Background
ပြည်ဘိုကိတ်ပဲ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေ ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၂၁ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်ဈေးကျသွားကြောင်းသိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၁၉၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ နောက်အသီးတွေ အဝင်ရှိလာတာကြောင့် ဈေးလျော့နည်းသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြည် အနောက်ဘက်ကမ်း ကံမ၊ ဥသျှစ်ပင်၊ ပန်းတောင်းမြို့နယ်များမှ အိတ် ၇ဝ မှ ၈ဝ ထိအဝင်ရှိပြီး၊ အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်နေပါတယ်။ ဆုမွန်ဆွေ
ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များဝင်ရောက် ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ပန်းတောင်း ဥသျှစ်ပင်၊ ဝက်ထီးကန်ဖက်မှအဝင်ရှိပြီး၊ တစ်ရက်လျှင် အိတ် ၄ဝ-၅ဝ အထိ အဝင်ရှိလာခဲ့ပါတယ်။ ပဲကြီးအသစ်မှာ အဖွင့်ဈေး အနေဖြင့် ပဲကြီးတစ်တင်း ၂၆၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြပြီး၊ အဟောင်းလက်ကျန်ပဲများ ကတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ပဲကြီးအသစ်များမှာ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး လက်ကျန်အဟောင်းကတော့ တစ်ရက်လျှင် အိတ် ၁၅ဝ ခန့် ပုံမှန်အရောင်း အဝယ် ဖြစ်ကြောင်းသိရပါတယ်။ အိရေ့ွှစင်
ပဲကြီးအသစ်များ မုံရွာကုန်စည်ဒိုင်သို့ဝင်ပြီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနံှများ စတင်ထွက်ပေါ်နေပြီ ဖြစ်လို့ မုံရွာမြို့နယ် သာစည်ကျေးရွာမှ ပဲကြီးတင်း ၂ဝ-၂၅ ခန့် မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ဒေသတွင်းစားသုံးမှုနဲ့ ပဲလှော်ဖိုလုပ်ငန်း များရဲ့ နေ့စဉ်ပဲကြီးတင်း ၁ဝဝ ခန့်လိုအပ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ၂ဝ၁၁ ခု ဖေဖော်ဝါရီလအတွင်း ပဲကြီးတစ်ပိဿာ ပေါက်ဈေး အနိမ့်အမြင့်မှာ ၉၄၇ ကျပ်၊ ၁ဝဝဝ ကျပ်၊ ယခင် ကာလတူဈေးမှာ ၁၁ဝ၅ ကျပ်၊ ၁၂၈၉ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုအပတ် အတွင်း မုံရွာမြို့မှ ရန်ကုန်သို့ ပဲကြီးတင်း ၂၄ဝ ခန့် စီးထွက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအထွက် ပဲတိုးဂိတ်စာရင်းအရ သိရှိခဲ့ရပါတယ်။ သန်းးသန်းးတင်
ပဲယင်း (ချင်းပဲ) ယခုအပတ် ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ တစ်ဆင့် ကျပ် ၂ ဒသမ ဝဝ၂ သန်းတန်ဖိုးရှိ ချင်းပဲ ၃ ဒသမ ၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာ ၁ဝ တန်နဲ့ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ ပဲယင်း တန်ချိန် ၂၄ဝဝ ကျော် နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
