Background
ဒီဇင်ဘာ ဒုတိယပတ်မှ စပြီး အပို့ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှ ပြန်လည် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်အတွင်း ချင်းတင်ပို့မှုက ပါကစ္စတန်နိုင်ငံကို ၅၆ ဒသမ ၃၂ တန်၊ အိန္ဒိယနိုင်ငံကို ၂၅ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို သုည ဒသမ ၅ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန် ဒေါ် လာ နှစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ MIRT (DOT)
ယခုဇန်နဝါရီလဝက်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲအသစ်များ စတင် ဝင်ရောက်လာသလို ပဲတီစိမ်းသီးနှံကလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါတယ်။ ပဲစင်း ငုံနဲ့ ပဲပုပ်သစ်များလည်း ဆက်တိုက်ဝင်ရောက် ခဲ့ပါတယ်။ မတ်ပဲ သစ်များစတင် ဝင်ရောက်လာသော်လည်း အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်မှုရှိသေးတဲ့အတွက် ပဲဟောင်းများ နဲ့သာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ အဟောင်းရောအသစ်ပါ ၎င်းဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်မှ တစ်ခါတစ်ရံ အိတ် ၂၀၀-၃၀၀ ဝယ်ယူခဲ့ပြီး နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ဈေးအေးနေသလို အရောင်းအဝယ်လည်း အေးခဲ့ပါတယ်။
နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက် ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်းဒေသများမှ ဝယ်ယူရရှိတဲ့ ပဲစင်းငုံနီများဟာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ပုံမှန်ဝင် ရောက်လျက် အရောင်းအဝယ်ပြုလုပ်နေ ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၈၆၇ ကျပ်မှ ၈၇၅ ကျပ်ကြားမှာ အရောင်း အဝယ်ပြုလုပ်လျက်ရှိ ပါတယ်။ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး အရောင်း အဝယ်ဖြစ်ပါတယ်။ မန်းကုန်စည်ဒိုင် မှာ ပဲစင်းငုံနီ တစ်ရက်နဲ့ တစ်ရက် ဈေးငြိမ်သက်မှု မရှိပေမယ့် လွန်စွာကွာခြားမှုတော့ မရှိပါ။ ရန်ကုန်မှတစ်ဆင့် ပင်လယ်ရေကြောင်းက တင်ပို့နေတဲ့ ပဲစင်းငုံနီဟာ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး၊ ဈေးနှုန်း ပြောင်းလဲ မှုဖြစ်ပေါ်ကြောင်း တွေ့ရပါတယ်။ ဝယ်လိုအား ကောင်းနေတဲ့အချိန်မှာ ဈေးနှုန်း အနည်းငယ်မာသော် လည်း လှောင်လက်များအနေနဲ့ ဈေးနှုန်းကွာဟမှုကျဉ်းမြောင်းစွာနဲ့ ဝယ်ယူသိုလှောင်ထားကြောင်း သိရပါတယ်။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ တစ်ပိဿာ ထိပ်စ ၇၅၀ ကျပ်၊လတ်စ ၆၀၀ ကျပ်၊အောက်စ ၂၀၀ ကျပ်ဖြစ်နေတဲ့ ကြက်သွန် နီ ဟာ ဇန်နဝါရီလဝက်မှာ ထိပ်စ ၅၂၅ ကျပ်၊ လတ်စ ၄၅၀ ကျပ်၊ အောက်စ ၁၀၀ ကျပ်ဈေးထိ ဆင်းလာတာကို တွေ့ရပါတယ်။ အဝင် အနေနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ပိဿာချိန် တစ်သောင်းေ ကျာ် နေ့စဉ် အဝင်ရှိနေတာတွေ့ရပါတယ်။ ရေစကြိုနယ်ဘက်က စိုက်ပျိုး ထုတ် လုပ်ကြတဲ့တောင်သူတွေကတော့ မုံရွာ၊မြင်းခြံ၊ ပခုက္ကူမြို့နယ်က ဈေး တွေကို မေးမြန်းပြီး ဈေးသင့်ရာဘက်ကို ထွက်တယ်လို့လည်း ကြားသိ ရပါတယ်။
အိန္ဒိယအနေနဲ့ သကြားတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ချက်ချင်းကြီး တိုးမြှင့်ကောက်ခံသွားရန် အစီအစဉ်မရှိကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၅၄၈၀ ကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းမှ တန်ချိန် ၂၃၀၀ သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က လွယ်ဂျယ်စခန်းမှ ကြံအပို့ရှိသော်လည်း ယခုအပတ်မှာေ တာ့ တင်ပို့နိုင်မှုမရှိခဲ့ပါဘူး။ ချင်းရွှေဟော်စခန်းတစ်ခုတည်းမှ ယခင်အပတ် က တန်ချိန် ၁၇၀၀ တင်ပို့ခဲ့ပြီး ယခုအပတ်မှာ တန်ချိန် ၅၄၈၀ တင်ပို့ခဲ့တဲ့အတွက် တန်ချိန် ၃၇၈၀ ပိုမို တင်ပို့နိုင်လာခဲ့တာကြောင့် ကြံစိုက်တောင် သူများဝမ်းသာနေ ကြတယ်လို့ သိရပါတယ်။MIRT (DOBT)
ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ၂ ဒသမ ၈၉၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၀၄၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၈၃၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၀၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၀ သန်းဖိုးရှိRSS-1 ၂၃ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၄၁ သန်းဖိုးရှိ RSS-3၄၄၈ တန် ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုး ရှိ MSR-20 ၃၂ တန်ခန့်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၃ သန်းဖိုးရှိRSS-3 ၃၉၀ တန်ခန့်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၇ တန်ကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါRSS-3 ရော်ဘာဈေး အနည်းငယ်ကျနေပြီး RSS-5 ဈေး ပြောင်းလဲမှု မရှိတာကိုတွေ့ရပါတယ်။မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၄၄၉၇၅ ၂၅၇၀၄၀၀ ၂၅၇၂၅ ၁ ၂၉၆၉ ၃၀၈၁ ၁၁၂ ၄RSS - 5 ၂၅၀၂၄၀၀ ၂၅၀၂၄၀၀ - - ၃၀၀၁ ၃၀၀၁ - -MIRT (DOBT)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၁၃ ခုနှစ်ဇန်နဝါရီလ ၅ ရက်အထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ မလေးရှားနဲ့ တရုတ်နိုင်ငံများသို့ ကန်ဒေါ်လာ ၁ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၁ တန်ကျော်ကို တင်ပို့ နိုင်ခဲ့ပါတယ်။ အဆိုပါ ၅၈၁ တန်ကျော်ကို နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကတော့ မလေးရှားနိုင်ငံသို့ RSS-3 တန် ၁၂၀ နဲ့ RSS-1 ၅၈ တန်ကျော်ဖြစ်ပြီး တရုတ်နိုင်ငံသို့ MSR-20 ၄၀၃ တန်ကျော် ဖြစ်ပါ တယ်၊ နိုင်ငံတကာရော်ဘာပေါက်ဈေးများမှာ ယခင်အပတ်ကထက် ၁ တန်လျှင်ဒေါ်လာ ၈၀ ခန့်ဈေးတက် သွားပါတယ်။မိမိတို့ FOB ရော်ဘာပေါက်ဈေးများလည်း ယခင် အပတ်ထက်ဒေါ်လာ ၅၀ ခန့်ဈေးတက်သွားပါတယ်။ ဒါကြောင့် ယခုအပတ်မှာ RSS-1 တစ်တန်လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊ MSR-10 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊RSS-3 နဲ့ MSR-20 တစ်တန်လျှင်ဒေါ်လာ ၂၉၀၀-၃၀၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊Crepe Rubber တစ်တန်လျှင်ဒေါ်လာ ၂၇၀၀-၂၈၀၀ ဖြစ်ကြော င်း မြန်မာ နိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်း ကထုတ်ပြန်ထား ပါတယ်။MIRT (DOBT)
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၀၁ သန်းတန်ဖိုးရှိ သကြားညို ၆၉၀ တန်ကျော်နဲ့ သကြားဖြူ ၁၆၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက်ယခုအပတ်မှာ ၇၁၁ တန်ကျော်လျော့နည်း တင် ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်းများမှ တင်ပို့ခဲ့ သော်လည်း ယခုအပတ်မှာ မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့တယ် လို့ သတင်းရရှိပါတယ်။ MIRT (DOBT)
ဗီယက်နမ်စိုက်ပျိုးရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးချုပ် ထံသို့ သကြားတန်ချိန် ၃ သိန်း တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခွင့်အဆို တင်သွင်း ထားပါတယ်။ ဝန်ကြီးရဲ့ ရှင်းလင်းပြောကြားချက်အရ ၂၀၁၂-၂၀၁၃ မှာ သကြား တန် ၁ ဒသမ ၅ သန်းထုတ်လုပ်နိုင်ပြီး လက်ကျန်သိုလှောင်ထားသော သကြားတန် ၁၈၀၀၀၀ ခန့်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှုမှပိုလျှံသော သကြားတန် ၄ သိန်းခန့် ပိုလျှံဖွယ်ရှိတယ်လို့ သိရပါတယ်။ သကြားမှာ တရားမဝင်တင်သွင်းမှုများ ရှိနေတဲ့ အတွက် ပြည်တွင်းသကြားထုတ်လုပ်သူများအနေနဲ့ ၎င်း တို့ရဲ့သကြား များ ပြည်တွင်း ဈေးကွက်မှာ ရောင်းချရန် အခက်အခဲရှိနေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
