Main menu

Background

Tuesday, 30 Aug 2022

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်တစ်ပတ်တွင် ဓာတ် မြေသြဇာ အမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး-တရုတ်) တစ်အိတ် ကျပ် ၉၇၀ဝ၀၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) တစ်အိတ် ကျပ် ၇၀ဝ၀ဝ၊ ကျွဲနက် 15:15:15 တစ် အိတ် ကျပ် ၉၇၀ဝ၀၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် ကျပ် ၁၀၁၀ဝ၀၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် ကျပ် ၉၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေး အမျိုးအစားများ ဖြစ်သည့် ပိုး(၃)ကောင်(မြန်မာ့သြဘာ) တစ်ထုပ်  ၁၆၀ဝ၀ ကျပ်၊ မိုရယ်မုန်(သြဘာ) တစ်ဘူး ကျပ် ၁၆၅၀ဝ၊ အစီဖိတ် (သြဘာ) တစ်ဘူး ကျပ် ၁၄၀ဝ၀၊ ရွှေတောနစ်(မြင်းကြား) တစ်ဘူး ကျပ် ၉၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခုတစ်ပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားမျ

Tuesday, 30 Aug 2022

ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမှာ ယခင် ဇွန်လ ဒုတိယပတ် တွင် လက်လီ/လက်ကား တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ -၂၀ဝ၀ ရှိခဲ့ရာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကျပ် ၂၀ဝ၀-၂၂၀ဝ ရှိ၍ တစ်ပိဿာလျှင် ကျပ် ၂၀ဝ နှုန်းခန့် မြင့်တက်သွားခဲ့သည်။ဝင်ရောက်မှုအနေဖြင့်  အောင်လံ၊ ဆိပ်ဖြူ၊ ရေနံချောင်းဘက်မှ ပိဿာ ၃၀ ဝင် အိတ် ၁၅၀ တစ်ပတ်လည်ခန့်ကို ရက်ခြားအဝင်ရှိနေ၍ အဝင်မှာ နည်းသွားသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်သာ အရောင်း အဝယ်ရှိနေပြီး ဈေးနှုန်းမှာ ပွဲရုံဈေး တစ်ပိဿာ (ကြီး/လတ်/သေး)ကျပ် ၂၀ဝ၀၊ ၁၉၀ဝ-၁၈၀ဝ၊ ၁၇၀ဝနှင့် လက်လီဈေး အသေးများတွင် ကျပ် ၂၃၀ဝ-၂၂၀ဝ၊ ၂၁၀ဝ-၂၂၀ဝ၊ ၁၉၀ဝ နှုန်းတို့ ဖြင့် အသီးသီးရောင်းဝယ် လျက်ရှိနေကြသည်။

Thursday, 14 Jul 2022

အစားအသောက်ဘေးကင်းလုံခြုံမှုအတွက် လုံလောက်သည့် ထောက်ခံချက်များရရှိခဲ့ခြင်းကြောင့်   ဥရောပသမဂ္ဂ(EU)၏ ပျားရည်တင်ပို့ခွင့်ရှိသည့်   နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို ထည့်သွင်းထားကြောင်း မွေးမြူရေးနှင့်ကုသ ရေး ဦးစီးဌာနပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ဒေသအသီးသီးက ထွက်ရှိလာသည့် ပျားရည်များကို အမျိုးသားဓာတုဓာတ်ကင်းစောင့်ကြည့်မှုအစီအစဉ်ဖြင့် ပျား ရည်အတွင်း ပိုးသတ်ဆေးနှင့်အခြားဓာတုဆေးဝါးများပါဝင်မှု ရှိ၊ မရှိကို ၂၀၁၇ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ နှစ်စဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတွက် အစားအသောက် ဘေး ကင်းလုံခြုံမှုနှင့်ပက်သတ်၍   ထောက်ခံချက်များ ရရှိခဲ့ခြင်း ဖြစ်သည်

