Background
နနွင်း ၁၆ တန်ကျော်တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း နနွင်း ၁၆ ဒသမ ၅ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက်ဆယ်နီးပါး တင်ပို့နိုင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အပို့လျော့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တစ်တန်ကို ကန်ဒေါ်လာ ၁၅၅ဝ ဝန်းကျင်ပဲရရှိခဲ့ပေမဲ့ ဒီသီတင်း ပတ်မှာတော့ ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်ထိ ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ သုံးသောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ဈေးကွက်ကို စောစောဝင်လာမယ့် မြစ်သားကြက်သွန်နီ ကြက်သွန်နီဟာ ဆောင်းသီးနံှ ဖြစ်တဲ့အတွက် နှစ်စဉ်သြဂုတ်လ လယ်မှာ ပျိုး ထောင်ပြီးအောက်တို ဘာလ၊ နိုဝင်ဘာလမှာ တောင်သူ တွေစတင်စိုက်ပိုျးလို့ ဈေး ကွက်ကို ဇန်နဝါရီလထဲမှ ဖြိုင်ဖြိုင်ဝင် ရောက်ပါတယ်။ မိုးလွန် ကာလမှာ စိုက်ပျိုးတဲ့အတွက် စိုက်ခင်းပြုပြင် စရိတ်တွေ သက်သာပြီး၊ တစ်ဧက အထွက်နှုန်းကောင်းလို့ အကျိုး အမြတ်များတဲ့ သီးနံှလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကြက်သွန်နီစိုက်ပျိုး မှုက တစ်မူထူးပြီး တောင်သူတွေ ဇွန်လလယ်မှာ ပျိုးထောင်ပြီး၊ သြဂုတ်လအတွင်းမှာ တစ်ပြိုင်တည်းစိုက်ပျိုးနေကြပါပြီ။ ကုန်သည်လက်ကျန်နည်းလာပြီး တောင်သူ လက်ဝယ်မှာလည်း ကြက်သွန်နီမရှိတော့တာကြောင့် အခုနှစ် ဇွန်လကစလို့ ပွဲရုံ လက်ကားဈေး(ဂျွန်)တစ်ပိဿာ ၅၅ဝ ကျပ်၊ လက်လီဈေးကွက်မှာ(ကြီး)တစ်ပိဿာ ၇ဝဝ ကျပ်(လတ်)တစ်ပိဿာ ၆ဝဝ ကျပ်ဈေးဖြစ်နေပါတယ်။ ဈေးကွက် ဖြစ်ပေါ်မှု ကြောင့် ဈေးကွက်ကို မျှော်ပြီးအစောစိုက်ပျိုးရခြင်းဖြစ်တယ်လို့ ကသဲကုန်းကျေးရွာ က တောင်သူများက ပြောပြပါတယ်။ မြစ်သားမြို့နယ်မှာ ကြက်သွန်နီ(ဆောင်း)ဧက ၇၅ဝဝ ကျော်နှစ်စဉ်စိုက်ပျိုးပြီး၊ ဒီနှစ်ကတော့ ကျေးရွာ အုပ်စုတိုင်းမှာ စောပြီးတစ်ပြိုင်နက်စိုက်ပျိုးနေကြပါတယ်။ နိုဝင်ဘာလထဲမှာ တူးဖော်နိုင်မှာဖြစ်တာကြောင့် ဈေးကွက်အတွင်းကို စောစော ဝင်ရောက်လာမှာဖြစ်ပါတယ်လို့ ပွဲရုံပိုင်ရှင်များက ခန့်မှန်းနေကြပါတယ်။ သန်းနိုင်
မန်ကျည်း ပုံမှန်တင်ပို့ သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်တာ ကာလအတွင်း မန်ကျည်း ၄၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ် ပါတယ်။ မန်ကျည်းကို မန်ကျည်းစေ့၊ မန်ကျည်းအစေ့လွတ်၊ မန်ကျည်းအစေ့ပါ စသဖြင့် တင်ပို့လျက်ရှိပါတယ်။ အက်ဖ်အိုဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၇ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းချင်းဈေးကွက် ရှမ်းချင်းတွေကတော့ နေ့စဉ်ပုံမှန်ရောင်းနေရတာကြောင့် အောင်ပန်းဈေးကွက် မှာလည်း