Main menu

Background

Thursday, 26 May 2022

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ်တွင် သီဟိုဠ်စိုက်ဧက၃၀ဝ ကျော် စိုက်ပျိုးနိုင်ခဲ့သည်။ သီဟိုဠ်တစ်ဧကလျှင် အပင် ၆၀ အထိ  စိုက်ပျိုးနိုင်ပြီးအထွက်မှာ ပိဿာ ၃၀ခန့်ထွက်ရှိကြောင်းသိရသည်။  ယခင်နှစ်တွင်သီဟိုဠ်အထွက်နှုန်းမှာတစ်ဧကလျှင် ပိဿာ၆၀ခန့် ထွက်ရှိသဖြင့် ယခင်နှစ်ထက်ထက်ဝက်ခန့်အထွက်နှုန်း ကျဆင်း ကြောင်း သိရသည်။ထိုသို့ အထွက်နှုန်းကျဆင်းရခြင်းမှာ သီဟိုဠ်ပင်အပွင့်ပွင့်ချိန်၌ မိုးများစွာရွာသွန်းခြင်းကြောင့် ဖြစ်သည်။ယခုနှစ်တွင် သီဟိုဠ်စေ့အထွက်နှုန်း ကျ ဆင်းသော် လည်း ရန်ကုန်မှအဝယ်ရှိသဖြင့်ယခင်နှစ်ထက်ဈေးမြင့်လာသည်။သီဟိုဠ်စေ့ဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာလျှင် ကျပ်

Thursday, 26 May 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်တွင် ဒေသထွက်ဂေါ်ဖီထုပ်ကို ရာသီပေါ်သီးနှံအဖြစ် တောင်ပေါ်ဒေသများဖြစ်သော လွယ်မွေအုပ်စု၊မိုင်းခွန်အုပ်စုနှင့် မိုင်းဇင်း အုပ်စု တို့တွင်နွေ၊မိုး၊ ဆောင်းရာသီမရွေးတစ်ပိုင်တစ်နိုင်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်အခြေအနေများကိုမေလပထမပတ်တွင်စိုက်ပျိုးသည့်တောင်သူကြီးများထံ တွေ့ဆုံ မေးမြန်းခဲ့ သည်။ဂေါ်ဖီထုပ်မျိုးစေ့များကိုSuperHAYA (ဒေသခေါ်ယိုးဒယားကမ္ဘာလုံး) အမှတ်တံဆိပ်ဖြင့်၅၀ ွနှစ်ဘူးလျှင်ငါးသောင်းကျပ်ဖြင့် ဝယ်ယူ၍တစ်လကြာသည် အထိ ပျိုး ထောင်ရပြီး ပျိုးထောင်ချိန်တွင်ဂေါ်ဖီထုပ်စိုက်ပျိုးမည့် မြေနေရာကို မြေပြုပြင်ခြင်းဆောင်ရွက်ရသည်။ မြေပြုပြင်ရာတ

Friday, 20 May 2022

ဧရာဝတီတိုင်းဒေသကြီးအတွင်း  ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ဆံပင်ဈေးကွက်မှာ ယခင်ကမူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့သာ အဓိက တင်ပို့ရောင်းချမှုရှိသော်လည်း ယခုနှစ်ပိုင်းအတွင်း  ဈေးကွက်မှာ ပြောင်းလဲ သွား၍ ပြည်တွင်း၌နေထိုင်သော ပြည်ပနိုင်ငံသားများ နှင့် ပြည်ပနိုင်ငံများမှလည်း  အဝယ်ဒိုင်သို့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူလျက်ရှိကြောင်း၊ ဆံပင်ဈေးနှုန်းမှာ ယခင် (၄/၅)နှစ်ခန့်က တစ်ပိဿာကို ကျပ်တစ်သိန်းမှ ခြောက်သိန်း ဈေး ကွက်အတွင်း သာရှိပြီး ယခုပေါက်ဈေးမှာ ယခင်ထက်များစွာ မြင့်တက်လျက်ရှိကြောင်း၊ဝယ်ယူထားသော ဆံပင် ကုန်ကြမ်းကို ဆပ်ပြာနှင့် ရေသန့်စင်ဆေး နေပူလှန်း အတိုအရှည်ဆိုဒ်ခွဲ၍  ပြည်တွ

Friday, 20 May 2022

ရုရှား-ယူကရိန်းအကျပ်အတည်းကြောင့် ကားအစိတ်အပိုင်းများနှင့်ဆီမီးကွန်ဒတ်တာများပြတ်လပ်မှုဖြစ်ပေါ်ခဲ့ကာ ထိုင်းနိုင်ငံ၏မော်တော်ကားပြည်ပတင်ပို့မှုသည် မတ်လတွင်နှစ်အလိုက်၌ ၁၀ဒသမ၂ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အစီးရေ ၉၃၈၉၀ သာ ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FTI)၏အဆိုအရသိရှိရသည်။အဆိုပါမော်တော်ကားပစ္စည်းများ ပြတ်လပ်မှုကြောင့်သြစတြေးလျနိုင်ငံ၊ဥရောပနှင့်အာရှဈေးကွက်များသို့ မော်တော် ကား မော်ဒယ်များစွာတင်ပို့မှုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း FTI ၏ဒုတိယဥက္ကဋ္ဌနှင့်မော်တော်ကားကလပ်အသင်း၏ပြောရေးဆိုခွင့်ရှိသူ Surapong  ပြောကြားခဲ့ကြောင်းသိရှိရသည်။ရှန်ဟိုင်း

