Background
ရန်ကုန် FOB အရောင်းအဝယ် တန်ချိန် ၁၈၀၀၀ ခန့်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် မတ်ပဲ SQ ၊ FAQ အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၁၈၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၆၀၀၀ ကျော်ထိ အရောင်း အဝယ် စာချုပ်ခဲ့လို့ ယခုတစ်ပတ်လျော့နည်းတာတွေ့ရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၁၃ ရက်အထိ စုစုပေါင်းပြည်ပအရောင်းအဝယ်ဖြစ်မှုဟာ မတ်ပဲ SQ တန် ၁၇၀၀၀ ကျော်၊ FAQ တန်ချိန် ၃၇၀၀၀ ကျော်နဲ့ အခွံချွတ် စုစုပေါင်း တန်ချိန် ၅၆၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားတက်သလို ဈေးမြင့်လာတဲ့ အတွက် ရန်ကုန် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်တွေ အဝယ်လိုက်လာတယ် လို့ သိရပါတယ်။ သင်္ဘောကွန်တိန်နာ ငှားရမ်းမှု ခက်ခဲပြီး ဈေးနှုန်းမြင့်တက်ပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ပြန်လည်မြင့်တက်လာခဲ့သလို ဝယ်လက်များ အဝယ်သွက်လာလို့ အရောင်းအဝယ်ဖြစ်ပြီး FOB ဈေးမြင့်လာခဲ့ပါတယ်။ ဒေါ်လာတန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၆-၉-၁၁ ၇၈၀-၈၀၀ ၈၇၀-၈၉၀၉-၉-၁၁ ၇၇၀-၇၉၀ ၈၆၀-၈၈၀MIRT(MAPT)
ယခုတစ်ပတ်မတ်ပဲတင်ပို့မှု တန်ချိန် နှစ်သောင်းကျော်ထိတက်လာ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၉၀၀၀ ခန့်သာရှိခဲ့ရာမှ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တန်ချိန် ၂၁၀၀၀ ကျော်ထိ တိုးတက်လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ် က ကွန်တိန် နာငှားရမ်းမှုအခက်အခဲနဲ့ ငှားရမ်းခဈေးနှုန်းကြီးမှုတွေကြောင့် တင်ပို့မှု လျော့ကျခဲ့ရာ မှ ယခု တစ်ပတ်မှာ ပြန်လည်တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၀-၂၀၁၁ စက်တင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၃၄၅၀၀၀ ကျော်ထိ ရှိလာလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၂၃၇၀၀၀ ခန့်ထက် တန်ချိန် တစ်သိန်းကျော်ပိုတင်လာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ MIRT- MAPT
ကနေဒါမှာ ပဲမျိုးစုံ ထုတ်လုပ်မှုကျဆင်း ယခုနှစ်အတွက် ကနေဒါရဲ့ ပဲထုတ်လုပ်မှုအခြေအနေ မကောင်းနိုင်ဘူးလို့ သိရပါတယ်။ မိုးရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ ကြောင့် သီးနံှစိုက်ပျိုးမှုတွေ ထိခိုက်ခဲ့ရလို့ နိုင်ငံရဲ့ထုတ်လုပ်မှုလည်း ထိခိုက်ဖွယ်ရှိနေပါတယ်။ မကြာသေးခင် ခန့်မှန်းချက်အရ ပဲလုံးထုတ်လုပ်မှုဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၄ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ထောင်ပေါင်း ၂၁၂၈ ဒသမ ၃ တန်နဲ့ ပဲနီလေး