Main menu

Background

Tuesday, 17 Jan 2017

ဇန်နဝါရီလဆန်းပတ်မှာ  မုံရွာပွဲရုံစားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ အဝင်နည်းသွား၍ ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ပွဲရုံသို့ကြက်သွန်နီဝင်ရောက်မှုမှာ တစ်ရက် လျှင်ပိသာ ၅၀၀၀ ခန့်သာ  အဝင်ရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း ရန်ကုန်-မန္တလေးဝယ်လက် အဆွဲများအတွက် လုံလောက်မှုမရှိ၍ လက်လီသာ ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ ယခုတစ်ပတ် ကြက်သွန်နီေ ဈးနှုန်းမှာ ပွဲရုံ ဈေး(ကြီး)တစ်ပိသာကျပ်၁၀၀၀၊ (လတ်) ကျပ် ၉၀၀၊ (သေး) ကျပ် ၈၀၀၊ လက်လီ ဈေးနှုန်းမှာတစ်ပိသာ(ကြီး)ကျပ် ၁၂၀၀၊ (လတ်) ကျပ် ၁၁၀၀၊ (သေး) ကျပ်၁၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်နှ င့်နှိုင်းယှဉ်ပါက ဈေးမြင့် တက်ကြောင

Tuesday, 17 Jan 2017

ပြည်ပဲဈေးကွက်အတွင်း ပဲသစ်မျိုးစုံ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလလယ်မှစ၍ ဈေးကွက်သို့ ပဲပုပ်သီးနှံများ စတင်ဝင်ရောက်ခဲ့ပါတယ်။ ယခု ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း မြို့နယ်များမှ  ပဲအဝင်များလာတဲ့အတွက် တစ်ရက်လျှင် အိတ် ၇၀/၈၀ မှ ၁၀၀ ကျော်အထိ  ဝင်ရောက်လာတာကြောင့် ပဲဈေးနှုန်းမှာ တစ်တင်း ကျပ်၁၉၅၀၀ဖြင့် ဈေးနှုန်းအနည်းငယ် လျော့နည်းသွားခဲ့ပါတယ်။ ပဲသစ်အဖွင့်ဈေး စဖွင့်ချိန်က တစ်တင်းကျပ်၂၃၀၀၀ဖြင့် ပဲဟောင်းဈေးထက် အနည်းငယ်ပိုခဲ့ပေမယ့် ပဲဝင်ရောက်မှုများလာချိန်မှာတော့ ဈေးလျော့ လာတဲ့အတွက် ပဲအထွက်လှိုင်လာချိန် ဝင်ရောက်မှု သိသိသာသာ ပိုလာချိန်မှာလည်း ဈေးအတက်အကျ အခြေအနေ ကို စောင့်ကြ

Tuesday, 17 Jan 2017

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်းသို့ ဇန်နဝါရီလဆန်းပိုင်းအတွင်း ပဲသစ်အမယ်စုံ ဝင်ရောက်လျက် ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ဘိုကိတ်ပဲ သီးနှံများနေ့စဉ်ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲ၊ ပဲနီပြားသီးနှံများအနေဖြင့်  ပဲသစ်ဝင်ရောက်မှု မရှိသေးဘဲ ပဲဟောင်းလက်ကျန်များနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။မတ်ပဲသီးနှံမှာ ဒီဇင်ဘာလကုန်ပတ်မှစ၍ ပဲသစ်အချို့ ဝင်ရောက်ခဲ့ကာ ယခုဇန်နဝါရီ ဒုတိယပတ်အတွင်းမှာ အိတ် ၁၀၀/၁၅၀ ကျော်ထိ ပန်းတောင်း၊ ကံမမြို့နယ်မှ ဝင်ရောက် သလို ရန်ကုန်ဝယ်လက်မှလည်း နေ့စဉ်အဝယ်ရှိခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ လဆန်းရက်က ပဲဈေးပြန်လှုပ်လာလို့ တ

Tuesday, 17 Jan 2017

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးကုန်သွယ်ရေးစခန်း နှစ်ခုမှ ဇန်နဝါရီ ပထမသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၉၁၄ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၁၂၁ တန်ကျော်ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၄၄၈၃ တန်ဖိုးရှိ တစ်သျှူးငှက်ပျော တန် ၂၀၀ ကိုလည်းကောင်း အသီးသီး တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က အဆိုပါစခန်းသုံးခုမှ တစ်သျှူးငှက်ပျော ၁၇၄၄ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၇၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ ရပါတယ်။

Thursday, 12 Jan 2017

ပြည်သား၊ ငါးဒိုင်များတွင် ဇန်န ဝါရီလဆန်းပိုင်းမှစ၍ ဈေးကွက် အတွင်းသို့ ရေချိုငါးသလောက်များ ပေါများစွာ ဝင်ရောက်လာတာ တွေ့ရ ပါတယ်။ ဝင်လာတဲ့ ငါးသလောက်များ ကတော့ လတ်ဆတ်မှုရော၊ ဈေးနှုန်းပါ သင့်တင့်တာကြောင့် အရောင်းသွက် လျက် ရှိပါတယ်။ အရွယ်အစားမှာ လည်း ပေါင်းစားစား၊ ရေချိုချက်စား စား၊ ၂၅ ကျပ်သား၊ ၃၀ ကျပ်သား အရွယ်ရှိတဲ့အတွက် လူတန်းစားမျိုးစုံ စားသုံးနိုင်တာကြောင့် အရောင်းရ သွက်ကြောင်း သိရပါတယ်။ ရန်ကုန် မြို့မှ နေ့စဉ် ငါးသလောက် ပိဿာချိန် ၅၀၀ မှ ၇၀၀ ထိဝင်ရောက်လျက်ရှိပါ တယ်။ ငါးကြင်း၊ ငါးမြစ်ချင်းများလည်း ပုံမှန် ဝင်ရောက်နေပါတယ်။ ဈေးတွင် ငါးသလောက်ဈေးမှာ (ပွဲရုံဈေး) တစ်ပိဿာ ကျပ် ၃၈၀၀ နှင့် ကျပ် ၄၀၀၀ ဖြစ