Thursday, 14 Jul 2022

ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း မြဝတီကုန် သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၅  သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ဝ၉၇ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ ၄၂ ဒသမ ၂၆၂ သန်းဖြစ်ပြီး အနီးစပ် ဆုံး ယခင်တစ်ပတ် ဆောင်ရွက်နိုင်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် ၁၀ ဒသမ ၇၈၆ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်း တွင် သုည ဒသမ ၅၆၁ သန်း  ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၂၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။

Thursday, 26 May 2022

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်သီးနှံများ နှစ်စဉ် တင်ပို့မှုရှိရာ ၂၀၂၂ ခုနှစ်ဧပြီလမှစတင် ၍ မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတ နိုင်ငံ (GACC) တို့ လက်မှတ်ရေးထိုး ထားသည့်  SPS Protocool  အရ တရုတ် နိုင်ငံသို့ ပြောင်းဆန်တင်ပို့ရန် အဆိုပြုလွှာများခေါ်ယူခဲ့ရာ မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့်နှမ်းကုန်သည်များအသင်းမှ ကုမ္ပဏီ  ၁၁၁ ခုနှင့်  ပြောင်းလုပ်ငန်းအသင်းမှ ကုမ္ပဏီ ၃၀  ခု  စုစုပေါင်း ကုမ္ပဏီ  ၁၄၁ ခုအား စစ်ဆေးပေးနိုင်ရန် အဆိုပြုလွှာ  တင် သွင်းလာသည်။ပြည်ထောင်စုနယ်မြေ နေပြည်တော်၊  စားသုံးသူရေးရာဦးစီးဌာနနေပြည်တော်ဦးစီးမှူးနှင့်အဖွဲ့မှ SPS Protocoolအရ တရုတ်နိုင်ငံသို

Monday, 2 May 2022

ကယားပြည်နယ်တွင်  စပါး၊ ပြောင်း၊ နှမ်း သီးနှံတို့ကို  အဓိကစိုက်ပျိုးသော  ဒေသဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ် လအထိ အခြားဒေသမှ ပြည်နယ်တွင်းသို့   ဆန် တင်သွင်းမှုမှာ ၁၇၄၈၈ အိတ်၊ ၈၇၄ တန်၊ ကယား ပြည်နယ်မှအခြားဒေသသို့ဆန်တင်ပို့မှုမှာ၂၀၈၂၄ အိတ်၊ ၁၀၄၁ တန်၊ ပြောင်းတင်ပို့မှုမှာ ၁၈၄၃၀၅ အိတ်၊၉၀၂၉ တန်နှင့် နှမ်းတင်ပို့မှုမှာ ၆၆၁၀ အိတ်၊ ၁၆၂ တန်တို့ဖြစ်ပြီး   ဆန်ကို ရန်ကုန်၊ မန္တလေးသို့ လည်းကောင်း၊ ပြောင်းကို  မြဝတီမြို့ သို့လည်းကောင်း၊ နှမ်းကို မန္တလေးသို့လည်းကောင်း အများ ဆုံး တင်ပို့ကြကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရသည်။ကယားပြည်နယ်တွင်  စပါးနှင့်ပြောင်းကို အဓိကထားစိုက်ပျိုးလျက်ရှိပ

Thursday, 28 Apr 2022

၂၀၂၂ ခုနှစ် မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၃၉၅၀ ခန့် တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၉၅၆ သန်းကျော်ရရှိကြောင်း သိရသည်။နိုင်ငံအလိုက် တင်ပို့မှုများ အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ ရော်ဘာတန်ချိန် ၂၅၃၂၀ ခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၅၆၆၀ခန့်၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇၈၀ ကျော် ၊ ထိုင်ဝမ်သို့ တန်ချိန် ၂၀ဝ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၉ ခန့်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၈၀ ခန့်၊ ကိုရီးယားနိုင်ငံသို့ တန်ချိန် ၃၄၀ ခန့်နှင့် အင်ဒိုနီးရှား နိုင်ငံသို့ တန်ချိန် ၄၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။၂၀၂၂ ခ

