Background
ပြည်ပဲကြီးအသစ်များ ဝင်ရောက်မှုများပြီး ဈေးကျလာ ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီလလယ်မှစလို့ ပဲကြီးအသစ်များ စတင် ဝင်ရောက်လျက်ရှိရာ ယခု ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဒေသတွင်းမှ ဝင်ရောက်မှု သာမက မကွေးတိုင်းဒေသကြီးဘက်မှလည်း အိတ် ၁ဝဝ ကျော် ဝင်ရောက် လာခဲ့ပါတယ်။ ယခုနှစ် ပဲကြီးသစ်ပေါ်စအဖွင့်ဈေးမှာ တစ်တင်း ၂၆၅ဝဝ ကျပ် ဈေးစဖွင့်ခဲ့ပြီး ဝင်ရောက်မှုများလာတဲ့အတွက် ယခုတစ်ပတ်မှာ ဈေးအနည်းငယ် ကျသွားခဲ့ကာ တစ်တင်း ၂၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပဲကြီးအဟောင်းဈေးမှာ တစ်တင်း ၂၅ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အဟောင်းရောအသစ်ပါ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ထောပတ်ပဲတန်ချိန် ၁၄ဝ ကျော်ပဲ ပို့နိုင် ပင်လယ်ရေကြောင်းက ဂျပန်၊ ကိုရီးယားတွေက အဝယ်ရှိတဲ့ ထောပတ်ပဲကို ဒီတစ်ပတ် (ဖေဖော်ဝါရီလ ၁၇ ရက် ၂၂ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝ ခန့် သာ တင်ပို့မှုရှိလို့ ယခင်သီတင်းပတ်တွေထက် တိုးတက်မှု မရှိတာတွေ့ရပါတယ်။ ပြည်တွင်းပဲထွက်ရာဒေသတွေက ထောပတ်ပဲတွေ ထွက်လာပြီဖြစ်ပေမဲ့ အစိုက်နည်း လာကြလို့ ထောပတ်ပဲက ရှားကုန်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ထက် အနည်းငယ်ပိုပြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
ဝယ်လိုအားနည်းလို့ အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်း အိန္ဒိယပြည်တွင်း ကုလားပဲဈေးကွက်တွေမှာ လက်လီအရောင်းဆိုင် များနဲ့ ပဲခွဲစက်များက ဝယ်လိုအား နည်းတဲ့အပြင် မဟာရပ်ရှတရာဒေသက ပဲအသစ်တွေ ဝင်လာတဲ့အတွက် ကုလားပဲဈေးအကျဘက် ဆင်းနေကြောင်းသိရပါ တယ်။ အင်ဒိုရီဈေးကွက်တွေကို ကုလားပဲအသစ်အိတ် ၈ဝဝ-၁ဝဝဝ ခန့် စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပဲအသစ်တွေ တိုးတက်ဝင်ရောက်လာတော့မှာဖြစ်သလို ဝင်လာတဲ့ ပဲအသစ်များကလည်း အစိုဓါတ် ပါဝင်မှုတွေကြောင့် အင်ဒိုရီဈေးကွက်မှာ တစ်တန် ကို ရူပီး ၂၄ဝဝဝ-၂၅၂ဝဝ (ကန်ဒေါ်လာ ၅၃၁-၅၅၇) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အစောပိုင်းက ပဲအထွက်တိုးမယ် ခန့်မှန်းကြပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ မိုးရွာတဲ့အတွက် စိုက်ပျိုးမှုနောက်ကျခြင်းနဲ့ အအေးပိုခြင်းတို့ကြောင့် ၁ဝ-၁၅ ရာခိုင်နှုန်းခန့် အထွက်လျော့ကျ နိုင်တယ်လို့ ကုန်သည်တစ်ဦးဖြစ်တဲ့ Mr Rahul Vohra က သုံးသပ်ထားပါတယ်။ ယမင်းခင်၊Source: business standard
ပဲအသစ်ဝင်ရောက်လာလို့ ကုလားပဲဈေးကျလာ ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီ တတိယပတ်မှ စပြီး ကုလားပဲသစ်များ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပန်းတောင်းဘက်က အဝင်ရှိသလို မကွေးတိုင်းမှာ လည်း အဝင်ရှိလာကြောင်း သိရပါတယ်။ ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၂၂ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာ တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။ ပဲခွဲစက်သမားများကလည်း ပဲအဟောင်းလက်ကျန်များကို ခွဲခြမ်းပြုလုပ်ရောင်းချခြင်းရှိပြီး အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲအသစ်များမှာ အဝင် ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ပဲတီစိမ်းသစ်များ ဟင်္သာတကုန်စည်ဒိုင်ကိုဝင်ပြီ ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနံှများ စတင်ထွက်ပေါ်နေပြီဖြစ်လို့ ဟင်္သာတမြို့နယ်တွင်းရှိ ရွာသာ၊ ပဲကြီးကျွန်း၊ ခြင်ဘို့ ၊ ခေါင်းဆေးကျွန်းကျေးရွာများမှ ကုန်စည်ဒိုင်ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပဲတီစိမ်း တစ်တင်းကို ၂၄၅ဝဝ ကျပ်နဲ့ ဈေးစဖွင့်ခဲ့ပြီး ယခုအပတ်မှာ ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၁ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှအိတ် ၂၅ဝ ခန့် တင်ပို့နေတယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပဲတီစိမ်း ဈေးအေးသော်လည်း တရုတ်ဈေးကွက်ပုံမှန်တင်ပို့ မန္တလေးဈေးကွက်ကို ရွှေဘို၊ မုံရွာမှ ပဲတီစိမ်းများ ခရမ်းသုံးခွမှ ပဲတီရွှေဝါများနဲ့ ပဲခူး၊ ဒိုက်ဦးဘက်မှ ပဲတီစိမ်းများ ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ဈေးကွက်မှာ ခရမ်းရွှေဝါစက ဈေးကောင်းရနေပါတယ်။ ဖေဖော်ဝါရီ ဒုတိယပတ်ထက် ပဲတီစိမ်းဈေးအေးလာတယ်လို့ ဆိုပေမဲ့ တရုတ်ဈေးကွက်တင်ပို့မှုက ပိုလာတာကို တွေ့ရပါတယ်။ ပဲတီရွှေ့ဝါစက ဖေဖော်ဝါရီ ဒုတိယပတ်မှာ တစ်ပိဿာ ၂၂၅၈ ကျပ်၊ ၂၂ဝဝ ကျပ်ဝန်းကျင်ရှိခဲ့ပေမဲ့ လတ်တလော ၂၁၆၉ ကျပ်၊ ၂၁၃၃ ကျပ်ထိ ဈေး အေးလာခဲ့ပါတယ်။ ပဲတီစိမ်းကြီး (ရိုးရိုး)က ဖေဖော်ဝါရီ ဒုတိယပတ်မှာ ၁၆ဝဝ ကျပ်၊ ၁၄၂၂ ကျပ်နဲ့ အရည်အသွေး ပေါ် မူတည်ပြီး ပေါက်ဈေးရှိခဲ့ကာ လတ်တလောမှာ ၁၆ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၃၃၃ ကျပ်ထိ ဈေးပေါက်နေပါတယ်။ တရုတ် ဈေးကွက်ကို ၂ဝ၁၁ ဇန်နဝါရီလမှာတော့ တတိယပတ်အထိ တန် ၄၆၅ဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ အရင်နှစ် ၂ဝ၁ဝ ဖေဖော်ဝါရီလတုန်းက တန် ၄၅ဝဝ ကျော် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ သက်သက်နိုင်
ပဲတီစိမ်း အကြီးထက် အသေးအရောင်းသွက် မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်မှ ပဲတီစိမ်းများ မုံရွာမြို့ကို လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ရန်ကုန်အိတ်စပို့ ဝယ်လက်သမားများက ပဲတီစိမ်းအသေးကို ဝယ်ယူကြလို့ ပဲတီစိမ်းအကြီးထက် အသေးက အရောင်းအဝယ်သွက်ကြောင်း မုံရွာကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းအကြီးတင်း ၄ဝဝ ခန့်နဲ့ ပဲတီစိမ်း အသေးတင်း ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဖေဖော်ဝါရီလ ၂၃ ရက် အတွင်း ပဲတီစိမ်း တစ်ပိဿာပေါက်ဈေး အနိမ့်အမြင့်မှာ ပဲတီစိမ်းကြီး ၁၃၁၆ ကျပ် ၁၅၇၉ ကျပ်၊ ပဲတီစိမ်းအသေး ၁၁၈၄ ကျပ်၊ ၁၃၁၆ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးသို့ တင်း ၅ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ပဲတီစိမ်းတင်ပို့မှု ယခင်အပတ်ထက် ပိုမို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ တစ်ဖက်အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်း ၃၃၁၉ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၄၇၉၈ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၃၇၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ တင်ပို့မှုထက် တန်ချိန် ၉၂ဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း ၁၁၈ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်က တရုတ်ကိုတင်ပို့တဲ့ ပဲတီစိမ်းဟာ မန္တလေးနဲ့ စစ်ကိုင်း တိုင်းဒေသကြီးထွက်ကုန်များဖြစ်ပြီး စစ်တွေကတင်ပို့တဲ့ ပဲတီစိမ်းကတော့ ကျောက်တော်နဲ့ မင်းပြားဒေသထွက်ကုန်များ ဖြစ်ပါတယ်။ ယခုအပတ်ပြည်တွင်းဈေးနှုန်းမှာ ပဲတီစိမ်းရွှေဝါတစ်တန်ကို ကျပ် ၁ ဒသမ ၃၂၈သန်းမှ ၁ ဒသမ ၃၅၅ သန်းထိ၊ ပဲတီစိမ်း(ကြီး) တစ်တန်ကို ကျပ် ဝ ဒသမ ၈၁၇ သန်းမှ ဝ ဒသမ ၉၈ဝ သန်းနဲ့ ပဲတီစိမ်း အညာတစ်တန်ကို ကျပ် ဝ ဒသမ ၉၈ သန်းထိရှိနေပြီး ရွှေလီဘက်မှာ ဈေးပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက်မူဆယ်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၁၂၁၇၃၆၁ ၁၂ဝ၉၂၃၆ ၈၁၂၅ ဝ .၇ ၁၄ဝ၉ ၁၄၂၄ ၁၅ ၁MIRT (DOBT)
ဇန်နဝါရီနဲ့ဖေဖော်ဝါရီလ ကာလတူ အိန္ဒိယပဲတီစိမ်းဈေး တစ်တန်ကန်ဒေါ်လာ ၂ဝဝ ကျော်တက် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးက ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ကာလတူ ကွာခြားမှုက တစ်တန်ကို ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်ခဲ့တာတွေ့ရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာ တာကြောင့် ဈေးတက်သလို နိုင်ငံတကာ ဈေးမြင့်တက်လာတာကြောင့်လည်း ခုလို ဈေးတက်ကွာခြားလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ချန်နိုင်းဈေးကွက်က ပဲတီရွှေဝါဈေးနဲ့ ဒေလီဈေးကွက်က ပဲတီစိမ်းဈေးများကို ကာလတူ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်- ချန်နိုင်း (ပဲတီရွှေဝါ) ဒေလီပဲတီစိမ်း၂၄-၂-၁၁ ၁၃ဝဝ-၁၃၂၂ ၁၂၇၈၂၄-၁-၁၁ ၁၁၁၉ ၁ဝ၉၇ MIRT (MAPT)
ပဲတီစိမ်းတင်ပို့မှု တန် တစ်သောင်းနီးပါးအထိ တိုးတက်လာ ပင်လယ်ရေကြောင်းက အခြားပဲများတင်ပို့မှု ယခုလအတွင်း ဆက်တိုက်ကျဆင်းခဲ့ပေမဲ့ ပဲတီစိမ်းတင်ပို့မှုကတော့ တန်ချိန် တစ်သောင်းနီးပါးကို သိသိသာသာ တိုးတက်လာတာတွေ့ရပါတယ်။ ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရ တရုတ် ဝယ်လက်များက ကုန်ကျစရိတ်သက်သာတဲ့ ဗီယက်နမ်ဘက်ကနေ တစ်ဆင့် တင်သွင်းနေတာကြောင့် ပင်လယ်ရေကြောင်းက ထူးထူးခြားခြားတက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်အရောင်းအဝယ်ဖြစ်မှု နည်းသွားရခြင်းမှာ တရုတ် ဘက်က အဝယ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။ တရုတ်ဈေးကွက်ကို သြစတြေးလျ ပဲတီစိမ်းတွေ အဝင်ရှိနေလို့ မြန်မာ နိုင်ငံက အဝယ်တန့်သွားတာလို့ ဆိုပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ထက် သိသိသာသာ တိုးတက် လာတာတွေ့ရပါတယ်။ ပဲတီစိမ်း (အညာ) ပဲတီစိမ်း (ပခုက္ကူ) ပဲတီရွှေဝါအသေး၂၅-၂-၁၁ ၁၁၆ဝ-၁၁၈ဝ ၁၁ဝဝ-၁၁၂ဝ ၁၅၃ဝ-၁၅၅ဝ၁၇-၂-၁၁ ၁ဝ၁ဝ-၁ဝ၃ဝ ၁ဝဝဝ-၁ဝ၂ဝ ၁၄၃ဝ-၁၄၅ဝMIRT (MAPT)