Main menu

Background

Monday, 4 Oct 2010

 ပြည်မှာ ပဲတီစိမ်း အရောင်းအဝယ်ဖြစ်       ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းအသစ်များအဝင်မရှိတော့သလောက်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ကတစ်ရက်ကို အိတ် ၄ဝ ၊ ၅ဝ ခန့်အဝင်ရှိခဲ့ပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ ယခု တစ်ပတ်မှာတော့ ပဲတီစိမ်း တစ်တင်းကို လက်လီဈေး ၂၃၅ဝဝ ကျပ်နဲ့ လက်ကားဈေး ၂၄ဝဝဝ ကျပ်ရှိခဲ့ပြီး ပဲတီစိမ်း မျိုးပဲ ကတော့ ၂၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ တစ်ရက်ကို ၁ဝ အိတ် ၊ ၁၅ အိတ်ခန့် ရောင်းချခဲ့ကြရတယ်လို့ ဈေးကွက် ကသိရပါတယ်။ ယခုတစ်ပတ်အတွင်း လိုင်းသမားများ အဝယ်မရှိတော့တဲ့အတွက် မျိုးပဲတစ်မျိုးသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                   ခင်ဆွေဝင်း

Monday, 4 Oct 2010

 ပဲအသစ်ဝင်လာလို့ အိန္ဒိယပဲတီစိမ်းဈေး ဆက်တိုက်ဆင်းလာ       အိန္ဒိယပဲလက်ကား ဈေးကွက်များကို ပဲထုတ်လုပ်ရာဒေသများက ပဲတီစိမ်းအသစ်များ ဝင်ရောက်မှု တိုးတက်လာ လို့ယခုတစ်လအတွင်း ပဲတီစိမ်းဈေး ဆက်တိုက်ဆင်းလာခဲ့ပါတယ်။ ရိတ်သိမ်းချိန်က မိုးမိခဲ့ တာကြောင့် ပဲအသစ်အရည်အသွေး ပျက်တွေကို လျှော့ဈေးနဲ့ရောင်းချ တာကြောင့်လည်း ဈေးပိုကျခြင်း ဖြစ်တယ်လို့သိရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ပဲတီစိမ်း စိုက်ပျိုးမှုဟာ မနှစ်ကထက် ဟက်တာ ၃ သိန်းကျော်ပိုမို တဲ့အတွက် အထွက်လည်းပိုမယ်လို့ ခန့်မှန်းကြပါတယ်။တစ်လအတွင်း ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -                                                                                                                                           ဒေါ်လာ/တန်               မွန်ဘိုင်း            ချန်နိုင်း၃ဝ-၉-၁ဝ    ၉၃၅               ၁ဝဝ၂၃ဝ-၈-၁ဝ    ၁ဝ၆၇              ၉၆ဝ

Monday, 4 Oct 2010

ဂျပန် အဝယ်လိုက်လို့ ပဲတီရွှေဝါတင်ပို့မှု တန်ချိန် ၃ဝဝဝ ကျော်ရှိ       ပင်လယ်ရေကြောင်းက တင်ပို့မှုလျော့ကျနေတဲ့ ပဲတီစိမ်းဟာ ယခုတစ်ပတ်မှာ ဂျပန်နဲ့တရုတ်တိုင်ပေက အဝယ်ရှိလာလို့ တန်ချိန် ၃ဝဝဝ ကျော် တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ လတ်တလောပြည်တွင်းဈေးကွက်တွေမှာ တရုတ်က အဝယ်ပြန် အေးသွားလို့ ဈေးလျော့သွားပေမဲ့ ဂျပန်အဝယ်ရှိလာတဲ့အတွက် FOB အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်မှာတော့ ပဲတီစိမ်းအသစ်တွေ တော်တော်များများ ဝင်ရောက်နေပြီဖြစ်တာကြောင့် အိန္ဒိယ ဝယ်လက်တွေ အဝယ် နားတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက် ပါတယ်ဒေါ်လာ/တန်                      ပဲတီစိမ်း(အညာ)               ပခုက္ကူ                      ပဲတီရွှေဝါအသေး၁-၁ဝ-၁ဝ           ၈၈ဝ-၈၉ဝ                  ၁ဝဝဝ-၁ဝ၁ဝ                    ၁၁၂ဝ-၁၁၃ဝ၂၃-၉-၁ဝ           ၈၈ဝ-၈၉ဝ                   ၁ဝ၆ဝ-၁ဝ၇ဝ                   ၁၁၈ဝ-၁၂ဝဝ

