲဝယ်ယူမှုများရှိလာ ခဲ့ပြီး တစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ တစ်ရက်လျှင် အိတ် ၂၀ ကျော် မျိုးအတွက် ဝယ်ယူမှုများရှိခဲ့ပြီး၊ လိုင်းသမား အဝယ်ရှိတဲ့ ရက်မှာ အိတ် ၁၀၀ ကျော် ရောင်းဝယ်မှုများရှိခဲ့ကြပါတယ်။ ယခင်နှစ်က မျိုးပဲဈေးမှာ တစ်တင်း ၂၅၀၀၀ ကျပ် ရှိတယ် လို့ သိရပါတယ်။ ခင်ဆွေဝင်း
အမြင့်ဆုံး ဈေးမထိန်းနိုင်သေးတဲ့ စိမ်းကြီးဈေးကွက် နယ်ကပစ္စည်းအဝင်မရှိသလို ရှိတဲ့ပစ္စည်းကလည်း အရည်အသွေးမမီလို့ စက်တင်ဘာလ တတိယပတ် မုံရွာကုန်စည်ဒိုင်စိမ်းကြီး ဈေးကွက်မှာ အဝယ်အနည်းငယ်လေးသွားပြီး ဈေးလည်း အေးသွားခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ ပဲတီစိမ်းကြီး အသစ် တွေမှာ မိုးမိလို့ အရောင်းမလှတဲ့ ပဲတွေပါဝင်နေပြီး တရုတ်လက်အဝယ်မကြိုက်ဘဲ ဒေသတွင်း ခွဲစက်သမားတွေရဲ့ အဝယ်သာ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ် ပေါက်ဈေးမှာတော့ တစ်တင်း ၁၉၅၀၀ ကျပ်ကနေ ၁၈၅၀၀ ကျပ်ကို ကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်ကနေ မန္တလေးကို စီးဆင်းမှု အနေနဲ့ ပုံမှန်ထက် လျော့မသွားဘဲ ယခုတစ်ပတ်အတွင်း တင်း ၃၀၀၀ ခန့်ရှိတယ်လို သိရပါတယ်။ ထွန်းလှိုင်