Background
ဈေးမြင့် အရောင်းသွက်လာတဲ့ မန်းကုလားပဲ မန်းကုလားပဲဈေးကွက်မှာ ယခုတစ်ပတ်မှာလည်း ဒေသတွင်း ပဲခွဲစက် လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းနေတဲ့အတွက် ယခင်တစ်ပတ်ထက် ဈေးမြင့် လာပြီး အရောင်းသွက်နေကြပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၁ဝဝ ကျပ် (တစ်တန် ၆၇၃၆ဝဝ ကျပ်) ၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁ဝ၄၈ ကျပ် (တစ်တန် ၆၄၁၇ဝဝ ကျပ်)ဈေးတို့နဲ့သာ ရောင်း ဝယ်ခဲ့ရာမှ ယခုအောက်တိုဘာ တတိယပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၁၈၈ ကျပ် (တစ်တန် ၇၂၇၅ဝဝ ကျပ်)၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁၁၃၈ ကျပ်(တစ်တန် ၆၉၆၉ဝဝ ကျပ်) ဈေးတို့နဲ့ ဈေးမြင့်လာပြီး ရောင်းဝယ်နေကြပါတယ်။ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တို့ ဝယ်လိုအားရှိသလို ရန်ကုန်ဝယ်လက် အချို့မှ လည်း ဝယ်ယူမှုရှိနေတာကြောင့် ဈေးမြင့်လာတာဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်အချို့က ပြောပါတယ်။ ကျော်ကျော်မိုး
မန်းပဲတီစိမ်းကို တရုတ်ဝယ်လက် ဆွဲအားကောင်း ယခုတစ်ပတ် မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ မကွေး၊ အောင်လံတို့မှ ထွက်ရှိတဲ့ ပဲတီစိမ်းအသစ်များ အနည်းငယ်သာ ဝင်ရောက်မှုရှိနေပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခုဖြစ်သလို အောက်တိုဘာလ ဒုတိယပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေကြတာကို တွေ့ရပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပဲတီစိမ်း ထိပ်စ တစ်ပိဿာ ၁၅၆၄ ကျပ်၊ တစ်တန် ၉၅၈ဝဝဝ ကျပ်ဈေးတို့ဖြင့် ဈေးမြင့်ပြီးရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တရုတ်ကို တစ်ပတ်အတွင်း ၁၃ဝဝ တန်၊ ရန်ကုန်ကို ၇၇ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်ဝယ်လက်မှ ဝယ်လိုအားကောင်းနေတဲ့အတွက် ပဲတီစိမ်းဈေးကွက် ဈေးဆက်လက်မာနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းပြောဆိုနေကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
