Main menu

Background

Tuesday, 21 Dec 2010

 မန်ကျည်းသီး မှည့်နယ်စပ်အပို့နည်း                  စစ်တွေနယ်စပ်ကနေ အစေ့ ပါတဲ့မန်ကျည်းသီးမှည့် ယခင်အပတ်က တင်ပို့မှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ ၂ တန် ကန်ဒေါ်လာ ၇၂ဝ ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ စစ်တွေနယ်စပ်မှ မန် ကျည်းသီး မှည့်တစ်တန်ကို ၃၇၉၄၄ဝ  ကျပ်ဈေးပေါက်ပြီး တစ်ဘက်နိုင်ငံဈေး ကတော့ ၃၅ဝဝဝ တာကာ ( ဒေါ်လာ ၄၇ဝ) ဝန်းကျင်ခန့်ဈေးပေါက်လျက် ရှိပါတယ်။ မကွေး၊ မန္တလေး၊ ပြည်ဒေသထွက် မန်ကျည်းသီးမှည့်များကို စစ်တွေ နယ်စပ်စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် သို့ အများဆုံး တင်ပို့ကြောင်း သိရပါတယ်။                    တင်တင်ထွန်း(MIRT)

Tuesday, 21 Dec 2010

အိန္ဒိယနနွင်းဈေး မြင့်တက်နေဆဲ           အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ဒီဇင်ဘာလ ၁၄ ရက် နနွင်းအမျိုးအစား ၂ မျိုးလုံး တစ်တန်ကို ရူပီး ၃၅ဝဝ-၄ဝဝဝ (ကန်ဒေါ်လာ ၇၇) မြင့်တက်ခဲ့ပါတယ်။ လက်ရှိ ဝယ်လိုအားများများစားစားမရှိတာကြောင့် နနွင်း လက်ကျန်အနည်း ငယ်သာ ဈေးကွက်ကို ဝင်ရောက်လာနေပြီလို့ အီရောနနွင်းအသင်း ဥက္ကဌ အာဗွီရာဗီရှန်ကာက ဆိုပါတယ်။ အီရော့ဈေးကွက် ၄ ခုလုံးမှာ နနွင်းရောင်းချမှု အနည်းငယ်စီ တိုးလာတယ်လို့လည်း ဆိုပါတယ်။ တောင်သူများဟာ ယခုရာသီကုန်ချိန်ထိ လက်ရှိ ဈေးနှုန်းအတိုင်း ဆက်ရှိနေမယ်လို့ မျှော်လင့်နေကြ တာကြောင့် ၎င်းတို့ရဲ့ လက်ကျန် များ ထုတ်ရောင်းနေကြတယ်လို့ ဆိုပါတယ်။           အိန္ဒိယမြောက်ပိုင်းကုန်သည်များကတော့ ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ အီရော့နနွင်း ကုန်သည်များအသင်း ရောင်းချတဲ့ဝင်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၅ဝ၁ဝ -၁၆၄၁၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃-၃၆၁၆)၊ နနွင်းဥဈေးက ရူပီး ၉၅ဝ၁ဝ-၁၆၂၁၉ဝ (ကန်ဒေါ်လာ ၂ဝ၉၃- ၃၅၇၂) ရှိပြီး အီရော့သမဈေးကွက်မှာတော့ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၁၆၁၉၆- ၁၆၅၂၇ဝ (ကန်ဒေါ်လာ၃၅၆၇-၃၆၄ဝ) နဲ့ နနွင်းဥဈေးက ရူပီး ၁၅၈၅၉ဝ- ၁၆၂၁၉ဝ (ကန်ဒေါ်လာ  ၄၉၃-၃၅၇၂) ဈေးဖြစ်ကြောင်း သိရပါတယ်။                 ယမင်းခင်၊ှSources: business standard  

Tuesday, 21 Dec 2010

 ဟိုပုံးနနွင်း ဈေးကွက်ဝင်ပြီ           ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ နာမည်ကြီးဟိုပုံးနနွင်းက ဈေးကွက်ကို အနည်းငယ် ဝင်ရောက်လာပါပြီ။ ဟိုပုံးမြို့နယ် နမ့်ခုတ်မြို့နယ်တွေကစပြီး ဝင်လာတာ လို့လည်းသိရပါတယ်။ နနွင်းဈေးက ဈေးကွက်ထဲကို ဈေးနှုန်းအမိုျးမိုျးနဲ့ ဝင်လာနေ ပါတယ်။ ယခုလတ်တလောဝင်နေတဲ့ နနွင်းတက်ကလည်း နနွင်းအစိုတွေသာ ဖြစ်ပါတယ်။ နနွင်းအစိုဈေးကလည်း ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ တစ်ပိဿာ ၃ဝဝ ကျပ်၊ ၃၂ဝ ကျပ်၊ ၃၅ဝ ကျပ်ရှိတယ်လို့သိရပါတယ်။ နနွင်းအစိုကို နေလှမ်းအခြောက်ခံပြန်ပြုတ်ပြီးမှသာ နနွင်းတက်ခြောက်ရတာကြောင့် ၂ လပိုင်း၊ ၃ လပိုင်းခန့်လောက်မှသာ နနွင်းတက်ကို ဈေးကွက်မှာတွေ့ရပါတယ်။ နနွင်းတက်က အရောင်းအဝယ် အေးနေပေမဲ့ ဈေးကတော့ကောင်းနေပါတယ်။ အောင်ပန်းဈေး ကွက်မှ နနွင်းသန့်က တစ်ပိဿာ ၃၄ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၃၂ဝဝ ကျပ်၊ နနွင်းခါးက ၁၅ဝဝ ကျပ်၊ နနွင်းခေါင်းက ၂ဝဝဝ ကျပ်ရှိပါတယ်။ တောင်ကြီး ဈေးကွက်မှာ နနွင်းသန့်တစ်ပိဿာ ၃၅ဝဝ ကျပ်ရှိပါတယ်။ ဧဧခိုင်

