Main menu

Background

Wednesday, 30 Mar 2011

မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ တန် ၆ဝဝ ကျော် ယခုအပတ် တင်ပို့                  မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရးဇုန်မRSS-3  ၃ဝ၉ တန်၊ MSR-50  ၂၄ တန်၊ ချင်းရွှေဟော်မှ RSS-3  ၉၁ တန်ကျော်၊MSR-50  ၁၁၂ တန်ကျော်နဲ့ မြိတ်မှ MSR-50 တန် ၁ဝဝ အပါအဝင် နယ်စပ်စခန်း ၃ ခုမှ စုစုပေါင်း RSS-3  တန် ၄ဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ၈၅၈ သန်း၊MSR-50  ၂၃၇ တန်ခန့် ကန်ဒေါ်လာ ၁ ဒသမ ဝ၂၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၄၁၉ တန်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။RSS-5 ဈေးဟာ ယခင် အပတ်ကထက် မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာဈေးများ ကျလျက်ရှိပါတယ်။ တရုတ် ဝယ်လက်များကလည်း ရော်ဘာဈေးနှုန်းကျဆင်းလာမည့်အခြေအနေကို စောင့်ကြည့်နေတယ်လို့သိရပါတယ်။ 

Wednesday, 30 Mar 2011

 ပဲမျိုးစုံတန်ချိန် ၁ဝဝဝဝ ဝယ်ယူဖို့  PEC က တင်ဒါခေါ်                  အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ ပြည်တွင်းဈေးကွက်တွေမှာ ရောင်းချဖို့ မတ်ပဲအပါအဝင်ပဲမျိုးစုံတန်ချိန် ၁ဝဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါကို မတ်လ ၂၄ ရက်မှာ ပိတ်ပြီး တစ်ချိန်ထဲမှာ ဆုံးဖြတ် သွားမယ်လို့ ၎င်းရဲ့ ဝက်ဘ်ဆိုင်မှာ ဖော်ပြထားပါတယ်။ ဝယ်ယူမယ့်ပဲများကတော့ မြန်မာ၊ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျ တို့မှ မတ်ပဲတန် ၄ဝဝဝ၊ ပဲရာဇာ အစိမ်း (green Lentils )  တန် ၄ဝဝဝ နဲ့ ဒေစီကုလားပဲ တန် ၂ဝဝဝ ဖြစ်တယ်လို့ သိရပါတယ်။ မတ်ပဲအနေနဲ့ ယခုရာသီပဲဖြစ်ရမှာဖြစ်ပြီး အခြားပဲများကတော့ ၂ဝ၁ဝ ထွက်ပဲများဖြစ်တယ်လို့ ဆိုပါတယ်။ ဧပြီနဲ့ မေလအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းရွှေစင် Source: Business standard

