Background
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်းသို့ ဇန်နဝါရီလဆန်းပိုင်းအတွင်း ပဲသစ်အမယ်စုံ ဝင်ရောက်လျက် ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ပဲစင်းငုံ၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ဘိုကိတ်ပဲ သီးနှံများနေ့စဉ်ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲ၊ ပဲနီပြားသီးနှံများအနေဖြင့် ပဲသစ်ဝင်ရောက်မှု မရှိသေးဘဲ ပဲဟောင်းလက်ကျန်များနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။မတ်ပဲသီးနှံမှာ ဒီဇင်ဘာလကုန်ပတ်မှစ၍ ပဲသစ်အချို့ ဝင်ရောက်ခဲ့ကာ ယခုဇန်နဝါရီ ဒုတိယပတ်အတွင်းမှာ အိတ် ၁၀၀/၁၅၀ ကျော်ထိ ပန်းတောင်း၊ ကံမမြို့နယ်မှ ဝင်ရောက် သလို ရန်ကုန်ဝယ်လက်မှလည်း နေ့စဉ်အဝယ်ရှိခဲ့ကြပါတယ်။ ပဲဈေးနှုန်းမှာ လဆန်းရက်က ပဲဈေးပြန်လှုပ်လာလို့ တ
မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးကုန်သွယ်ရေးစခန်း နှစ်ခုမှ ဇန်နဝါရီ ပထမသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၉၁၄ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၁၂၁ တန်ကျော်ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၄၄၈၃ တန်ဖိုးရှိ တစ်သျှူးငှက်ပျော တန် ၂၀၀ ကိုလည်းကောင်း အသီးသီး တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က အဆိုပါစခန်းသုံးခုမှ တစ်သျှူးငှက်ပျော ၁၇၄၄ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၇၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ ရပါတယ်။
ပြည်သား၊ ငါးဒိုင်များတွင် ဇန်န ဝါရီလဆန်းပိုင်းမှစ၍ ဈေးကွက် အတွင်းသို့ ရေချိုငါးသလောက်များ ပေါများစွာ ဝင်ရောက်လာတာ တွေ့ရ ပါတယ်။ ဝင်လာတဲ့ ငါးသလောက်များ ကတော့ လတ်ဆတ်မှုရော၊ ဈေးနှုန်းပါ သင့်တင့်တာကြောင့် အရောင်းသွက် လျက် ရှိပါတယ်။ အရွယ်အစားမှာ လည်း ပေါင်းစားစား၊ ရေချိုချက်စား စား၊ ၂၅ ကျပ်သား၊ ၃၀ ကျပ်သား အရွယ်ရှိတဲ့အတွက် လူတန်းစားမျိုးစုံ စားသုံးနိုင်တာကြောင့် အရောင်းရ သွက်ကြောင်း သိရပါတယ်။ ရန်ကုန် မြို့မှ နေ့စဉ် ငါးသလောက် ပိဿာချိန် ၅၀၀ မှ ၇၀၀ ထိဝင်ရောက်လျက်ရှိပါ တယ်။ ငါးကြင်း၊ ငါးမြစ်ချင်းများလည်း ပုံမှန် ဝင်ရောက်နေပါတယ်။ ဈေးတွင် ငါးသလောက်ဈေးမှာ (ပွဲရုံဈေး) တစ်ပိဿာ ကျပ် ၃၈၀၀ နှင့် ကျပ် ၄၀၀၀ ဖြစ
ဟိုပုံးမြို့နယ်အတွင်းရှိ ကျောက် တန်းရွာသည် ထောပတ်သီးပင်များကို နေအိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြ သော်လည်း ထောပတ်သီးများ အများ အပြားထွက်ရှိသည့် ရွာအဖြစ်နာမည် ကျော်ကြားသည့် ရွာတစ်ရွာဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရှမ်း ပြည်နယ်အစိုးရအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောက်တန်းကျေးရွာသို့ ထောပတ်ပျိုးပင် လေးသောင်းကို တောင်သူများထံ ပေးအပ်ခဲ့သည်။ ထော ပတ်ပင်များအား ခြံစည်းရိုးတွင် ရိုးရာ ဓလေ့ထုံးစံအရ စိုက်ပျိုးခဲ့ရာမှ ခြံကျယ် များတွင်စိုက်ပျိုးသည့် အလေ့အထသို့ ကူးပြောင်းခဲ့ရာ ကျောက်တန်းရွာသည် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ သည်။
ကသာခရိုင်အတွင်းရှိ မြို့နယ်များ မှာ ကျွဲကောသီးကို ဥယျာဉ်ခြံကြီးများနဲ့ အများအပြားစိုက်ပျိုးမှုမရှိဘဲ အိမ်ဝင်း ခြံဝင်းများမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ကြတာ တွေ့ရပါတယ်။ ကသာခရိုင်ရဲ့ ရေမြေသဘာဝအရ ကျွဲကောသီးစိုက် ပျိုးဖြစ်ထွန်းပြီး အလုံးလှ အရသာ ကောင်းမွန်ပါတယ်။ နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလမှာ ကုန်သည်များ လာရောက် ဝယ်ယူကြပြီး မန္တလေး၊ ရွှေဘို၊ မုံရွာ ဈေးကွက်သို့ တင်ပို့နေကြောင်း ဈေး ကွက်မှ သိရပါတယ်။ကျွဲကောပင် မှာ နှစ်ရှည်သီးနှံဖြစ် ပြီး ပြည်ပပို့ကုန်ဖြစ်တဲ့အတွက် ရေ ရှည်အကျိုးဖြစ်ထွန်းတဲ့ သီးနှံဖြစ်ပါ တယ်။ ကျွဲကောပင် သက်တမ်းမှာ ၁၅ နှစ် ဖြစ်ပါတယ်။ စိုက်ပျိုးချိန်မှ ၁၀ နှစ်ဆို အသီးစသီးပြီး ငါးနှစ်
ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာ ၁၁ဒသမ ၇၀၁သန်းဖိုးရှိ ဆန်တန်ချိန် ၃၄၁၂၆ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာယခင် တစ်ပတ်တင် ပို့မှု ထက် ၈၈၂၆ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှငစိန် ဆန်တန် ၂၀၅၀ ဧည့်မထဆန် ၂၀၁၄၁တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန်၁၇၈၇ တန်ကျော်နဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှငစိန်ဆန် ၁၀၁၄၇တန်ကျော်တင်ပို့ခဲ့ပြီးယခု တစ်ပတ်မှာ ကုန်သွယ်ရေးစခန်းသုံးခုစလုံးမှ ဆန်ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။ယခုတစ်ပတ်မှာ မူဆယ်(၁၀၅)မိုင် နဲ့ လွယ်ဂျယ်မှ ဆန် ပိုမိုတ
ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ၈၉၆၄၀ တန်ဖိုးရှိ ဘိလပ်မြေ၆၁၂ ဒသမ ၇၁၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ သုည ဒသမ၃၁၁တန်၊ အိန္ဒိယ နိုင်ငံမှ တန်ချိန်၂၈၀၊ အီရန်နိုင်ငံမှ ၁၆၀ဒသမ ၂၀ တန်၊ စင်ကာပူနိုင်ငံမှ ၂၀ ဒသမ ၂၀၄ တန်၊ ထိုင်းနိုင်ငံမှ ၁၂၅ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၂၇တန်အသီးသီး တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ် ဘိလပ်မြေအဝင် တန်ချိန်၂၀၀၀၀ကျော် နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁၉၀၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။
သီတာဝင်း (DOT)
ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ကျပ်နှစ်သောင်းကျော် ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများ ကျဆင်းလာရခြ င်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးသည်လည်း ဆက်လက်ကျဆင်းလာ သဖြင့် ပြည်တွင်းရွှေဈေးများလည်း ကျဆင်းလာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်၌ ယခုရက်ပိုင်းအတွင်း ဈေးကွက်ဝယ်လိုအား မြင့်တက်မှုမရှိတဲ့အတွက် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဆန်ဟောင်းလက်ကျန်မှာလည်း ယခင်ထက် လျော့နည်းကာ ဈေးကွက်တွင် ဆန်ဟောင်း/ဆန်သစ် ပုံမှန်အရောင်းဝယ်လျက်ရှိကြောင်း လက်ရှိပေါ်ဆန်း စပါးအဟောင်းဈေးမှာ၄၆ပေါင် တင်း၁၀၀ ကို ပုသိမ်၊ ငပုတော၊ မော်ကျွန်း၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ကျပ် ၇ သိန်း ဝန်းကျင်ဈေးနှင့်ဆန်အဟောင်းတစ်အိတ်လျှင် ကျပ် ၃၅၀၀၀-၃၆၀၀၀ နှင့်ပေါ်ဆန်းစပါးအသစ်ဈေးမှာ ၄၆ ပေါင်တင်း ၁၀၀ကို ပုသိမ်၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်ကျွန်း၊ မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လ တ်၊ ဒေးဒရ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပဲတီစိမ်း၊ပဲစင်းငုံ၊ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်စသည်ဖြင့် ပဲသစ်များ ဝင်ရောက်နေပေမယ့် မတ်ပဲနဲ့ ကုလားပဲသီးနှံကတော့ မျိုးပဲများအဝယ်ရှိကာ လက်ကျန်ပဲများကိုသာ ရောင်း ချနေရ တယ်လို့သိရပါတယ်။ ပဲစင်းငုံ၊ ဘိုကိတ်၊ ပဲလွန်းဖြူ သီးနှံများမှာ အမြောက်အများ ဝင်ရောက်မှုမရှိသေးသော်လည်း ပဲတီစိမ်းသီးနှံကတော့ ပဲအဝင်များခဲ့သလို အရောင်းအဝယ်သွက်တဲ့ပဲလည်း ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ အဝင်မရှိသလောက်ဖြစ်နေခဲ့ပြီး ရန်ကုန်ဝယ်လက်က လက်ကျန်ပဲများကိုဝယ်ယူခဲ့သော်လည်း ရောင်းချမှုနည်းခဲ့လို့ ရက်ခြားသာအရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုရက်ပိုင်းအတွင်းမျိုးပဲအနေဖြင့်သာဝယ်ယူခဲ့ကြတဲ့အတွက