Background
ရော်ဘာ
ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၃၁ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၃၅၆၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။
တင်ပို့မှုများသောနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၃၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၈၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၅၀ ကျော်ဖြစ်သည်။
တစ်ဖက်တရုတ်နိုင်ငံ မိန်းတိန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ်တားဆီးရေးအစီအစဉ် (နဝမ အကြိမ်) ထုတ်ပြန်ချက်အရ မိန်းတိန်ချင်းရွှေဟော်နယ်စပ်ဂိတ်၏ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ပြင်ဆင်ပြောင်းလဲ ဖြေလျှော့သွားမည့်အစီအစဉ်တွင် နယ်စပ်ဂိတ်၌ ယာဉ်မောင်းအစားထိုး (ရှန်တိန် ယာဉ်မောင်း) လဲလှယ်ခြင်းများ မပြုလုပ်တော့ကြောင်း သိရှိရသည်။
သို့ရာတွင် နှစ်နိုင်ငံ လူအဝင်/အထွက် ခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် ယာဉ်မောင်းများသည် ယခင်စနစ်အတိုင်း နမ့်ဖာဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရသည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် (မန့်ဝိန်း)ဂိတ်ကို ဇန်နဝါရီ ၁၄ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီမှစ၍ ပြန်လည် ဝင်ထွက်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မြဝတီကုန်သွယ် ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၂၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၉၆ သန်း ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၈၁၇ သန်း ဖြစ်သည်။ ယခင်တစ်ပတ် ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇၈ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၇ ဒသမ ၅၀ဝ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏ အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၇၈ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလ လကုန်အထိ (ယာယီ) ကုန်သွယ်မှုပမာဏအနေဖြင့် ပို့ကုန် ၅၂ ဒသမ ၃၇၁ ဒေါ်လာသန်း၊ သွင်း ကုန် ၈ ဒသမ ၈၄၈ ဒေါ်လာသန်း၊ စုစု ပေါင်းကုန်သွယ်မှုပမာဏ တန်ဖိုး ၆၁ ဒသမ ၂၁၉ ဒေါ်လာသန်း ရရှိခဲ့သည်။ ယခင်နှစ်ကာလတူတွင် ပို့ကုန် ၃၇ ဒသမ ၄၅၇ ဒေါ်လာသန်း၊ သွင်းကုန် ၂ ဒသမ ၂၄၀ ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ် မှုပမာဏ ၃၉ ဒသမ ၆၉၇ ဒေါ်လာသန်း သာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခု ဘဏ္ဍာနှစ်တွင် ကာလတူထက် ၂၁ ဒသမ ၅၂၂ ဒေါ်လာသန်း ပိုမိုဆောင် ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာအမှတ်(၁၀/၂၀၂၂)အရ ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်၍ ၁-၁၁-၂၀၂၂ ရက်မှစတင်ပြီး ပို့ကုန်ရငွေဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များသာမက သွင်းကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေရယူလိုသည့်အတွက် ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့နိုင်ရေးအမယ်များ ရှာဖွေခြင်း၊ပြည်တွင်းထုတ်လုပ်သူများ ထိုင်းဝယ်လက်များနှင့် ချိတ်ဆက်ခြင်းများ ဆောင်ရွက်လာကြသည်။ ထိုသို့ ပို့ကုန်ကဏ္ဍအပေါ် စိတ်ဝင်တစားဆောင်ရွက်ကြရာတွင် ပို့ကုန်အမယ်သစ်များကိုပါ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လာကြသည်။
တာချီလိတ် ကုန်သွယ်ရေးစခန်း (မယ်ယန်း)သည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၃၆သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ဒသမ ၅၁၇ သန်း၊ ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၅၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။
ဆန်
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၄၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၈၀ဝ၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၇၉၇၀ ခန့်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀ဝ၃၀ ကျော် တင်ပို့ခဲ့သည်။
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၆၄ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၂၂၇၃၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၄၈၂၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ပြောင်းတန်ချိန် ၅၆၇၀ ကျော်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၂၂၃၀ ကျော် တင်ပို့ကြောင်း သိရသည်။
နို့ဆီ
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၃ သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၁၆၀ဝ ကျော် တင်သွင်းခဲ့သည်။ နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံမှ တန်ချိန် ၉၅၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၆၅၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၅၀ဝ ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နို့မှုန့်