Main menu

Background

Monday, 26 Sep 2011

ဥရောပကြွေးမြီ အကျပ်အတည်းက ရေနံစိမ်းအပါအဝင် ရော်ဘာဝယ်လိုအားအပေါ် ဖိအားဖြစ်စေ                     စက်တင်ဘာလ ၁၉ ရက်နေ့ အာရှရော်ဘာဈေးကွက်မှာ ဈေးနှုန်းတည်ငြိမ်နေပါတယ်။ ယခင် အပတ် စက်တင်ဘာလ ၁၂ ရက်နေ့က တစ်တန်ကို ၄၆၈၉ ဒသမ ၅၀ ဒေါ်လာရှိခဲ့တဲ့ ထိုင်း RSS-5 က စက်တင်ဘာ ၁၉ ရက်မှာ ၄၇၁၆ ဒေါ်လာ အထိသာ ရောက်ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၆ ဒသမ ၅၀ ဒေါ်လာသာ ဈေးမြင့်လာခဲ့တယ်။ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းများကျဆင်းခြင်း ၊ ဥရောပဒေသကြွေးမြီပြဿနာအပေါ် စိုးရိမ်ပူပန်မှု ပိုမို ဆိုးဝါးလာခြင်း ၊ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေခြင်းတို့က ကားထုတ်လုပ်မှုမှာ အဓိကကုန်ကြမ်း အဖြစ် အသုံးပြုတဲ့ ရော်ဘာ ဝယ်လိုအားလျော့မယ်ခန့်မှန်းကြရာ ဈေးနှုန်းကို ဖိအားဖြစ်စေတယ်လိ့ု သိရတယ်။ ဒါ့အပြင် ဂျပန်မှာ ရော်ဘာစိမ်းသိုလှောင် ထားရှိမှု ပမာဏမြင့်မားနေတဲ့သတင်းကလည်း ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေတယ်။                                ဒါပေမဲ့ စက်တင်ဘာလလယ်ပိုင်းက ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံး ထိုင်းနိုင်ငံမှာ ရေလျှံခြင်းက ရော်ဘာရောင်းလို အားအတွက် စိုးရိမ်မှုကိုဖြစ်စေပြီး ရော်ဘာဈေးနှုန်းကျဆင်းမှုကို ထိန်းချုပ်ထားကြောင်း သိရတယ်။ ပပ၊Source:rubberboard.org.in, Bloomberg.com 

Monday, 26 Sep 2011

နယ်စပ်မှ ရော်ဘာ ယခုအပတ် တင်ပို့မှုလျော့ နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ရော်ဘာ ၇၃၈ တန်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၈၄တန်လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်မှRSS-1 ၃၄ တန်၊ RSS-3 ၂၃၉တန်၊ RSS-5 တန် ၂၁၀ ၊MSR-20 ၁၀၅ တန်၊ MSR-50  ၁၀ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၆၀ ၊ RSS-5 တန်၂၀ နဲ့MSR-20တန် ၆၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ရော်ဘာဈေးများကတော့ မိမိဘက်မှာ ပြောင်းလဲမှုမရှိပေမဲ့တစ်ဘက်နိုင်ငံမှာ ဈေးမြင့်နေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု                ယခင်     ပြောင်းလဲမှု    %       ယခု        ယခင် ပြောင်းလဲမှု    %RSS - 3         ၃၄၁၃၈၀၀       ၃၄၁၃၈၀၀          -          -      ၄၅၄၄     ၄၄၆၄          ၈၀        ၂RSS - 5         ၃၃၀၀၃၁၉       ၃၃၀၀၃၁၉          -          -       ၄၃၈၇     ၄၃၀၈         ၇၉       ၂MIRT (DOBT)

Monday, 26 Sep 2011

ရော်ဘာတန် ၇၀၀ ကျော်အထိ တိုးတက်တင်ပို့နိုင်                စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၂၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁၈၆ သန်းဖိုးတင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခင်အပတ်က တန် ၁၀၀ ကျော်သာ တင်ပို့ ခဲ့တာကြောင့် တင်ပို့မှု သိသိသာသာပိုမိုခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူကို ၆၀၄ တန်နဲ့ မလေးရှားကို ၁၂၁ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် နယ်စပ်ကလည်း ၇၃၈ တန်သာ တင်ပို့ခဲ့ပါတယ်။ လက်ရှိကာလမှာ ရော်ဘာမထွက်သေးတဲ့ ရာသီ ဖြစ်တဲ့အပြင် ကုန်ပစ္စည်းလက်ကျန်လည်း မရှိတာကြောင့် တင်ပို့မှုလျော့နည်းနေခြင်းဖြစ်တာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးနှုန်းကတော့ ပြောင်းလဲမှု မရှိဘဲ RSS-3, MSR-20တစ်တန်ကို ၄၄၀၀ ဒေါ်လာနဲ့ RSS-5 တစ်တန်ကို ၄၃၀၀ ဒေါ်လာဈေးပေါက်ကြောင်း သတင်းရရှိပါတယ်။ KZW 

Monday, 26 Sep 2011

နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို                     မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၂၄၅ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၂၁၅ သန်း တန်ဖိုးရှိ နှံစားပြောင်း ၇၀၄ တန် အပို့ရှိခဲ့တယ်။ မိမိဘက်မြေပြင်ဈေးများ မြင့်တက် နေသော်လည်း တစ်ဘက်နိုင်ငံတွင် ပြောင်းဖူးစေ့ ဈေး အနည်းငယ်မျှ မြင့်သော်လည်း နှံစားပြောင်းဈေး ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင် ပေါက်ဈေး များကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                                 မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု              ယခင်     ပြောင်းလဲမှု        %      ယခု     ယခင် ပြောင်းလဲမှု   %ပြောင်းဖူးစေ့       ၂၁၆၂၆၇       ၂၀၂၄၅၇        ၁၃၈၁၀        ၇      ၂၉၀      ၂၈၅       ၅            ၂နှံစားပြောင်း        ၂၂၂၂၆၉        ၂၀၀၁၇၁       ၂၂၀၉၈        ၁၁     ၃၂၉      ၃၂၉       -            -MIRT (DOBT)

Monday, 26 Sep 2011

အရောင်းသွက်တဲ့ မန်းပြောင်း                      မန်းဈေးကွက်သို့ ရွှေဘို၊ ကန့်ဘလူ၊ မြစ်ကြီးနားဒေသများအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို ဒေသများမှထွက်ရှိတဲ့ ပြောင်းဖူးစေ့ အသစ်များဝင်ရောက်နေပါတယ်။ ပြောင်းဖူးစေ့အသစ်အဝင်မလှိုင်သေး သော်လည်း လှောင်လက် သမားများမှလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်ဝယ်လိုအားအပြင် ဒေသ တွင်း အစာစပ်လုပ်ငန်းရှင်များမှလည်း ပုံမှန်ဝယ်ယူမှုရှိနေတာကြောင့် အရောင်း သွက်ပြီး၊ ဈေးမြင့်လာပါတယ်။ ယခင်တစ်ပတ် ပြောင်းဖူစေ့(ရှမ်း)တစ်ပိဿာ ၃၀၆ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၂၀၇ ကျပ်၊ CP ပြောင်း ၃၁၅ ကျပ်၊ အထွက်တိုးပြောင်း ၃၂၁ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပြောင်းဖူးစေ့(ရှမ်း- ဗမာ) တစ်ပိဿာ ၃၄၃ ကျပ်၊ အထွက်တိုးပြောင်း ၃၇၇ ကျပ်၊ CP ပြောင်း ၃၄၃ ကျပ်ဈေးရှိပြီး၊ ယခင်အပတ်ထက်ဈေးမြင့် လာတာကိုတွေ့ရပါတယ်။ဈေးကွက် အတွင်းသို့ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်မှုရှိ နေသော်လည်း ပစ္စည်းအဝင် မလှိုင်သေးတာရယ်၊ ပစ္စည်း အဟောင်းလက်ကျန်ကလည်း နည်းလာပြီဖြစ်တဲ့ အ တွက် ပြောင်းဖူးစေ့ ဈေးကွက်ဟာ ဈေးအေးမသွားနိုင်ဘဲ ဆက်ပြီးတော့ အရောင်းသွက် ဈေးမြင့်နေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး

Monday, 26 Sep 2011

တရုတ်ပြောင်းဝယ်ယူမှု မြင့်တက်ဖွယ်ရှိ                       သြဂုတ်လအတွင်း တရုတ်နိုင်ငံရဲ့ ပြောင်းတင်းသွင်းမှုဟာ ၁၀ လအတွင်း အများဆုံး ပမာဏကို ရောက်ရှိ ခဲ့ပြီး ယခင်လထက် ၄၂ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၂၄၄၅၀၂ တင်သွင်းခဲ့တယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ မြင့်တက်နေတဲ့ တိရစ္ဆာန် အစာဝယ်လိုအားကို ဖြည့်တင်းဖို့ တရုတ်ပြောင်း တင်သွင်းမှု ဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။                        သြဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံက ပြောင်း တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းခဲ့လို့ ယခင်နှစ်တင်သွင်းခဲ့တဲ့ တန်ချိန် ၇၁၅၆၇၈ ထက်ပိုမို ဝယ်ယူခဲ့ပါတယ်။ နိုင်ငံရဲ့ ရေရှည် ပြောင်းတင်သွင်းမှုကလည်း တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ပြည်တွင်းကောက်ပဲသီးနှံလေ့လာ ဆန်းစစ်သူ များကဆိုပါတယ်။                        ပြည်တွင်းပြောင်း ရောင်းချမှုနည်းတဲ့အတွက် နှစ်စဉ်တင်သွင်းမှုဟာ ပမာဏ အားဖြင့် တန်ချိန် ၉ သန်း၊ သို့မဟုတ် ၁၀ သန်းလောက်အထိ မြင့်တက်နိုင်တယ် လို့လည်း Shanghai JC Intelligence ကုမ္ပဏီမှ လေ့လာ ဆန်းစစ်သူ Xiao Jun  ကပြောကြားပါတယ်။ ပြောင်းသိုလှောင်မှုနည်းပြီး၊ ဝယ်လိုအားတက်တာ ကြောင့် အဓိက ပြုပြင်ထုတ်လုပ်တဲ့ ရှန်ဒေါင်းပြည်နယ်လက်ငင်းဈေးဟာ ပြက္ခဒိန်နှစ်စက စပြီး ၃၃ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပါတယ်။                       ရိတ်သိမ်းကာလမရောက်မီ ဈေးကွက်ဝယ်လိုအား ဖြည့်ဆည်းဖို့ ဗဟိုအစိုးရ သိုလှောင်မှုထဲက ပြောင်း တန်ချိန် ၃ ဒသမ ၇ သန်း ထုတ်ရောင်းသွားမယ်လို့ ဘေဂျင်းပြည်နယ်ကောက်ပဲသီးနှံ အုပ်ချုပ်မှုက ပြောကြား ပါတယ်။ ယခုနှစ်သီးနှံ အထွက်တိုးမယ့် အလားအလာအရ ယခုလအတွင်း ကမ္ဘာ့ဈေးကျဆင်းခဲ့ရာမှ တရုတ်နိုင်ငံက ဝယ်လက်ပြန်ထွက်ရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်လာ နိုင်တယ် လို့လည်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ တရုတ်အစိုးရက တောင်အမေရိက ပြောင်းကို စိတ်ဝင်စားနေပြီး အထူး သဖြင့် အာဂျင်တီးနားပြောင်းကို စိတ်ဝင်စားလျက်ရှိရာ နောင်နှစ်နောက်ဆုံး ၃ လအတွင်း အမြောက်အမြား တင်သွင်းနိုင်တယ်လို့ Xiao ကပြောကြားပါတယ်။ ယမင်းခင်၊Source: Dowjones.com

Sunday, 25 Sep 2011

ရော်ဘာအပို့ တက်ချည်ဆင်းချည်                  သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိကာအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန် ၁၄၀ တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၆၁၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မလေးရှားကို တန် ၄၀ နဲ့ စင်ကာပူကို တန် ၁၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၃၀၀ ကျော်တင်ပို့ခဲ့ပါတယ်။ ယခုရာသီက ရော်ဘာပြတ်လတ်တဲ့အချိန်ဖြစ်တာကြောင့် လက်ကျန်နည်းပြီး တင်ပို့မှုကျဆင်းတာဖြစ်ကြောင်းသိရပါတယ်။ နယ်စပ်ကလည်း ၆၆၉ တန်ခန့် အပို့ရှိပြီး ယခင်အပတ် တင်ပို့မှုထက် တန် ၃၀၀ ခန့် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ RSS-3  နဲ့ MSR-20 တစ်တန်ကို ၄၅၀၀ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၄၀၀ ဒေါ်လာ ဈေး ပေါက်ကြောင်းသိရပါတယ်။ KZW 

Sunday, 25 Sep 2011

ပြောင်းတင်ပို့မှု ထက်ဝက်ကျော်ကျ                   သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန် ၂၃၄၀ ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၆၅၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၈၀၁တန်၊ အိန္ဒိယ ကို တန် ၃၆၀ ၊ အင်ဒိုနီးရှားကို တန် ၇၁၀ ၊ ဖိလစ်ပိုင်ကို တန်၂၃၀ ၊ ဗီယက်နမ်ကို တန် ၂၄၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၅၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ထက်ဝက် ကျော်ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန် သွယ်ရေးကနေ ၆၂၈၀ တန်အပို့ရှိပြီး ယခင်အပတ်ထက် တန် ၁၇၀၀ ခန့် လျော့ နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၃၀၅ ဈေးပေါက်လျက်ရှိပါတယ်။ KZW

Pages