Monday, 4 Oct 2010

အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ဈေးအေးနေတဲ့ ပြည်မတ်ပဲ      ပြည်မြို့ရဲ့ မတ်ပဲဈေးသည် ပဲစပေါ်ချိန်မှာ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဈေးစဖွင့်တာကို တွေ့ရပါတယ်။ ဈေးစဖွင့်ချိန်မှာ မတ်ပဲဈေးမာတာကိုတွေ့ရပါတယ်။စက်တင်ဘာလမှာတော့ မတ်ပဲဈေးအေးနေပြီး ပဲကုန်သည်တွေ ကြိုက်ဈေး မရသော် လည်း ငွေလိုလို့ ထုတ်ရောင်းကြတာကြောင့် အရောင်းအဝယ်ကတော့ ရှိနေပါ တယ်။ စက်တင်ဘာလ နောက်ဆုံး ပတ်မှာ ပိဿာ ၂ဝ ပဲတစ်တင်းကို ၂၆ဝဝဝကျပ်ဈေးရှိခဲ့ပြီး တစ်ချို့ရက်တွေမှာ အရောင်းအဝယ် မရှိသော်လည်း အရောင်းအဝယ် ရှိတဲ့ရက်တွေမှာ ပဲတစ်တင်းခွဲအိတ် ၆ဝဝ၊ ၇ဝဝ ခန့်အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်ကလည်း ပုံမှန်ရှိနေပြီး တိုင်းဒေသကြီးတွင်းမှ ရန်ကုန်သို့ စက်တင်ဘာလဆန်းမှ လကုန်ရက်အထိ မတ်ပဲအိတ် ၁ ဒသမ၂၅ သိန်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။မိမိအေး

Monday, 4 Oct 2010

ဈေးဆက်ကျနေတဲ့ ဟင်္သာတမတ်ပဲ     မတ်ပဲဈေးက ဟင်္သာတဈေးကွက်မှာ ဆက်ကျနေပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၆၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုအပတ်တွင် မတ်ပဲဈေးမှာ ၂၅၇ဝဝ ကျပ်နဲ့ ဈေးဆက်ကျနေပါတယ်။ ယခု အပတ်တွင် ပဲရောင်းဝယ်မှုမှာ ပုံမှန်ထက်နည်းသွားပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ဖြစ်ပေါ်နေသော ပေါက်ဈေးများနဲ့ တစ်ရက်ကို ပျမ်းမျှ အိတ် ၈ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                                                                              အေးအေးခိုင်

Monday, 4 Oct 2010

တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး တစ်တန်ကန်ဒေါ်လာ ၅ဝ ခန့်လျော့ကျ      အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲထုတ်လုပ်ရာဒေသတွေက မတ်ပဲ အသစ်တွေ ဝင်ရောက်လာပြီဖြစ်လို့ ယခုတစ်လအတွင်း မတ်ပဲဈေးတစ်တန်ကို  ကန်ဒေါ်လာ ၅ဝ ဝန်းကျင် လျော့ကျလာခဲ့ပါတယ်။ ဝယ်ယူသူများက ပဲလှိုင်လှိုင် ဝင်လာရင် ဈေးထပ်မံ လျော့ကျမဲ့ မျှော်လင့်ချက်တွေနဲ့ လက်ရှိအချိန်မှာ အဝယ်နည်း တာကြောင့်လည်း ဈေးပိုမိုကျဆင်းလာတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး မတ်ပဲ စိုက်ပျိုးမှုဟာ ယခင်နှစ်ထက် ဟက်တာ ၂ သိန်းကျော်ပိုမို နေတာကြောင့် ပဲထွက်ရှိမှု လည်း ပိုမိုမယ်လို့ ခန့်မှန်းကြပါတယ်။ လာမဲ့ရက်များမှာလည်း ဈေးလျော့ကျနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ တစ်လအတွင်း ဈေးနှုန်းများ   နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                       ဒေါ်လာ/တန်                    မွန်ဘိုင်း                 ချန်နိုင်း၃ဝ-၉-၁ဝ          ၁ဝဝ၂                ၁ဝဝ၂-၁၂ဝ၂၃ဝ-၈-၁ဝ      ၁ဝ၄၆-၁ဝ၆၇           ၁ဝ၂၄-၁၁၆၃

Monday, 4 Oct 2010

မတ်ပဲတင်ပို့မှု အရှိန်ကောင်းနေဆဲ      ပင်လယ်ရေကြောင်းကမတ်ပဲတင်ပို့မှုဟာအပတ်စဉ်တန်ချိန် တစ်သောင်း ကျော်နဲ့ တင်ပို့မှုရှိနေသလို ယခုတစ်ပတ် စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက် အတွင်းမှာလည်း တန်ချိန် ၁၁ဝဝဝကျော်အထိ အရှိန်ကောင်း နေဆဲဖြစ်တာ တွေ့ရပါ တယ်။ ဒါပေမဲ့ လက်ရှိဈေးကွက်တွေထဲမှာ အိန္ဒိယအဝယ်ပြန်လျော့ သွားတယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်း ဈေးကွက်တွေကို ပြည်တွင်းမိုးပဲအသစ်တွေ တိုးတက်ဝင်ရောက်လာတာကြောင့် အဝယ်ပြန်လျော့သွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အခြားပါကစ္စတန်၊ မလေးရှားနဲ့ထိုင်းတို့ဘက် အဝယ် အနည်းငယ်ရှိလို့ အရောင်းအဝယ်အနည်းငယ်တော့ ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန် FOB ဈး များကို ယခင်တစ်ပတ် ယခုတစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -                                                                                                                                 ဒေါ်လာ/တန်                  မတ်ပဲ (FAQ)          (SQ)၁-၁ဝ-၁ဝ    ၉၂ဝ-၉၃ဝ             ၁ဝ၉ဝ-၁ဝဝ၂၃-၉-၁ဝ    ၉၅ဝ-၉၆ဝ             ၁၁၁ဝ-၁၁၂ဝMIRT(MAPT)