Tuesday, 21 Dec 2010

နနွင်းတက်           မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ကာလအတွင်း နနွင်းတက် ၈ ဒသမ ၄၇ တန်၊ ကန်ဒေါ်လာ ၁၅၇ဝဝ ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးက ကျပ် ၁ ဒသမ ၇၄ သန်းဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးက ၁၉၅၅ ဒေါ်လာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။                                                MIRT(DOBT)  

Tuesday, 21 Dec 2010

 ကုန်ဆက်တိုက်အဝင်ရှိလို့ ဈေးအေးတဲ့ ပြည်ငရုတ်ခြောက်          ပြည်မြို့နယ်ရဲ့ ငရုတ်ခြောက်ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း ငရုတ်ခြောက်အရှည် တစ်ပိဿာကို ၂၆ဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ထိ ဈေးကျသွား ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုန်ပစ္စည်းအဝင်များပြီး ဈေးအေး အရောင်းအဝယ် အေးနေ ခဲ့ချိန်မှာပင် အောင်လံဘက်မှ ငရုတ်ခြောက်များယခုတစ်ပတ်အတွင်း ပိဿာ ၂ဝ ဝင်အိတ် ၂ဝဝ ခန့် ထပ်မံဝင်ရောက်လာတဲ့အတွက် ပြည်မြို့ပေါ်ရှိ ပွဲရုံများမှာ ငရုတ်ခြောက်လက်ကျန်များ များပြားနေပြီး အရောင်းအဝယ်မှာ ဆက် လက် အေးနေကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Tuesday, 21 Dec 2010

 နမ့်ဆန်ချင်းတွေ စဖော်ပြ               ဟိုပုံးဈေးကွက်နဲ့ နမ့်ဆန်ဈေးကွက်တွေမှာ ချင်းသစ်တွေဝင်နေပါပြီ။ အများအပြားဝင်လာခြင်း မရှိသေးပေမဲ့ နမ့်ဆန်မြို့ရဲ့ အနီးအနားရွာတွေဖြစ်တဲ့ လွယ်ဟွေး၊ လွယ်စိုင်းစတဲ့ရွာတွေကနေ အပင်ခြောက်ပြီး သေသွားတဲ့ချင်းတွေကို စပြီးဖော်နေကြပြီလို့သိရပါတယ်။ နမ့်ဆန်မှာတော့ ချင်းတစ်ပိဿာ ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ဈေးနဲ့ ပွဲရုံတွေကကြိုပြီး ဝယ်နေတယ်လို့သိရပါတယ်။ ဒီနှစ်ထွက်တဲ့ချင်း တွေကိုလည်း ဈေးကောင်းရင် အစိုအတိုင်းသာ ရောင်းကြမှာဖြစ်ပြီး၊ အခြောက် အဖြစ်ပြုလုပ်ဖို့နည်းနိုင်တယ်လို့ နမ့်ဆန် ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ၂ လပိုင်းလောက်မှသာ ဈေးကွက်ကို အဝင်လှိုင်လာမှာဖြစ်ပါတယ်။ ချင်းခြောက် ဈေးက ဒီနှစ်မှာ ဘယ်ဈေးနဲ့စဖွင့်မယ်ဆိုတာမသိနိုင်သေးပေမဲ့ မနှစ်ကတစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးပိတ်သွားတယ်လို့ သိရပါ တယ်။ ကလောမြို့ရဲ့ အနီးပတ် ဝန်းကျင်က ထွက်တဲ့ ချင်းတွေက အောင်ပန်းဈေးကွက်မှာ အဝင်လှိုင်နေပြီး တစ်ရက်ကို ပိဿာချိန် ၁၅ဝဝဝ ခန့် ဝင်နေတယ်လို့သိရပါတယ်။ အောင်ပန်းချင်း ကတော့ တစ်ပိဿာ ၆ဝဝ ကျပ်၊ ၆၅ဝ ကျပ်ရှိပါတယ်။ ချင်းခြောက်အသစ်တွေ ဈေးကွက်ကို မဝင်လာသေးတော့ လက်ကျန်ချင်းခြောက်ဟောင်းတွေ ဈေးတက် လာပြီး၊ ချင်းခြောက်ဈေးကတစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကိုတော့ ပြည်တွင်းသုံးအဖြစ် ဝယ်ယူနေကြတယ်လို့ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၂ ဒသမ ၁ သိန်း အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။                                                                                                   ဧဧခိုင် 

