Background
အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်ချင်း(ဥမ)ဈေးကွက် ပြည်ဈေးကွက်တွင် ချင်း(ဥမ)ဈေးမှာ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်လျက် တစ်ပိဿာကို(ရှယ်) ၇ဝဝ-၈ဝဝ ကျပ်၊ (ဂျွန်) ၅၅ဝ-၆၅ဝ ကျပ်တို့နဲ့ ရောင်းဝယ် လျက်ရှိနေပါတယ်။ စီးဝင်မှုအားဖြင့် ဈေးကွက်အတွင်း ချင်း (အတက်)များ အဝင် မရှိသေးဘဲ ချင်း(ဥမ)များသာ အောင်ပန်း၊ တောင်ကြီးဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၂၈ဝ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပျမ်းမျှပိဿာချိန် ၁၈ဝဝ ခန့်ကိုလည်း ယခုတစ်ပတ်အတွင်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ အဝင်လည်းပုံမှန် အရောင်းအဝယ်နဲ့ ဈေးနှုန်းလည်း ပုံမှန်ရှိ နေလို့ ပွဲရုံများမှာလက်လီ၊ လက်ကားရောင်းဝယ်သူများ၊ချင်းဓါးလှီးသမားများမှ ပုံမှန်အဝယ် ရှိပြီး တစ်ရက်ကို ပိဿာချိန် ၁၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
သီးနံှလုံခြုံမှုကို မြှင့်တင်ရန် ရန်ပုံငွေတိုးမြှင့်သည့် တရုတ်နိုင်ငံ နိုင်ငံရဲ့ သီးနံှလုံခြုံမှု (Grain security) ကို မြှင့်တင်ဖို့ သီးနံှဆုံးရှုံးနိုင်ခြေ ရန်ပုံငွေအဖွဲ့(Grain Risk Fund) ကို ယွမ် ၄ ဒသမ ၄ ဘီလံျ (ကန်ဒေါ်လာ ၆၈၈ သန်း)ကို ထောက်ပံ့ ကြေး (Subsidies) အဖြစ်ထပ်မံထည့်ဝင်လိုက်ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၆-၈-၂ဝ၁၁ ရက်မှာ ပြောကြားလိုက် တယ်။ ယွမ် ၄ ဒသမ ၄ ဘီလံျ ထပ်မံထည့်ဝင်လိုက်တာကြောင့်Grain Risk Fund ရဲ့ အရင်းအနှီး စုစုပေါင်းမှာ ၃၈ ဒသမ ၂ ဘီလံျကိုရောက်ရှိသွားပြီး ဖြစ်ကြောင်း၊ ၎င်းရန်ပုံငွေတွေကို သီးနံှအဓိကထုတ်လုပ်တဲ့ ဒေသကြီး ၁၃ ခုအတွက် ထားရှိ ခြင်းဖြစ်ကြောင်း၊ ရန်ပုံငွေအားလုံးကို ဗဟိုအစိုးရက လျာထား သတ်မှတ် စီမံခန့်ခွဲကြောင်း သိရှိရပါတယ်။ ရန်ပုံငွေတွေကို သီးနံှထုတ်လုပ်မှု (Grain production) နဲ့ အရန်နံှစားသီးနံှနဲ့ အရန်စားသုံးဆီတွေထားရှိဖို့ထောက် ပံ့ကြေးအဖြစ် ဒေသဆိုင်ရာ အစိုးရများ (Local governments) က သုံးစွဲနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ ''ဒီလိုရန်ပုံငွေထားရှိတာဟာ တောင်သူ လယ်သမားတွေ ပိုမိုစိုက်ပျိုး လာဖို့အတွက် ဒေသဆိုင်ရာ အစိုးရတွေက ပိုပြီးအားပေးအားမြှောက်ပြု နိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ကို တည်ငြိမ်စေပြီး သီးနံှနဲ့ စားသုံးဆီလိုအပ် ချက်ကိုလည်း အာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်'' လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထပ်မံ ပြောကြား ပါတယ်။ ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Grain