Monday, 4 Oct 2010

အရောင်းအဝယ်အေးသွားတဲ့ ရှမ်းပဲစင်းငုံ      အကျဈေးနဲ့ထုတ်ရောင်းနေတဲ့ ရှမ်းပဲစင်းငုံက ပြီးခဲ့တဲ့အပတ်တွေမှာ အရောင်းသွက်နေပါတယ်။ ကုန်သည် တွေကလည်း ငွေပေါ်ဘို့အတွက် ပြန်ရောင်း နေကြသလို ရန်ကုန်ဝယ်လက်တွေလည်း အနည်းငယ် ဝယ်လာ တာကြောင့် ဟိုပုံးနယ်မှာ ထိပ်စ လို့ခေါ်တဲ့ ရွှေဖလားမျိုး ပဲစင်းငုံတွေ ကုန်သလောက် ဖြစ်နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ အခုလဆန်းပိုင်းမှာတော့ အရောင်း အဝယ်က ပြန်အေး နေပါတယ်။ ကုန်တင်ယာဉ်တွေမှာ တန်ပို တင်ဆောင်ခွင့် ကန့်သတ် လိုက်တာ ကြောင့် ဝယ်လက်တွေ လည်း ခဏနား နေတယ်လို့ သိရပါတယ်။ တောင်ကြီးက ကုန်သည်တွေမှာတော့ လက်ကျန်တွေအနည်းငယ်ကျန်နေသေးတယ်လို့ သိရပါတယ်။ စက်တင်ဘာ နောက်ဆုံးပတ်မှာ တစ်ပိဿာ ၉၅ဝ ကျပ်ရှိပြီး၊ ဒီတစ်ပတ်မှာ တစ်ပိဿာ ၉၈ဝ ကျပ်ရှိတယ်လို့ ပွဲရုံတွေထံက သိရ ပါတယ်။ ရန်ကုန်ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် စက်တင်ဘာလအတွင်း ပဲစင်းငုံပိဿာချိန် ၆ ဒသမ ၅သိန်း စီးဆင်း သွားတယ်လို့ ဒေသခံကုန်သည်များထံက သိရပါတယ်။                                                                                                                                                     ဧဧခိုင်

Monday, 4 Oct 2010

စက်တင်ဘာလကုန်ပတ် ပဲစင်းငုံနီဈေးထပ်မံကျလာ         မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေးကွက်မှာ ပဲစင်းငုံနီဟာ စက်တင်ဘာလ အတွင်း အရောင်းအဝယ်အား အနည်းဆုံး အိတ်စပို့ပဲအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ပြည်ပဈေးကွက်ဝယ်လိုအားနဲ့ ပေါက်ဈေးနိမ့်ကျမှုရဲ့ ဂယက်ကြောင့် ဒီလထဲမှာ တစ်တင်း ၁၈ဝဝဝ ကျပ်ထိ အနိမ့်ဆုံး ကျဆင်းသွားခဲ့ရပါတယ်။ မန္တလေးနဲ့ ရန်ကုန် အဝယ်ရှိတဲ့ နေ့တွေမှာ တစ်တင်း ၂ဝ၈ဝဝ ကျပ်ထိ အမြင့်ဆုံးတက်ခဲ့ပေမဲ့ နေ့စဉ် ရောင်းဝယ်မှုအနေနဲ့ တစ်ရက်ပျမ်းမျှတင်း ၅ဝဝ မှ ၈ဝဝ အတွင်းသာ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ စက်တင်ဘာလ အတွင်း ပဲစင်းငုံ ထပ်ဆင့်တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝ ခန့် ရန်ကုန်ကို တင်း ၅၅ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့ခဲ့ကြောင်း လေ့လာ သိရှိရပါတယ်။                                                                       ထွန်းလှိုင်

Monday, 4 Oct 2010

ပြည်ပဲစင်းငုံ အရောင်းအဝယ်အေးပြီးဈေးငြိမ်     ပြည်ပဲစင်းငုံဈေးမှာ ယခုတစ်ပတ်အထိ ဈေးငြိမ်နေဆဲဖြစ်ပါတယ်။ တောင်သူများမှာ လက်ကျန်များ ရှိနေ သော်လည်း ကြိုက်ဈေးမရတဲ့အတွက် ထုတ်မရောင်းသေးဘဲ ဈေးကောင်း စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ စက်တင်ဘာ တစ်လလုံး ပဲစင်းငုံ အဝင်အထွက်မရှိဘဲ အရောင်းအဝယ်အေး နေခဲ့တာ ကို တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေး ပိဿာ ၂ဝ တစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။                                                                                                                                  ဆုမွန်ဆွေ

Pages