Background
၂၀၁၃ ခုနှစ်ဆန်းပိုင်း ပြည်ဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ ဈေးအတက် အကျသိပ်မရှိဘဲ အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ နှစ်ကုန်မှာ ကုလားပဲသီးနှံဈေး အနည်းငယ်မြင့်လာခဲ့ပြီး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ဈေးများမှာ ဈေးပြန်လျော့သွားခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ မတ်ပဲဈေးမှာ တစ်တင်း ၁၄၄၀၀ ကျပ်နဲ့ ရန်ကုန် ဝယ်လက်များ အဝယ်ရှိသလို လှောင်လက်သမားများ လည်း ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုမှာ အိတ် ၂၀၀ ခန့်နေ့စဉ်အရောင်းအဝယ်ဖြစ်ပြီး၊ ရန်ကုန်ကို အိတ် ၅၀၀ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။ ပဲတီစိမ်းအသစ်များ ပန်းတောင်း၊ ကံမ၊ မင်းတုန်း၊ ပေါက်ခေါင်းမြို့နယ် များမှ တစ်ရက်အိတ် ၄၀၀ မှ ၅၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပြီး၊ တစ်တင်း ၂၁၂၀၀ ကျပ်နဲ့ ယခင်အပတ် ကထက် ဈေးအနည်းငယ်လျော့သွား ခဲ့ပါတယ်။ မန္တလေးလိုင်း သမားများ နေ့စဉ်အဝယ်လိုက် လျက်ရှိတာကြောင့် အရောင်းသွက်နေခဲ့တယ်လို့ သိရ ပါတယ်။ ပဲပုပ်အသစ်များလည်း ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှ တစ်ရက်အိတ် ၅၀ ကျော်ဝင်ရောက်ခဲ့ သလို လှောင်လက်သမားနဲ့ ရန်ကုန်အဝယ် ရှိတာကြောင့် အရောင်းအဝယ်သွက်နေခဲ့ပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ ယခင်အပတ်ကထက် တစ်ထောင်ကျပ်ခန့် ဈေးလျော့သွားခဲ့ပါတယ်။ ပဲစင်းငုံသစ်များ ဈေကွက်အတွင်းကို အိတ် ၁၀၀ ကျော်ဝင်ရောက်လာပြီး၊ ရန်ကုန်ဝယ်လက်ကလည်း ပဲသစ်များကို ဈေးကောင်း ပေးဝယ်ယူခဲ့ကာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲဟောင်းဈေးကတော့ တစ်တင်း ၁၅၇၀၀ ကျပ်နဲ့သာ အရောင်းအဝယ်အေးနေခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းများကတော့ ဈေးအမြင့်နဲ့ ဆက်အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့် ပဲကြီး(ရွှေကျွန်း) တစ်တင်း ၃၆၅၀၀ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၃၃၅၀၀ ကျပ်နဲ့ ပဲလက်ကျန် များကို ပဲလှော်ဖိုသမားများ၊ ပဲကြော်လုပ်ငန်းရှင်များ နေ့တိုင်းဝယ်ယူလျက်ရှိတာကြောင့် အိတ် ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။ ခင်ဆွေဝင်း - ပြည်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်တာကာလအတွင်း ကန် ဒေါ်လာ သုည ဒသမ ၈၃၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး တန် ၁၀၀၀ ကျော်ကို တင်ပု့ိနိုင်ခဲ့သလို ကန်ဒေါ်လာ သုည ဒသမ ၁၉၂ သန်းဖိုးရှိ ပဲတီစိမ်း (လုံးခြမ်း) ၁၇၅ တန်ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ် တမူးစခန်းမှလည်း ပဲတီစိမ်းလုံးပြည့် ၁ တန်ခွဲကို ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းဖိုး တင်ပို့ခဲ့ပါ တယ်။ နယ်စပ်စခန်းအသီးသီးမှ ဒီဇင်ဘာလမှာ ပဲတီစိမ်းတန်ချိန် ၁၈၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်တစ်နှစ်လုံးမှာတော့ ပဲတီစိမ်းလုံးပြည့် တန်ချိန် ၄၇၀၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၃၄ ဒသမ ၃၀၃ သန်းဖိုးနဲ့ လုံးခြမ်း ၂၆၇၂ တန်ခန့်ကို ကန်ဒေါ်လာ ၄ ဒသမ ၃၃၈ သန်းဖိုးအပို့ရှိခဲ့ပါတယ်။ မူဆယ်-ရွှေလီနှစ်ဖက်မြေပြင်ပေါက်ဈေး ကတော့ မိမိဘက်မှာ ပဲတီစိမ်း (အညာ) တစ်တန် ၆၈၅၉၅၈ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံ ယွမ်ဈေးကတော့ ၈၁၄ ယွမ်ဖြစ်တယ်လို့ နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။ မော်မော်အောင်၊MIRT (DOBT)
ပြည်ပမှ ဝယ်ယူလိုမှုအား အနည်းငယ်မျှ ကျဆင်းနေ သော်လည်း ပြည်တွင်းဈေးကွက်တွင်း ညီမျှသော ဈေးနှုန်းဖြင့် ပဲစင်းငုံနီကို အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်စည်ဒိုင်ကြီး ၃ ခု ရှိတဲ့ အနက် မန္တလေးမြို့ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များရဲ့ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ဟာ အဓိက အချက်အချာကျတဲ့ ကုန်စည်ဒိုင်ဖြစ်ပါတယ်။ ယခင်က ၎င်း ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းနဲ့အညီ သို့မဟုတ် ဈေးနှုန်းအောက်ဖြင့် သာ မြင်းခြံကုန်စည်ဒိုင်နဲ့ ကျောက်ပန်းတောင်း ကုန်စည်ဒိုင်တို့ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ သို့သော် ယခုအခါ ၎င်းကုန်စည်ဒိုင်များမှ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲစင်းငုံနီ ဈေးနှုန်း မှာမန္တလေးကုန်စည်ဒိုင်ပေါက်ဈေး(လက်ရှိဈေး)နဲ့ တန်းတူ သော်လည်းကောင်း၊ အမြင့်ဈေးဖြင့် သော်လည်းကောင်း၊ အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝယ်လက်ရဲ့ ရှေ့မျှော် မှန်းထားတဲ့ ဈေးကွက်ဈေးနှုန်း အခြေအနေကြောင့် ဝယ်ယူ သိုလှောင်ထားကြောင်း သိရှိရပါတယ်။ မြင်းခြံခရိုင်ရှိ မြင်းခြံနဲ့ ကျောက်ပန်းတောင်းဒေသများမှာ ပဲစင်းငုံနီ အများဆုံးထွက်ရှိ ရာဒေသဖြစ်ပြီးအခြားဒေသများကို တင်ပို့ရာမှာလည်း အများ အပြားရှိကြောင်း သိရပါတယ်။ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန် ကို တင်ပို့မှု ရှိသကဲ့သို့ ရန်ကုန်သို့လည်း တိုက်ရိုက် တင်ပို့မှုရှိ တာကြောင့်ဈေးနှုန်းကွာဟချက် ကျဉ်းမြောင်းသွားပါကြောင်း သိရပါတယ်။
၂၀၁၃ ခုနှစ်အစ ဇန်နဝါရီလရဲ့ ပထမပတ် ပခုက္ကူ ကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်နိဒါန်းကို ကြည့်ရအောင်ပါ။ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ပဲစင်းငုံနီသစ် တစ်ပိဿာ ၈၆၀ ကျပ်၊ တစ်တင်း ၁၇၂၀၀ ကျပ်နဲ့ အိတ် ၃၀၀၊ ပဲတီစိမ်း သေး တစ်ပိဿာ ၁၁၀၅ ကျပ်၊ တစ်တင်း ၂၁၀၀၀ ကျပ်နဲ့ အိတ် ၅၀၀၊ ၂ ရက်နေ့မှာ ပဲစင်းငုံနီသစ်က တစ်ပိဿာ ၈၆၅ ကျပ်၊ တစ်တင်း ၁၇၃၀၀ ကျပ်နဲ့ အိတ် ၃၅၀၊ ပဲတီစိမ်းသေး တစ်ပိဿာ ၁၀၇၈ ကျပ်၊ တစ်တင်း ၂၀၅၀၀ ကျပ်နဲ့ အိတ် ၁၅၀၊ နှမ်းနက် တစ်ပိဿာ ၂၃၆၆ ကျပ်၊ တစ်တင်း ၃၅၅၀၀ ကျပ်နဲ့ ၇၅ အိတ်၊ ၃ ရက်နေ့မှာ ပဲစင်းငုံနီသစ် တစ်ပိဿာ ၈၇၀ ကျပ်၊ တစ်တင်း ၁၇၄၀၀ ကျပ်နဲ့ အိတ် ၂၅၀၊ စိမ်းသေး တစ်ပိဿာ ၁၀၉၄ ကျပ်၊ တစ်တင်း ၂၀၈၀၀ ကျပ်နဲ့ အိတ် ၂၁၀၊ ပဲပုပ်တစ်ပိဿာ ၈၅၀ ကျပ်၊ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ ပြောင်းဖူးစေ့ တစ်ပိဿာ ၃၃၃ ကျပ်၊ တစ်တင်း ၆၀၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ ပြောင်းဆန်အနက် တစ်ပိဿာ ၅၀၀ ကျပ်၊ တစ်တင်း ၁၀၀၀၀ ကျပ်နဲ့ အိတ် ၃၀၀၊ ပြောင်းဆန်အနီ တစ်ပိဿာ ၄၂၅ ကျပ်၊ တစ်တင်း ၈၅၀၀ ကျပ်နဲ့ အိတ် ၂၀၀ ပစ္စည်းတော်တော်များများ အရောင်း အဝယ် ဖြစ်တာ တွေ့ရပါတယ်။
၂၀၁၃ ခုနှစ်အစ ဇန်နဝါရီလဆန်းပိုင်း မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံကျဈေးနဲ့ အဝယ်အေးပြီး စိမ်းကြီး စိမ်းသေးအဝယ်သွက်ခဲ့ကာငုံနီအသစ်တွေမျှော်မှန်းသလောက် ဈေးကွက်ထဲ မရောက်သေးဘူးလို့ ပဲကုန်သည်များကပြောပါ တယ်။ ဒေသခံကုန်သည်တွေရဲ့ လက်ဝယ် ကုလားပဲမျိုးစုံအိတ် တစ်သိန်းခန့် ကျန်နေသော်လည်း ကြိုက်ဈေးမရလို့ ရောင်း လက်ရှားခဲ့တဲ့အတွက် ယခုတစ်ပတ်အတွင်းအိတ် ၅၀၀၀ ခန့် သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်သစ်အစ ဈေးကွက်မှာတော့ V2 တစ်တင်း ၁၅၇၀၀ ကျပ်-၁၅၈၀၀ ကျပ်၊ 929 တစ်တင်း ၁၈၂၀၀ ကျပ်-၁၈၃၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၇၅၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ် ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပဲ၊ ပြောင်း၊ နှမ်းအရောင်း အဝယ်ပြုလုပ်နေတဲ့ မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း၊ မြင်းခြံကုန်စည်ဒိုင်နှင့် ကျောက်ပန်း တောင်းကုန်စည် ဒိုင်တို့ရှိကြတဲ့အနက် မန္တလေးကုန်စည်ဒိုင်ကလွဲပြီး၊ ကျန်ကုန်စည်ဒိုင်နှစ်ခုမှာ အရောင်းအဝယ် အေးလျက်ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တရုတ်ကို တိုက်ရိုက်ပို့နေတဲ့ နှမ်းဖြူ၊ နှမ်း ညို၊ နှမ်းနက်နဲ့ နှမ်းနက် (စမုံ)၊ ပဲတီစိမ်းကြီးတို့မှာ ဈေးသင့်တင့်ပြီး အရောင်းအဝယ်ကောင်းနေ ပါတယ်။ပြောင်းဖူးစေ့ အမျိုးမျိုး၊ ပဲလွန်း ဖြူနဲ့ ပဲယင်းတို့မှာ ဈေးငြိမ်နေပြီးအရောင်းအဝယ်အေး လျက်ရှိပါ တယ်။Over Sea အဖြစ်တင်ပို့မယ့် ကုန်ပစ္စည်းများကို ရန်ကုန် ဝယ်လက်များ လာရောက်ဝယ်ယူမှုရှိပြီး၊ အဓိကဝယ်ယူတာ ကတော့ မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲစင်းငုံ (ရွှေဘိုစ)၊ ကုလားပဲဖြူကြီးနဲ့ ကုလားပဲထိုင်ဝမ်ဖြစ်ကြောင်း၊ မတ်ပဲ၊ ကုလားပဲဖြူကြီးနဲ့ ကုလားပဲ (ထိုင်ဝမ်) တို့မှာ လတ်တလောအခြေအနေအရ ဈေးအေးသလို အရောင်းအဝယ်လည်းအေးလျက်ရှိပါတယ်။ပဲစင်းငုံများကို ရန်ကုန် ဝယ်လက်မှ အဝယ်လိုက်တဲ့အတွက် ဈေးငြိမ်ပြီး အရောင်းအဝယ် သွက်လက်တဲ့ အနေအထားမှာ ပုံမှန်ရှိနေပါတယ်။
အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ကြိတ်ခွဲစက်တွေက ကုလားပဲကို ဝယ်အားကောင်းလာတဲ့အတွက် ကုလားပဲ ကြို ပွိုင့်ဈေးတွေလည်း ဗုဒ္ဓဟူးနေ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က မြင့်တက်ခဲ့ပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ ဇန်နဝါရီလပစ္စည်းပို့နဲ့ကုလားပဲဈေးသုည ဒသမ ၇၇ ရာခိုင်နှုန်း မြင့်ပြီး ၁၀၀ ကီလိုဂရမ်ကို ၃၉၀၈ ရူပီးဈေး (တစ်တန် ၇၁၉ ဒေါ်လာ)ခန့် ဈေးရှိလာပါတယ်။ နယူးဒေလီ လက်ငင်းဈေး ကွက်တွေမှာလည်း ကုလားပဲ ၁၀၀ ကီလိုဂရမ်ကို ၃၇ ဒသမ ၅ ရူပီး မြင့်တက်ပြီး ၃၉၇၅ ရူပီး (တစ်တန် ကို ၇၃၁ ဒေါ်လာ)ခန့် အထိ ဈေးရှိနေပါတယ်။ ကြိတ်ခွဲစက်တွေ ဝယ် အားကောင်းလာတာကြောင့် ပြည်တွင်းမှာ ကုလားပဲအသစ် ပေါ်ထွက်လာတဲ့အထိ ဈေးခိုင်မာနေမှာဖြစ်ပါတယ်။ မွန်ဘိုင်း ဈေးကွက်မှာလည်း မတ်ပဲ၊ ပဲစင်းငုံကို ပဲခွဲစက်တွေနဲ့ ကုန်သည် တွေ ဝယ်အားရှိလာတဲ့အတွက် ဈေးတက်လာခဲ့ပါတယ်။
ကြက်သွန် အဟောင်း လက်ကျန် နည်းပြီး အသစ်ပေါ်စ စပ်ကူးမတ်ကူး ကာလအတွင်း ဈေးမြောက်လာခဲ့လို့ ကြက်သွန်စိုက် တောင်သူတွေ ရှေ့နှစ် အတွက် အားရှိလာတာတွေ့ရပါတယ်။ ဒီနှစ် မိုးနည်းလို့ မိုးစပါးလျာထားချက် မပြည့်မီတာရယ်၊ ကြက်သွန်ဈေး မြောက်လာတာရယ်ကြောင့် မန္တလေး တိုင်းဒေသကြီးအတွင်း အစားထိုးသီး နှံမှာ ဆောင်းကြက်သွန် ပိုစိုက်လာကြ ပါတယ်။ မြင်းခြံခရိုင်ဘက်မှာ ဆောင်း ကြက်သွန်လျာထားဧက ၂၆၉၀၈ ရှိပြီး၊ သြဂုတ်လထဲ မိုးမရွာခဲ့တာကြောင့် စက် တင်ဘာလဝက်ကျော်မှ စိုက်ရတဲ့ ဥစိုက် နဲ့(ဆောင်း)ပင်လေး စိုက်ပေါင်းပြီး၊ လက်ရှိ စုစုပေါင်းစိုက်ပြီးဧက ၁၀၂၁၈ ရှိလို့ ဆောင်းစိုက်ဧကမှာ ပိုမိုလာတာ တွေ့ရပါတယ်။ လက်ရှိကြက်သွန် ဈေးကောင်းလို့ ဈေးကွက်ကိုကြည့်ပြီး၊ မြိတ်စားဖော်ရောင်းကြသလို ဥမရင့် သက်တမ်းမစေ့သေးတဲ့ ကြက်သွန်များ ဈေးကွက်ဝင်ရောက်နေပြီး၊ အဟောင်းနဲ့ အသစ် ဈေးတူရောင်းချနေပါတယ်။
ပြည်တွင်းတွင်ပေါများစွာထွက်ရှိပြီး ပြည်ပသို့ ကုန်ကြမ်းအတိုင်း တင်ပို့လျက်ရှိသော မြန်မာ့ ရော်ဘာကုန်ကြမ်းများအား အသုံးပြုပြီး ပြည်တွင်း စက်ရုံတွင် ထုတ်လုပ်ထားသည့် Yangon Tyre (7.00-16)(12PR)တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၇၅ ဖြင့် တာရာ ၃၅၀ လုံးအား မလေး ရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် အတွက် ကုမ္ပဏီတစ်ခုမှ ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။
ပြည်တွင်းတွင်ပေါများစွာထွက်ရှိပြီး ပြည်ပသို့ ကုန်ကြမ်းအတိုင်း တင်ပို့လျက်ရှိသော မြန်မာ့ ရော်ဘာကုန်ကြမ်းများအား အသုံးပြုပြီး ပြည်တွင်း စက်ရုံတွင် ထုတ်လုပ်ထားသည့် Yangon Tyre (7.00-16)(12PR)တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၇၅ ဖြင့် တာရာ ၃၅၀ လုံးအား မလေး ရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် အတွက် ကုမ္ပဏီတစ်ခုမှ ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။
