Background
မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၅ သန်းနှင့် သွင်းကုန်တင်သွင်းမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၁ သန်းဖိုး လုပ်ငန်းဆောင် ရွက်နိုင်၍ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂၆ သန်းဖြစ်ကြောင်း သိရှိရသည်။ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၂ သန်းနှင့် သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၄ သန်းလျော့နည်းခဲ့ပြီး ကုန်သွယ်မှုပမာဏတန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၆၅၆ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ကာလအတွင်း ချင်းရွှေဟော် ကုန် သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၂ဒသမ ၅၂၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ၄ ဒသမ ၇၈၇ သန်းဖြစ်ပြီး ကာလတူ ဆောင်ရွက်မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂ဒသမ ၂၄၂ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၅၇ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၀ဝ သန်း ပိုမိုဆောင်ရွက်ခဲ့သည်။ယမန်နှစ် ကာလတူထက် ပို့ကုန်ပိုင်းပိုမိုခဲ့ခြင်းမှာ ဝဥ (အခြောက်)၊ ဝဥ(အစို)၊ ဆန်ကွဲ၊ ရော်ဘာ၊ နှံစားပြောင်း၊ ကွမ်းသီးခွံ၊ လက်ဖက်ခြောက်တို့ တင
စက်တင်ဘာ ၁၀ ရက်မှ ၁၆ရက်အထိ ကာလအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၄ ဒသမ ဝ၃၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆၇၆ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ ၄၅ ဒသမ ၇၀၆ သန်း ဆောင်ရွက်နိုင် ခဲ့သည်။ အနီးစပ်ဆုံးကာလဖြစ်သော ယခင်တစ်ပတ်ဆောင်ရွက် မှုနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၇၄ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၇၉ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ဝ၅၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအနေဖြင့် ယခုတစ် ပတ်တွင် ပို့ကုန်အမယ်များဖြစ်သော မတ်ပဲ၊နှမ်းဖြူ၊ ကြက်သွန်နီ၊ ရော်ဘာစိမ
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ယခုဘဏ္ဍာနှစ် သြဂုတ်လအတွင်း လုပ်ငန်းဆောင် ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၈၅၆သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၃၂၂ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၁၇၈သန်း ဆောင်ရွက်ခဲ့သည်။ ယမန်နှစ်ကာလ တူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၂၈သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၄၀ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၄၆၈ သန်း ပိုမိုခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၁၂၉ သန်းတန်ဖိုးရှိ ဓာတ်မြေ သြဇာ တန်ချိန် ၈၈၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့သည်။ ယခုတစ် ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၅၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝခန့်၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၀ တန်ကျော်၊ အီရန်နိုင်ငံမှ တန်ချိန် ၂၀ဝ၀ ခန့်၊ အစ္စရေး နိုင်ငံမှ တန်ချိန် ၁၂၀ တန်ကျော်၊ ဂျပန်နိုင်ငံမှ တန်ချိန် ၂၅၀ တန်ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၃၀ဝ၀ ခန့်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ခန့်၊ ပီရူးနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၆၀ဝ၀ ခန့်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၁၀ဝ၀
