Background
တက်ဈေးဖြစ်နေတဲ့ ရှမ်းကြက်ဆူကြား စက်မှုကုန်ကြမ်းသီးနံှဖြစ်တဲ့ ကြက်ဆူကြားကို ရှမ်းပြည်နယ်တောင်ပိုင်းမှာ အတော်များများ စိုက်ပျိုးကြပါတယ်။ အိမ်ခြံဝင်းစည်းရိုးတွေနဲ့ စိုက်ကွင်းစည်းရိုးတွေအပြင် မြေညံ့တွေနဲ့ ပလပ်မြေတွေမှာ စိုက်တယ်လို့ သိရပါတယ်။ တောင်ကြီး ခရိုင်မှာတော့ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်က ကြက်ဆူအများအပြားထွက်တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ကြက်ဆူဈေးက တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းလာတဲ့ သီးနံှဖြစ်ပါတယ်။ ကြက်ဆူကြားဈေးက ၂ဝဝ၉ ခုနှစ် မေ၊ ဇွန်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၆ဝဝ ကျပ်မှ အမြင့်ဆုံး ၇ဝဝ ကျပ်ဈေးရှိပါတယ်။ နိုဝင်ဘာလမှာ ဈေးတပ်တက်လာပြီး တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးရှိပါတယ်။ ဒီဇင်ဘာလမှာ အနိမ့်ဆုံး ၈၈ဝ ကျပ်မှ အမြင့်ဆုံး ၉ဝဝ ကျပ်ဈေးရှိပါတယ်။ ၂ဝ၁ဝ နှစ်ဆန်းမှာ ဈေးထပ်တက်လာပြီး ဖေဖော်ဝါရီမှာ အနိမ့်ဆုံး ၉၃ဝ ကျပ်မှ အမြင့်ဆုံး ၉၅ဝ ကျပ်၊ မတ်၊ ဧပြီလမှာ အနိမ့်ဆုံး ၁ဝဝဝ ကျပ်မှ အမြင့်ဆုံး ၁ဝ၅ဝ ကျပ်ဈေးမြင့်လာပါတယ်။ တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်းသီးနံှအဖြစ် ဝယ်လိုအား ကောင်းလာတာကြောင့် ဈေးထပ်တက်လာပြီး မေလမှာ အမြင့်ဆုံး ၁၁၅ဝ ကျပ်ဈေးထိ တက်လာပါတယ်။ ဇွန်လမှ စက်တင်ဘာလမှာတော့ တစ်ပိဿာ ၁ဝ၇ဝ ကျပ်နဲ့ သာဈေးငြိမ်နေပြီး နိုဝင်ဘာလမှာ ၁၁၇ဝ ကျပ်ဈေးထိပြန်တက် လာပါတယ်။ ဈေးကောင်းရတဲ့ အတွက် လှောင်လက်တွေကလည်း ထုတ်ရောင်းနေကြပါတယ်။ တရုတ်သို့တင်ပို့ရန်အတွက် မန္တလေးဝယ်လက်တွေ ဝယ်ယူနေကြလို့ အရောင်းအဝယ် သွက်နေပြီး ဒီတစ်ပတ်ကြက်ဆူပေါက်ဈေးကတော့ ၁ဝ၅ဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
လက်ကျန်နည်းပြီး နောက်သီး အထွက်နည်းနိုင်လို့ ကျောက်ပန်းတောင်းမန်ကျည်းဈေးမာ ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်မှာ မန်ကျည်းလက်ကျန် နည်းခြင်း၊ နောက်အသီးတင်မှု နည်းပြီး အထွက်နည်းနိုင်လို့ ကုန်သည်များက ဈေးကွက်အတွင်း ထိန်းပြီးရောင်းဝယ် နေမှုများကြောင့် မန်ကျည်းဈေး အနည်းငယ်တက်လာကာ ယခုရက်ပိုင်း အတွင်း ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက်မှာ မန်ကျည်းအသား အစေ့မပါ ထိပ်စတစ်ပိဿာ ၁၉ဝဝ ကျပ်၊ အလတ်စ ၁၈ဝဝ ကျပ်၊ အောက်စ ၁၄ဝဝ ကျပ်-၁၅ဝဝ ကျပ်၊ နှစ်ချို့မန်ကျည်း တစ်ပိဿာ ၁၁ဝဝ ကျပ်-၁၂ဝဝ ကျပ်ဖြစ်ပြီး ရန်ကုန် ဘုရင့်နောင်သို့ နေ့စဉ် တင်ပို့မှုမရှိဘဲ ရက်ခြားပြီး ပိဿာ ၁ဝဝဝဝ -၂ဝဝဝဝ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်မှာ ယခုရက်ပိုင်းအတွင်း မန်ကျည်းလက်ကျန် ပိဿာ နှစ်သိန်းခွဲခန့်ရှိနေပြီး ယခုလာမဲ့ ဇန်နဝါရီလလယ်မှာ မန်ကျည်း အသစ် ပေါ်မှာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင် မန်ကျည်းအသား အစေ့မပါ တစ်ပိဿာ လက်ကားဈေး ၁၈ဝဝ ကျပ်၊ လက်လီဈေး ၂ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ မင်းးလွင်
