Background
အရေးပေါ်ရိက္ခာဆန်ဝယ်ယူရေးဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၁၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ MAPCO ဆန်စက်တွင် နိုင်ငံတော်အရေးပေါ်ရိက္ခာဆန် ဝယ်ယူလက်ခံထားရှိမှု အခြေအနေများအားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက အရေးပေါ်ရိက္ခာဆန်အား စနစ်တကျ အရည်အသွေးစစ်ဆေးလက်ခံထားမှု အခြေအနေ များနှင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီ
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာငွေလဲနှုန်းများ ကျဆင်းနေခြင်းကြောင့် လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းများလည်း ကျဆင်းနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ၁၂၁၈၀ဝ၀ ကျပ် ရှိခဲ့ရာမှ လက်ရှိတွင် တစ်ကျပ်သား ၁၂၁၁၀ဝ၀ ကျပ်ရှိနေပြီး ၇၀ဝ၀ ကျပ် ကျဆင်းသွားခြင်းဖြစ်ကာ လက်ရှိကမ္ဘာ့ရွှေဈေးကွက်တွင်တော့ တစ်အောင်စ ကို ၁၇၃၄ ဒေါ်လာပေါက်ဈေးရှိနေကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇွန် ၁၁ ရက်တွင် ပြောသည်။
ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၅၃၀ဝ၀ဝ၊ ၅၅၀ဝ၀ဝ မှ ယခုစပါးဈေး ကျပ် ၅၄၀ဝ၀ဝ၊ ၅၆၀ဝ၀ဝ ဈေးဖြစ်သွား၍ စပါးတင်း ၁၀ဝ လျှင်ကျပ် ၁၀ဝ၀ဝ ဝန်းကျင် ဈေးမြင့်တက်သွားသည်။ မအူပင်ခရိုင် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀ဝလျှင် ကျပ် ၅၄၈၀ဝ၀ ဝန်းကျင်ဈေးမှ ယခုဈေး ကျပ် ၅၇၀ဝ၀ဝ ဖြစ်သွားသည့်အတွက် စပါးတင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ ခန့်ဈေးနှုန်း မြင့်တက်သွားကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်ပြည်ပပို့တင
တနင်္သာရီတိုင်းဒေသကြီးမှ ဒေသခံစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်ဆောင်ရွက်ချက်ကို တိုးမြှင့်ရန်အတွက် မဟာဗျူဟာကျအခွင့်အရေးများကို အတည်ပြုအကောင်အထည် ဖော်ရန်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ ဆွေးနွေးညှိနှိုင်းပွဲများကို မတ် ၁၀ ရက်တွင် မြိတ်မြို့ မြင့်မိုရ်ဟိုတယ်တွင်လည်းကောင်း၊ မတ် ၁၁ ရက်တွင် ထားဝယ် မြို့ Diamond Crown Hotelတွင်လည်းကောင်း ကျင်းပခဲ့သည်။ ဆွေးနွေးညှိနှိုင်းပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ဒေသခံမြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ၂ ဒဿမ ၃၉၀ ဒေါ်လာသန်းတန်ဖိုးရှိ ဆန်တန်ချိန်၈၀ဝ၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၇၃၀ဝ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ် ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၅၀ဝ ခန့် တင်ပို့နိုင်ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့ မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ Royal Hinthar Hotel ၌ အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် အတွက် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (National Export Strategy-NES 2020-2025Regional Consultation) ကို မတ် ၆ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်း ဝန် ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်း နှင့် တာဝန်ရှိသူများ၊ ဒေသခံ အစိုးရဌာန အဖွဲ့ အစည်းများမှ အရာရှိကြီးများ၊ မွန်ပြည်နယ် ကုန် သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မှ
Re-export စနစ်ဖြင့် သကြားများတင်သွင်း/တင်ပို့မှု နှင့်ပတ်သက်၍ ၃၀-၁၂-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ (၂၉/၂၀၁၉)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက် စာပိုဒ်၁၂၄ (ခ)၊ (၅)နှင့် (၆) ဆုံးဖြတ်ချက်အရ Re-export စနစ်ဖြင့် သကြားများ တင်သွင်း/တင်ပို့မှုအား စာရင်းရှင်းလင်းပြီးဖြစ်ပါသဖြင့် ပြည်တွင်း၌ သကြား လက်ကျန်မရှိ တော့ကြောင်း ကြေညာအပ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် သကြား Re-export စနစ် ဖြင့် ဆောင်ရွက်ခွင့်အား ပြန်လည်ခွင့်ပြုခဲ့သည့် ၁-၆-၂၀၁၈ ရက်မှ ၁၆-၈-၂၀၁၈ ရက်အတွင်း ကုမ္ပဏီ ၄၀၁ ခုသို့ သွင်းကုန်လိုင်စင် ၅၆၈ စောင်
အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ABC Convience Store ဆိုင်များကို ပြည်တွင်း၌ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းအတွက် လုပ်ငန်းများအဆင်ပြေစေရန်၊ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
တရုတ်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်လွှားဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်း ရပ်စ် (COVID-19) ကြောင့် ကမ္ဘာ့စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပေါ်တွင် ရိုက်ခတ် မှုများဖြစ်ပေါ်နေသကဲ့သို့ မြန်မာနိုင်ငံ၏ လက်ခစား (CMP) လုပ်ငန်းများပေါ်တွင် ကုန်ကြမ်းရရှိမှုအပါအဝင် အခြားရိုက်ခတ်မှု များဖြစ်ပေါ်နေမှုအပေါ် ဖြေရှင်းကျော်လွှား နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိကဏ္ဍလုပ်ငန်းရှင်များ တွေ့ဆုံ၍ ညှိနှိုင်းအဖြေရှာဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံ Ease of Doing Business Ranking တိုးတက်ရေး ဆောင်ရွက်ရာတွင် Indicator ၁၀ ခုအနက် Trading Across Borders Indicator အတွက် ယခုနှစ် ကမ္ဘာ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဝူဟန် ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ပင်ထားခဲ့ရာမှ ယခုအချိန်တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ရောင်းချမှုများ စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများကို ရေကြောင်းကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လေကြောင်းကုန်သွယ်ရေး စသည့် နည်းလမ်းသုံးမျိုးဖြင့် တင်ပို့ရောင်းချရာတွင် ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းမက်ထရစ် တန် စုစုပေါင်း ၁၃၇၂၅၉ ဒသမ ၅၇၂ တန်တင်ပို့နိုင်ခဲ့ပြီ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၅ သန်း ရရှိ