လက်ကျန်သိပ် မများတော့ပါဘူး။ တောင်သူတွေလက်ထဲမှာတော့ ကုန်သလောက်ရှိနေပြီး လှောင်လက်တွေမှာတော့ အနည်းငယ် သာ ကျန်တော့တယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက်သာ အဝယ်ရှိနေတာကြောင့် ချင်းဈေးက တစ် ပတ်နဲ့ တစ်ပတ်သိပ်မကွာခြားလှပါဘူး။ အသစ်တွေကတော့ ဈေးကွက်ကို သီတင်း ကျွတ်လောက်မှသာ စဝင်မှာဖြစ်ပါတယ်။ ဒီနှစ်က မိုးကောင်းလွန်းအားကြီးတာ ကြောင့် တောင်သူတွေက ချင်းတွေ ပုပ်သွားမှာစိုးရိမ်နေကြပါတယ်။ ချင်းခြောက်တွေ ကိုလည်း သိမ်းဈေးနဲ့ဆိုရင် တစ်ပိဿာ ၁၅ဝဝ ကျပ်-၁၇ဝဝ ကျပ်ဈေးရှိပေမယ့် အနည်းအကျဉ်းလောက်ဝယ်ယူရင်တော့ တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း အောင်ပန်းပွဲရုံတွေက သိရပါတယ်။ လက်ကြီးသမား တွေကတော့ ချင်းကိုအလုံးသိမ်းဈေးတွေနဲ့ ဝယ်ယူ နေတယ်လို့လည်း သိရပါတယ်။ ချင်းခြောက်ကလည်း လက်ကျန်သိပ် မရှိတော့ပါ ဘူး။ ဒီတစ်ပတ်ချင်းဈေးကတော့ အရွယ်အစားနဲ့ အရည်အသွေးပေါ် မူတည်ပြီး တစ်ပိဿာကို ၃ဝဝ ကျပ်၊ ၃၃ဝ ကျပ်၊ ၃၅ဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်ချင်း(ဥမ)ဈေးကွက် ပြည်ဈေးကွက်တွင် ချင်း(ဥမ)ဈေးမှာ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်လျက် တစ်ပိဿာကို(ရှယ်) ၇ဝဝ-၈ဝဝ ကျပ်၊ (ဂျွန်) ၅၅ဝ-၆၅ဝ ကျပ်တို့နဲ့ ရောင်းဝယ် လျက်ရှိနေပါတယ်။ စီးဝင်မှုအားဖြင့် ဈေးကွက်အတွင်း ချင်း (အတက်)များ အဝင် မရှိသေးဘဲ ချင်း(ဥမ)များသာ အောင်ပန်း၊ တောင်ကြီးဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၂၈ဝ ခန့် ပုံမှန်အဝင်ရှိနေပြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပျမ်းမျှပိဿာချိန် ၁၈ဝဝ ခန့်ကိုလည်း ယခုတစ်ပတ်အတွင်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ အဝင်လည်းပုံမှန် အရောင်းအဝယ်နဲ့ ဈေးနှုန်းလည်း ပုံမှန်ရှိ နေလို့ ပွဲရုံများမှာလက်လီ၊ လက်ကားရောင်းဝယ်သူများ၊ချင်းဓါးလှီးသမားများမှ ပုံမှန်အဝယ် ရှိပြီး တစ်ရက်ကို ပိဿာချိန် ၁၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
သီးနံှလုံခြုံမှုကို မြှင့်တင်ရန် ရန်ပုံငွေတိုးမြှင့်သည့် တရုတ်နိုင်ငံ နိုင်ငံရဲ့ သီးနံှလုံခြုံမှု (Grain security) ကို မြှင့်တင်ဖို့ သီးနံှဆုံးရှုံးနိုင်ခြေ ရန်ပုံငွေအဖွဲ့(Grain Risk Fund) ကို ယွမ် ၄ ဒသမ ၄ ဘီလံျ (ကန်ဒေါ်လာ ၆၈၈ သန်း)ကို ထောက်ပံ့ ကြေး (Subsidies) အဖြစ်ထပ်မံထည့်ဝင်လိုက်ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၆-၈-၂ဝ၁၁ ရက်မှာ ပြောကြားလိုက် တယ်။ ယွမ် ၄ ဒသမ ၄ ဘီလံျ ထပ်မံထည့်ဝင်လိုက်တာကြောင့်Grain Risk Fund ရဲ့ အရင်းအနှီး စုစုပေါင်းမှာ ၃၈ ဒသမ ၂ ဘီလံျကိုရောက်ရှိသွားပြီး ဖြစ်ကြောင်း၊ ၎င်းရန်ပုံငွေတွေကို