Friday, 20 May 2022

 မေ ၂ ရက်မှ ၈ ရက်အထိ  စားအုန်းဆီရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ၆၀၂၅ကျပ်အဖြစ်သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက     ထုတ်ပြန်ကြေညာသည်။လက်ရှိ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံများဖြစ်သည့် မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် စားအုန်းဆီဈေးနှုန်းများမြင့်တက်လာပြီးနောက် တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းများကို အခြေခံတွက်ချက်မှုအရ ယခု ကဲ့သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ကော်မတီအနေဖြင့် လက်ရှိထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဖြစ်ပေါ်နေသည

Friday, 20 May 2022

၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှအမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၁၉၂၆၀ ကျော် တင်ပို့ခဲ့ကြောင်းသိရှိရသည်။ ဆန်တင်ပို့မှု အနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၄၂၆၀ဝခန့်တင်ပို့ခဲ့သည်။ မြန်မာနိုင်ငံမှဆန်တင်ပို့မှုအများဆုံးနိုင်ငံများမှာ အိုင်ဗရီကို့စ်နိုင်ငံသို့ တန်ချိန် ၁၀ဝ၀ဝ ခန့်၊ ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၉၀ဝ၀ ခန့်၊ အင်ဂိုလာနိုင်ငံသို့  တန်ချိန် ၁၅၀ဝ၀ ခန့်၊ မက်ဒါဂါးစတားနိုင်ငံသို့ တန်ချိန် ၈၅၀ဝ ခန့်၊ အာရှနိုင်ငံများဖြစ်သော တရုတ်

Tuesday, 17 May 2022

ပဲခူးတိုင်းဒေသကြီးအတွင်း သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်လာပြီဖြစ်ပြီး ရောင်းလိုအားဝယ်လိုအား လိုက်နေ ကြောင်း ပဲခူးမြို့နယ်မှ သရက်သီးမှည့်‌ရောင်းဝယ်သူထံမှသိရသည်။ ယခုနှစ်သစ်သီးဝလံဈေးကွက်တွင် သရက်သီးမှည့်များ ဝင်ရောက်မှုပေါများပြီးဈေးနှုန်းမှာလည်းယခင်နှစ်နဲ့မတူဘဲဈေးသက်သာလာသည်ကို တွေ့ရသည်။ မိုးလည်းရွာသွန်း နေပြီမို့  သရက်သီးမှည့်များသည် ချိုလည်းချို အရောင်အသွေးမှာလည်း ကောင်းပြီး ဈေးနှုန်းသက်သာလာသောကြောင့် ဒေသတွင်းရော/နယ် တင်ပို့မှုပါ အရောင်းအဝယ်သွက်လျက်ရှိနေသည်။ပဲခူးတိုင်းဒေသမှ မြကျောက်၊ စိန်တစ်လုံးသရက်များမှာ ဥယျာဉ်၊ ခြံများမှထွက်ရှိ၍ မချစ်စုနှင့် မန္တလေးသရက်များမှာ အိမ်ခြံ

Monday, 16 May 2022

ပဲခူးတိုင်း‌ဒေသကြီး  သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင်ရုံးပတီစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိနေကြပြီဖြစ်သည်။ရုံးပတီစိုက်ပျိုးခြင်းသည်ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာသည်။ မျိုးစေ့ချ၍ စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ ရက်၃၀တွင် ခူးဆွတ်ရောင်းချနိုင်သည်။ စိုက်ခင်းကို ထွန်ယက်၍ မျိုးစေ့ချရန် ကျင်းတူးပြီး တစ်ကျင်းလျှင် အစေ့ သုံးစေ့ လေးစေ့ခန့်ထည့်၍ စိုက်ပျိုးကြသည်။ အပင်ကောင်း၍ ကြီးထွားပါက တစ်ပင်လျှင် ၁၀-၁၅ ခန့် ခူးဆွတ်ရရှိနိုင်သည်။ မြေကွက် တစ်ကျိုး စိုက်ပျိုးရာတွင် ၃၅၀ဝ ပင်အထိ စိုက်ပျိုးနိုင်ပြီး ရုံးပတီသီးတစ် ထောင့်လျှင် ဒေသပေါက်ဈေးအရ ၁၅ ကျပ်ခန့်ရှိပြီး ကုန်သည်ဝယ်ဈေးမ

Thursday, 28 Apr 2022

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှ စိုက်ပျိုးထွက်ရှိသည့် အရည်အသွေးမြင့်  အထူးတန်းဝင်  ကုန်းမြင့်ကော်ဖီ ပြည်ပတင်ပို့မှု တန် ၅၀ဝနီးပါး ပြန်လည်မြင့်တက်လာကြောင်း ယင်းမြို့နယ် ကော်ဖီ သုတေသနနှင့် နည်းပညာ ပြန့်ပွား ရေးဗဟိုဌာနမှ သိရသည်။ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ပြီးခဲ့သည့်၂၀၂၁ခုနှစ်က ပြည်ပသို့     ကော်ဖီတင်ပို့မှုနှုန်း ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်တင်ပို့နေရသည့်အခြေအနေကို   ပြန်လည်ရောက်ရှိလာပြီး ပြည်ပနိုင်ငံ ရှစ်နိုင်ငံ သို့ တန် ၅၀ဝနီးပါး တင်ပို့လျက်ရှိကြောင်း ယင်း ဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။“ကော်ဖီတင်ပို့မှုက ခါတိုင်းထက်တော့ ဒီနှစ် နည်းနည်းစော တယ်။ အရင်နှစ်တွေက ကော

Pages