Main menu

Background

Wednesday, 12 Jul 2017

       ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းတစ်ပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၈၇၄  သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန် ၁၄၉၀ ကို တင်ပို့ခဲ့ရာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေး ဇုန်RSS3  ၂၀၇ တန် RSS 5  ၃၅၆ တန်ကျော်၊MSR 20 ၁၅၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဃမနစန ျွကဘဘနမ ၁၀တန်၊ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမRSS3  ၆၁၉ တန်၊RSS 1  ၁၉ တန်ကျော်၊MSR 20   တန် ၇၀ နဲ့ Crepe Rubber  ၁၅ တန် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ ရော်ဘာစေး ၃၆ တန် တင်ပို့ခဲ့ပါတယ်။

Tuesday, 11 Jul 2017

(ယခင်တစ်ပတ်မှအဆက်)
ဈေးနှုန်းစိစစ်ရေးလုပ်ငန်းစဉ်
ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့သည် အောက်ပါလုပ်ငန်း စဉ်များကို ဆောင်ရွက်ရမည်-
(က) လိုင်စင်ခွင့်ပြုသောဌာနခွဲများမှ ဈေးနှုန်းပြန်လည် စိစစ်ရန် ပေးပို့လာသော ကုမ္ပဏီများအပေါ်  စစ်ဆေးရမည့် ကုန် ပစ္စည်းကို  စိစစ်ရွေးချယ်ပြီးကုမ္ပဏီအလိုက် လိုင်စင်အလိုက် စာရင်းကောက်ယူခြင်း။
( ခ ) ခိုင်လုံသော အထောက်အထား စာရွက်စာတမ်းများ  စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊မြေပြင်တွေ့ရှိချက်နှင့်စစ်ဆေးခြင်း၊ ငွေပေးချေမှုဆိုင်ရာ အဝင်/အထွက်စာရင်းများကို စစ်ဆေးခြင်း၊ စစ်ဆေးမှုများအပေါ် ပြန်လည်သုံးသပ်၍ အစီရင်ခံစာရေးသား တင်ပြခြင်း။

Tuesday, 11 Jul 2017

       ရန်ကုန်  စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသညFMI ကုမ္ပဏီ သည် ၎င်းထံမှဝယ်ယူထားသော အစု ရှယ်ယာများအတွက် အမြတ်ဝေစုများ ကို သြဂုတ် ၉ရက်တွင် စတင်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။အဆိုပါအမြတ်ဝေစုကို  ရန်ကုန် စတော့အိတ်ချိန်းတွင်ရှိသည့်အစုရှယ် ယာရှင်စာရင်းအတိုင်း အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀ ခွဲဝေပေးသွား မည်ဖြ စ်ကြောင်းFMI  ၏ကြေညာချက်  တွင် ဖော်ပြထားသည်။ထို့ပြင် ယခုတစ်ကြိမ်ပေးအပ်မည့် အမြတ်ဝေစုတွင်  မူရင်းအစုရှယ်ယာ ၁၀ စုပိုင်ဆိုင်သူတစ်ဦးသည် အပိုဆု အစုရှယ်ယာ (Fully-paid Bonus Shares)  တစ်စု  ထုတ်ဝေပေးမည်ဖြစ် ကြောင်းFMI ၏  ကြေညာချက်တွင် ထည့်သွ

Thursday, 6 Jul 2017

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်နှင့်  ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပို့ကုန်သွင်းကုန် လိုင်စင်များအား ဈေးနှုန်း စိစစ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများမှ ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး မှန်ကန်ကြောင်း ဝန်ခံကတိဖြင့်  စီးပွားရေးကျင့်ဝတ်နှင့်အညီ တင်ပြလာသည့်  Invoice နှင့်Sale Contract ပါဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန် သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးပြီးဖြစ်သည်။

Tuesday, 4 Jul 2017

             ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၄၉၆ သန်း တန်ဖိုးရှိ  ကြက်သွန်နီ ၁၁၄၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၄၆ တန်နဲ့  နှိုင်းယှဉ်ပါက  ယခုတစ်ပတ်မှာ ၆၉၉ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၇၀၉၂ တန်ဖိုးရှိ  ကြက်သွန်နီ တန်၄၀ကိုလည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၈၃၆၇ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန်ကို လည်းကောင်း ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က မြဝတီမှ တင်ပို့ခဲ့တဲ့ ၂၄ တန်၊