သီးနံှအဓိကထုတ်လုပ်တဲ့ ဒေသကြီး ၁၃ ခုအတွက် ထားရှိ ခြင်းဖြစ်ကြောင်း၊ ရန်ပုံငွေအားလုံးကို ဗဟိုအစိုးရက လျာထား သတ်မှတ် စီမံခန့်ခွဲကြောင်း သိရှိရပါတယ်။ ရန်ပုံငွေတွေကို သီးနံှထုတ်လုပ်မှု (Grain production) နဲ့ အရန်နံှစားသီးနံှနဲ့ အရန်စားသုံးဆီတွေထားရှိဖို့ထောက် ပံ့ကြေးအဖြစ် ဒေသဆိုင်ရာ အစိုးရများ (Local governments) က သုံးစွဲနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ ''ဒီလိုရန်ပုံငွေထားရှိတာဟာ တောင်သူ လယ်သမားတွေ ပိုမိုစိုက်ပျိုး လာဖို့အတွက် ဒေသဆိုင်ရာ အစိုးရတွေက ပိုပြီးအားပေးအားမြှောက်ပြု နိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ကို တည်ငြိမ်စေပြီး သီးနံှနဲ့ စားသုံးဆီလိုအပ် ချက်ကိုလည်း အာမခံချက်ပေးနိုင်မှာဖြစ်ပါတယ်'' လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထပ်မံ ပြောကြား ပါတယ်။ ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Grain Risk Fund က သီးနံှစိုက်ပျိုးသူ တွေကို တိုက်ရိုက်ထောက်ပံ့ကြေး (Direct subsidies) ပေးနိုင်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးအတွက် သွင်းအားစုနဲ့ စက်ကိရိယာ ဝယ်ယူခြင်းအတွက် အထွေထွေ ထောက်ပံ့ကြေး (General subsidies) ပေးနိုင်ကြောင်း သိရှိရပါတယ်။ ပြီးခဲတဲ့နှစ်မှာ တရုတ်နိုင်ငံရဲ့ သီးနံှထွက်ရှိမှုက တန်ချိန် ၅၄၆ ဒသမ ၄၁ သန်းရှိပြီး ယခင် နှစ်ကထက် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း တရုတ်နိုင်ငံရဲ့ နွေရာသီ သီးနံှထွက်ရှိမှုက တန်ချိန် ၁၂၃ ဒသမ ၁ သန်းရှိပြီး သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်။ ယခုနှစ်မှာ တရုတ်နိုင်ငံရဲ့ နွေရာသီ သီးနံှထွက်ရှိမှုက တန်ချိန် ၁၂၆ ဒသမ ၂၇ သန်းရှိပြီး ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်။ ဒီလိုတိုးတက်ခြင်းမှာ စိုက်ဧကတိုးခဲျ့ခြင်းနဲ့ အထွက်နှုန်းတိုးတက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါ တယ်။ သိန်းမြင့်ေ၀ Source: Chinadaily
ပြည်ကုလားပဲ ဈေးပြန်လှုပ်လာ ပြည်ပဲဈေးကွက်သို့ ကုလားပဲဝင်ရောက်မှုအနေဖြင့် အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခွဲစက်သမားများမှ ခွဲခြမ်းပြုလုပ်ပြီး တင်ပို့ရောင်းချကြပါတယ်။ ယခင်တစ်ပတ်က တစ်တင်း ၁၇၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာတော့ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။ အခြားတိုင်းမှ အဝင်မရှိဘဲ ဒေသတွင်း မြို့နယ်များမှ ခွဲစက် သမားများဖြင့် ပုံမှန်အရောင်းအဝယ် ရှိနေတာကြောင့် တစ်နေ့ကို အိတ် ၂၅ဝ-၃ဝဝ ခန့်အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
