Main menu

Background

Thursday, 25 Feb 2010

   ရက်ပေါင်း ၂၈ရက်သာရှိတဲ့ ဖေဖော်ဝါရီလရဲ့ လတစ်ဝက်ကျိုးချိန်မှာတော့ ပခုက္ကူကို ဆန် ၁၃၃၈၉၆အိတ် ဝင်ရောက်ခဲ့ပြီးဖြစ်ပါ တယ်။ ဒေသအလိုက်ခွဲခြားကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းရွှေဘိုက ကား ၁၁ စီးနဲ့ ၄၄ဝဝ အိတ်၊ မုံရွာက ၁၅ စီးနဲ့ အိတ် ၅ဝဝဝ ၊ ရေဦး က ၄ စီးနဲ့ ၁၆ဝဝ အိတ်၊ ကလေးက ၂ စီးနဲ့ အိတ် ၁ဝဝဝ စုစုပေါင်း ၁၂ဝဝဝ အိတ်ဝင်ရောက်ခဲ့ပါတယ်။  ဧရာဝတီတိုင်းဘက်ကတော့ မြောင်းမြက ရေယာဉ် ကိုးစီးနဲ့ ၉ဝ၉၈၃ အိတ်၊ မြန်အောင်က တစ်စီး ၆၅ဝဝ အိတ်၊ အိမ်မဲက တစ်စီး ၆၃၅ဝ အိတ်၊ ဟင်္သာတက နှစ်စီး ၁၆ဝ၆၃ အိတ်နဲ့ ပုသိမ်က တစ်စီး ၂ဝဝဝ အိတ် စုစုပေါင်း ၁၂၁၈၉၆ အိတ် ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။

Thursday, 25 Feb 2010

   အယ်နီညိုကြောင့်  လယ်ယာကဏ္ဍမှာဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမယ့် လက်ရှိနိုင်ငံရဲ့ ဆန်သိုလှောင်ရုံတွေမှာ ဆန်အလုံအလောက်  ရှိနေတာရယ်၊ လာမယ့်လတွေမှာ   တင်သွင်းထားတဲ့ ဆန်တွေရောက်လာတော့မှာ ဖြစ်တာရယ်ကြောင့် ထပ်ပြီးအပိုဆောင်း တင် သွင်းဖို့ မလိုအပ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံစားနပ်ရိက္ခာအာဏာပိုင်  NFA မှ တာဝန်ရှိသူများက ပြောကြားပါတယ်။     ဆန်တန်ချိန်  လေးသိန်းဝန်းကျင်မှာ နိုင်င်ငံကိုရောက်ရှိပြီးဖြစ်ပြီး တန်ချိန် ၁ ဒသမ ၇ သန်းခန့်မှာ မနီလာကို တင်ပို့နေဆဲဖြစ် တယ်လို့ NFA လက်ထောက်အုပ်ချုပ်ရေးမှူး Jose Cordero က ပြောကြားပါတယ်။ လက်ရှိနိုင်ငံရဲ့ အရန် န်သိုလှောင်မှု တန်ချိန် ၂ ဒမသ ၆ သန်းရှိတဲ့အနက် တန်ချိန် ၁ ဒသမ ၂ သန်းမှာ သိုလှောင်ရုံတွေမှာရှိပြီး တန်ချိန်  တစ်သန်းမှာ NFA က သိုလှောင်ထားပြီး တန်ချိန် ၄၁၇၁ဝဝ  ခန့်မှာ စီးပွားရေးလုပ်ငန်းရှင်တွေလက်ထဲမှာ ရှိတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ယမန်နှစ် မုန်တိုင်း များ ကြောင့် ဆန်တန်ချိန် ၂ ဒသမ ၄ သန်းအထိ တင်သွင်းနေတာ ဖြစ်ပါတယ်။ Sources: riceonline

Tuesday, 9 Feb 2010

    တစ်ဖက်နိုင်ငံမှာ ဆန်ဈေးကောင်းနေတဲ့အတွက် မြန်မာဆန်တွေ ထိုင်း-မြန်မာနယ်စပ် မြဝတီမှတစ်ဆင့် မဲဆောက်သို့ ရားမဝင် တင်ပို့မှုများရှိနေကြောင်း သတင်းရရှိပါတယ်။ ၅ဝ ကီလိုဝင် မြန်မာဆန်အကောင်းစားတစ်အိတ်ကို မဲဆောက်မှာ ထိုင်းဘတ်ငွေနဲ့ ၁၄ဝဝ ရှိပြီး မြန်မာငွေနဲ့ဆိုရင် ၄၂ဝဝဝ ကျပ်ခန့်ဈေးရှိပါတယ်။