Wednesday, 30 Mar 2011

ပဲမျိုးစုံအထွက်နှုန်းမြှင့်ဖို့ အိန္ဒိယအစိုးရက တောင်သူတွေအတွက် ဈေးကွက်ချိတ်ဆက်မှုများစီစဉ်               အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်များအတွင်း စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုကို အဓိကအထောက်အပံ့ပြုနေတဲ့ အဓိက အစားအစာတွေထဲက တစ်ခုကတော့ ပဲဖြစ်ပါတယ်။ ပဲမျိုးစုံရှားပါးမှုကြောင့် ထုတ်လုပ်မှုတိုးတက်ဖို့ အသုံးပြုငွေများထဲက စီမံကိန်းတစ်ခုရဲ့ အစိတ်အပိုင်းအနေနဲ့ ပဲမျိုးစုံစိုက်ပျိုးတဲ့ တောင်သူများအတွက် ဈေးကွက်အချိတ်အဆက်များ ပံ့ပိုးပေးဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။ တောင်သူအများစုဟာ တစ်ယူနစ်ထုတ်လုပ်မှုပမာဏ အလွန်နည်းပြီး ဖြန့်ဝေမှုမှာ စိတ်ပါဝင်စားမှုမရှိတာကြောင့် ဈေးကွက်ချိတ်ဆက်မှု မရှိဖြစ်ကာ စားသုံးသူဈေးနှုန်းမှာ ပဲစိုက်ပျိုးသူများရဲ့ ဝေစုက အလွန်ပဲ နိမ့်နေတယ်လို့ အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးက ဆိုပါတယ်။ ရေရာတဲ့ ဈေးကွက်က ပဲမျိုးစုံထုတ်လုပ်မှု ရေရှည်ဖို့ အထောက်အပံ့ဖြစ်စေမယ်လို့လည်း ဆိုပါတယ်။ အဲဒီစီမံကိန်း အောင်မြင်ဖို့ အစိုးရက နိုင်ငံ နှစ်စဉ်ပဲထုတ်လုပ်မှုရဲ့ ၉၆ ရာခိုင်နှုန်းဝန်းကျင်ပါဝင်နေတဲ့ ပြည်နယ် ၁၁ ခုမှ တောင်သူ ၁ဝဝဝ ဦးနဲ့ ထုတ်လုပ်သူ တောင်သူအဖွဲ့အစည်း ၁၅ဝ ဝန်းကျင်တည်ထောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို အဖွဲ့အစည်း ဖွဲ့စည်းခြင်းဟာ ၎င်းတို့ ထုတ်ကုန်များဈေးကွက် ရှာဖွေရေး၊ အကောင်းဆုံး လယ်ယာစနစ်များ လေ့ကျင့် ပြန့်ပွားရေးတို့နဲ့ ပတ်သက်ပြီး လယ်သမားအုပ်စု စုစည်းဆုံးဖြတ်ချက်ရယူနိုင်မယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့အစည်းများဟာ ငွေရင်းအနှီး ရူပီး ၃၅ဝ သန်း (ကန်ဒေါ်လာ ၇ ဒသမ ၇၇ သန်း) ထောက်ပံ့မှုရရှိမယ်လို့ ဆိုပါတယ်။            ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွက် ကြေညာထားတဲ့ အဲဒီအစီအစဉ်ကို ၂ဝ၁၁ ခုနှစ် ဧပြီလ ၁ ရက်မှာ စတင်မယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်းအတွက် ဘဏ္ဍာရေးဝန်ကြီး Pranab Mukherjee  ကရူပီး ၃ဝဝဝ သန်း (ကန်ဒေါ်လာ၆၆ ဒသမ ၆၅ သန်း) ထပ်မံခွင့်ပြုထားတယ်လို့ သိရပါတယ်။ နှစ်စဉ် ပဲမျိုးစုံဟက်တာ ငါးသိန်းကျော်ကို အဲဒီပြည်နယ်များမှာ အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ စီမံကိန်းပြည်နယ်များကတော့ မဒ္ဒရာပရာဒေ့ရှ်၊ ဥတ္တရာပရာဒေ့ရှ်၊ ကာနာ တာကာ၊ အင်ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်၊ ချက်တီဂရပ်၊ ဘီဟာ၊ မဟာရပ်ရှတရာ၊ သြရိသ၊ ရာဂျက်စသန်နဲ့ တမီနာဒူးတို့ဖြစ်ပြီး အသုံးပြုငွေအများဆုံးကို မဒ္ဒရာပရာဒေ့ရှ်၊ ရာဂျက်စသန်နဲ့ မဟာရပ်ရှတရာတို့ကို ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံအပြင် ပဲလုံး၊ ပဲစင်းငုံနဲ့ မြေထောက်ပဲတို့ကိုလည်း အဲဒီအစီအစဉ်မှာ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ အခြားစီမံကိန်းများအပြင် ယခုအစီအစဉ်ကိုလည်း နောက်နှစ်ကုန်မှာ ပဲမျိုးစုံ ထုတ်လုပ်မှု ထူးထူးခြားခြား တိုးတက်ဖို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၅၁ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး ထုတ်လုပ်မှု တိုးမြှင့်ဖို့ ယခုလိုအစီအမံများဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင်၊ ှSource: Business standard  