မုံရွာ V2 ဈေးကွက် သြဂုတ်လမှာ အရောင်းသွက် မုံရွာ ကုန်စည်ဒိုင် V2 ဈေးကွက်မှာ အရောင်းအဝယ်အားကောင်းခဲ့တာတွေ့ ရပါတယ်။ အဓိကဝယ်လက် အနေနဲ့ ရန်ကုန်မှ အများဆုံး ဆွဲကာ မန္တလေး ကုန်သည်တချို့ရဲ့ အဝယ်လည်းရှိခဲ့လို့ အခုလို အရောင်းအဝယ် အားကောင်း ခဲ့တာဖြစ်တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ပေါက်ဈေးအနေနဲ့ သြဂုတ်လ အတွင်း V2 တစ်တင်းအနိမ့်ဆုံး ၂ဝ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၅ဝဝ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းအနိမ့်ဆုံး ၁၆၅ဝဝ ကျပ်မှ အမြင့်ဆုံး ၁၇၅ဝဝ ကျပ်၊ ကုလားပဲ 292 တစ်တင်းအနိမ့်ဆုံး ၁၆၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၆၈ဝဝ ကျပ်၊ ကုလားပဲ ရိုးရိုးတစ်တင်းအနိမ့်ဆုံး ၁၅ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁၆ဝဝဝ ကျပ် ထိဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် ကြိုက်ဈေးပေါ် မူတည်ပြီး တစ်ရက်လျှင် အိတ် ၁၅ဝဝ၊ ၂ဝဝဝ မှ အိတ် ၅ဝဝဝ၊ ၇ဝဝဝ ထိရှိခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် နယ်မြေကလည်း သြဂုတ်လထဲ ကုလားပဲစီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၄ဝဝဝဝ ခန့် ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယ ကုလားပဲဈေး ခိုင်မာနေ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်ပဲဟောင်းနည်းလာပြီဖြစ်ပြီး ဝယ်လိုအားရှိနေတာကြောင့် ကုလားပဲဈေးခိုင်မာနေပါတယ်။ နိုင်ငံတကာ အခြေ အနေကတော့ အမေရိကန်နဲ့ ကနေဒါကုလားပဲထုတ်လုပ်မှု ကလည်း ယခင်နှစ်တွေ ထက် လျော့ကျဖွယ်ရှိတဲ့အပြင် စက်တင်ဘာလ ဒုတိယပတ်မှာ တရားဝင်ခန့်မှန်း မယ့် ကုလားပဲထုတ်လုပ်မှုကလည်း ကျဆင်းဖွယ်ရှိခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ ကာလတိုအတွင်း ကုလားပဲဈေး ဆက်လက်ခိုင်မာဖွယ် ရှိတယ် လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၈-၁၁ ၂၉-၈-၁၁ ၂၇-၈-၁၁ ၂၆-၈-၁၁မွန်ဘိုင်း - ၆၁ဝ-၆၂၁ ၆ဝ၇-၆၁၈ ၅၉၇(တန်ဇန်းနီးယား)ဒေလီ ၆၈၄-၆၉ဝ ၆၈၇-၆၉၂ ၆၈၃-၆၉၄ ၆၈၄-၆၈၉ကန်ပါ ၇၂၈ ၇ဝ၉ - ၇ဝ၁MIRT(MAPT)
လက်ကျန်နည်းလာတဲ့ ကုလားပဲ FOB အရောင်းအဝယ်ဖြစ် ဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲဟာ ယခုတစ်ပတ် FOB ဈေးကွက်မှာ တန်ချိန် ၁၇ဝဝ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ပါကစ္စတန်နဲ့ အိန္ဒိယဝယ်လက်များ ဝယ်လိုအားကောင်းပေမဲ့ လက်ကျန်နည်းလာ ပြီ ဖြစ်လို့ အရောင်းအဝယ်ဖြစ်မှု နည်းခြင်းဖြစ်ပါတယ်။ သြဂုတ်လတစ်လလုံး ပြည်ပ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ တန်ချိန် ၁၃ဝဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ စက်တင်ဘာလ ၂ ရက်မှာလည်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
