Main menu

Background

Wednesday, 12 Oct 2022

လက်ရှိ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ထွက်ကုန် ထန်းလျက် ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်စပ်မှတစ်ဆင့် ဝယ်လိုအား ဆက်တိုက်ရှိ လာခဲ့သည်။လက်ရှိ ဘဏ္ဍာနှစ် ပထမခြောက်လ (ဧပြီလမှ စက်တင်ဘာလအထိ) အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ မောင်တောကုန်သွယ်ရေးစခန်းနှင့် စစ်တွေ ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် မြန်မာ့ထန်းလျက် စုစုပေါင်းတန်ချိန် ၆၉ တန်ကျော် ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလ အတွင်း ထန်းလျက် တင်ပို့မှုမရှိခဲ့ကြောင်းနှင့် ယခုဘဏ္ဍာနှစ် ပထမခြောက်လ အတွင်း ရခိုင်ပြည်နယ် နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထန်းလျက်တင်ပို့မှုမှ ဝင်ငွေအားဖြင့် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၃၆ သန်းဖိုး ရရှိခဲ့က

Wednesday, 12 Oct 2022

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၃၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၁၁ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂၄၄ သန်း ဆောင်ရွက်ခဲ့သည်။ ယခင်တစ်ပတ် ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၅၄ သန်း၊ သွင်းကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၂၂ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇၆ သန်း ပိုမိုခဲ့သည်။ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်း ပိုမိုရခြင်းမှာ  ငါးရှဉ့်၊ ဆန်၊ ပဲတီစိမ်း

Thursday, 29 Sep 2022

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ် အတွင်း ပို့ကုန်တင်ပို့မှု  တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၀၃ သန်း၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ  အမေရိကန် ဒေါ်လာ ၇ ဒသမ ဝ၇၃ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ယခုတစ်ပတ်အတွင်း ငါးရှဉ့်၊ ဆန်ကွဲ၊ ကဏန်း၊ ဝါ၊ ကွမ်းသီး၊ ဆန်၊ နနွင်းတက်(ရှမ်း)၊ ပရဆေး ကုန်ကြမ်းများ အများဆုံးတင်ပို့ခဲ့ပြီး လယ်ယာသုံး  နောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ လျှပ်စစ်ဓာတ် ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်း များ၊ စက်နှင့်စက်ပစ္စည်းများ၊ လယ်ထွန်စက်

Thursday, 29 Sep 2022

မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၅ သန်းနှင့် သွင်းကုန်တင်သွင်းမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၁ သန်းဖိုး လုပ်ငန်းဆောင် ရွက်နိုင်၍ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂၆ သန်းဖြစ်ကြောင်း သိရှိရသည်။ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၂ သန်းနှင့် သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၄ သန်းလျော့နည်းခဲ့ပြီး ကုန်သွယ်မှုပမာဏတန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၆ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။ 

Thursday, 29 Sep 2022

စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ကာလအတွင်း ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၂ဒသမ ၅၂၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၂ ဒသမ ၂၆၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ၄ ဒသမ ၇၈၇ သန်းဖြစ်ပြီး ကာလတူ ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂ဒသမ ၂၄၂ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၅၇ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၂  ဒသမ ၃၀ဝ သန်း ပိုမိုဆောင်ရွက်ခဲ့သည်။ယမန်နှစ် ကာလတူထက် ပို့ကုန်ပိုင်းပိုမိုခဲ့ခြင်းမှာ ဝဥ (အခြောက်)၊ ဝဥ(အစို)၊  ဆန်ကွဲ၊ ရော်ဘာ၊ နှံစားပြောင်း၊ ကွမ်းသီးခွံ၊ လက်ဖက်ခြောက်တို့ တင