ထုတ်လုပ်မှုကလည်း ၁၇ ဒသမ ၈၂ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ထောင်ပေါင်း ၁၆ဝဝ ဒသမ ၂ သာရှိမယ်လို့ ဆိုပါတယ်။ အလားတူကုလားပဲဖြူလုံးကြီးကလည်း ၂ဝဝ၄ ခုနှစ် နောက်ပိုင်းအနည်းဆုံးအနေနဲ့ ယခင်နှစ်ထက် ၅၈ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန်ထောင်ပေါင်း ၅၃ ဒသမ ၉ တန် တာထွက်ရှိမယ်လို့ ဆိုပါတယ်။ ကနေဒါနိုင်ငံရဲ့ ပဲထုတ်လုပ်မှုကို ယခင်နှစ်နဲ့ နှိုင်းယှဉ် ဖော်ပြထားပါတယ်။
ပြောင်းထွက်ရှိမှု အလားအလာကောင်း တောင်အာဖရိကနိုင်ငံက ပြောင်းရိတ်သိမ်းချိန်ကာလအတွင်း နိုင်ငံရဲ့ အချို့ နေရာတွေမှာ မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ၎င်းရဲ့ ၂ဝ၁ဝ-၂ဝ၁၁ ရာသီ ပြောင်းထွက်ရှိမှု ခန့်မှန်းချက်မှာ လျော့နည်းခဲ့တယ်။ CEC က ယခင်က ပြောင်းထွက်ရှိမှုကို မက်ထရစ်တန်ချိန် ၁ဝ ဒသမ ၈၅၄ သန်း ခန့်မှန်းထားရာမှ ယခု မက်ထရစ်တန်ချိန် ၁ဝ ဒသမ ၆၇၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ အာဖရိကတိုက်ရဲ့ ပြောင်းအများဆုံးထုတ်လုပ်တဲ့ တောင်အာဖရိကနိုင်ငံက ၂ဝဝ၉-၂ဝ၁၁ ရာသီမှာ ပြောင်းမက်ထရစ်တန်ချိန် ၁၂ ဒသမ ၈၁၅ သန်း ရိတ်သိမ်းနိုင်ခဲ့ပြီး၊ ၎င်းပမာဏက ၁ဝ စုနှစ်ကာလ ၃ စုအတွင်း အများဆုံးဖြစ်ခဲ့တယ်။ ရုရှားနိုင်ငံက ယခုနှစ်အတွင်း ပြောင်းတင်ပို့မှုကို ပြန်လည်ပြုလုပ်လိမ့်မှာဖြစ်ကြောင်း ရုရှားနိုင်ငံ ကောက်ပဲသီးနံှအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့တယ်။ ရုရှားနိုင်ငံက ယခုနှစ်မှာ ပြောင်းမက်ထရစ်တန်ချိန် ၅ ဒသမ ၈ သန်းမှ ၆ သန်း ထွက်ရှိလိမ့်မှာ ဖြစ်ပြီး စားသုံးမှုမှာ မက်ထရစ်တန်ချိန် ၃ ဒသမ ၅ သန်း ရှိလိမ့်မှာဖြစ်ကြောင်း၎င်းက ခန့်မှန်းထားတယ်။ ရုရှားနိုင်ငံက ၂ဝဝ၈-၂ဝဝ၉ သီးနံှရာသီနှစ်မှာ ပြောင်းကို မက်ထရစ်တန်ချိန် ၇ ဒသမ ၅ သိန်းကျော် တင်ပို့နိုင်ခဲ့တယ်။ ဒါပေမဲ့ယမန်နှစ်က ပြောင်းကို မက်ထရစ် တန်ချိန် ၁ သိန်းခန့်သာ တင်ပို့နိုင်ခဲ့တယ်။ ဂျပန်နိုင်ငံက (၂ဝ၁၁ ခုနှစ် ၊ အောက်တိုဘာလ- ဒီဇင်ဘာလ) အတွင်း တိရစ္ဆာန်အစားအစာ ပြောင်းတင်သွင်းမှု လိုအပ်ချက်ရဲ့ ၆ဝ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းရလိမ့်မှာဖြစ်တယ်။ ဂျပန် နိုင်ငံက ၃ လပတ်တိုင်း တိရစ္ဆာန်အစားအစာ ပြောင်းကို မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းတင်သွင်းနေရပြီး အမေရိကန်နိုင်ငံမှ အများဆုံး ဝယ်ယူလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းကို မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ စိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းစားသုံးမှု ပိုလံျှတာတွေကို နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ သာမက ပင်လယ်ရေကြောင်းမှ တစ်ဆင့် ပြည်ပဈေးကွက်တွေကို တင်ပို့လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှ ပြောင်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယားအစရှိတဲ့ နိုင်ငံတွေကို တင်ပို့လျက်ရှိရာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၁၂ဝဝ ကျော် ၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၄၄၈ဝဝ ကျော်နဲ့ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် (၂၆-၈-၂ဝ၁၁ ထိ) မှာ တန်ချိန် ၁၂၂၉ဝဝ ကျော် တင်ပို့နိုင်ခဲ့ရာ ယခုနှစ်မှာ ယမန်နှစ်တွေထက် ပိုမိုတိုးတက်နိုင်မဲ့ အလားအလာကောင်းတွေ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အရည်အသွေးကောင်း ပြောင်းသီးနံှတွေကို ယခုထက် ပိုမိုတိုးတက် တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။ စန္ဒာထွန်း
ပြောင်းသစ်ပေါ်စ နယ်စပ်မှ အဝယ်အေး သြဂုတ်လ ၂၄ ရက်မှ ၃ဝ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့၇၅၇၈ တန်ကျော်နဲ့ကန်ဒေါ်လာ ဝ ဒသမ ၁၂၃ သန်းတန်ဖိုးရှိ နံှစား ပြောင်း ၄ဝ၄ တန်အပို့ရှိခဲ့ပါတယ်။ ပြောင်းမှာ စတင်ပေါ်ပြီဖြစ်သော်လည်း စက်တင်ဘာလမှသာ လှိုင်လှိုင်ပေါ် မှာဖြစ်ပါတယ်။ လတ်တလောမှာ တစ်ဖက်နိုင်ငံ၌ ပြောင်းဈေးကျခြင်းနဲ့ ငွေဈေးကျခြင်းတို့ကြောင့် ပြောင်းတင်ပို့မ ှုလျော့နည်းနေတယ် လို့ သိရပါတယ်။ စက်တင်ဘာလ လှိုင်လှိုင်ပေါ်ချိန်နဲ့ ဈေးကွက်အခြေအနေကို ကြည့် ပြီး ပြောင်းတင်ပို့မှုများ ပြောင်းလဲလာနိုင်ဖွယ်ရှိပါတယ်။ သြဂုတ်လအတွင်း နယ်စပ်မှ ပြောင်းတင်ပို့မှု တန် ၄၁၁၅ဝ ကျော်ရှိပြီဖြစ်ပါတယ်။ ပြောင်းဖူးဈေးများ ဟာ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ သိသိသာသာ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၁၉၅၈၉၅ ၁၉၅၈၉၅ - - ၂၇၄ ၂၆၇ ၇ ၃နံှစားပြောင်း ၂၁၁၇၇ဝ ၂၁၁၇၇ဝ - - ၃၁၁ ၃၁၄ ၃ ၁MIRT (DOBT)
ပင်လယ်ရေကြောင်း တင်ပို့မှု ၅ ဆခန့်မြင့်တက် သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၉၁ဝ တန်၊ တန်ဖိုးဒေါ်လာ ၁ ဒသမ ၇၁၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်သာတင်ပို့ ခဲ့တာကြောင့် တင်ပို့မှု ၅ ဆ ကျော်မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို ၄၂၃ တန်၊ အိန္ဒိယကို ၈၁ တန်၊ အင်ဒိုနီးရှားကို ၄၃၂ တန်၊ မလေးရှားကို ၂၁၆ တန်၊ စင်ကာပူကို ၃၇၃၇ တန်၊ ဘိုလီးဗီးယားကို ၅ဝ၄ တန်နဲ့ ဗီယက်နမ်ကို ၅၁၇ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ် ရေးကတော့ တင်ပို့မှု ကျဆင်းပြီး ၇၅၇၈ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ဒေါ်လာ ၂၈ဝ-၃ဝဝ ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW
သြဂုတ်လအတွင်း ဗီယက်နမ် ပို့ကုန်များကျဆင်း ဘရာဇီးပြီးပါက ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သူဖြစ်တဲ့ ဗီယက်နမ်ရဲ့ သင်္ဘောတင် ၄၉ ရာခိုင်နှုန်း ကျဆင်းပြီး သြဂုတ်လမှာ တန် ၄ သောင်းသာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ သိုလှောင်မှုလည်းလျော့နည်းကြောင်း သိရပါတယ်။ ယခုနှစ် ပထမ (၈) လမှာတော့ ကော်ဖီတင်ပို့မှု ၉၅၈ဝဝဝ တန်ရှိပြီး ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း သိရပါတယ်။ ဗီယက်နမ်ဆန်ဝယ်လိုအားကတော့ တိုးလာြင်္ပီး ယခုနှစ်မှာ ဈေးကွက် အသစ်တွေရှိခဲ့တယ်လို့ ဗီယက်နမ်အစားအစာ အသင်းက ပြောကြားပါတယ်။ ယခုနှစ်မှာ ဆန်တန်ချိန် ၆ ဒသမ ၄ သန်းတင်ပို့ဖို့ စာချုပ်ချုပ်ဆိုထားပြီး ယခင်နှစ်အလားတူကာလထက် ၉ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်ကုမ္ပဏီတွေအနေနဲ့ ယခုလက်ရှိမှာ ဆန်သိုလှောင်မှု ၁ ဒသမ ၃ သန်းရှိပြီး ပို့ကုန်စာချုပ် တွေအတွက် လုံလောက်မှုရှိကြောင်းသိရပါတယ်။ ဗီယက်နမ်က ယခုနှစ်မှာ ဆန်တန်ချိန် ၇ ဒသမ ၄ သန်း တင်ပို့ဖို့ရည်ရွယ်ထားကြောင်း စိုက်ပျိုးရေးနဲ့ကျေးလက် ဖွံ့ဖြိုးရေးဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ယခု သြဂုတ်လမှာရော်ဘာတင်ပို့မှုက တန်ချိန် ၈၅ဝဝဝ ခန့်ရှိပြီး ယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရော်ဘာပို့ ကုန်တင်ပို့မှုက ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး ၄၅၄ဝဝဝ တန်ရှိကြောင်းသိရပါတယ်။ ဗီယက်နမ်ရဲ့ ရောင်းလိုအားက ၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အရွက်ရောဂါတစ်မိုျးကြောင့် ရော်ဘာ အစေးထုတ်လည်း နှောင့်နှေးခဲ့ရကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC ) ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခုနှစ်မှာ ရော်ဘာတင်ပို့မှု တန်ချိန် ၈၃၄၅ဝဝ ရှိနိုင်ပြီး ယခင်နှစ်က ၇၈၂၂ဝဝ ရှိခဲ့ကြောင်းသတင်း ရရှိပါတယ်။ Source; Bloomberg .com,KZW
ရော်ဘာဈေးနှုန်း အနည်းငယ်ကျဆင်းနိုင် ကမ္ဘာ့ရော်ဘာဈေးနှုန်းက ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်ပြီး တရုတ်ရဲ့ ဝယ်လိုအားနည်းတာကြောင့် လာမယ့် လ အနည်းငယ်အတွင်း ကျဆင်းဖွယ်ရှိကြောင်း သုတေသီများက ပြောကြားပါတယ်။ ဒါပေမယ့် အဓိကထုတ်လုပ်သူ ဖြစ်တဲ့ မလေးရှားမှာတော့ ရောင်းလိုအား အကျပ်အတည်းတွေ့တာကြောင့် လာမယ့် ရက်သတ္တပတ်အတွင်းမှာ ဈေးငြိမ် နိုင်ကြောင်း သိရပါတယ်။ ရာသီဥတုအခြေအနေ ဆိုးရွားမှုကလည်း အထွက်နှုန်းကို ထိခိုက်စေပြီး တိုကိုျ ကုန်စည်ဒိုင်နဲ့ ရှန်ဟိုင်း ဈေးကွက် တွေကနေ ရော်ဘာဈေးနှုန်းကို အဓိက ဦးဆောင်ဆုံးဖြတ်လိမ့်မယ်လို့သိရပါတယ်။ KZW,Source; commodity online