Main menu

Background

Thursday, 26 Sep 2013

မြန်မာ-အိန္ဒိယနယ်စပ်မှ စက်တင်ဘာလဆန်းပထမပတ်မှာ ဂျုံမှုန့် ၃၆ တန် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်းခန့် တမူးနယ်စပ်ကုန်သွယ်ရေး စခန်းမှ တစ်ဆင့်ပြည်တွင်းသို့တင်သွင်းမှုရှိတယ်လို့ စာရင်းများအရသိရပါတယ်။ ဂျုံစေ့ကတော့ တန် ၅၀ ကျော်၊ ကန်ဒေါ်လာ သုညဒသမ ၀၁၂ သန်းခန့် တင်သွင်းမှု ရှိခဲ့ပါတယ်

Thursday, 26 Sep 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးုဇုန်မှ သြဂုတ်လ  ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၃၆ သန်းဖိုးရှိ ပြောင်းဖူးစေ့ ၇၇၂၆တန်ကျော်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၈ သန်းဖိုးရှိ ပြောင်း ၃၃၆ တန်ခွဲနဲ့ လွယ်ဂျယ်မှကန်ဒေါ်လာသုညဒသမ ၀၀၁ သန်း ဖိုးရှိပြောင်းတန် ၃၀ အသီးသီးတင်ပို့ခဲ့ပါတယ်။တရုတ်နယ်စပ်စခန်းများမှ သြဂုတ်လ တစ်လလုံး တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန် ၅၂၄၃၀ ကျော်ရှိပါတယ်။ မူဆယ်-ရွှေလီ နှစ်နိုင်ငံပြောင်းဈေးများကိုကြည့်မယ်ဆိုလျှင် တစ်ဖက်နိုင်ငံ ဈေးပြောင်းလဲမှုမရှိပေမဲ့ မိမိဘက်ဈေးအနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ ယခင်အပတ်ကပြောင်း တစ်တန် ၃၄၉၄၉၄ ကျပ်မှ ယခုအပတ် ၃၅၀၁၅၇ ကျပ်သို့မြင့်တက်သွားတာတွေ့ရ ပါတယ်။ တရုတ်နိုင်ငံမှာ ရာသီဥတုအခြေအနေကြောင့် စိုက်ပျိုးရေးထွက်ကုန်လျော့ ကျမှုအပေါ်အခြေခံကာတိရစ္ဆာန်အစာကျွေးရန် လိုအပ်ချက်တစ်ခုဖြစ်တဲ့ ပြောင်းကို ပြည်တွင်းဈေးကွက်အတွင်းဈေးကောင်းပေးပြီးကိုယ်စားလှယ်များနဲ့ ကြိုပွိုင့် ဝယ်ယူမှုများရှိနေသဖြင့် လက်ရှိတွင် ပြောင်းဈေးနှုန်းများမြင့်တက်နေရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံငါးပုစွန်အစား အစာထုတ်လုပ်ရောင်းချသူများအသင်းမှ တစ်ဆင့်သိရပါတယ်။ လက်ရှိတွင် တရုတ်ကိုယ်စားလှယ်များက ပြောင်းစိုက် တောင်သူများထံမှ ပြောင်းမပေါ်မီကြိုပွိုင့်စနစ်နဲ့ ဈေးကောင်းပေးကာကြိုတင် ဝယ်ယူနေကြကြောင်း၊ ပြောင်းစိုက်တောင်သူများအနေဖြင့်လည်း ပြောင်းကိုယခင် နှစ်များထက် ပိုမိုစိုက်ပျိုးသော်လည်း တရုတ်မှ ပြောင်းကိုဈေးကောင်းပေးပြီး၊ ကိုယ် စားလှယ်များနဲ့ဝယ်ယူနေတာကြောင့်ပြည်တွင်းမှာပြောင်းကုန်ရှားလာပြီးပြောင်းဈေး နှုန်းလည်းမြင့်တက်လာရခြင်းဖြစ်ပါတယ်။  မော်မော်အောင်MIRT (DCCA)

Thursday, 26 Sep 2013

ဈေးကွက်အသီးသီးမှာ သြဂုတ်လလယ်မှစပြီး၊ တစ်ရိပ်ရိပ် မြင့်တက်လာတဲ့ကြက်သွန်နီဈေးမှာယခုစက်တင်ဘာ လဆန်း ပိုင်းမှာတော့အနည်းငယ်ပြန်အေးလာပါတယ်။ မန္တလေး ဈေး ကွက်မှ မူဆယ်ကို တင်ပို့မှုမှာ ပြီးခဲ့တဲ့ ဇူလိုင်လက တန်ချိန် ၄၀၀ ကျော်နဲ့ အနည်းဆုံးတင်ပို့ခဲ့ပြီး သြဂုတ်လမှာတော့ အဝယ်ပြန်လိုက်လာတဲ့ အတွက် တန်ချိန် ၁၅၀၀ ကျော်တင်ပို့ ခဲ့ကြောင်း၊ ဂိတ်ဖြတ်စာရင်းများအရ သိရပါတယ်။

Thursday, 26 Sep 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၃၉၁ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၁၀၀၈ တန်နီးပါးတင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ထက် ၉၃၉ တန်နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း က ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိပေမဲ့ ယခုအပတ်တွင် ကန်ဒေါ်လာ သုည ဒသမ ၂၆၅ သန်းတန်ဖိုးရှိ ကြက်သွန်နီ တန် ၅၀၀ ကိုတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ထက် တန် ၅၀၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Thursday, 26 Sep 2013