Thursday, 29 Sep 2022

စက်တင်ဘာ ၁၀ ရက်မှ ၁၆ရက်အထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၄ ဒသမ ဝ၃၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ  ၃၁ ဒသမ ၆၇၆ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ ၄၅ ဒသမ ၇၀၆ သန်း ဆောင်ရွက်နိုင် ခဲ့သည်။  အနီးစပ်ဆုံးကာလဖြစ်သော ယခင်တစ်ပတ်ဆောင်ရွက် မှုနှင့်နှိုင်းယှဉ်ပါက  ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၇၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၇၉ သန်း   ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅  ဒသမ ဝ၅၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအနေဖြင့် ယခုတစ် ပတ်တွင် ပို့ကုန်အမယ်များဖြစ်သော မတ်ပဲ၊နှမ်းဖြူ၊ ကြက်သွန်နီ၊ ရော်ဘာစိမ

Thursday, 22 Sep 2022

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ယခုဘဏ္ဍာနှစ် သြဂုတ်လအတွင်း လုပ်ငန်းဆောင် ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၈၅၆သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၂၂ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၁၇၈သန်း ဆောင်ရွက်ခဲ့သည်။ ယမန်နှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၂၈သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၀ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၄၆၈ သန်း ပိုမိုခဲ့ကြောင်း သိရှိရသည်။

Thursday, 22 Sep 2022

သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၁၂၉ သန်းတန်ဖိုးရှိ ဓာတ်မြေ သြဇာ တန်ချိန် ၈၈၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့သည်။ ယခုတစ် ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၅၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝခန့်၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၀ တန်ကျော်၊ အီရန်နိုင်ငံမှ တန်ချိန် ၂၀ဝ၀ ခန့်၊ အစ္စရေး နိုင်ငံမှ တန်ချိန် ၁၂၀ တန်ကျော်၊  ဂျပန်နိုင်ငံမှ တန်ချိန် ၂၅၀ တန်ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၃၀ဝ၀ ခန့်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ခန့်၊  ပီရူးနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၆၀ဝ၀ ခန့်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ  တန်ချိန် ၁၁၀ဝ၀

Tuesday, 30 Aug 2022

မက်ခါသီးသည် ကယားလူမျိုးစု၏မရှိမဖြစ် အသုံးပြုသည့် ဟင်းခတ် အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ မက်ခါသီးကို ကယားပြည်နယ်၏  ကယား လူမျိုးများ အများစုနေထိုင်ရာ လွိုင်ကော်မြို့နယ် ချိကယ်၊  ဒီးမော့ဆိုမြို့နယ် ဒေါငံခါး၊ဒေါရောက်ခူ၊ဒေါတမကြီး၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာများတွင် တစ်ပိုင် တစ်နိုင် စိုက်ပျိုးကြသည်။ မက်ခါသီးကို ဒေသအလိုက် အခေါ်အဝေါ်များရှိပြီး မြန်မာအခေါ် (သီဟရာဇာ)၊  ကချင်အခေါ် (ဂျင်ဗောင်ဂလ)၊ ကယားအခေါ် (မက်ခါသီး)၊တရုတ်အခေါ်(ချွှမ်းဝှားကျောင်း)စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ် ကြပြီး တရုတ်ပြည်မကြီး ချွမ်းဒေသလူမျိုးများက မက်ခါသီးကို အကြော်အနှပ်၊ အသားကင်များတွင် မပါမဖြစ် ဟင်းခတ်အမွှေးအ

Tuesday, 30 Aug 2022

လက်ရှိ ၂၀၂၂ - ၂၀၂၃ ကြံစိုက်ရာသီအတွက် သကြားစက်ရုံများက ကြံတစ်တန်လျှင် ငွေကျပ် ၈၀ဝ၀ဝ အထိ ဈေးဖွင့်ထားကြောင်း  မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ အဆိုပါဈေးနှုန်းမှာ တောင်သူများနှင့်သကြားစက်ရုံများအတွက် အဆင်ပြေသည့်ဈေးနှုန်း အနေအထားဖြစ်ကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌဦးဝင်းဌေးက သြဂုတ် ၂၄ရက်တွင် ပြောသည်။

Pages