အရည်အသွေးကောင်း အဝယ်ရှိလို့ တစ်လအတွင်း အိန္ဒိယပဲတီစိမ်းဈေးမာနေ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ ပုံမှန်အဝင်ရှိနေပေမဲ့ အရည်အသွေးကောင်း ပဲတီစိမ်းကို အဝယ်ရှိနေတာကြောင့် ပဲတီစိမ်းဈေးမကျဘဲ ဈေးမာနေတာတွေ့ရပါတယ်။ ယခင်လပိုင်းက တရုတ်နဲ့ တန်ဇန်းနီးယား ပဲတီစိမ်း များ တင်သွင်းရောင်းချခဲ့ပေမဲ့ ပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ လှိုင်လှိုင်ဝင်လာပြီဖြစ်လို့ တင်သွင်း ပဲအရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလ ကာလတူဈေးနှုန်း နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ချန်နိုင်းဈေးကွက် ချန်နိုင်း(C & F) ရူပီး ဒေါ်လာ ဒေါ်လာ၂၁-၁ဝ-၁ဝ ၄၇ဝဝဝ ၁ဝ၆ဝ -၂၁-၉-၁ဝ ၄၄ဝဝဝ ၉၆၂ ၁၄ဝဝMIRT (MAPT)
အိန္ဒိယဝယ်လက် အဝယ်နှေးပေမဲ့ တန် ၂၅ဝဝ ကျော် တင်ပို့မှုရှိဆဲ ယခုတစ်ပတ် ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်တစ်ပတ်ကလိုဘဲ တန်ချိန် ၂၅ဝဝ ကျော် တင်ပို့မှုရှိ နေသေးတာတွေ့ရပါတယ်။ အိန္ဒိယ ဝယ်လက်အဝယ်နှေးပေမဲ့ ပါကစ္စတန်၊ စင်ကာပူ ဝယ်လက်တွေ အဝယ်ရှိနေတာကြောင့် တင်ပို့မှုရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်မှုနည်းပေမဲ့ မန္တလေးတိုင်းဒေသကြီး၊ မုံရွာနယ်ဈေးကွက်များမှာ တရုတ်ဝယ်လက်များ အဝယ်ရှိနေတာကြောင့် ဈေးအနည်းငယ်မြင့်တက် လာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲတီစိမ်း(အညာ) ပခုက္ကူ ပဲတီရွှေဝါအသေး၂၂-၁ဝ-၁ဝ ၉၃ဝ-၉၄ဝ ၉၇ဝ-၉၈ဝ ၁၂ဝဝ-၁၂၂ဝ၁၄-၁ဝ-၁ဝ ၈၈ဝ-၈၉ဝ ၉၇ဝ-၉၈ဝ ၁၁၅ဝ-၁၁၈ဝMIRT (MAPT)
ဆောင်းပဲမျိုးစုံနဲ့ ဂံျုအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို အိန္ဒိယတိုးမြှင့် အိန္ဒိယအစိုးရဟာ လာမယ့်နှစ်ဧပြီလမှာ ဈေးကွက်ထဲဝင်ရောက်မယ့် လက်ရှိစတင်စိုက်ပျိုးတဲ့ ဆောင်းသီးနံှများ ပဲမျိုးစုံဂံျုနဲ့ ဆီထွက်သီးနံှများရဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) များကို တိုးမြှင့်သွားမယ်လို့ သိရပါတယ်။ ဂံျုအထွက် MSP ကို တစ်တန် ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၉)သာ တိုးမြှင့်ပေးပေမဲ့ ကုလားပဲနဲ့ ပဲနီလေးအတွက် MSP ကို ယခင်နှစ်ထက် တစ်တန်ကို ရူပီး ၃၄ဝဝ (ကန်ဒေါ်လာ ၇၆ ဒသမ ၃၅) နဲ့ ရူပီး ၃၈ဝဝ (ကန်ဒေါ်လာ ၈၅ ဒသမ ၃၂) စီတိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ အစိုးရမှ ၂ဝ၁ဝ-၂ဝ၁၁ ရာသီအတွက် ပဲမျိုးစုံထုတ်လုပ်မှုကို တန်ချိန် ၁၆ ဒသမ ၅ သန်း ရည်မှန်းထားတဲ့အနက် ကုလားပဲကို တန်ချိန် ၇ ဒသမ ၅၈ သန်းထွက်ရှိဖို့ ရည်မှန်းထားတာကြောင့် ကုလားပဲ ပိုမိုစိုက်ပျိုးစေဖို့ ရည်ရွယ်လို့ ယခုလို ဈေးနှုန်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ယခင်နှစ်က ကုလားပဲတန်ချိန် ၇ ဒသမ ၃၅ သန်းအထိ စံချိန်တင်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဆီထွက်သီးနံှများအနက် မုန်ညှင်းစေ့ တစ်တန်ကို ရူပီး ၂ဝဝ (ကန်ဒေါ်လာ ၄ ဒသမ ၄၉) သာ တိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆောင်းသီးနံှများ အတွက် တိုးမြှင့်ပေးတဲ့ နှစ်အလိုက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းများကို ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ဂျုံ ကုလားပဲ ပဲနီလေး မုန်ညှင်းစေ့ နေကြာစေ့ ဘာလီ ၂၀၀၀-၀၁ ၁၃၈ ၂၄၈ ၂၇၁ ၂၇၁ ၂၇၁ ၁၁၃၂ဝဝ၄-ဝ၅ ၁၄၄ ၃၂၂ ၃၄၄ ၃၈၄ ၃၅ဝ ၁၂၂၂ဝဝ၅-ဝ၆ ၁၅၈ ၃၂၄ ၃၄၆ ၃၈၇ ၃၅၃ ၁၂၄၂ဝဝ၆-ဝ၇ ၁၉၂ ၃၂၆ ၃၄၉ ၃၈၇ ၃၅၃ ၁၂၇၂ဝဝ၇-ဝ၈ ၂၂၆ ၃၆၁ ၃၈၄ ၄ဝ၆ ၃၇၂ ၁၄၇၂ဝဝ၈-ဝ၉ ၂၄၄ ၃၉ဝ ၄၂၂ ၄၁၃ ၃၇၂ ၁၅၃၂ဝဝ၉-၁ဝ ၂၄၈ ၃၉၇ ၄၂၂ ၄၁၃ ၃၇၉ ၁၆၉၂ဝ၁ဝ-၁၁ ၁၅၃ ၄၇၄ ၅ဝ၈ ၄၁၇ ၄ဝ၆ ၁၇၆
ဈေးမာလာတဲ့ မန်းမြေထောက် မြေထောက်ပဲကို မန်ဈေးကွက်အတွင်း အောက်တိုဘာလ ဒုတိယပတ် ထက် ယခုတတိယပတ်မှာ ဈေးမြင့်ရောင်းဝယ်နေကြပါတယ်။ ရန်ကုန်ဝယ် လိုအားရှိနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်တယ်လို့ မြေထောက်ကုန်သည် တို့ကပြောပါတယ်။ အောက်တိုဘာလဒုတိယပတ်မှာ မြေထောက်ပဲတစ်ပိ ဿာ ၈၇ဝ ကျပ် (တစ်တန် ၅၃၂၇ဝဝ ကျပ်)ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု တတိယပတ်မှာတော့ တစ်ပိဿာ ၉၂၆ ကျပ် (တစ်တန် ၅၆၇ဝဝဝ ကျပ်)နဲ့ ဈေးမြင့်ရောင်းဝယ်နေကြပါတယ်။ ရောင်းဝယ်မှုအနေနဲ့ တစ်ပတ်အတွင်း ၅၄ ပိဿာဝင် အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါ တယ်။ ကျော်ကျော်မိုး
ပင်လယ်ရေကြောင်းကမြေထောက် တန် ၈ဝဝ ကျော်ထိ တင် ယခုတစ်ပတ် (အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်နေ့)အတွင်း ပင်လယ်ရေကြောင်းကနေ မြေထောက်ပဲ တန်ချိန် ၈ဝဝ ကျော်ထိ စံချိန်တင် တိုးတက်တင်ပို့တာတွေ့ရပါတယ်။ ဒီနှစ် မှာ ထူးထူးခြားခြား ရုရှားကို တင်ပို့တဲ့ ပမာဏများတာ တွေ့ရသလို ပုံမှန် အဝယ်ရှိတဲ့ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်းခပ်သွက်သွက် တင်ပို့ နေတာ တွေ့ရပါတယ်။ ယခင်သီတင်း ပတ်ကလည်း တန် ၅ဝဝ နီးပါး တင်ပို့ခဲ့ တာဖြစ်လို့ ယခုအောက်တိုဘာလ မြေ ထောက်ပဲအတင် ယခင်လတွေထက် သိသိသာသာပိုမယ်လို့ခန့်မှန်းရပါတယ်။ တင်ပို့မှု တိုးတက်သလို ရန်ကုန် FOB ဈေးနဲ့ အိန္ဒိယ မွန်ဘိုင်းဈေး များလည်း မြင့်တက်လာတာ တွေ့ ရပါတယ်။ ၂၂-၁ဝ-၁ဝ ၁၄-၁ဝ-၁ဝရန်ကုန် ၆၆ဝ-၆၇ဝ ၆၃ဝ-၆၄ဝ(FOB)အိန္ဒိယမွန်ဘိုင်း ၈၃၅ ၇၇၉(Unpolished)အိန္ဒိယမွန်ဘိုင်း ၈၈ဝ ၈ဝ၂(polished) MIRT(MAPT)