Tuesday, 29 Mar 2022

ပြောင်းဖူးပင်များကို Ever Shine Lashio co.ltd က ဝယ်ယူကာ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချပေးနေသည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ပြောင်းဖူးစိုက်သည့်တောင်သူများ ပြောင်းဆံနှင့်  ပြောင်းဖူးပင်ဈေးကွက်နှစ်ခုရရှိ နေ၍ အဆင်ပြေလျက်ရှိပြီး ပြောင်းစိုက်တောင်သူများထံမှပြောင်းပင်များကို အပြင်လိုက်ဝယ်ယူပြီး ပြောင်းချဉ်ဖတ်လုပ်ကာအိမ်နီးချင်းတရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့ရောင်းချပေးနေသည့် ဈေးကွက်တစ်ခုဖြစ်ပေါ်လာ၍ပြောင်းဖူးချိုးပြီးသား အပင်များအလဟဿမဖြစ်စေတော့သည့်အတွက် ပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ယခင်ကပြောင်းဖူးစိုက်သည့်အခါတွင်အဖူးချိုးခြင်း၊ခြွေခြင်း လှန်းခြင်းတို့ကို

Monday, 21 Mar 2022

မြန်မာနိုင်ငံတွင် ငါးရှဥ့်ကို ဗီယက်နမ် နည်းပညာအတိုင်း သုတေသနပြုလုပ်၍ မွေး မြူရန် စီစဉ်လျက်ရှိကြောင်း    မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။အဆိုပါနည်းပညာကို    လက်ရှိတွင် စမ်းသပ်လုပ်ဆောင်ရန်  စီစဉ် နေပြီး အောင် မြင်ဖြစ်ထွန်းသွားသည့်အခါ လယ်သမားများ ကို မျှဝေပေးမည်ဖြစ်ကြောင်း  ယင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က မတ် ၉ ရက်တွင် ပြောသည်။“ကျွန်မတို့က ဗီယက်နမ်မှာလည်း ငါး ရှဥ့် ဖောက်တာ သွားကြည့်ခဲ့တယ်။ ဒီက ငါး လုပ်ငန်းအဖွဲ့ချုပ်မှာလည်း   ဖောက်ခဲ့ဖူး တယ်။ ဖောက်တုန်းကလည်း   အောင်မြင် တယ်ပေါ့နော်။ သားပေါက်တဲ့အထိကို ထွက် တယ်ပေါ့။   ဒီပရော့ဂျက်ကို  မလုပ်ချင်ဘူး လားလို့ လယ်သမား တွေက

Wednesday, 16 Feb 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီ လိတ်မြို့နယ်အတွင်းရှိ  ဖန်မင်အုပ်စု၊ ဝမ်ကောကျေးရွာနှင့် တာလေမြို့နယ်ခွဲတို့တွင်  ွဗဏ-ွသသိ ဗါမငခကူအကမန ဏမခေအငခနျ စနစ်ဖြင့် (သီးနှံများစတင် စိုက်ပျိုးရန် မြေစတင်ရွေးချယ်ချိန်မှ စ၍ စားသုံးသူများ လက်ဝယ်ရောက်ရှိသည်အထိ စိုက်ပျိုး ထုတ်လုပ်မှုအဆင့်တိုင်းကို သီးနှံများတွင်  ဓာတုဆေးများ၊ ကူးစက်မှုများစသည့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူး ဂရုပြုဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်း) စိုက်ပျိုးထားရှိ သော ပျားလိမ္မော်ဧက ၅၀ဝ ကျော်ပိုင်ဆိုင်သော ရွှေရှင်းပျား လိမ္မော်ခြံ၏ စိုက်ဧက၊ သွင်းအားစု၊ သီးနှံထွက်ရှိမှု အခြေအနေ နှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား သိရှိနိုင

Pages