Risk Fund က သီးနံှစိုက်ပျိုးသူ တွေကို တိုက်ရိုက်ထောက်ပံ့ကြေး (Direct subsidies) ပေးနိုင်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးအတွက် သွင်းအားစုနဲ့ စက်ကိရိယာ ဝယ်ယူခြင်းအတွက် အထွေထွေ ထောက်ပံ့ကြေး (General subsidies) ပေးနိုင်ကြောင်း သိရှိရပါတယ်။ ပြီးခဲတဲ့နှစ်မှာ တရုတ်နိုင်ငံရဲ့ သီးနံှထွက်ရှိမှုက တန်ချိန် ၅၄၆ ဒသမ ၄၁ သန်းရှိပြီး ယခင် နှစ်ကထက် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း တရုတ်နိုင်ငံရဲ့ နွေရာသီ သီးနံှထွက်ရှိမှုက တန်ချိန် ၁၂၃ ဒသမ ၁ သန်းရှိပြီး သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်။ ယခုနှစ်မှာ တရုတ်နိုင်ငံရဲ့ နွေရာသီ သီးနံှထွက်ရှိမှုက တန်ချိန် ၁၂၆ ဒသမ ၂၇ သန်းရှိပြီး ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်။ ဒီလိုတိုးတက်ခြင်းမှာ စိုက်ဧကတိုးခဲျ့ခြင်းနဲ့ အထွက်နှုန်းတိုးတက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါ တယ်။ သိန်းမြင့်ေ၀ Source: Chinadaily
ပြည်ကုလားပဲ ဈေးပြန်လှုပ်လာ ပြည်ပဲဈေးကွက်သို့ ကုလားပဲဝင်ရောက်မှုအနေဖြင့် အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခွဲစက်သမားများမှ ခွဲခြမ်းပြုလုပ်ပြီး တင်ပို့ရောင်းချကြပါတယ်။ ယခင်တစ်ပတ်က တစ်တင်း ၁၇၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။ အခြားတိုင်းမှ အဝင်မရှိဘဲ ဒေသတွင်း မြို့နယ်များမှ ခွဲစက် သမားများဖြင့် ပုံမှန်အရောင်းအဝယ် ရှိနေတာကြောင့် တစ်နေ့ကို အိတ် ၂၅ဝ-၃ဝဝ ခန့်အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာ V2 ဈေးကွက် သြဂုတ်လမှာ အရောင်းသွက် မုံရွာ ကုန်စည်ဒိုင် V2 ဈေးကွက်မှာ အရောင်းအဝယ်အားကောင်းခဲ့တာတွေ့ ရပါတယ်။ အဓိကဝယ်လက် အနေနဲ့ ရန်ကုန်မှ အများဆုံး ဆွဲကာ မန္တလေး ကုန်သည်တချို့ရဲ့ အဝယ်လည်းရှိခဲ့လို့ အခုလို အရောင်းအဝယ် အားကောင်း ခဲ့တာဖြစ်တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ပေါက်ဈေးအနေနဲ့ သြဂုတ်လ အတွင်း V2 တစ်တင်းအနိမ့်ဆုံး ၂ဝ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းအနိမ့်ဆုံး ၁၆၅ဝဝ ကျပ်မှ အမြင့်ဆုံး ၁၇၅ဝဝ ကျပ်၊ ကုလားပဲ 292 တစ်တင်းအနိမ့်ဆုံး ၁၆၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၆၈ဝဝ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်းအနိမ့်ဆုံး ၁၅ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁၆ဝဝဝ ကျပ် ထိဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် ကြိုက်ဈေးပေါ် မူတည်ပြီး တစ်ရက်လျှင် အိတ် ၁၅ဝဝ၊ ၂ဝဝဝ မှ အိတ် ၅ဝဝဝ၊ ၇ဝဝဝ ထိရှိခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် နယ်မြေကလည်း သြဂုတ်လထဲ ကုလားပဲစီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၄ဝဝဝဝ ခန့် ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယ ကုလားပဲဈေး ခိုင်မာနေ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်ပဲဟောင်းနည်းလာပြီဖြစ်ပြီး ဝယ်လိုအားရှိနေတာကြောင့် ကုလားပဲဈေးခိုင်မာနေပါတယ်။ နိုင်ငံတကာ အခြေ အနေကတော့ အမေရိကန်နဲ့ ကနေဒါကုလားပဲထုတ်လုပ်မှု ကလည်း ယခင်နှစ်တွေ ထက် လျော့ကျဖွယ်ရှိတဲ့အပြင် စက်တင်ဘာလ ဒုတိယပတ်မှာ တရားဝင်ခန့်မှန်း မယ့် ကုလားပဲထုတ်လုပ်မှုကလည်း ကျဆင်းဖွယ်ရှိခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ ကာလတိုအတွင်း ကုလားပဲဈေး ဆက်လက်ခိုင်မာဖွယ် ရှိတယ် လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၈-၁၁ ၂၉-၈-၁၁ ၂၇-၈-၁၁ ၂၆-၈-၁၁မွန်ဘိုင်း - ၆၁ဝ-၆၂၁ ၆ဝ၇-၆၁၈ ၅၉၇(တန်ဇန်းနီးယား)ဒေလီ ၆၈၄-၆၉ဝ ၆၈၇-၆၉၂ ၆၈၃-၆၉၄ ၆၈၄-၆၈၉ကန်ပါ ၇၂၈ ၇ဝ၉ - ၇ဝ၁MIRT(MAPT)
လက်ကျန်နည်းလာတဲ့ ကုလားပဲ FOB အရောင်းအဝယ်ဖြစ် ဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဟာ ယခုတစ်ပတ် FOB ဈေးကွက်မှာ တန်ချိန် ၁၇ဝဝ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ပါကစ္စတန်နဲ့ အိန္ဒိယဝယ်လက်များ ဝယ်လိုအားကောင်းပေမဲ့ လက်ကျန်နည်းလာ ပြီ ဖြစ်လို့ အရောင်းအဝယ်ဖြစ်မှု နည်းခြင်းဖြစ်ပါတယ်။ သြဂုတ်လတစ်လလုံး ပြည်ပ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် ၁၃ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ စက်တင်ဘာလ ၂ ရက်မှာလည်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
လက်ကျန်နည်းပေမဲ့ ကုလားပဲဖြူလုံးကြီး တန် ၃ဝဝဝ ကျော်တင်ပို့မှုရှိ ဝယ်လိုအားကောင်းတဲ့ ကုလားပဲဟာ ဈေးကွက်တွေမှာ လက်ကျန်နည်း လာပေမဲ့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်ထိ တစ်ပတ်အတွင်းမှာလည်း တန်ချိန် ၃၃ဝဝ ကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် သြဂုတ်လ ၂၆ ရက်နေ့အထိ ကုလားပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၂၇ဝဝ ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၂ သန်းကျော်ဖိုးရှိလို့ ယခုနှစ်မှာ ဈေးအကောင်းဆုံးနဲ့ အရောင်း အဝယ် အဖြစ်ဆုံးပဲဖြစ်ပါတယ်။ MIRT - MAPT