ရေလိုက်ကြဲစနစ်နဲ့ စိုက်တဲ့ မင်းလှမတ်ပဲ ပဲခူးတိုင်းဒေသကြီးအနောက်၊ မင်းလှမြို့နယ်မှာ မတ်ပဲကိုစိုက်ပျိုးနေပြီလို့ သိရပါတယ်။ မင်းလှ ပတ်ဝန်းကျင် ရွာများမှာ မတ်ပဲ၊ ပဲပုပ်တို့ကို သီတင်းကျွတ် လဆန်းပိုင်းမှာ ပဲစတင်စိုက်ပျိုးကြပြီး၊ စပါးမစိုက်နိုင်တဲ့ မြစ်နား ချောင်းနားနီးတဲ့ ရေလံျှကွင်းတွေမှာရေတက်ပြီး ပြန်ကျသွားတဲ့အချိန် တင်ကျန်ခဲ့တဲ့ နုန်းတင်မြေမှာ ရေလိုက်ကြဲနည်းနဲ့ စိုက်ပျိုးကြတယ်လို့သိရပါတယ်။ ယခုနှစ်စိုက်ပျိုးပြီးတဲ့ဧက လေး ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ မတ်ပဲစိုက်ချိန် စောပြီး အထွက်လည်းစောမှာ ဖြစ်လို့ နတ်တော်လမှာ ပဲစပေါ်မယ်လို့သိရပါတယ်။ မိမိအေး
မိုးနဲ့အပြိုင်အေးနေတဲ့ မတ်ပဲဈေး မတ်ပဲဈေးကတော့ ဟင်္သာတပဲဈေးကွက်မှာ မိုးနဲ့အပြိုင်အေးနေပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ ပဲတစ်တင်းကို ၂၆၆ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုအပတ်ရဲ့ မတ်ပဲဈေးမှာ ၂၆ဝဝဝ ကျပ်ကို ကျဆင်းလာပါတယ်။ ယခုအပတ်ပဲရောင်းဝယ်မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေသော ပေါက်ဈေးများဖြင့် တစ်ရက်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၇၅ဝ ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
်အိန္ဒိယမတ်ပဲဈေး တစ်လအတွင်း တစ်တန်ကန်ဒေါ်လာ ၁၅ဝ ခန့်လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ ဝင်ရောက်လာပြီ ဖြစ်တာရယ် ပြုပြင်ပြီး မတ်ပဲတွေကို အဝယ်နည်းတာရယ်ကြောင့် စက်တင်ဘာလ ၂၁ ရက်နဲ့ အောက်တိုဘာလ ၂၁ ရက်အတွင်း တစ်တန်ကို ကနု်ဒေါ်လာ ၁၅ဝ ကျော်ခန့်လျော့ကျလာခဲ့ပါတယ်။ လက်ရှိမိုးပဲအထွက်မြင့်တက်မယ့် ခန့်မှန်းချက် များအရ ပဲဈေးဆက်လက်ကျဆင်းမယ့် အရိပ်အရောင်ကြောင့် လတ်တလော အရောင်းအဝယ် ဈေးအေးနေတယ်လို့ သိရပါတယ်။ တစ်လအတွင်း ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း(C & F)၂၁-၁ဝ-၁ဝ ၉၂၄ ၁ဝဝဝ-၁ဝ၁ဝ၂၁-၉-၁ဝ ၁ဝ၉၃-၁၁၁၅ ၁ဝ၉၅MIRT(MAPT)