မန်ကျည်းသီး မှည့်နယ်စပ်အပို့နည်း မန်ကျည်းသီးမှည့်နယ်စပ်အပို့နည်း စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှ မန် ကျည်းသီး မှည့်တစ်တန်ကို ၃၇၉၄၄ဝ ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေး ကတော့ ၃၅ဝဝဝ တာကာ ( ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့်ဈေးပေါက်လျက် ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံး တင်ပို့ကြောင်း သိရပါတယ်။ တင်တင်ထွန်း(MIRT)
မန်ကျည်းသီး မှည့်နယ်စပ်အပို့နည်း စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှ မန် ကျည်းသီး မှည့်တစ်တန်ကို ၃၇၉၄၄ဝ ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေး ကတော့ ၃၅ဝဝဝ တာကာ ( ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့်ဈေးပေါက်လျက် ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံး တင်ပို့ကြောင်း သိရပါတယ်။ တင်တင်ထွန်း(MIRT)
အိန္ဒိယနနွင်းဈေး မြင့်တက်နေဆဲ အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ဒီဇင်ဘာလ ၁၄ ရက် နနွင်းအမျိုးအစား ၂ မျိုးလုံး တစ်တန်ကို ရူပီး ၃၅ဝဝ-၄ဝဝဝ (ကန်ဒေါ်လာ ၇၇) မြင့်တက်ခဲ့ပါတယ်။ လက်ရှိ ဝယ်လိုအားများများစားစားမရှိတာကြောင့် နနွင်း လက်ကျန်အနည်း ငယ်သာ ဈေးကွက်ကို ဝင်ရောက်လာနေပြီလို့ အီရောနနွင်းအသင်း ဥက္ကဌ အာဗွီရာဗီရှန်ကာက ဆိုပါတယ်။ အီရော့ဈေးကွက် ၄ ခုလုံးမှာ နနွင်းရောင်းချမှု အနည်းငယ်စီ တိုးလာတယ်လို့လည်း ဆိုပါတယ်။ တောင်သူများဟာ ယခုရာသီကုန်ချိန်ထိ လက်ရှိ ဈေးနှုန်းအတိုင်း ဆက်ရှိနေမယ်လို့ မျှော်လင့်နေကြ တာကြောင့် ၎င်းတို့ရဲ့ လက်ကျန် များ ထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယမြောက်ပိုင်းကုန်သည်များကတော့ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်း ရောင်းချတဲ့ဝင်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၅ဝ၁ဝ -၁၆၄၁၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃-၃၆၁၆)၊ နနွင်းဥဈေးက ရူပီး ၉၅ဝ၁ဝ-၁၆၂၁၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃- ၃၅၇၂) ရှိပြီး အီရော့သမဈေးကွက်မှာတော့ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁၆၁၉၆- ၁၆၅၂၇ဝ (ကန်ဒေါ်လာ၃၅၆၇-၃၆၄ဝ) နဲ့ နနွင်းဥဈေးက ရူပီး ၁၅၈၅၉ဝ- ၁၆၂၁၉ဝ (ကန်ဒေါ်လာ ၄၉၃-၃၅၇၂) ဈေးဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင်၊ှSources: business standard
ဟိုပုံးနနွင်း ဈေးကွက်ဝင်ပြီ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ နာမည်ကြီးဟိုပုံးနနွင်းက ဈေးကွက်ကို အနည်းငယ် ဝင်ရောက်လာပါပြီ။ ဟိုပုံးမြို့နယ် နမ့်ခုတ်မြို့နယ်တွေကစပြီး ဝင်လာတာ လို့လည်းသိရပါတယ်။ နနွင်းဈေးက ဈေးကွက်ထဲကို ဈေးနှုန်းအမိုျးမိုျးနဲ့ ဝင်လာနေ ပါတယ်။ ယခုလတ်တလောဝင်နေတဲ့ နနွင်းတက်ကလည်း နနွင်းအစိုတွေသာ ဖြစ်ပါတယ်။ နနွင်းအစိုဈေးကလည်း ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ တစ်ပိဿာ ၃ဝဝ ကျပ်၊ ၃၂ဝ ကျပ်၊ ၃၅ဝ ကျပ်ရှိတယ်လို့သိရပါတယ်။ နနွင်းအစိုကို နေလှမ်းအခြောက်ခံပြန်ပြုတ်ပြီးမှသာ နနွင်းတက်ခြောက်ရတာကြောင့် ၂ လပိုင်း၊ ၃ လပိုင်းခန့်လောက်မှသာ နနွင်းတက်ကို ဈေးကွက်မှာတွေ့ရပါတယ်။ နနွင်းတက်က အရောင်းအဝယ် အေးနေပေမဲ့ ဈေးကတော့ကောင်းနေပါတယ်။ အောင်ပန်းဈေး ကွက်မှ နနွင်းသန့်က တစ်ပိဿာ ၃၄ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၃၂ဝဝ ကျပ်၊ နနွင်းခါးက ၁၅ဝဝ ကျပ်၊ နနွင်းခေါင်းက ၂ဝဝဝ ကျပ်ရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာ နနွင်းသန့်တစ်ပိဿာ ၃၅ဝဝ ကျပ်ရှိပါတယ်။ ဧဧခိုင်