ပြည်ပဲတီစိမ်း အရည်အသွေးအလိုက် ဈေးပေးဝယ်ယူ ပြည်ဈေးကွက်သို့ ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် ပဲတီစိမ်းဝင်ရောက်မှုမှာ ပါးလာခဲ့ပြီဖြစ်ပါတယ်။ အဝင်ပါးလာသလို ပဲတီစိမ်းအရည်အသွေးမှာလည်း ကျလာခဲ့တဲ့အတွက် လိုင်းသမားများမှ ဈေးလျော့အဝယ်ရှိ ရှိခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ ရှယ်စတစ်တင်း ၁၆ဝဝဝ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်အတွင်း နေ့စဉ်အရောင်းအဝယ်မဖြစ်ဘဲ အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ အိတ် ၅ဝဝ ကျော်ထိရောင်းဝယ်ခဲ့ကြပြီး ယခုလကုန်ထိ ရန်ကုန်သို့ အိတ် ၂ဝဝဝ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
အိန္ဒိယ ပဲတီစိမ်းဈေးမြင့်တက် အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း သြဂုတ်လကုန်သီတင်းပတ်မှာ ပဲတီစိမ်းဈေးမြင့်တက်နေပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် စိုက်ဧရိယာကျဆင်းပြီး ပဲရင့်မှည့်၊ ရိတ်သိမ်းချိန်မိုးရွာသွန်းမှုတွေကြောင့် အထွက်ကျဆင်းပြီး အရည် အသွေး ပျက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ မဟာရပ်ရှတရာ အချို့ဒေသတွေက ပဲအသစ်တွေ စတင်ဝင်ရောက်လာပြီဖြစ်ပေမဲ့ အစိုဓါတ်များပြီး အရောင်ပျက်ပဲ ပါဝင်မှုများတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃ ရက်နောက်ပိုင်း အိန္ဒိယကျွန်းဆွယ်မှာ ရာသီဥတုခြောက်သွေ့မယ်ခန့်မှန်းလို့ ရာသီဥတုခြောက်သွေ့ပါက သီးနံှရိတ်သိမ်းရာ မှာ အဆင်ပြေပြီး အစိုဓါတ်ပါဝင်မှုလျော့ကျ နိုင်တယ်လို့ ခန့်မှန်းပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းခိုင်မာဖွယ်ရှိတယ် ခန့်မှန်းထားပါတယ်။ ဈေးကွက်ပေါက်ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၈-၁၁ ၂၉-၈-၁၁ ၂၇-၈-၁၁ ၂၆-၈-၁၁မွန်ဘိုင်း (ကင်ညာ) ၉၅၆-၉၈၇ ၁ဝဝ၃-၁ဝ၂၅ ၉၉၇-၁ဝ၁၉ ၉၉၈ဒေလီ ၇၆၁-၈ဝ၄ ၇၆၃-၈ဝ၇ ၇၅၉-၈ဝ၂ ၇၇၁-၈ဝ၃အာကိုလာ ၈၂၆-၁ဝ၄၃ - ၇၅၉-၁ဝ၄၁ ၇၆ဝ-၁ဝ၄၂MIRT(MAPT)
ယခုအပတ် မူဆယ်နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုကောင်းနေ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၂၇ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၃၄၇၅ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၂၉၄၄ တန်ကျော်နဲ့ စစ်တွေမှ ၂၂ တန် အပို့ရှိခဲ့တာဖြစ်ပြီး၊ ယခုအပတ်မှ မူဆယ် နယ်စပ်ပေါက် တစ်ခုတည်းမှ အပို့ရှိခဲ့သော်လည်း တန်ချိန် ၅၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လအတွင်းမှာ နယ်စပ်မှ ပဲတီစိမ်း ၁၇၁၉၅ တန်အပို့ရှိပြီး ဧပြီလမှ သြဂုတ်လကုန်ထိ တန်ချိန် ၁၁၁၁ဝဝ ကျော်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရောတစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများ မြင့် တက်လျက်ရှိပြီး၊ ပဲတီစိမ်းအညာ ဆန်ကာချ ၁ကီလိုကို ၅ ဒသမ ၅ ယွမ်မှ ၆ ယွမ်ခန့်ထိ ဈေးရလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၅၇၈၃၄၂ ၅၇၄၇၅၃ ၃၅၈၉ ဝ .၆ ၈၆ဝ ၈ဝဝ ၆ဝ ၈MIRT (DOBT)