ပြည်ဈေးကွက်အတွင်း မန်ကျည်းသီးစိမ်းဈေးမှာ ပေါ်စအချိန်က ၁၀ ကျပ်သား ၅၀၀ ကျပ်ဈေးအထိ ဈေးကောင်းခဲ့ပြီး၊ အဝင်များလာချိန်မှာတော့ တဖြည်းဖြည်း ဈေးကျလာကာ၂၀၀ ကျပ်မှယခုတစ်ပတ်ဆို ၁၀ ကျပ်သား ၁၀၀ ကျပ်အထိ ဈေးကျ သွားတာကို တွေ့ရပါတယ်။ ရာသီစာ သီးနှံဖြစ်တာကြောင့် အရောင်းသွက်တယ် လို့ သိရပါတယ်။

Thursday, 26 Sep 2013

နောက်ဆုံးသီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်နေ့တာကာ လအတွင်း မန်ကျည်း ၄၇ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ မန်ကျည်းကို ယခင်တစ်ပတ်တင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ် ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ်ကနေ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့ပါတယ်။

Thursday, 26 Sep 2013

ချင်းဈေးကွက်ကြီးဖြစ်တဲ့ အောင်ပန်းချင်းဈေးကွက်မှာ ဒီတစ်ပတ်တော့ Export အဝယ်ခဏရပ်နေပါတယ်။ ဒါပေမယ့် တမူးလှောင်လက်တွေကတော့ ဆက်ပြီးဝယ်နေတုံးပါပဲ။ ဝယ်လိုအားကလည်း လျော့မသွားပဲ တစ်ပတ်ကို ပိဿာ ချိန် ၂ ဒသမ ၅ သိန်းခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ လှောင်လက်တွေက ပြည်ပကိုတင်ပို့မှု မရှိပေမယ့်လည်း လှောင်လက်တွေကတော့ ပုံမှန်အတိုင်း ဝယ်ယူနေသလို ပြည်တွင်းသုံး ချင်းထိုးသမားတွေလည်း ဝယ်ယူနေကြပါတယ်။

Thursday, 26 Sep 2013

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ ချင်းဈေးများ ယခင်အပတ်ထက် ဈေး ပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းပါး လျက်ရှိနေပါတယ်။အဝင်အားဖြင့်လည်းပိဿာ ၃၀ ဝင် အိတ် ၂၀၀ ခန့်သာ ပုံမှန် အဝင်ရှိပြီး၊ ယခင်ကထက် အဝင်နည်းနေပါတယ်။ ရခိုင်ဝယ်လက်များမှ တိုက်ရိုက် ဆင်းပြီး၊ဝယ်ယူမှုများရှိနေတဲ့အတွက် ချင်းစိုက်ပျိုးထွက်ရှိရာ အောင်ပန်း၊ တောင်ကြီး ဘက်က တောင်သူတွေမှလည်း ဈေးတင်ရောင်းချမှုများရှိလာတာကြောင့် နယ် ဝယ်လက်များမှပါ ဈေးကောင်းပေးပြီး မှာယူရောင်းချနေရပါတယ်။ ယခုတစ်ပတ် ပွဲရုံများ၌ ချင်းတစ်ပိဿာကို ချင်း(ဥမ) ရှယ် ၂၀၀၀ ကျပ်၊ (ဂျွန်) ၁၉၀၀ ကျပ်ရှိပြီး၊ ချင်းဓါးလှီးသမားများမှ လက်လီ၊လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်း ဒေသ ကြီး၊ ရခိုင်ပြည်နယ်သို့ တင်ပို့မှုအပါအဝင် ပွဲရုံများ၌ ပိဿာချိန် ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်ကာလများထက် အရောင်းပါးလျက်ရှိကြောင်း သိရပါ တယ်။                                              ဝင်းဝင်းခိုင် - ပြည်

Thursday, 26 Sep 2013

စက်တင်ဘာလဆန်း မုံရွာကုန် စည်ဒိုင် ပဲဈေးကွက်မှာ ယခင်နှစ်တွေ ကလို စက်တင်ဘာအိတ်စပို့ ပဲဈေး အကြွကိုမျှော်လင့်ပြီးဝယ်ထားတဲ့ ပဲတွေ လှောင်လက်က တွက်ခြေမကိုက်လို့ ထုတ်မရောင်းနိုင်ခဲ့သလို နယ်အဝယ် အော်ဒါ မရှိလို့ လိုင်းသမားတွေ ငြိမ်နေ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ပဲဈေး ငြိမ်ခဲ့ပြီး၊ အရောင်းအဝယ် ပမာဏ လည်း ယခင်ကထက်လျော့ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။

Thursday, 26 Sep 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၈ ရက်မှ စက်တင် ဘာလ ၃ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၂၀ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၃၃၁၈ တန်နီးပါး တင်ပို့ခဲ့သလို ကန် ဒေါ်လာသုည ဒသမ ၀၉၀ သန်းတန်ဖိုး ရှိ ပဲတီစိမ်းလုံးခြမ်း ၇၉ တန်ကျော်ကို လည်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကပဲတီစိမ်းလုံးပြည့် ၂၇၀၂ တန် ကျော်သာ တင်ပို့နိုင်ခဲ့လို့ ယခုအပတ် ပဲတီစိမ်းတင်ပို့မှု ၆၁၅ တန်ကျော် ပိုမို လာတာတွေ့ရပါတယ်။ သြဂုတ်လမှာ မူဆယ်နဲ့ချင်းရွှွေဟော် စခန်းများမှ ပဲတီစိမ်း လုံးပြည့်တင်ပို့မှု ၁၉၅၄၀ တန်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။

Pages