Wednesday, 30 Mar 2011

ပဲကိစ္စ အိန္ဒိယ ဘာတွေလုပ်နေသလဲ               ဒီရက်သတ္တပတ်ထဲမှာ ပဲကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ဒီလိုတွေ့ရပါတယ် -(၁) ပထမဆုံးအချက်ကတော့ ၂ဝဝ၆ ခုနှစ်၊ ဇွန်လက စတင် တားမြစ် ခဲ့တဲ့ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့ခွင့်ကို ၂ဝ၁၁ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။(၂) ဒုတိယအချက်ကတော့ အစိုးရပိုင် PEC  က ပြည်တွင်းမှာ ဖြန့်ဖြူးဖို့ မတ်ပဲတန် ၄ဝဝဝ၊ ပဲရာဇာစိမ်းနဲ့ ကုလားပဲ အပါအဝင် ပဲမျိုးစုံ တန် ၁ဝဝဝဝ ကို မြန်မာ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ သြစတြေးလျတို့ထံမှ တင်ဒါခေါ်ခဲ့တာပါ။ (၃) တတိယအချက်ကတော့ ပြည်နယ် ၁၁ ခုမှာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအသင်း ၁၅ဝ ဖွဲ့စည်းဘို့ စတင်ပြင်ဆင် ဆောင်ရွက်ခဲ့တာပါပဲ။ ပဲမျိုးစုံ ထုတ်လုပ်မှု မြှင့်တင်ရေး အစီအစဉ် အရ ခွင့်ပြုထားတဲ့ ရန်ပုံငွေတစ်စိတ်တစ်ဒေသကို အသုံးပြုပြီး ဆောင်ရွက်မယ့် ဒီအစီအစဉ်အရ ပဲစိုက်တောင်သူတွေကို ဈေး ကွက်နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပဲ စိုက်တောင်သူ ၆ဝဝဝဝ ကျော်၊ ပဲစိုက်ဧရိယာ ဟတ်တာ (၅) သိန်းခန့်ဟာ ဒီအစီအမံထဲမှာ အကံျုးဝင်လာမှာ ဖြစ်ပါတယ်။ (၄) စတုတ္ထအချက်ကတော့ ကမ္ဘာပေါ်မှာ ပဲအများဆုံး စိုက်ပျိုး ထုတ်လုပ်နေတဲ့ ကနေဒါနိုင်ငံ၊ဆက်ကာချီဝမ်ပြည်နယ်က လယ်ယာ စိုက်ပျိုးရေး ဒုတိယဝန်ကြီး ဦးဆောင်ပြီး ကနေဒါ ပဲမျိုးစုံ လုပ်ငန်းရှင် ၁ဝဝ လောက်ပါတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံကို လာရောက်ပြီး ပဲအရောင်း အဝယ်ကိစ္စများ ဆွေးနွေးသွားခဲ့တဲ့ ကိစ္စပါ။               ကမ္ဘာပေါ်မှာ ပဲအများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ပဲအများဆုံး စားသုံးတဲ့ အိန္ဒိယနိုင်ငံဟာ ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ပဲမျိုးစုံ တန်ချိန် ၁၆.၅၁ သန်း ထုတ်လုပ်ခဲ့ပေမယ့် နိုင်ငံတွင်း ပဲဈေးနှုန်းများ ကြီးမြင့်ရခြင်းရဲ့ အကြောင်း တစ်ခုကတော့ အိန္ဒိယနိုင်ငံသားတွေ နှစ်သက်စွာ စားသုံးနေတဲ့ ပဲအမျိုးအစားကို နိုင်ငံအများအပြားက ထုတ်လုပ်နိုင်ခြင်း မရှိတာပါဘဲ။ ဒါကြောင့် အိန္ဒိယ အစိုးရရဲ့ အစီအစဉ်က နိုင်ငံတွင်း ပဲထုတ်လုပ်မှု မြှင့်တင်ရေးဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ လူလေး

Wednesday, 30 Mar 2011

အဝင်များလို့ ဈေးကျသွားတဲ့ ပဲကြီးဈေး               ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီလကုန်က စဝင်ခဲ့သော ပဲကြီး အသစ်များ ယခင်အပတ်ကထက် အဝင်ပိုများလာခဲ့ပြီး တစ်ရက်ကို အိတ် ၁ဝဝဝ ကျော်အထိ အဝင်ရှိလာခဲ့ပါတယ်။ ပဲကြီးရွှေကျွန်းမှာတစ်တင်းကို ၂၄ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ယခုတစ်ပတ်မှာ ပဲကြီးရွှေကျွန်း တစ်တင်း ၂၁၅ဝဝ ကျပ်၊ ပဲကြီးကမ်းနား တစ်တင်း ၁၉ဝဝဝ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မင်းတုန်း ကံမဘက်က အဝင်ရှိသလို ဒေသတွင်းမြို့နယ်များကလည်း အဝင်ရှိလာ တာကြောင့် အဝင်များပြီး ဈေးကျသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဝင်များပေမဲ့ လိုင်းသမား များအဝယ်မရှိသေးဘဲ ပဲကြော်ဖိုလုပ်ငန်းသမားများသာ ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၁၅ဝ ကျော်အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့် အဝင်ရှိသလောက် အရောင်းအဝယ် မသွက်သေးကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Wednesday, 30 Mar 2011

ပဲကြီး ပုံမှန်တင်ပို့                  မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်တရုတ်နိုင်ငံသို့ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ဝ ဒသမ ၂၈၅ သန်းတန်ဖိုးရှိ ပဲကြီး ၂၃၄ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၁ဝ၆ တန်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၂၈ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ ဖေဖော်ဝါရီလကုန်အထိ ပဲကြီး တန် ၁၁ဝဝ ကျော်တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)

Wednesday, 30 Mar 2011

ဒီသီတင်းပတ် မြေထောက်ပဲ အတင်မရှိ               မြေထောက်ပဲကို လွယ်ဂျယ်နယ်စပ်မှ တစ်ဖက်တရုတ်နိုင်ငံကို လိုင်းရင်းမှတစ်ဆင့် တင်ပို့နေတာ ဖြစ်ပါတယ်။ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာတော့ လွယ်ဂျယ်မှ မြေထောက်ပဲ တင်ပို့နိုင်ခဲ့ခြင်းမရှိပါဘူး။ မတ်လ လဝက်ကာလမှာ တန် ၁၂ဝ ကျော်တင်ပို့ထားပြီး ၂ဝ၁ဝ ဧပြီလမှ ဖေဖော် ဝါရီလကုန်ထိ နယ်စပ်မှ မြေထောက် ပဲ တင်ပို့နိုင်မှုမှာ ဧပြီ၊ မေနဲ့ ဇွန်လများမှာသာ တန် ၃၄ဝ ကျော် တင်ပို့ထားခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)

Wednesday, 30 Mar 2011

ဒီတစ်ပတ်မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှု ကျဆင်း                ယခုသီတင်းပတ် ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲ နှစ်မျိုးလုံး တင်ပို့မှု လျော့ကျခဲ့ပါတယ်။ ယခုသီတင်းပတ် မတ်လ ၁၇ ရက်မှ ၂၃ ရက်အတွင်း မြေထောက်ပဲ တန် ၁၅ဝ နဲ့ ထောပတ်ပဲ ၂၅ တန်ခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ပဲလှိုင်လှိုင်ဝင်လာနေပြီဖြစ်ပေမဲ့ ဂျပန်နိုင်ငံ ဆူနာမီ ဂယက် ကြောင့် ဂျပန်အဝယ်လိုက်တဲ့ ထောပတ်ပဲတင်ပို့မှု လျော့ကျလာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ မတ်လ ၂၅ ရက်မှာ မြေထောက်ပဲ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ထောပတ်ပဲ  FAQ ၉၁ဝ-၉၃ဝ နဲ့ ယခင်သီတင်းပတ်ဈေးများ အတိုင်း ငြိမ်နေပါတယ်။MIRT - MAPT

Wednesday, 30 Mar 2011

အဝင်များသော်လည်း ကုလားပဲဈေးငြိမ်လျက်ရှိ                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခုတစ်ပတ်တွင် ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပါတယ်။ ပန်းတောင်းနဲ့ ကံမမြို့နယ်များမှ ကုလားပဲသစ်များ အဝင်များပြီး တစ်နေ့လျှင် အိတ် ၅ဝဝ မှ ၆ဝဝ အထိ ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ပဲသစ်များ အဝင်များလာသော်လည်း ပဲခွဲစက်သမားများသာ ပုံမှန် အဝယ်ရှိတဲ့အတွက် တစ်ရက်လျှင် အိတ် ၂၅ဝ မှ ၃ဝဝ အထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ လှောင်လက်သမားများ အဝယ်ရှိတဲ့ရက်များမှာ အိတ် ၁ဝဝဝ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                                           လွင်လွင်ဆန်း

Wednesday, 30 Mar 2011

ဈေးအေးပေမဲ့အရောင်းအဝယ်ဖြစ်နေတဲ့ စစ်ကိုင်းက ကုလားပဲဖြူလုံးကြီး V 2                  မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မတ်လ တတိယပတ်အတွင်း ကုလားပဲဖြူ လုံးကြီး V 2 တစ်ပိဿာ ၉၅၈ ကျပ်မှ ၉၃၇ ကျပ်သို့ ဈေးအေးသွားသော်လည်း အရောင်းအဝယ်ဖြစ်မှုအရေအတွက်ကို မထိခိုက်ကြောင်း ကုန်သည်တစ်ဦးမှ ပြောပြပါတယ်။ မန္တလေးနဲ့ ရန်ကုန်ဝယ်လက်ဆွဲလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ကုလားပဲဖြူလုံးကြီးတင်း ၁၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်မြဲလို့ သိရပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်မှ ကုလားပဲဖြူလုံးကြီးနဲ့ တရုတ်(တိုင်ပေ) ကုလားပဲများ အဝင်လှိုင်နေဆဲဖြစ်ပြီး ယခုအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးမြို့သို့ ကုလားပဲဖြူလုံးကြီး တင်း ၁၄ဝဝဝ ကျော်၊ ရန်ကုန်မြို့သို့ တင်း ၁ဝဝဝ ခန့်စီး ထွက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ သန်းးသန်းးတင်

Pages