Background
ဟိုပုံးနနွင်းဈေးကွက်ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ နာမည်ကြီးဟိုပုံးနနွင်းလည်း ဈေးကွက်ကိုဝင်နေပါပြီ။ အဝင်ကတော့ သိပ်မများသေးပါဘူး။ ဟိုပုံးတောင်ဖက်ဒေသနဲ့ နမ့်ခုတ်မြို့နယ်တွေကနေဝင်လာတာဖြစ်ပါတယ်။ ရှမ်းနနွင်းက တောင်စောင်းများမှာ သဘာဝ အတိုင်း စိုက်တာကြောင့် အသားပွပြီး၊ အရောင်နုပါတယ်။ ကျောက်ဆည်နနွင်းက မြေပြန့်မှာ မြေသြဇာ ကျွေးပြီး စနစ်တကျ စိုက်ပိုျးတာကြောင့် အသားကျစ်ပြီး၊ အရောင်ရင့်တယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက ကျောက်ဆည်နနွင်းနဲ့ အသွင်သဏ္ဍန်ချင်း တူတာကြောင့် ဝယ်လက်တချို့တွေက ပြန်လည်သန့်စင်ပြီး ကျောက်ဆည်ကို ပို့ဖို့ ဝယ်ယူနေကြပါတယ်။ မူဆယ်ကတစ်ဆင့် တရုတ်ပြည်ကိုပို့ဖို့ ဝယ်လက်တွေလည်း ဆင်းဝယ်နေတာကြောင့် ဈေးကလည်း နဲနဲတက်လာပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းတစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာ နနွင်းစ (ရိုးရိုး) ၁၈ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ရှိပြီး၊ ဆင်တောင် နနွင်းက ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းခြောက်တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
နယ်စပ်မှ နနွင်းတက်တင်ပို့မှု အားကောင်းနေ မတ်လ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် နိုင်ငံ သို့ ရှမ်းနနွင်းတက် ၈၈ တန်နီးပါး ကန်ဒေါ်လာ ၁၆ဝ၈ဝဝ ဖိုးနဲ့ စစ်တွေမှ ကန်ဒေါ်လာ ၁၆ဝဝ တန်ဖိုးရှိ နနွင်းတက် ၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှ နနွင်းတက် ၇၃ တန် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ ၁၅ တန်နဲ့ တင်ပို့မှုပိုမိုခဲ့ပါတယ်။ တင်တင်ထွန်း MIRT(DOBT)
မြစ်သားပြီးရင် မြင်းခြံဘက်က ဆက်လက်ထွက်ရှိတဲ့ ဆောင်းကြက်သွန်နီ ဆောင်းကြက်သွန်နီဟာ မြစ်သား၊ ကျောက်ဆည်မှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလလောက်က ပထမဆုံး ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယ ထွက်တဲ့ မြို့နယ်ကတော့ မြင်းခြံမြို့နယ်ဖြစ်ပါတယ်။ မြင်းခြံမြို့နယ် ကန်ဆင့် ရွာမှာ မတ်လဆန်းက စထွက်ပါတယ်။ အခုဆိုရင် နွားထိုးကြီးဘက်က လက်ဝဲ ရွာနဲ့ တောင်သာမြို့နယ်က ဆင်ဖြူရွာ၊ ကြာပို့ရွာတွေ ကြက်သွန်နီတွေလည်း ဈေးကွက်ထဲကိုရောက်နေပါပြီ။ ညောင်ဦးမြို့နယ် ရွာသာယာအနီးက ကျေးရွာ ၆ ရွာရဲ့ ဆောင်းကြက်သွန်နီတွေလည်း မြင်းခြံဈေးကွက်နဲ့ ပခုက္ကူဈေးကွက်တွေ ကို ရောင်းချတယ်လို့သိရပါတယ်။ အခုဆောင်းကြက်သွန်နီကို ကန်ဆင့်ရွာက ဧက ၁၃ဝ ကျော်စိုက်ပြီး၊ တစ်ဧက ၄ သိန်းကျော်ကုန်တော့ အထွက်နှုန်းပိဿာ ၃ဝဝဝ မှ ၃၅ဝဝ ထွက်ရင် တစ်ပိဿာ ကုန်ကျစရိတ်ပျမ်းမျှ ၁၄ဝ ကျပ်လောက် ခန့်မှန်းတယ်လို့ တောင်သူ တွေက ပြောပါတယ်။ အခုရက်အတွင်း မြင်းခြံကုန်စည်ဒိုင်ပေါက်ဈေး ကြက်သွန်နီ (ကြီး) ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်၊ အလတ် ၃ဝဝ ကျပ်၊ ၃၅ဝ ကျပ်၊ အသေး ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ်နဲ့ တစ်ရက်ပျမ်းမျှပိဿာ ၃၅ဝဝဝ-၄ဝဝဝဝ ဝင်ရောက်တယ်လို့ မြင်းခြံ ကုန်စည်ဒိုင်မှသိရပါတယ်။ ကန်ဆင့်ရွာက တောင်သူတွေအနေနဲ့ ပျမ်းမျှ တစ်ပိဿာ ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ် အမြတ်ရကာ တစ်ဧကကို အထွက်နှုန်းပေါ် မူတည်ပြီး ပျမ်းမျှ ၆ သိန်းမှ ၈ သိန်းထိ အကျိုးအမြတ်ရတယ်လို့ ဆိုပါ တယ်။ အရင်နှစ်က ကြက်သွန်နီဈေးကျလို့ တောင်သူတွေ စိုက်ဧကနည်းသွားတယ်လို့ ဆိုပေမယ့် မြေပြင်မှာ တောင်သူတွေက မိရိုးဖလာအတိုင်း ပုံမှန်စိုက်နေတာ တွေ့ရပါတယ်။ စောစောစိုက်တဲ့ တောင်သူတွေအနေနဲ့ လုံ့လ၊ ဝီရိယအကျိုးခံစား ရတယ်လို့ပြောကြပါတယ်။T60
မန်ကျည်းအပို့သာခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၅၄၅ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၇၄ တန်၊ မလေးရှားနိုင်ငံကို ၂ဝ၆ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ စင်ကာပူကို ၁၉၂ တန်နဲ့ ထိုင်းနိုင်ငံကို ၄၈ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းသီးတန်ချိန် ၁၉ဝ နီးပါးတင်ပို့ခဲ့တဲ့အတွက် ဒီသီတင်းပတ်မှာ အပို့သာခဲ့တာတွေ့ရပါတယ်။ အက်ဖ် အိုဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၃၆ဝ ဝန်းကျင်ရရှိခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ၁၉၇၉ဝ၅ ဒေါ်လာရရှိခဲ့ပါတယ်။ MIRT (DOT)
အဝင်နည်းပြီးဈေးငြိမ်တဲ့ အောင်ပန်းချင်းဈေးကွက် ဒီတစ်ပတ် အောင်ပန်းချင်းဈေးကွက်မှာ ချင်းဈေးကငြိမ်နေပါတယ်။ အလှူပွဲ ရာသီရောက်လာတာကြောင့် တောင်သူတွေကလည်း အလုပ်နားနေတယ် လို့ သိရပါတယ်။ ချင်း (စို) တွေကတော့ လက်ကျန်ရှိနေသေးတယ်လို့ သိရပေမဲ့ ဈေးကွက်ကိုတော့ အဝင်နည်းပါသေးတယ်။ ချင်းခြောက်ကလည်း အနည်းငယ်သာ ဝင်နေဆဲလို့သိရ ပါတယ်။ အောင်ပန်းချင်းဈေးကွက်မှာ ချင်း (စို)က အရင်တစ်ပတ် ကလိုပဲ တစ်ပိဿာ ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ် ဈေးနဲ့သာဈေးငြိမ်နေပါတယ်။ ချင်းခြောက်ဈေးကတော့ အရည်အသွေးပေါ်မူတည်ပြီး ၁၆ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေး ရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ (ချင်းစို)ကအထွက်နည်းပြီး အရည်အသွေးညံ့ တာကြောင့် တစ်ပိဿာကို ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ် ပတ်ချာလည်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ချင်းခြောက်ကလည်း လောလောဆယ်မှာ လက်လီဈေးနဲ့ ဈေးပတ်သမားတွေနဲ့ ပရဆေးဆိုင်ကဝယ်ယူနေတာကြောင့် တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေးရှိ ပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
ပြည်ချင်းဈေးကွက် အရောင်အဝယ်အေး ယခုတစ်ပတ် ပြည်ချင်းဈေးကွက်တွင် အရောင်းအဝယ်အေးနေပြီး အဝင်မှာ အောင်ပန်းဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့် ပုံမှန်ဝင်ရောက်မှု ရှိ နေပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း (ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁ဝဝဝ ကျပ်တို့နဲ့ ပုံမှန်ဈေးရှိပြီး ဈေးကွက်အတွင်း တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့်ဖြင့် အရောင်းအဝယ်အေး နေပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈ဝ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းလဲ့ဝါ
ဂျပန်၏ ပျက်စီးဆုံးရှုံးမှုများကြောင့် သီးနံှဈေးကွက်ဈေးကျနေ ဂျပန်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ချီကာဂို ကုန်သွယ်ရေး အသင်း (CBOT) ရဲ့ လယ်ယာထွက်ကုန် ပစ္စည်းအလားအလာ မကောင်းကြောင်း သိရပါတယ်။ မေလအတွက် ပြောင်းစာခုျပ် ဈေးနှုန်းက ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ၆ ဒသမ ၆၄ ဒေါ်လာကိုရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ပြောင်းဈေးနှုန်းက ၃၁ လအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ မှာ တစ်ဘူရှယ်ကို ၇ ဒသမ ၄၄ ဒေါ်လာကို ရောက်ရှိ ခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်ရဲ့ မေလစာချုပ်ဈေးနှုန်းက ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ၁၃ ဒသမ ၃၄၅ ဒေါ်လာရှိပြီး ဆန်စာခုျပ်ဈေးနှုန်းက ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး ပေါင် ၁ဝဝကို ၁၃ ဒသမ ဝ၁ ဒေါ်လာကို ရောက်ရှိခဲ့ပါတယ်။ ကော်ဖီ ဈေးနှုန်းက မေလအတွက် ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ၂ ဒသမ ၇၄ ဒေါ်လာကိုရောက်ရှိလာသလို ကိုကိုးဈေးနှုန်းကလည်း ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်တန်ကို ၃၄၂ဝ ဒေါ်လာရှိကြောင်းသိရပါတယ်။ တရုတ်ရဲ့ ဝယ်လိုအားကြောင့် ဖေဖော်ဝါရီလဆန်းမှာ တစ်ဘူရှယ်ကို ၁၄ ဒသမ ၅ ဒေါ်လာအထိ ဈေးရခဲ့ကြောင်း သိရပါတယ်။ ဂျပန်က လွန်ခဲ့တဲ့နှစ်မှာ အမေရိကန် ထံမှ ပဲပုပ် တန်ချိန် ၂ ဒသမ ၃၄ သန်းနဲ့ ဆန်တန်ချိန် ၃၈၈၉ဝဝ တန်ဝယ်ယူခဲ့ပြီး အကြီးဆုံးပြောင်းဝယ်လက် ဖြစ်ခဲ့တယ်လို့(USDA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ ဂျပန်နိုင်ငံရဲ့ မြေငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်စိုက်ပိုျးရေး ထုတ်လုပ်မှု ဧရိယာတော်တော် များများ ပျက်စီးခဲ့ရပါတယ်။ ဒီပျက်စီးဆုံးရှုံးမှုက ပိုပြီးကျယ်ပြန့်လာပြီး ဂျပန်သီးနံှ ကုန်သွယ်ရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန် ကြေညာချက်များအရ သိရပါတယ်။ ဂျပန်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းဖြစ်တဲ့ ကုရှီယို၊ ဟချီနိုဟီ၊ အိချိနို၊ မဂိနဲ့ကရှိမ ဆိပ်ကမ်းတွေက ဆူနာမီကြောင့် ထိခိုက်ခဲ့ရပါတယ်။ ဒါ့အပြင် အစားအစာ ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေပါ ပျက်စီးခဲ့ပါတယ်။ အဲဒီထိခိုက်မှုတွေက မြေငလျင်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်တာမဟုတ်ဘဲ ဆူနာမီကြောင့် ထိခိုက်တာဖြစ်ကြောင်း ဂျပန်မှပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဒီထိခိုက်မှုက စိုက်ပျိုးရေး ကဏ္ဍကို ဘယ်လောက် အကျိုးသက်ရောက်စေမယ်ဆိုတာ ပြောဖို့ စောသေး ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: Commodity Online, KZW
နယ်စပ် အပို့ တန် ၆၄ဝဝ ကျော်ရှိ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ် စခန်းများမှ ပြောင်းဖူးစေ့တန်ချိန် ၆၄၄ဝ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၁၂ သန်းဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ယခင် အပတ်က မူဆယ်-လွယ်ဂျယ်နဲ့ချင်းရွှေဟော် နယ်စပ်စခန်းများမှ တန်ချိန် ၈၆ဝဝ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂၁ဝဝ ကျော်လျော့နည်း တင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်မှ တန် ၁၆ဝဝ ကျော်၊ လွယ်ဂျယ်မှ တန် ၄၂ဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ခြင်း မရှိတဲ့အတွက် တင်ပို့မှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသ ကြီးက ထွက်ရှိတဲ့ပြောင်းဖူးစေ့ တင်ပို့နိုင်မှုနည်းပါးပြီး ရှမ်းပြည်နယ် တစ်ဝိုက် လားရှိုး၊ နောင်ချို၊ ကျောက်မဲပတ်ဝန်းကျင် ဒေသထွက်ပြောင်းဖူးစေ့များ တင်ပို့ လျက်ရှိတာ ဖြစ်ပါတယ်။ယခုအပတ်ပြည်တွင်းနဲ့ တစ်ဘက်နိုင်ငံဈေးနှုန်းမှာ လျော့ကျလျက်ရှိပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၈၄၃၄၃ ၂၉ဝဝ၅၆ ၅၇၁၃ ၂ ၂၇၇ ၂၈၃ ၁၃ ၅MIRT (DOBT)
ဂျပန် ဆူနာမီဂယက်ကြောင့် ပင်လယ်ရေကြောင်း ပြောင်းအတင်မရှိ မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု မရှိတာတွေ့ရပါတယ်။မတ်လဆန်းကစပြီး တစ်ပတ်ထက် တစ်ပတ် တင်ပို့မှု လျော့ကျခဲ့ရာကနေ ရပ်ဆိုင်းသွားတာ တွေ့ရပါတယ်။ပြောင်း အဓိကထွက်တဲ့ အမေရိကန်နိုင်ငံမှာလည်း ဝယ်လိုအားတွေကျဆင်းပြီး ဈေးနှုန်း လည်းကျသွားတာတွေ့ရပါတယ်။ ပြောင်းတင်သွင်းမှုအများဆုံး စာရင်းဝင် ဂျပန် နိုင်ငံရဲ့ ဆူနာမီဂရက်ကြောင့် တင်သွင်းမှုရပ်ဆိုင်းခဲ့ခြင်းကလည်း ပြောင်းတင်ပို့မှုကို ကျဆင်း စေခဲ့တာဖြစ်ကြောင်း သိရပါတယ်။ပင်လယ်ရေ ကြောင်း တင်ပို့မှုရပ်တန့် နေပေမယ့် နယ်စပ်တင်ပို့မှုကတော့ရှိနေပြီး တင်ပို့တဲ့ ပမာဏသာအနည်းငယ် လျော့ကျ ခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့ခဲ့တဲ့ FOB ရန်ကုန်ဈေးတွေကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရခဲ့ပါတယ်။ KZW
ဂျပန်ငလျင်ကြောင့် အိန္ဒိယရော်ဘာ စိုက်သူတို့ထိခိုက် မြေငလျင်နဲ့ ဆူနာမီလှိုင်းများ ဂျပန်မှာ ကျရောက်ခြင်းအကျိုးဆက်က အိန္ဒိယရဲ့တောင်ပိုင်းမှာရှိတဲ့ ကာရာလာ ဒေသကို ထိခိုက်စေခဲ့ကြောင်းသိရပါတယ်။ အဲဒီဒေသမှာ နေထိုင်တဲ့အိန္ဒိယတိုင်းရင်းသားတွေက ဂျပန်နိုင်ငံအပေါ်မှာ မှီခိုနေရပြီး သူတို့ဒေသရဲ့အဓိကထွက်ကုန်ရော်ဘာက တိုကျိုကုန်စည်ဒိုင် (Tocom) ရဲ့ အထင်ကရ ကုန်ပစ္စည်းဖြစ်ပြီး ကာရာလာရဲ့ အသက်ရှင် ရပ်တည်မှုအတွက် အရေးကြီးတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ ကမ္ဘာ့ တစ်ဝန်းကုန်ပစ္စည်းတွေရှားပါးပြီး ဈေးကောင်းရ လာတာက ထုတ်လုပ်သူတွေအတွက် ပိုမိုကောင်းမွန်စေပြီး ဈေးနှုန်း အပြောင်းအလဲအတက်အကျကတော့ ပကတိအခြေအနေ အကြောင်းတရားတွေပေါ်မှာ မူတည်ပါတယ်။ ဂျပန်က သဘောဝဘေးအန္တရာယ်ဒဏ်ကို ခံစားရပြီး စီးပွားရေးအထိနာ နေချိန်မှာ ပြန်လည် ဦးမော့ဖို့ အချိန်ယူရဦးမှာဖြစ်ပါတယ်။ ဂျပန်ရဲ့ရော်ဘာဝယ်လိုအားလည်း ကျဆင်းသွားပြီး ရော်ဘာ ဈေးနှုန်းတွေလဲ သုံးလ အတွင်း အနိမ့်ဆုံးကိုရောက်သွားနိုင်ကြောင်း မှန်းဆကြပါတယ်။ တိုကျိုကုန်စည်ဒိုင် (Tocom) ရဲ့ သြဂုတ်လ အလားအလာကတော့ဈေးကျပြီး တစ်ကီလိုဂရမ်ကို ၃၈၅ ယန်း (၄ ဒသမ ၆ ဒေါ်လာ) သာရှိနိုင်ကြောင်း သိရပါတယ်။ (Tocom) ရဲ့ ဝယ်လိုအားက နိုင်ငံရဲ့ပို့ဆောင်ဆက်သွယ်ရေးအသုံးပြုမှုနဲ့ တိုက်ရိုက်ပတ်သက်ပြီး ဈေးကျတာကတော့ နားမလည်နိုင်တဲ့ပုစ္ဆာဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီအကျိုးဆက်ကို ကာရာလာလယ်သမားတွေအတွက် အလွန်ဆိုးရွားတဲ့ ဈေးနှုန်းကို ဖြစ်စေနိုင်ကြောင်းသိရပါတယ်။ ဂျပန်တစ်နိုင်ငံတည်းက ရော်ဘာသုံးစွဲသူမဟုတ်တဲ့ အတွက် ရော်ဘာ ဝယ်လိုအား တက်နေဦးမှာ ဖြစ်တယ်လို့ သုတေသီများက သုံးသပ်ပြန်ပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာ ရော်ဘာ အရောင်းအဝယ်ဟာ (၅၈ဝ၅၈) တန် ဝန်းကျင်ရှိပြီး ယခင်နှစ် ၁၅၁၈၃၂ တန် ထက် ၆၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းANRPC ရဲ့ ထုတ်ပြန်ချက်အရတော့ တရုတ်ရဲ့ ရော်ဘာသုံးစွဲမှု ၉ ရာခိုင်နှုန်း မြင့်တက်ဖွယ် ရှိပြီး တန်ချိန် ၃ ဒသမ ၆ သန်းနဲ့ အိန္ဒိယက ၅ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၉၉၁ဝဝဝ သုံးစွဲဖွယ်ရှိကြောင်း သိရပါတယ်။ ခရီးသည်တင်ကားရောင်းချရနှုန်းက တစ်နှစ်ထက်တစ်နှစ် ၁၆ ဒသမ ၂ ရာခိုင်နှုန်းတိုးပြီး ၁ ဒသမ ၅၃ သန်း ရောင်းချရခဲ့ကြောင်း ခရီးသည်တင်ကားထုတ်လုပ်ရေးအသင်းက ကြေညာခဲ့ပါတယ်။ Source: Commodity Online, KZW