Tuesday, 4 Jul 2017

                   ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ဇွန်လ ကုန်ပတ်အတွင်း ပြည်တွင်း၊ ပြည်ပအရောင်းအဝယ်ဖြစ်လျက် ရှိတဲ့ ပဲများအားလုံး ဈေးမြင့်တက်လာခြင်းမျိုးမရှိဘဲ   ပဲတော် တော်များများ ဈေးငြိမ်နေခဲ့တာကို တွေ့ရပါ တယ်။  မတ်ပဲ၊ ပဲစင်းငုံသီးနှံများမှာ ရန်ကုန်ဝယ်လက် အဝယ်ရှိပေမယ့်အရောင်း နည်းတာကြောင့် ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ  ပဲဈေးနှုန်းအေးနေတဲ့အတွက် လက်ဝယ်ရှိသူတောင်သူများ ကလည်း ရောင်းချမှုမရှိတာကြောင့် ပဲဝင် ရောက်မှု သိပ်မရှိဘဲ လက်ကျန်ပဲများသာ   ဝယ်လိုအားရှိသ လောက် ရောင်းချနေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ အိတ် ၂၀၀ ကျော် ၃၀၀ရောင်း ချခဲ့ရပ

Tuesday, 4 Jul 2017

ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း ကုန် သွယ်ရေးစခန်းများမှ   အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၂ သန်းတန်ဖိုးရှိ   ဆန်နဲ့ ကောက်ညှင်းဆန် ၁၂၆၅၄ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၁၃၃ တန်ကျော်၊ ဧည့်မထဆန် ၅၄၆၇ တန်နဲ့ ကောက်ညှင်း ဆန် ၁၀၅ တန်ခန့် ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၅၄၉ တန်ခန့်နဲ့ ဧည့်မထဆန် ၁၀၅ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၀၃၅ တန်၊ မောင်တော ကုန်သွယ်ရေးစခန်းမှ  ဧည့်မထဆန် တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်နဲ့ ကောက်ညှင်း ဆန် ၂၂၄၇၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၉၈၂၂တန် လျော့နည်းခဲ့ပါတယ်။

Tuesday, 27 Jun 2017

        ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  ၃၆၇၃၈၀ တန်ဖိုးရှိ နို့ဆီ ၂၈၉ ဒသမ ၀၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံမှတီးေ ပါ့ နို့ဆီ ၇၀ ဒသမ ၂၀ တန်နဲ့ စင်ကာပူနိုင်ငံ မှ ဒွန်းနို့ဆီ ၂၁၈ ဒသမ ၈၈ တန်ကို တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့နို့ဆီတန်ချိန် ၆၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၃၈၀ ကျော်  တင်သွင်းမှု လျော့ နည်းခဲ့တယ်လို့သိရပါတယ်။

Tuesday, 27 Jun 2017

      ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း   အမေရိကန်ဒေါ်လာ ၄၃၈၆၂၅ တန်ဖိုးရှိ ဘိလပ်မြေ ၈၂၃၂ ဒသမ ၅၀တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၂၃၂ ဒသမ ၅၀ တန်နဲ့ မလေးရှားမှ တန်ချိန် ၈၀၀၀ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့ တဲ့ ဘိလပ်မြေတန်ချိန် ၁၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၈၀၅၀ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ကာလတူြ ဖစ်တဲ့ ၂၀၁၆ ဇွန်လ ၁၁ ရက်မှ ၁၇ ရက် အထိ သီတင်းပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုမှာတန်ချိန် ၃၁၂၀၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ယခုနှစ်မှာဘိလပ်မြေ တန်ချိန် ၂၂၉၀၀ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ် လို့သိရပါတယ်။    

Tuesday, 27 Jun 2017

            ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၀၀၀၀ တွင်သာ ဆက်ရှိ နေကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သော်လည်း ယခုတစ် ပတ်တွင်း ဈေးအနည်းငယ် ကျဆင်းသွားခဲ့သော်လည်း ဈေးကွက်ပိတ်ရက်များတွင် ကျပ် ၉၁၁၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ "ကမ္ဘာ့ရွှေဈေးက တက်လာတယ်။ ရွှေဈေးတက်လာတဲ့အချိန်မှာ ဒေါ်လာ နဲ့ ကျပ်ငွေလဲလှယ်နှုန်းကလည်း မြင့်တက်လာတော့ ပြည်တွင်းေ ရွှဈေးက လိုက်ပြီး မြင့်တက်လာတာပါ။ ရွှေဈေး မြင့်တက်လာတဲ့အတွက် ဈေးကွက်ထဲမှာ အရောင်း အဝယ် နည်းနည်းအေးပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူ တစ်ဦးက ပြောကြားခဲ့သည်။

Pages