နနွင်းတက် မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း နနွင်းတက် ၈ ဒသမ ၄၇ တန်၊ ကန်ဒေါ်လာ ၁၅၇ဝဝ ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးက ကျပ် ၁ ဒသမ ၇၄ သန်းဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးက ၁၉၅၅ ဒေါ်လာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)
ကုန်ဆက်တိုက်အဝင်ရှိလို့ ဈေးအေးတဲ့ ပြည်ငရုတ်ခြောက် ပြည်မြို့နယ်ရဲ့ ငရုတ်ခြောက်ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း ငရုတ်ခြောက်အရှည် တစ်ပိဿာကို ၂၆ဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ထိ ဈေးကျသွား ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုန်ပစ္စည်းအဝင်များပြီး ဈေးအေး အရောင်းအဝယ် အေးနေ ခဲ့ချိန်မှာပင် အောင်လံဘက်မှ ငရုတ်ခြောက်များယခုတစ်ပတ်အတွင်း ပိဿာ ၂ဝ ဝင်အိတ် ၂ဝဝ ခန့် ထပ်မံဝင်ရောက်လာတဲ့အတွက် ပြည်မြို့ပေါ်ရှိ ပွဲရုံများမှာ ငရုတ်ခြောက်လက်ကျန်များ များပြားနေပြီး အရောင်းအဝယ်မှာ ဆက် လက် အေးနေကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
နမ့်ဆန်ချင်းတွေ စဖော်ပြ ဟိုပုံးဈေးကွက်နဲ့ နမ့်ဆန်ဈေးကွက်တွေမှာ ချင်းသစ်တွေဝင်နေပါပြီ။ အများအပြားဝင်လာခြင်း မရှိသေးပေမဲ့ နမ့်ဆန်မြို့ရဲ့ အနီးအနားရွာတွေဖြစ်တဲ့ လွယ်ဟွေး၊ လွယ်စိုင်းစတဲ့ရွာတွေကနေ အပင်ခြောက်ပြီး သေသွားတဲ့ချင်းတွေကို စပြီးဖော်နေကြပြီလို့သိရပါတယ်။ နမ့်ဆန်မှာတော့ ချင်းတစ်ပိဿာ ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ဈေးနဲ့ ပွဲရုံတွေကကြိုပြီး ဝယ်နေတယ်လို့သိရပါတယ်။ ဒီနှစ်ထွက်တဲ့ချင်း တွေကိုလည်း ဈေးကောင်းရင် အစိုအတိုင်းသာ ရောင်းကြမှာဖြစ်ပြီး၊ အခြောက် အဖြစ်ပြုလုပ်ဖို့နည်းနိုင်တယ်လို့ နမ့်ဆန် ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ၂ လပိုင်းလောက်မှသာ ဈေးကွက်ကို အဝင်လှိုင်လာမှာဖြစ်ပါတယ်။ ချင်းခြောက် ဈေးက ဒီနှစ်မှာ ဘယ်ဈေးနဲ့စဖွင့်မယ်ဆိုတာမသိနိုင်သေးပေမဲ့ မနှစ်ကတစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးပိတ်သွားတယ်လို့ သိရပါ တယ်။ ကလောမြို့ရဲ့ အနီးပတ် ဝန်းကျင်က ထွက်တဲ့ ချင်းတွေက အောင်ပန်းဈေးကွက်မှာ အဝင်လှိုင်နေပြီး တစ်ရက်ကို ပိဿာချိန် ၁၅ဝဝဝ ခန့် ဝင်နေတယ်လို့သိရပါတယ်။ အောင်ပန်းချင်း ကတော့ တစ်ပိဿာ ၆ဝဝ ကျပ်၊ ၆၅ဝ ကျပ်ရှိပါတယ်။ ချင်းခြောက်အသစ်တွေ ဈေးကွက်ကို မဝင်လာသေးတော့ လက်ကျန်ချင်းခြောက်ဟောင်းတွေ ဈေးတက် လာပြီး၊ ချင်းခြောက်ဈေးကတစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကိုတော့ ပြည်တွင်းသုံးအဖြစ် ဝယ်ယူနေကြတယ်လို့ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၂ ဒသမ ၁ သိန်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဧဧခိုင်