Background
မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်(SEZ) များသည် စက်မှုကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများ အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး အင်သစ်အားသစ်များဖြင့်ဖြည့် ဆည်းထားသည့် တိုင်းပြည် စီးပွားရေး မဟာဗျူဟာ တွင်လည်းအလွန်အရေးကြီးပါသည်။ တိုးတက် မှုမရှိဘဲ ရပ်တန့်နေသော အထူးစီးပွားရေးဇုန်(SEZ)များကို ပြန်လည်အသက်ဝင်လာစေခြင်းနှင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခြင်းသည် မြန်မာ အစိုးရ ၏ ဦးစားပေး အရေးကြီးအစီအစဉ်များဖြစ် လာပါသည်။ အထူးစီးပွားရေးဇုန်များ(SEZs)သည် နည်းပညာလွှဲပြောင်းရယူခြင်း၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေး ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုမျာ
လွတ်လပ်သော ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ The Wall Street ဂျာနယ် တွင် အမေရိကန်နိုင်ငံ၊ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Wilbur Rose က Free Trade is A Two-Way Street အမည်ဖြင့် ဆောင်းပါး ရေးသားေ ဖာ်ပြထားပါသည်။ အဆိုပါဆောင်းပါးတွင် အမေရိကန်နှင့် ၎င်း၏ အဓိကကုန်သွယ်ဖက် နိုင်ငံများအကြား မျှတသောကုန်သွယ်မှု ဖြစ်ရန်အတွက် အမေရိကန်နိုင်ငံအနေ ဖြင့် ပြန်လည်ဆန်းစစ်သွားမည်ဖြစ် ကြောင်း ဖော်ပြပါရှိပါ သည်။ အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားချက်များ အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ စီမံအုပ်ချုပ်မှုပုံစံတွင် အမေရိကန် နိုင်ငံဘက်မှ လွတ်လပ်သော ကုန်သွယ်မှုဒေသ ကတိကဝတ်များအရ အခြား နိုင်ငံများသို့ အေ ကာက်ခွန် သက်သာ ခွင့်ပေး
Myanmar International Tourism Expo(MITE) ပြပွဲကို မြန်မာ နိုင်ငံ၌ ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါပြပွဲကို စီစဉ်သည့် ICVex ကုမ္ပဏီထံမှ သတင်း ရရှိသည်။ နိုင်ငံတကာ ခရီး သွား လုပ်ငန်း များအတွက် မြန်မာနိုင်ငံတွင်းရှိ ခရီး သွားကုမ္ပဏီများနှင့် ချိတ်ဆက်နိုင်ရုံ သာမက ပြည်တွင်းခရီးသွားကုမ္ပဏီများ အတွက် ခရီးစဉ်သစ်များအပြင် အထူး ပရိုမိုးရှင်း ဈေးနှုန်းများရရှိနိုင်စေရန် ရည်ရွယ်၍ အဆိုပါပြပွဲကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ဆောင်ရွက်ခြင်း
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်အနည်းငယ် ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုတစ်ပတ်တွင် သီတင်းကျွတ် ကာလပိတ်ရက် များကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက် အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်မှစတင်ကာ ကျဆင်းလာခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ဆက်လက်ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းရွှေဈေးများသည် အမြင့်ဆုံးေ ဈးအဖြစ် ကျပ်ကိုးသိန်းခွဲအထိ မြင့်တက်ခဲ့ပြီးနောက် နှစ်ပတ်ဆက်တိုက် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာခဲ့ သဖြင့် ပြည်တွင်းရွှေဈေးများပါ ကျဆင်းလာ ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ပတ်တွင် လည်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာခဲ့သဖြင့် ပြည်တွင်းရွှေဈေးများလည်း ဆက် လက်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
ငါးကြိမ်မြောက် Myanmar Water 2017 ကို အောက် တိုဘာ ၂၆ရက်မှ ၂၈ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲနှင့်အတူ တတိယအကြိမ် ပြန် လည်အသုံးပြု နိုင်သော စွမ်းအင်နှင့် စွမ်းအင်အား ထိရောက်စွာအသုံးချခြင်း ပြပွဲ (RE EE 2017) ကို ပူးတွဲကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ "Myanmar Water 2017 ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရေစီ မံခန့်ခွဲမှုကို သိစေချင်တာပါ။ ရေအရင်းအမြစ်ကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ သန့်စင်ထားတဲ့ ရေကိုဘယ်လိုအသုံးချမလဲ၊ သုံးစွဲပြီးတဲ့ ရေတွေကို မူလရေအရင်းအမြစ်တွေဖြစ်တဲ့ မြစ် ချောင်းအင်းအိုင်တွေထဲကို သန့်စင်တဲ့နည်း လမ်းနဲ့ ဘယ်လို ပ
ပြည်ပဲဈေးကွက်အတွင်း မိုးပဲတီစိမ်းသီးနှံ နေ့စဉ်အဝင်ရှိခဲ့သော်လည်း အိတ် ၁၀၀ မှ ၁၅၀ ကျော်သာ ဝင်ရောက်ခဲ့လို့ စက်တင်ဘာလကုန်ပတ်ထက် ပဲအဝင် ပါးသွားတာကို တွေ့ရပါတယ်။ မန္တလေးဝယ်လက်က နေ့စဉ် ဝယ်လို အားရှိတာ ကြောင့် ဝင်ရောက်လာသမျှ ပဲအိတ်အရေအတွက် ပမာဏအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ ပဲအရည်အသွေးပေါ်လိုက်ပြီး ဈေးပေးခဲ့လို့ တစ်တင်း ကျပ် ၂၇၅၀၀ ဖြင့် လကုန်ရက်ထက် ကျပ် ၅၀၀ ခန့် လျော့နည်းသွားခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံမှာ စပေါ် ချိန်မှစ၍ ယခုအချိန်ထိ ဈေးအတက်အကျ သိပ်မဖြစ်ဘဲ ယခုနှစ်အတွင်း ဈေးငြိမ်ငြိမ်နဲ့ ရောင်းဝယ်နေခဲ့ကြတာကို တွေ့ရပါတယ်။
ခင်ဆွေဝင်း
ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံ ဈေးကွက်အတွင်း ပြည်တွင်းပြည်ပ အဝယ်ရှိသော ပဲများအားလုံးအနက် ပြည်တွင်းအဝယ်ရှိသော ပဲများ ပို အရောင်းအဝယ်ဖြစ်လျက်ရှိနေတာကို တွေ့ရပါတယ်။ သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံရဲ့ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒများ ပြောင်းလဲခဲ့တာကြောင့် ပြည်ပဝယ်လက်များသော မတ်ပဲနှင့် ပဲစင်းငုံ သီးနှံမှာ အရောင်းအဝယ်အေးခဲ့ပြီး ပဲတီစိမ်းသီးနှံသာ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သလို ပဲဈေးနှုန်းများလည်း ေ လျာ့နည်းကျဆင်းခဲ့ပါတယ်။ ကျန်ပဲ များဖြစ်တဲ့ ပဲကြီး၊ ကုလားပဲ စသည့် သီးနှံများကတော့ ပြည်တွင်းဝယ် လက် အဝယ်ရှိတာကြောင့် ဈေးကောင်းရ လျက်ရှိသလို နှစ်အလိုက် ဈေးနှုန်း နှိုင်းယှဉ်မှုအရ အဆိုပါ ပဲနှစ်မျိ
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောဈေးတက်ပြီး ဆန်ကြမ်းဈေးကျကြောင်း သိရပါတယ်။ ဆန်ချော ဖျာပုံပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၃၆၅၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၅၀၀၀၊ ပုသိမ်မြောင်းမြပေါ် ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ် ၃၉၀၀၀ နဲ့လတ်စတစ်အိတ် ကျပ် ၃၆၅၀၀၊ ရွှေဘိုပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ကျပ် ၅၀၀၀၀နဲ့ လတ်စတစ်အိတ်ကျပ်၄၈၀၀၀ ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ အထိဈေးတ က်ကြောင်း သိရပါတယ်။ ဆန်ချောမှာပစ္စည်းနည်းပြီး အဝင်ပါးတဲ့အတွက် ဈေးတက်တာဖြစ်ကြောင်း ဝါးတန်းကုန်စည်ဒိုင်မှ သိရပါတယ်။