Friday, 6 Jan 2017

ဟိုပုံးမြို့နယ်အတွင်းရှိ ကျောက် တန်းရွာသည် ထောပတ်သီးပင်များကို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြ သော်လည်း ထောပတ်သီးများ အများ အပြားထွက်ရှိသည့် ရွာအဖြစ်နာမည် ကျော်ကြားသည့် ရွာတစ်ရွာဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရှမ်း ပြည်နယ်အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောက်တန်းကျေးရွာသို့ ထောပတ်ပျိုးပင် လေးသောင်းကို တောင်သူများထံ ပေးအပ်ခဲ့သည်။ ထော ပတ်ပင်များအား ခြံစည်းရိုးတွင် ရိုးရာ ဓလေ့ထုံးစံအရ စိုက်ပျိုးခဲ့ရာမှ ခြံကျယ် များတွင်စိုက်ပျိုးသည့် အလေ့အထသို့ ကူးပြောင်းခဲ့ရာ ကျောက်တန်းရွာသည် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။

Friday, 6 Jan 2017

ကသာခရိုင်အတွင်းရှိ မြို့နယ်များ မှာ ကျွဲကောသီးကို ဥယျာဉ်ခြံကြီးများနဲ့ အများအပြားစိုက်ပျိုးမှုမရှိဘဲ အိမ်ဝင်း ခြံဝင်းများမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြတာ တွေ့ရပါတယ်။ ကသာခရိုင်ရဲ့ ရေမြေသဘာဝအရ ကျွဲကောသီးစိုက် ပျိုးဖြစ်ထွန်းပြီး အလုံးလှ အရသာ ကောင်းမွန်ပါတယ်။ နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလမှာ ကုန်သည်များ လာရောက် ဝယ်ယူကြပြီး မန္တလေး၊ ရွှေဘို၊ မုံရွာ ဈေးကွက်သို့ တင်ပို့နေကြောင်း ဈေး ကွက်မှ သိရပါတယ်။ကျွဲကောပင် မှာ နှစ်ရှည်သီးနှံဖြစ် ပြီး ပြည်ပပို့ကုန်ဖြစ်တဲ့အတွက် ရေ ရှည်အကျိုးဖြစ်ထွန်းတဲ့ သီးနှံဖြစ်ပါ တယ်။ ကျွဲကောပင်  သက်တမ်းမှာ ၁၅ နှစ် ဖြစ်ပါတယ်။ စိုက်ပျိုးချိန်မှ ၁၀ နှစ်ဆို  အသီးစသီးပြီး ငါးနှစ်

Tuesday, 3 Jan 2017

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း  မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာ ၁၁ဒသမ ၇၀၁သန်းဖိုးရှိ ဆန်တန်ချိန် ၃၄၁၂၆ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာယခင် တစ်ပတ်တင် ပို့မှု ထက် ၈၈၂၆ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှငစိန် ဆန်တန် ၂၀၅၀ ဧည့်မထဆန် ၂၀၁၄၁တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ  ဧည့်မထဆန်၁၇၈၇ တန်ကျော်နဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှငစိန်ဆန် ၁၀၁၄၇တန်ကျော်တင်ပို့ခဲ့ပြီးယခု တစ်ပတ်မှာ ကုန်သွယ်ရေးစခန်းသုံးခုစလုံးမှ  ဆန်ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။ယခုတစ်ပတ်မှာ မူဆယ်(၁၀၅)မိုင် နဲ့ လွယ်ဂျယ်မှ  ဆန် ပိုမိုတ

Friday, 30 Dec 2016

      ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ၈၉၆၄၀ တန်ဖိုးရှိ ဘိလပ်မြေ၆၁၂ ဒသမ ၇၁၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ သုည ဒသမ၃၁၁တန်၊ အိန္ဒိယ နိုင်ငံမှ တန်ချိန်၂၈၀၊ အီရန်နိုင်ငံမှ ၁၆၀ဒသမ ၂၀ တန်၊ စင်ကာပူနိုင်ငံမှ ၂၀ ဒသမ ၂၀၄ တန်၊ ထိုင်းနိုင်ငံမှ ၁၂၅ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၂၇တန်အသီးသီး တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ် ဘိလပ်မြေအဝင် တန်ချိန်၂၀၀၀၀ကျော် နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန်  ၁၉၀၀၀  ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။

 

သီတာဝင်း (DOT)

Friday, 30 Dec 2016

       ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ကျပ်နှစ်သောင်းကျော် ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများ ကျဆင်းလာရခြ င်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည်လည်း ဆက်လက်ကျဆင်းလာ သဖြင့် ပြည်တွင်းရွှေဈေးများလည်း ကျဆင်းလာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက ဆိုသည်။

Pages