Tuesday, 21 Dec 2010

မန်းချင်းဈေးကွက်            ချင်းများလှိုင်လှိုင်ပေါ်တဲ့ ရာသီဖြစ်လို့ ချင်းဈေးမှာ ယခင်လကထက် အနည်းငယ်ကျပြီး ယခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ မေမြို့ချင်း တစ်ပိဿာ လက်ကားဈေး ၈ဝဝ ကျပ်၊ လက်လီဈေး ၁၆ဝဝ ကျပ်၊ အောင်ပန်းချင်း တစ်ပိဿာ လက်ကားဈေး ၉ဝဝ ကျပ်၊ လက်လီဈေး ၁၈ဝဝ ကျပ်ရှိပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း ချင်းအများဆုံး ထွက်တဲ့ ပြင်ဦးလွင်မှ မန္တလေးသို့ မေမြို့ ချင်းနေ့စဉ် ပိဿာ ၁ဝဝဝ ခန့်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အောင်ပန်းချင်း နေ့စဉ် ပိဿာ ၃ဝဝဝ ခန့်ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။                                                       မင်းလွင် 

Tuesday, 21 Dec 2010

ပုံမှန်ဈေးနဲ့ အရောင်းအဝယ်အေးတဲ့ ပြည်ချင်းဈေးကွက်             ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ အဝင်နည်း လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၃ဝ ဝင်အိတ် ၃၅ဝ ခန့် ဝင်ရောက်ခဲ့ သော်လည်း ယခုတစ်ပတ်မှာတော့ အိတ် ၂၈ဝ ခန့်သာ ဝင်ရောက်ကြောင်း သိရပါတယ်။ အဝင်နည်းသော်လည်း တစ်နေ့ကို ပိဿာချိန် ၃ဝဝ ခန့်သာ ပုံမှန်ဈေးဖြင့် အရောင်းအဝယ်အေးနေပါတယ်။ ပြည်ဈေးကွက်ရဲ့ ယခုတစ်ပတ် ရောင်းဈေးမှာ တစ်ပိဿာကို အကြီး ၁၁ဝဝ ကျပ်နဲ့ အသေး ၁ဝဝဝ ကျပ် ရှိတယ်လို့ သိရပါတယ်။       ဝင်းလဲ့ဝါ 

Tuesday, 21 Dec 2010

ချင်းခြောက်များတင်ပို့            ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း ချင်းခြောက် ၂၈ တန် နီးပါးကို မူဆယ် ၁ဝ၅ မိုင်နဲ့ တောချင်း တန် ၂ဝ ကို ချင်းရွှေဟော်နယ်စပ်တို့မှ ကန်ဒေါ်လာ ၆၃ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မှာ ချင်းခြောက် တစ်တန်ကို ကျပ် ၁ ဒသမ ၈ သန်းပေါက်ပြီး တစ်ဘက်နိုင်ငံမှာ ကန်ဒေါ်လာ ၂ဝ၃ဝ ခန့် ဈေးပေါက်လျက်ရှိပါတယ်။                               MIRT(DOBT) 

Sunday, 19 Dec 2010

ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးမှာငြိမ်နေတဲ့ ပဲကြီး          ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြစ်နေတဲ့ ပဲအမျိုးအစား ကတော့ ပဲကြီးအမျိုးအစား ဖြစ်ပါတယ်။ ပဲကြီးဈေးနှုန်းများမှာ ပဲကြီး (ကမ်းနား) က ၃၅ဝဝဝ ကျပ်၊ ရွှေကွျှန်းမှာ ၃၆ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ် လျက်ရှိကာ ပဲကြီး ကမ်းနားမှာ တစ်ရက်အိတ် ၂ဝဝ ခန့်နှင့် ပဲကြီးရွှေကျွန်းမှာအိတ် ၁ဝဝ အထိ အရောင်းအဝယ်ဖြစ်လာတယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ပဲကြီးကမ်းနားသာ ပဲကြော်၊ ပဲလှော်လုပ်ငန်းသမားများဖြင့် အဝယ်ရှိနေခဲ့ပြီး ယခု ဒီဇင်ဘာလတွင် ပဲကြီး ရွှေကျွန်းပါ အရောင်းအဝယ် သွက်လာတယ်လို့ သိရပါ တယ်။                                   ခင်ဆွေဝင်း 

Pages