မြင်းခြံထောပတ်ပဲ အရည်အသွေးကောင်းကောင်းရောင်းရဖို့ လက်ရွေးနဲ့ ပြန်ရွေးချယ် မြင်းခြံကုန်စည်ဒိုင်မှာ အရောင်းအဝယ်သွက်နေတာကတော့ ထောပတ်ပဲပါ။ ထောပတ်ပဲပေါက်ဈေးက တစ်ပိဿာကို ၉၈ဝ ကျပ်ဈေးပေါက်နေတယ် လို့ သိရပါတယ်။ ထောပတ်ပဲကို မြင်းခြံ၊ ရေစကြိုဘက်တွေမှာ စိုက်ပိုျးကြပြီး၊ အထွက်ကောင်း၊ အလုံးလဲလှတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းက တစ်နိုင်ငံ လုံးမှာ စိုက်ဧကအများဆုံး စိုက်ပျိုးတာဖြစ်ပြီး၊ မြင်းခြံကို အခြေစိုက်ပြီး ထောပတ် ပဲဈေးကွက်ဖြစ်တာတွေ့ရပါတယ်။ ဂျပန်ဈေးကွက်အတွက် အရည်အသွေး ကောင်းအောင် လက်ရွေးနဲ့ ပြန်ရွေးချယ်တင်ပို့နေတယ်လို့ သိရပါတယ်။ မျိုးသူ
ထောပတ်ပဲ တန် ၁၆ဝ ခန့် တင်ပို့မှုရှိ ပင်လယ်ရေကြောင်းကနေ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခင်သီတင်း ပတ်က တန်ချိန် ၁၇ဝ ရှိခဲ့ပြီး ယခုသီတင်းပတ် (ဖေဖော်ဝါရီ ၁ဝ-၁၆ ရက်) မှာ လည်း တန်ချိန် ၁၆ဝ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဖိလစ်ပိုင်၊ ဂျပန်နဲ့ ကိုရီးယားဖြစ်ပါတယ်။ ဈေးကွက်တွေကို ထောပတ်ပဲ ဝင်ရောက်မှု တိုးတက် လာပြီ ဖြစ်သလို ပြည်ပကိုလည်း တိုးတက်တင်ပို့လာနေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
အဝင်လှိုင်၊ အထွက်လှိုင်လာတဲ့ စစ်ကိုင်းကကုလားပဲ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁ဝ-၁၁ ခုနှစ် ဆောင်းသီးနံှ ကုလားပဲ လျာထားစိုက်ဧကထက် ကျော်လွန်ပြီး ၁ဝ၂ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါတယ်။ မုံရွာ ခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်များမှာ ကုလားပဲအသစ်များ ထွက်ပေါ်နေပြီး၊ မုံရွာမြို့သို့ လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ လှောင်လက် သမားများ အဝယ်များလို့ အရောင်းအဝယ်သွက်လာကြောင်း ကုန်သည်တစ်ဦးမှ ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း ကုလားပဲဖြူလုံးကြီး တစ်ရက်ကို ပျမ်းမျှတင်း ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း တိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ တင်း ၃၃ဝဝ ကျော်စီးထွက် ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဖေဖော်ဝါရီ ၁၅ ရက်အတွင်း တစ်ပိဿာ အနိမ့်အမြင့်ပေါက်ဈေးမှာ ထိုင်ဝမ်ကုလားပဲ ၉၇၄ ကျပ်- ၁၂၈၉ ကျပ်၊ ကုလားပဲ ဖြူလုံးကြီး ၉၆၃ ကျပ်- ၁၁၈၄ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြကြောင်း သိရှိရပါတယ်။ သန်းသန်းတင်
အိတ်စပို့အတွက် ဗွီတူးအဝယ်သွက်လာ မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ၁၅ ရက်ပတ် ကုလားပဲဈေးကွက်အတွင်း ဗွီတူးအသစ် အဝင်လှိုင်လာသလို အရောင်းအဝယ်လည်းသွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုရက်ပတ်ထဲမှာ ဗွီတူးတစ်တင်း ၁၉၄ဝဝ ကျပ်ထိ အမြင့်ဆုံး ပေါက်ခဲ့ပေမဲ့၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ တစ်တင်း ၁၉၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် သွက်ခဲ့တယ်လို့ သိရပါတယ်။ အိတ်စပို့အတွက် အဝယ် လိုက်လာလို့ တစ်ရက်အိတ် ၃ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေး ကွက်က ဆိုပါတယ်။ ထိုင်ဝမ်ကုလားပဲကတော့ ဒီရက်ထဲမှာ တစ်တင်း အနိမ့်ဆုံး ၁၈၅ဝဝ ကျပ်ကနေ အမြင့်ဆုံး ၁၉၅ဝဝ ကျပ်ထိရောက်ခဲ့ပါတယ်။ 909 ကုလားပဲကတော့ အသစ်ဝင်ရောက်မှု အားနည်းနေပေမဲ့ တစ်တင်း ၁၈ဝဝဝ ကျပ်၊ ၁၇၅ဝဝ ကျပ်ဈေး များနဲ့ ဒေသတွင်းလုပ်ငန်းသမားများနဲ့ မန္တလေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း မန္တလေးကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျ အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒိုရီနဲ့ အာကိုလာဈေးကွက်တွေကို ပဲဝင် ရောက်မှု တိုးတက်လာတာကြောင့် ကုလားပဲဈေးဆက်လက်လျော့ကျ လာခဲ့ပါတယ်။ ဝယ်လက်တွေကလည်း ဈေးထပ်မံကျမယ့် မျှော်လင့်ချက်တွေအရ အဝယ် ဆိုင်းထားတဲ့အတွက် ဈေးကျလာတာဖြစ်ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲအသစ်များ အင်ဒိုရီဈေးကွက်ကို ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပြီး မဟာရပ်ရှတရာ၊ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ်တို့ရဲ့ လက်ငင်းဈေးကွက်တွေကို ပဲဝင်ရောက်မှု အရှိန်ရလာပြီဖြစ်ပါတယ်။ အစိုးရရဲ့ ဒုတိယအကြိမ် ကုလားပဲထုတ်လုပ်မှု ခန့်မှန်းချက်အရ တန်ချိန် ၇ ဒသမ ၃၇ သန်းဝန်းကျင်ရှိလို့ ယခင်နှစ် ထုတ်လုပ်မှုထက် ၁ ရာခိုင်နှုန်းနီးပါးလျော့ကျတယ်လို့ သိရပါတယ်။ အစိုးရက စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုနဲ့ ပတ်သက်လို့ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့မှာ ပဲသိုလှောင်မှု ကန့်သတ်ခြင်းတွေကို ထပ်မံလျှော့ချ နိုင်တယ်လို့ သိရပါတယ်။ ပဲဝင်ရောက်မှုတွေ တိုးတက်လာတော့မှာဖြစ်လို့ ဈေးထပ်မံ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းးခင်၊် ှSource: commodityonline
မုံရွာပဲတီဈေးကွက် စိမ်းသေးဈေးငြိမ်၊ စိမ်းကြီးဈေးမာ မုံရွာကုန်စည်ဒိုင် ယခုတစ်ပတ်အစပိုင်း ပဲတီစိမ်းဈေးကွက်မှာ စိမ်းကြီးပစ္စည်းအဝင်မရှိလို့ ဈေးမဖွင့်နိုင်ခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတော့ တစ်တင်း ၂၈ဝဝဝ ကျပ်အမြင့်ဈေးနဲ့ စဖွင့်ခဲ့ပါတယ်။ စိမ်းသေးတစ်မျိုးသာဈေးဖွင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကလေးဘက်က ပဲတီတစ်ချို့ ဈေးကွက်ထဲ ဝင်လာခဲ့ပေမဲ့ မုံရွာနယ်ဝန်းကျင်က မိုးပဲတီလက်ကျန်လျော့နည်းလာကာ ဈေးကွက်ထဲမှာစိမ်းသေးတစ်တင်း ၂၃၅ဝဝ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ဒေသခံစက် သမား၊ လက်လီသမားတွေနဲ့ မန္တလေး၊ ရန်ကုန်ဝယ်လက်ပုံမှန်ရှိခဲ့လို့ တစ်ရက်ပျမ်းမျှ အိတ် ၄ဝဝ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိတယ်လို့ဈေးကွက်က ဆိုပါတယ်။ နယ်တင်ပို့မှုအနေနဲ့ ယခုတစ်ပတ်အတွင်း မန္တလေးကို တင်း ၄ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်