Monday, 8 Feb 2010

    ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှုသဘော တူညီချက်  AFTA အစီအစဉ်အရ ပြည်တွင်းဆန်ထုတ်လုပ်သူများအား ထိခိုက်မှုမရှိစေရန် ထိုင်းနိုင်ငံသည် ဆန်တင်သွင်းမှုအတွက် တင်းကျပ်သည့် သတ်မှတ်ချက်များ ချမှတ်ထားပါသည်။ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းမည့်ဆန်များ အား စံချိန်စံညွှန်းပြည့်မီမှု၊ သန့်ရှင်းမှုနှင့် ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပြီးမှသာ တင်သွင်းခွင့်ပြုတော့မည်ဟု ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားပါသည်။

Friday, 29 Jan 2010

      စစ်ကိုင်းတိုင်းမှာ မြေထောက်ပဲကို ကသာခရိုင်မှာ ဧက ၃ သောင်းကျော်၊ မော်လိုက်ခရိုင်မှာ ဧက ၆ ထောင်ကျော်၊ ကလေးခရိုင်မှာ ဧက ၃ ထောင်ကျော်၊ ခန္တီးခရိုင်မှာ ဧက ၇ ထောင်ကျော် စုစုပေါင်း ဧက ၅၄၇ဝဝ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ဒီလအတွင်းပဲသစ်များ စတင် ထွက်ပေါ်စပြုနေပြီဖြစ်ပါတယ်။    ချင်းတွင်းမြစ်ဝှမ်း ကျွန်းမြေထောက်ပဲများ ဈေးကွက်လက်လှမ်း မှီရာ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကို တစ်ပတ်ကို အိတ်ရေ ၁၅ဝဝ မှ ၂ဝဝဝ ခန့် စတင်ဝင်ရောက်လို့လာပြီဖြစ်ပါတယ်။     ပဲအရည်အသွေးမှာ ယခင်နှစ်ထက်သာပြီး ဈေးနှုန်းမှာ တစ်တင်းကို ၁၄၅ဝဝ ကျပ်မှ ၁၅ဝဝဝ ကျပ်ထိရှိကာ ဝင်ရောက်ကာလမှာ ယခင်နှစ်ထက် တစ်လခန့်စောကြောင်း သိရပါတယ်။

Friday, 29 Jan 2010

      ယခုတစ်ပတ်အတွင်း ပခုက္ကူ ပဲစင်းငုံနီဈေးက တစ်တင်းကို ၂၈ဝဝဝ ကျပ်ပတ်ဝန်းကျင်မှာဘဲ တက်နဲနဲ၊ ကျနဲနဲနဲ့သွားနေခဲ့ပါတယ်။ အဝင်လည်းများလာသလို ဒိုင်မှာအရောင်းအဝယ်ဖြစ်မှုလည်းတိုးလာပါတယ်။ အနယ်နယ်အရပ်ရပ်တောင်သူအများစုကို မေးကြည့် တော့ ဒီနှစ်ပဲစင်းငုံအထွက် နှစ်တိုင်းနဲ့ယှဉ်ရင် တော်တော်နည်းတယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးလည်း အသစ်စဝင်လာပါပြီ၊ ၁၉ဝဝဝ ကျပ်ဈေးဖြစ်ပြီး လှောင်လက်   V2 အဟောင်းက ၁၈၉ဝဝ ကျပ်ဈေးရှိပါတယ်။

Friday, 29 Jan 2010

      ငွေကြေးဖောင်းပွမှု မြင့်တက်ချိန်မှာ ကုလားပဲဟာ အိန္ဒိယအစိုးရရဲ့ စောင့်ကြည့်အကဲခတ်ရမယ့် ကုန်စည်ဖြစ်လာခဲ့ပါတယ်။ ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ ပဲသိုလှောင်မှုကန့်သတ်ခြင်းအပါအဝင် ကုလားပဲအပေါ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့တာကြောင့် လက်ရှိ ပြည်တွင်းမှာ ကုလားပဲအလံျှပယ်ဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယကုလားပဲ တောင်သူများအသင်း လက်အောက်မှာရှိတဲ့ တောင်သူ များဟာ အစိုးရက တောင်သူတွေဆီက ကုလားပဲအနည်းဆုံး တန်ချိန်နှစ်သန်း ဝယ်ယူပေးဖို့တောင်းဆိုခဲ့ပါတယ်။

Friday, 29 Jan 2010

    ဂျပန်နိုင်ငံအခြေစိုက် ဆာတာကေး ကော်ပိုရေးရှင်းမှ ဝယ်ယူထားသော မြန်မာနိုင်ငံဆန်စက်များ ခေတ်မီဖွံ့ဖြိုးရေးအတွက် စက်ယူနစ် များတပ်ဆင်ပေးရန်ရောက်ရှိနေတဲ့ ပညာရှင် ၃ ဦးဟာ မြန်မာနိုင်ငံဆန်စပ်လုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က လာရောက်ပြီး ခေတ်မီဆန်ယူနစ်သစ်များ ထပ်မံရောင်းချပေးမယ့် အစီအစဉ်များကို တာဝန်ရှိသူများနဲ့ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

Pages