Background
ဈေးကွက်တွင်းသို့ နနွင်းအဝင်အနည်းငယ်သာ ရှိပါ တယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်း (စို) တစ်ပိဿာ ၂၀၀ ကျပ်၊ နနွင်းခြောက်တစ်ပိဿာ ၅၂၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်း နနွင်း ခြောက် တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပြီး၊ အင်းနနွင်းခြောက်တစ်ပိဿာ ၇၀၀ကျပ်၊ ၈၀၀ ကျပ်ဈေးရှိနေ ပါတယ်။ နနွင်းမှာဈေးသာ ရှိနေပြီး အရောင်းအေးနေပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ မန်ကျည်းစေ့များ ပြန်လည် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းကျော်တန်ဖိုးရှိ မန်ကျည်းစေ့ ၂၃ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလ အတွင်း မန်ကျည်းစေ့ ၈၇ တန်တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။ စစ်တွေနယ်စပ် အနေနဲ့ မန်ကျည်းသီးမှည့်အစေ့ပါနဲ့ မန်ကျည်းစေ့များတင်ပို့လေ့ရှိတာ ဖြစ်ပါတယ်။မြင့်မြင့်မာ၊MIRT (DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၄၃ တန်ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့ အတွင်းတင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ်မှာပါကစ္စတန်နိုင်ငံကို တန် ၃၀ နဲ့မလေးရှားနိုင်ငံကို ၁၃ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်အပို့ပျောက်ခဲ့တဲ့နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တစ်ပတ် FOB ဈေးက ကန် ဒေါ်လာ ၅၃၀ ကျော်ရရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်သာရရှိခဲ့တယ် လို့သိရပါတယ်။ MIRT (DOT)
ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းအရောင်းအဝယ်သွက်နေပါတယ်။ ကလောမြို့နယ်တစ်ဝိုက်၊ ပင်လောင်း၊ နန်းတိုင်း၊ ပင်းတယစတဲ့ ဒေသထွက်ချင်းများ ဈေးကွက်မှာပုံမှန်အဝင်ရှိနေပါတယ်။ ချင်းစို တစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ဈေး ရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပြည်၊ စစ်တွေ၊ မန္တလေး၊ ပဲခူးဘက်မှ အဆွဲများတာကြောင့် အရောင်းသွက် နေတယ်လို့သိရှိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၁၅၀၀၀ ခန့် အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
ယခုတစ်ပတ်ပြည်ဈေးကွက်ရဲ့ ချင်းအရောင်းအဝယ်မှာ ပစ္စည်း အရည်အသွေး ပိုကောင်းလာတဲ့အတွက် အရောင်းအဝယ်ပိုဖြစ်နေပါတယ်။ အောင်ပန်းဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၄၀၀ ခန့်ရှိပြီး၊ လက်လီ၊လက်ကားရောင်းဝယ်သူများနဲ့ ဧရာ ဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၄၅၀ ကျပ်တို့နဲ့ အရောင်းအဝယ်သွက်လျက် ရှိ နေပါတယ်။ ဝင်းဝင်းခိုင် - ပြည်
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းတန်ဖိုးရှိတဲ့ ချင်းခြောက် ၁၅ တန် ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလမှာ နယ်စပ်စခန်းအသီးသီးမှ ချင်းခြောက် ၅၄ တန်တင် ပို့နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် တစ်နှစ်လုံးမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၇၀၁ သန်းဖိုးရှိ ချင်းခြောက် ၃၂၈ တန်ကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။မော်မော်အောင်၊MIRT (DOBT)
အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ဒေသထွက်ကုန်များ ဝင်သလောက်အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ စုစုပေါင်း ကုန်ချိန် ၁၇၅၇၉၅၀ ပိဿာ (၂၈၇၀ ဒသမ ၆၃) တန် အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် ယခင် နိုဝင်ဘာလကထက် ၄၆၇ ဒသမ ၄၃ တန် ပိုမိုတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရပါ တယ်။ အဆိုပါ တင်ပို့ ရောင်းချခဲ့တဲ့ ကုန်ပစ္စည်းများကတော့ ကြက်သွန်ဖြူ ၃၉၅၉၀၀ ပိဿာ (၆၄၆ ဒသမ ၄၈) တန်၊ အစေ့ထုတ်ပြောင်း ၂၉၃၄၀၀ (၄၇၉ ဒသမ ၁၀)တန်၊ ပဲပုပ်စေ့ ၁၀၂၇၀၀ ပိဿာ (၁၆၇ ဒသမ ၇၀)တန်၊ ပန်းနှမ်း ၇၁၇၀၀ ပိဿာ (၁၁၇ ဒသမ ၀၈)တန်၊ ချင်းအစို ၂၇၀၂၀၀ ပိဿာ (၄၄၁ ဒသမ ၂၂)တန်၊ နနွင်း ၄၄၆၅၀ ပိဿာ (၇၂ ဒသမ ၉၁)တန်၊ ချင်းခြောက် ၆၄၆၀၀ ပိဿာ (၁၀၅ ဒသမ ၄၉)တန်နဲ့ အာလူး ၅၁၄၈၀၀ ပိဿာ(၈၄၀ ဒသမ ၆၄)တန်တို့ ဖြစ်ကြောင်း သိရပါတယ်။
၂၀၁၃ ခုနှစ်ဆန်းပိုင်း ပြည်ဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ ဈေးအတက် အကျသိပ်မရှိဘဲ အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ နှစ်ကုန်မှာ ကုလားပဲသီးနှံဈေး အနည်းငယ်မြင့်လာခဲ့ပြီး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ဈေးများမှာ ဈေးပြန်လျော့သွားခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ မတ်ပဲဈေးမှာ တစ်တင်း ၁၄၄၀၀ ကျပ်နဲ့ ရန်ကုန် ဝယ်လက်များ အဝယ်ရှိသလို လှောင်လက်သမားများ လည်း ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုမှာ အိတ် ၂၀၀ ခန့်နေ့စဉ်အရောင်းအဝယ်ဖြစ်ပြီး၊ ရန်ကုန်ကို အိတ် ၅၀၀ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။ ပဲတီစိမ်းအသစ်များ ပန်းတောင်း၊ ကံမ၊ မင်းတုန်း၊ ပေါက်ခေါင်းမြို့နယ် များမှ တစ်ရက်အိတ် ၄၀၀ မှ ၅၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပြီး၊ တစ်တင်း ၂၁၂၀၀ ကျပ်နဲ့ ယခင်အပတ် ကထက် ဈေးအနည်းငယ်လျော့သွား ခဲ့ပါတယ်။ မန္တလေးလိုင်း သမားများ နေ့စဉ်အဝယ်လိုက် လျက်ရှိတာကြောင့် အရောင်းသွက်နေခဲ့တယ်လို့ သိရ ပါတယ်။ ပဲပုပ်အသစ်များလည်း ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှ တစ်ရက်အိတ် ၅၀ ကျော်ဝင်ရောက်ခဲ့ သလို လှောင်လက်သမားနဲ့ ရန်ကုန်အဝယ် ရှိတာကြောင့် အရောင်းအဝယ်သွက်နေခဲ့ပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် တစ်ထောင်ကျပ်ခန့် ဈေးလျော့သွားခဲ့ပါတယ်။ ပဲစင်းငုံသစ်များ ဈေကွက်အတွင်းကို အိတ် ၁၀၀ ကျော်ဝင်ရောက်လာပြီး၊ ရန်ကုန်ဝယ်လက်ကလည်း ပဲသစ်များကို ဈေးကောင်း ပေးဝယ်ယူခဲ့ကာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲဟောင်းဈေးကတော့ တစ်တင်း ၁၅၇၀၀ ကျပ်နဲ့သာ အရောင်းအဝယ်အေးနေခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းများကတော့ ဈေးအမြင့်နဲ့ ဆက်အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့် ပဲကြီး(ရွှေကျွန်း) တစ်တင်း ၃၆၅၀၀ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၃၃၅၀၀ ကျပ်နဲ့ ပဲလက်ကျန် များကို ပဲလှော်ဖိုသမားများ၊ ပဲကြော်လုပ်ငန်းရှင်များ နေ့တိုင်းဝယ်ယူလျက်ရှိတာကြောင့် အိတ် ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။ ခင်ဆွေဝင်း - ပြည်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တာကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၈၃၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး တန် ၁၀၀၀ ကျော်ကို တင်ပု့ိနိုင်ခဲ့သလို ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းဖိုးရှိ ပဲတီစိမ်း (လုံးခြမ်း) ၁၇၅ တန်ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးစခန်းမှလည်း ပဲတီစိမ်းလုံးပြည့် ၁ တန်ခွဲကို ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းဖိုး တင်ပို့ခဲ့ပါ တယ်။ နယ်စပ်စခန်းအသီးသီးမှ ဒီဇင်ဘာလမှာ ပဲတီစိမ်းတန်ချိန် ၁၈၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်တစ်နှစ်လုံးမှာတော့ ပဲတီစိမ်းလုံးပြည့် တန်ချိန် ၄၇၀၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၃၄ ဒသမ ၃၀၃ သန်းဖိုးနဲ့ လုံးခြမ်း ၂၆၇၂ တန်ခန့်ကို ကန်ဒေါ်လာ ၄ ဒသမ ၃၃၈ သန်းဖိုးအပို့ရှိခဲ့ပါတယ်။ မူဆယ်-ရွှေလီနှစ်ဖက်မြေပြင်ပေါက်ဈေး ကတော့ မိမိဘက်မှာ ပဲတီစိမ်း (အညာ) တစ်တန် ၆၈၅၉၅၈ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံ ယွမ်ဈေးကတော့ ၈၁၄ ယွမ်ဖြစ်တယ်လို့ နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။ မော်မော်အောင်၊MIRT (DOBT)
ပြည်ပမှ ဝယ်ယူလိုမှုအား အနည်းငယ်မျှ ကျဆင်းနေ သော်လည်း ပြည်တွင်းဈေးကွက်တွင်း ညီမျှသော ဈေးနှုန်းဖြင့် ပဲစင်းငုံနီကို အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်ကြီး ၃ ခု ရှိတဲ့ အနက် မန္တလေးမြို့ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များရဲ့ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ဟာ အဓိက အချက်အချာကျတဲ့ ကုန်စည်ဒိုင်ဖြစ်ပါတယ်။ ယခင်က ၎င်း ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းနဲ့အညီ သို့မဟုတ် ဈေးနှုန်းအောက်ဖြင့် သာ မြင်းခြံကုန်စည်ဒိုင်နဲ့ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်တို့ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ သို့သော် ယခုအခါ ၎င်းကုန်စည်ဒိုင်များမှ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီ ဈေးနှုန်း မှာမန္တလေးကုန်စည်ဒိုင်ပေါက်ဈေး(လက်ရှိဈေး)နဲ့ တန်းတူ သော်လည်းကောင်း၊ အမြင့်ဈေးဖြင့် သော်လည်းကောင်း၊ အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝယ်လက်ရဲ့ ရှေ့မျှော် မှန်းထားတဲ့ ဈေးကွက်ဈေးနှုန်း အခြေအနေကြောင့် ဝယ်ယူ သိုလှောင်ထားကြောင်း သိရှိရပါတယ်။ မြင်းခြံခရိုင်ရှိ မြင်းခြံနဲ့ ကျောက်ပန်းတောင်းဒေသများမှာ ပဲစင်းငုံနီ အများဆုံးထွက်ရှိ ရာဒေသဖြစ်ပြီးအခြားဒေသများကို တင်ပို့ရာမှာလည်း အများ အပြားရှိကြောင်း သိရပါတယ်။ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန် ကို တင်ပို့မှု ရှိသကဲ့သို့ ရန်ကုန်သို့လည်း တိုက်ရိုက် တင်ပို့မှုရှိ တာကြောင့်ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းသွားပါကြောင်း သိရပါတယ်။