မက်ခါသီးသည် ကယားလူမျိုးစု၏မရှိမဖြစ် အသုံးပြုသည့် ဟင်းခတ် အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ မက်ခါသီးကို ကယားပြည်နယ်၏ ကယား လူမျိုးများ အများစုနေထိုင်ရာ လွိုင်ကော်မြို့နယ် ချိကယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါး၊ဒေါရောက်ခူ၊ဒေါတမကြီး၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာများတွင် တစ်ပိုင် တစ်နိုင် စိုက်ပျိုးကြသည်။ မက်ခါသီးကို ဒေသအလိုက် အခေါ်အဝေါ်များရှိပြီး မြန်မာအခေါ် (သီဟရာဇာ)၊ ကချင်အခေါ် (ဂျင်ဗောင်ဂလ)၊ ကယားအခေါ် (မက်ခါသီး)၊တရုတ်အခေါ်(ချွှမ်းဝှားကျောင်း)စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ် ကြပြီး တရုတ်ပြည်မကြီး ချွမ်းဒေသလူမျိုးများက မက်ခါသီးကို အကြော်အနှပ်၊ အသားကင်များတွင် မပါမဖြစ် ဟင်းခတ်အမွှေးအ
လက်ရှိ ၂၀၂၂ - ၂၀၂၃ ကြံစိုက်ရာသီအတွက် သကြားစက်ရုံများက ကြံတစ်တန်လျှင် ငွေကျပ် ၈၀ဝ၀ဝ အထိ ဈေးဖွင့်ထားကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ အဆိုပါဈေးနှုန်းမှာ တောင်သူများနှင့်သကြားစက်ရုံများအတွက် အဆင်ပြေသည့်ဈေးနှုန်း အနေအထားဖြစ်ကြောင်း အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌဦးဝင်းဌေးက သြဂုတ် ၂၄ရက်တွင် ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်တစ်ပတ်တွင် ဓာတ် မြေသြဇာ အမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး-တရုတ်) တစ်အိတ် ကျပ် ၉၇၀ဝ၀၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) တစ်အိတ် ကျပ် ၇၀ဝ၀ဝ၊ ကျွဲနက် 15:15:15 တစ် အိတ် ကျပ် ၉၇၀ဝ၀၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် ကျပ် ၁၀၁၀ဝ၀၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် ကျပ် ၉၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေး အမျိုးအစားများ ဖြစ်သည့် ပိုး(၃)ကောင်(မြန်မာ့သြဘာ) တစ်ထုပ် ၁၆၀ဝ၀ ကျပ်၊ မိုရယ်မုန်(သြဘာ) တစ်ဘူး ကျပ် ၁၆၅၀ဝ၊ အစီဖိတ် (သြဘာ) တစ်ဘူး ကျပ် ၁၄၀ဝ၀၊ ရွှေတောနစ်(မြင်းကြား) တစ်ဘူး ကျပ် ၉၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခုတစ်ပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားမျ
ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမှာ ယခင် ဇွန်လ ဒုတိယပတ် တွင် လက်လီ/လက်ကား တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ -၂၀ဝ၀ ရှိခဲ့ရာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကျပ် ၂၀ဝ၀-၂၂၀ဝ ရှိ၍ တစ်ပိဿာလျှင် ကျပ် ၂၀ဝ နှုန်းခန့် မြင့်တက်သွားခဲ့သည်။ဝင်ရောက်မှုအနေဖြင့် အောင်လံ၊ ဆိပ်ဖြူ၊ ရေနံချောင်းဘက်မှ ပိဿာ ၃၀ ဝင် အိတ် ၁၅၀ တစ်ပတ်လည်ခန့်ကို ရက်ခြားအဝင်ရှိနေ၍ အဝင်မှာ နည်းသွားသည်။ အရောင်းအဝယ်အနေဖြင့် ပုံမှန်သာ အရောင်း အဝယ်ရှိနေပြီး ဈေးနှုန်းမှာ ပွဲရုံဈေး တစ်ပိဿာ (ကြီး/လတ်/သေး)ကျပ် ၂၀ဝ၀၊ ၁၉၀ဝ-၁၈၀ဝ၊ ၁၇၀ဝနှင့် လက်လီဈေး အသေးများတွင် ကျပ် ၂၃၀ဝ-၂၂၀ဝ၊ ၂၁၀ဝ-၂၂၀ဝ၊ ၁၉၀ဝ နှုန်းတို့ ဖြင့် အသီးသီးရောင်းဝယ် လျက်ရှိနေကြသည်။
အစားအသောက်ဘေးကင်းလုံခြုံမှုအတွက် လုံလောက်သည့် ထောက်ခံချက်များရရှိခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ(EU)၏ ပျားရည်တင်ပို့ခွင့်ရှိသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို ထည့်သွင်းထားကြောင်း မွေးမြူရေးနှင့်ကုသ ရေး ဦးစီးဌာနပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ဒေသအသီးသီးက ထွက်ရှိလာသည့် ပျားရည်များကို အမျိုးသားဓာတုဓာတ်ကင်းစောင့်ကြည့်မှုအစီအစဉ်ဖြင့် ပျား ရည်အတွင်း ပိုးသတ်ဆေးနှင့်အခြားဓာတုဆေးဝါးများပါဝင်မှု ရှိ၊ မရှိကို ၂၀၁၇ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ နှစ်စဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတွက် အစားအသောက် ဘေး ကင်းလုံခြုံမှုနှင့်ပက်သတ်၍ ထောက်ခံချက်များ ရရှိခဲ့ခြင်း ဖြစ်သည်