Background
ပြီးခဲ့သည့်နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများ၊ ဈေးကစားလိုသူများ အာရုံ စိုက်ခြင်းခံခဲ့ရသည့် ရန်ကုန်အိမ် ခြံမြေဈေးကွက် ယခုနှစ် သြဂုတ်လအတွင်း အရောင်းအဝယ် အေးစက်နေကြောင်း သိရသည်။ ပြည်တွင်းအိမ်ခြံမြေဝယ်ယူမှုနှုန်းသည် ၂၀၂၂ ခုနှစ်မှစတင်ကာ ငွေပို ငွေလျှံရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှုကြောင့် ဆက်တိုက် မြင့်တက်လာခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွင်း အရောင်းအဝယ် တုံ့ဆိုင်း နေခြင်းဖြစ်သည်။ "ရန်ကုန် အိမ်ခြံမြေကတော့ လောလောဆယ် အရောင်းအဝယ်က အေးနေတယ်။ မြေကွက်ဈေးတွေက မြင့်တက်တော့ ဝယ်လိုအားက သိပ်မရှိ ဘူး။ အရောင်းအဝယ်ဖြစ်ရင်လည်း တိုက်ခန်းတွေလောက်ပဲ ဖြစ်တယ်။ရောင်းသူတွေကလည်း နဂိုတက်
၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်ယာသုံး စက်ကိရိယာ ဝယ်ယူလိုသည့် တောင်သူများအတွက် ှုဲဃဗ ွှတသ - ှအနစ ူသညေ ဖြင့် ငွေကျပ် ၃၀ ဘီလီယံကျော် ထုတ်ချေးပေးရန် လျာထားကြောင်း သိရ သည်။
]]ထုတ်ချေးတဲ့အခါ တောင်သူတွေကို ငွေပေးလိုက်မှာ မျိုးမဟုတ်ဘဲ သူတို့ဝယ်ယူလိုတဲ့ လယ်ယာသုံး စက်ကိရိယာ ရောင်းချတဲ့ ကုမ္ပဏီကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေပေးချေပေးမှာဖြစ်ပါတယ်}}ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Asia Pacific Business Group Publicကုမ္ပဏီလီမိတက်မှ ရန်ကုန်စတော့အိတ်ချိန်း၏ Pre Listing Board(PLB))တွင် မှတ်ပုံ တင်ဝင်ရောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီး တင်ပို့ရာတွင် လမ်း ကြောင်း အခက်အခဲနှင့် အချိန်ကြန့်ကြာမှုများ မဖြစ်ပေါ်စေ ဘဲ လျင်လျင်မြန်မြန် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များနှင့် တရုတ်နိုင်ငံမှ သက်ဆိုင်ရာအဖွဲ့တို့ ဆွေးနွေးနေကြောင်း ကုန်သည်များထံမှ သိရသည်။
သရက်သီးတင်ပို့ရာ လမ်းကြောင်းတစ်လျှောက် မည် သည့်အခက်အခဲမှမရှိဘဲ လျင်မြန်စွာ တင်ပို့ခွင့်ရရှိရေး အတွက် ဆွေးနွေးကြခြင်းဖြစ်ပြီး လက်ရှိတွင် သရက်ကား အစီးရေ သုံးစီးခန့် စမ်းသပ်တင်ပို့မှု လုပ်ဆောင်ထားကြောင်း သရက်ကုန်သည်တစ်ဦးက မေ ၁ ရက်တွင် ပြောသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်း ပြည်ပဈေးကွက် ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက် တွင်ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် ြှနျြ ဈေးရောင်းပွဲတော်ကို ဧပြီ ၃၀ ရက်မှ မေ ၂ ရက်ထိ ကျင်းပခဲ့ သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ ဒက္ခိဏသီရိမြို့မဈေး၌ နေပြည် တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် အလုပ်သမားနေ့ အထိမ်းအမှတ် နေပြည်တော်MSMEs ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကို မေ ၁ ရက်က ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့အနီး နော်ဂူး ကျေးရွာဒေသ၌ ဧက ၇၀ဝ ခန့် စိုက်ပျိုးထားရှိသည့် ဘိန်းအစားထိုးသီးနှံဖြစ်သော ဟင်းခတ်အမွှေးအကြိုင် H.S Code 090832 0000) အား ကံပိုင်တည်နယ်စပ်စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် အခက်အခဲများ ကြုံတွေ့နေသဖြင့် မြန်မာသံရုံး၊ ပေကျင်းမြို့အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပင်နှင့်တိရစ္ဆာန် ထိန်းချုပ်ရေးဌာန၊ ကူမင်းအကောက်ခွန်ဌာနနှင့် ပေါင်စန်း အစိုးရရုံးနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ကျပ် ၃၆ သိန်းကျော်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ အဆိုပါအသင်း၏ ဈေးကွက်အဖွင့်ဈေးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ခြောက်ရက်တာကာလအတွင်း ကျပ် ၃၇ သိန်း ကျော်တွင်ရှိနေခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ ကျပ် ၃၆ သိန်း ကျော်ကို ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလ အတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ပြောင်းတန်ချိန် ခုနစ်သိန်းဝန်းကျင်အထိ တင်ပို့နိုင်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
လက်ရှိတွင် မြန်မာ့ပြောင်း တင်ပို့ခွင့် အတွက် ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီခုနစ်ခုနှင့် MOU လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦး က ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSX) မှ သိရသည်။