Main menu

Background

Monday, 27 Jun 2011

FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်လျော့                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ ယခုတစ်ပတ်မှာလည်း ပဲတီစိမ်းအဝယ်လျော့တာ တွေ့ရပါတယ်။ ဇွန်လ၁၈ ရက်မှ၂၄ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၃ဝဝ ကျော်သာ အရောင်းအဝယ်ဖြစ်တာ တွေ့ရ ပါတယ်။ ပို့ကုန်တစ်ယူနစ်တန်ဖိုး ကျဆင်းပေမဲ့ FOB ဈေးပြောင်းလဲခြင်းမရှိဘဲ ငြိမ်နေတဲ့အတွက် အိန္ဒိယဝယ်လက်များ ဈေးမကိုက်လို့ ဝယ်ယူမှုနည်းတယ်လို့ သိရပါတယ်။                    ဇွန်လ ၁ ရက်မှ ၂၄ ရက်အထိ စုစုပေါင်း အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၈ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ဇွန်လ ၂၄ ရက်မှာလည်း ပဲတီစိမ်း (အညာ) FAQ တစ်တန် ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ၊ ပဲတီရွှေဝါ(အသေး)တစ်တန်ကန်ဒေါ်လာ ၁၁၈ဝ-၁၂ဝဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၁၂၈ဝ- ၁၃ဝဝ အသီးသီးရှိတယ်လို့ သိပါတယ်။ MIRT - MAPT 

Monday, 27 Jun 2011

ပဲတီစိမ်းသင်္ဘောတင် တန်ချိန် ၃ဝဝဝ ခန့်ရှိ              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုတစ်ပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်) မှာလည်း တန် ၃ဝဝဝ ခန့် သာ ရှိလို့ တင်ပို့မှု လျော့နည်းတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင် တို့ဖြစ်ပြီး ယခုတစ်ပတ်မှာ တရုတ်ဘက်ကို တင်ပို့မှုမရှိဘူးလို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက် ပြည်ပတင်ပို့မှု တန်ချိန် ၈ဝဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၅၆ဝဝဝ ကျော်ထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပင်လယ်ရေကြောင်း တင်ပို့မှု ဆက်လက်နည်းဖွယ်ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Monday, 27 Jun 2011

ပဲမျိုးစုံထုတ်လုပ်မှုမြှင့်တင်ဖို့ ဧပြီလနဲ့ မေလအတွင်းမှာ အစိုးရက ရူပီး သန်း ၁၁ဝဝ ထုတ်ပေးခဲ့               အိန္ဒိယနိုင်ငံ မိုးရေခံဒေသရဲ့ ရွာပေါင်း ၆ဝဝဝဝ မှာ ပဲထုတ်လုပ်မှုမြှင့်တင်ဖို့အတွက် လက်ရှိဘဏ္ဍာနှစ် ပထမ ၂ လ အတွင်း အိန္ဒိယအစိုးရက ပြည်နယ်များစွာကို ရူပီး သန်း ၁၁ဝဝ (ကန်ဒေါ်လာ ၂၄ ဒသမ ၆၄ သန်း) ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁၁-၁၂ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ မေလအတွင်း ရူပီး ၁၁ဝဝ ရန်ပုံငွေထဲက ရူပီး ၂၅၄ ဒသမ ၈ သန်း (ကန် ဒေါ်လာ ၅ ဒသမ ၇ သန်း)ကို မဟာရပ်ရှတရာ၊ ရူပီး ၂၁၆ ဒသမ ၁ သန်း (ကန်ဒေါ်လာ ၄ ဒသမ ၈၄ သန်း) ကို ရာဂျက်စသန်၊ ရူပီး ၁၉၁ ဒသမ ၈ သန်း(ကန်ဒေါ်လာ ၄ ဒသမ ၂၉ သန်း)ကို ဥတ္တရာပရာဒေ့ရှ်၊ ရူပီး ၁၅၄ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်း)ကို ကာနာတာကာနဲ့ ကျန်တဲ့ငွေကို အင်ဒရာပရာဒေ့ရှ်၊ ဘီဟာနဲ့ အခြား ပြည်နယ်တွေကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။                  နိုင်ငံရဲ့ ဒေသအများစုမှာ မိုးပဲမျိုးစုံစိုက်ပျိုးနေပြီဖြစ်ပြီး ယခုအချိန်ထိ တောင်သူများက ပဲမျိုးစုံဟက်တာ ၂ ဒသမ ၈၆ သိန်း စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ တောင်သူတွေ ပဲမျိုးစုံစိုက်ပျိုးဖို့ အားပေးတဲ့အနေနဲ့ အစိုးရဟာ ၂ဝ၁၁-၁၂ ပဲမျိုးစုံအတွက်အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) ကို တစ်တန် ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၈၉ ဒသမ ၅၈) တိုးမြင့်ခဲ့ပါ တယ်။ ယခုနှစ်အတွက် ပဲတီစိမ်း(MSP)  ကို တစ်တန် ရူပီး ၃၅ဝဝဝ (ကန်ဒေါ်လာ ၇၈၄) မတ်ပဲအတွက် ရူပီး ၃၃ဝဝဝ (ကန်ဒေါ်လာ ၇၃၉) နဲ့ ပဲစင်းငုံအတွက် ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၇၁၇) သတ်မှတ်ခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ ပဲတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျော့ကျစေဖို့ ရွာပေါင်း ၆ဝဝဝဝ မှာ ပဲမိုျးစုံအထွက် မြှင့်တင်တဲ့ စီမံကိန်းကို ယခင်ဘဏ္ဍာနှစ်က စတင်ခဲ့ပြီး ရူပီးသန်း ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၁၉ သန်း) သုံးစွဲခွင့်ပြုခဲ့ပါတယ်။ ယခင်နှစ် ခြောက်သွေ့တဲ့ မြေများမှာ အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာမှာ တောင်သူတွေဆီက တုံ့ပြန်မှု ကောင်းတွေရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ၂ဝ၁ဝ-၁၁ သီးနံှရာသီမှာ ပဲမျိုးစုံတန်ချိန် ၁၇ ဒသမ ၂၉ သန်းအထိ စံချိန်တင် ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ယမင်းရွှေစင်၊Source: hindubusiness

Monday, 27 Jun 2011

ပဲလွန်းဖြူနီ တန်ချိန် ၆ဝဝ အတင်ရှိ                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနီတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၅ဝဝ ခန့်သာ ရှိခဲ့ပြီး ယခုသီ တင်းပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာတော့ တန်ချိန် ၆ဝဝ တင်ပို့မှု ရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်အထိ ပြည်ပတင်ပို့မှုမှာ ပဲလွန်းဖြူ တန်ချိန် တစ်သောင်းကျော် ရှိပြီးယခင်ဘဏ္ဍာနှစ် ကာလတူက တန် ချိန် ၈ဝဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT - MAPT

Monday, 27 Jun 2011

 ပြည်ပဲလွန်းဖြူဈေးမြင့်သော်လည်း လက်ကျန်နည်းလာ              ပြည်သို့ ပဲလွန်းဖြူဝင်ရောက်မှုမှာ အဝင်နည်းနေပြီး လက်ကျန်လည်းနည်း လာခဲ့ပါတယ်။ ပြည်ပဲဈေးကွက်မှာ ပဲလွန်းဖြူဈေးက အမြင့်ဆုံးဖြစ်ပြီး ပဲတစ်တင်းကို ၁၈ဝဝဝ ကျပ်ဈေးရှိတယ် လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ် မရှိဘဲ လက်လီသမားများသာ အရောင်းအဝယ်ရှိပြီး တစ်နေ့ကို ၅-၁ဝ အိတ်အထိ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ မိမိအေး

Monday, 27 Jun 2011

  ပဲလွန်း ဖြူကို ပြည်ပအဝယ်တန် ၅ဝဝ ကျော်ရှိ                     ရန်ကုန် FOB ဈေးကွက်မှာ ပဲလွန်းဖြူကို ပုံမှန်အဝယ်ရှိနေလို့ ယခင် သီတင်းပတ်က အရောင်းအဝယ်ဖြစ်တဲ့ ပမာဏလိုဘဲ ယခုသီတင်းပတ် (ဇွန်လ ၁၈ ရက်မှ ၂၄ ရက်) အတွင်းမှာလည်း တန်ချိန် ၅၆ဝ အရောင်းအဝယ်စာချုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၂၄ ရက်နေ့အထိ စုစုပေါင်း စာချုပ်ပြီး စီးမှုဟာ တန်ချိန် ၁၅ဝဝ ခန့် ရှိပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲခြင်းမရှိဘဲ ဇွန်လ ၂၄ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ် လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ၉၈ဝ -၁ဝဝဝ အသီးသီးရှိတယ် လို့ သိရပါတယ်။ MIRT - MAPT

Monday, 27 Jun 2011

ဒီတစ်ပတ် တန် ၄ဝဝဝ ပို့                 ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှု တန်ချိန် ၅ဝဝဝ အထက်မှာ ရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၄ဝဝဝ ကျော်ကို လျော့ကျ တင်ပို့လာတာတွေ့ရပါတယ်။ ပဲစင်းငုံကို အိန္ဒိယအပြင် စင်ကာပူနဲ့ မလေးရှားကို လည်း တင်ပို့တာတွေ့ရပါတယ်။ ဇွန်လ ၁၇ ရက်နေ့အထိ ယခုဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံ ပြည်ပတင်ပို့မှု တန်ချိန် ၄ဝဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၂၆ဝဝဝ ကျော်သာရှိတာတွေ့ရပါတယ်။ လာမယ့်အပတ်မှာလည်း တင်ပို့မှု အားနည်းနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။      MIRT - MAPT

Monday, 27 Jun 2011

ပဲစင်းငုံဈေး ပြန်ဆင်းလာ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခင်တစ်ပတ်က ပဲစင်းငုံဈေးငြိမ်နေ ရာမှ ယခုတစ်ပတ်မှာ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ ရောင်းလိုအားများပြီး အဝယ်မရှိခြင်းက ဈေးနှုန်းကို ကျဆင်းစေပါတယ်။ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ နောက်ထပ် ၆ လခန့် လိုနေသေးတဲ့အတွက် လှောင်လက်ကြီးများဟာ ဈေးထပ်မံ မြင့်တက်မယ် မျှော်လင့်ပြီး ပဲစင်းငုံပမာဏ အမြောက်အမြား ကိုင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။ မိုးရွာသွန်းမှု ပုံမှန်အောက် ရောက်မယ်ဆိုပေမဲ့ လက်ရှိစိုက်ပျိုးထားတဲ့ ပဲများဟာ အစိုဓာတ်နဲ့ ရာသီဥတုကောင်းမွန်စွာရရှိတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးအတက်အကျဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                    ဒေါ်လာ/ တန်                   ၂၃-၆-၁၁          ၂၂-၆-၁၁          ၂၁-၆-၁၁            ၂ဝ-၆-၁၁မွန်ဘိုင်း            ၆၅၁-၆၆၂         ၆၆၄-၆၇၅        ၆၆၈-၆၇၉           ၆၇၂-၆၈၃ဒေလီ               ၇၂၃-၇၂၆         ၇၂၅-၇၂၇       ၇၃၅-၇၃၇           ၇၃၃-၇၃၆ချန်နိုင်း                ၆၅၆                ၆၅၈              ၆၅၇                  ၆၆၇MIRT(MAPT)

Monday, 27 Jun 2011

ဒီတစ်ပတ် တန် ၇ဝဝဝ စာချုပ်ရောင်း                  ရန်ကုန်တိုင်းဒေသကြီး(ဘုရင့်နောင်)ကုန်စည်ဒိုင်ရဲ့ FOB  ဈေးကွက်မှာ ပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်းကြောင့် မြန်မာ့ပဲရောင်းသူများရော ပြည်ပဝယ်လက်များပါ မကိုက်တဲ့အတွက် အရောင်းအဝယ်ဖြစ်မှု နည်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဇွန်လ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်းမှာ ပဲစင်းငုံဖြူနီနဲ့ အဖြူ တန်ချိန် ၇ဝဝဝ ခန့် ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၂၄ရက်အတွင်း ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ဆို ပြီးစီးမှုဟာ တန်ချိန် ၁၉ဝဝ ကျော်ရှိပြီလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန် ဝင်ငွေတစ်ယူနစ် တန်ဖိုးကျဆင်းပေမဲ့ ပဲစင်းငုံ ရန်ကုန် FOB ဈေးနှုန်းကတော့ ယခင်တစ်ပတ်ဈေးအတိုင်းဇွန်လ၂၄ ရက်မှာလည်း ပဲစင်းငုံ (FAQ)တစ်တန် ကန် ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ- ၅၄ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Monday, 27 Jun 2011

ယခုအပတ် မတ်ပဲတင်ပို့မှု ပိုမို                 ဇွန်လ ၁၅ ရက်မှ ၂၁ ရက်အထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၇ဝဝဝ တန်ဖိုးရှိ မတ်ပဲ တန် ၃ဝ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁ဝ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီး များက ထွက်ရှိတဲ့ မတ်ပဲများကို တင်ပို့နေတာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ဈေးများ ကျလျက်ရှိပါတယ်။ နှစ်ဘက်မြေပြင်ပေါက်ဈေးများကို နိုှုင်းယှဉ် ဖော်ပြပေးလိုက်ရ ပါ တယ်-                              မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်       ပြောင်းလဲမှု   %     ယခု     ယခင်    ပြောင်းလဲမှု    %မတ်ပဲ     ၅၅၂၁၈၄     ၅၆၆၁ဝ၃      ၁၃၉၁၉      ၃      ၈ဝ၃     ၈၃၄          ၃၁           ၄MIRT (DOBT)

Pages